Pages

Tuesday, May 20, 2014

မေပယ်လ် ရွက်သုတ် (maple)

ချစ်သူကပြောတယ်.. ကျွန်မကြောင့် Maple တွေပြုန်းတော့မှာဘဲတဲ့....
မနေ့က Tulips Festival သွားတော့ ခင်မင်ရတဲ့ မြန်မာမိသားစုက အကိုကြီးက အရွက်လေးသုတ်ပီးယူလာတာ ညောင်ချဉ်ဖူးလို စားလို့ကောင်းတာနဲ့ ကိုယ်တိုင်ခူးပီး ကိုယ့်စတိုင်နဲ့ကိုယ်သုတ်စားဖြစ်တာ။
အစေးဖြူဖြူလေးတွေထွက်လို့ ရေနဲ့တစ်ညစိမ်ထားရပါတယ်။
နောက်နေ့မှာတော့ ပြုတ်၊ ရေညှစ်အနေတော်လှီးပီး...
ဆီသတ်ထားတဲ့ငါးခြောက်မှုန့်၊ ကြက်သွန်ဖြူ၊ နီ ၊ ငရုတ်သီးစိမ်းလေးကို အနေတော်လှီး..
အချဉ်အတွက် မန်းကျည်းသီးရည်လေး နဲနဲထည့်ပီးသုတ်စားတာ...ကောင်းမှကောင်းဘဲ...
ညောင်ချဉ်ဖူး၊ ကလောရွက်.. အဲဒါလေးတွေပြုတ်သုတ်စားတဲ့အရသာခပ်ဆင်ဆင်ပါ။


မေပယ်လ်ရွက်သုတ် (Maple Leaves)


1 Comments:

Iora said...

မေပယ်လ်ရွက်သုတ်စားရမှန်းလုံးဝမသိဘူး။
စားချင်လိုက်တာကူးရယ်။
ကြံအုန်းမှဘဲ သုတ်စားဖို့ ။း)
အိုင်အိုရာ

Post a Comment

ကူးကူးရေ...

 
Powered by Blogger