ချောင်းစပ်တစ်လျှောက်လမ်းလျှောက်ရင်းနဲ့ ခေါင်းရွက်ဗျပ်ထိုး ငါးလိုက်ရောင်းနေတဲ့ သူဆီက ငါးပြေမ ငါးမွေထိုး ငါးရံ့လေးတွေပါ ၀ယ်လာခဲ့တယ်. အမြင်ပန်းမလှပေမယ့် ငါးရောင်းနေတဲ့ အဒေါ်က မာမီ့အသိမို့ ဓာတ်ခဲလေးတွေနဲ့ အလေးချိန်တာလေးကို စိတ်ဝင်တစ်စားဖြစ်မိခဲ့တယ်။ ကန်ဇွန်း ပန်းဂေါ်ဖီ ပဲပင်ပေါက် နဲ့ ခရမ်းချဉ်သီးတွေကတော့ မြို့ပေါ်ကနေ ကားနဲ့တစ်ဆင့်သယ်ပီးရွာက ဈေးသည်တွေတစ်အိမ်ထွက်တစ်အိမ် ဆင်းလိုက်ရောင်းကြတယ်။
ရွာမှာဟင်းသီးဟင်းရွက်ဆို များသောအားဖြင့် အဒေါ် ဦးလေးတွေ တောထဲက ခူးလာတတ်တယ်။ နာနတ်ဖူး၊ တပင်ရွှေထီး၊ ကညွတ် နဲ့ သီဟိုညွန့် တွေအများအားဖြင့်စားရတယ်။ ကျွန်မရောက်တဲ့အခါ ကြိမ်ခါးဖူးစားချင်တယ်ပြောလို့ အဒေါ်လေးက တောနက်ထဲထိ သွားပီး ချိုးပေးတယ်။ တောတောင်တွေချစ်တဲ့ ကျွန်မ တောထဲတော့လိုက်မသွားရဲဘူး... အကောင်တွေကိုက်တဲ့ဒါဏ်ကို တော်တော်ကြောက်တယ်။
2 Comments:
ကလောက် ကလောက်လေးဖတ်သွားတယ် ကူးရေ...
တီတင့်ခင်ပွန်းရဲ့မွေးရပ်ဇာတိလိုက်သွားတုန်းကလည်း အလေးချိန်ကို ဓာတ်ခဲနဲ့ချိန်တာမြင်ဘူးခဲ့တယ်။
ွှ
ကူးရေ..
ကူးစာလေးတွေဖတ်ချင်နေတာ။
ကူးချက်တဲ့ ထူးထူးဆန်းဆန်းဟင်းလေးတွေလည်းတင်အုန်းနော်။
အိုင်အိုရာ
Post a Comment
ကူးကူးရေ...