Skip to main content

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။
အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။
ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။
တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။
ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှာ ပုဇွန်ချဉ်ကို အရမ်းစားချင်လို့ အမျိုး မျိုး စမ်းသပ်ခဲ့ပါတယ်။ ပုဇွန်က အရမ်းကိုဈေးကြီးပါတယ်။ စမ်းကြည့်လိုက် မအောင်မြင်လိုက်နဲ့ နောက်ဆုံးတစ်ခါတော့ အောင်မြင်သွားတဲ့အတွက် ပုဇွန်ချဉ် လုပ်နည်းလေး ကို အေးတဲ့ဒေသမှာနေတဲ့ ကျွန်မတို့လိုအချဉ်သုပ်ကြိုက်သူတွေအတွက် ဝေမျှလိုက်ပါတယ်။
ပုဇွန်ချဉ် လုပ်ဖို့အတွက်
အချဉ်တည်ထားထဲ့အရည်
ဆား
ထမင်းမာမာ
ဌက်ပျောရွက်သို့ ပြောင်းဖူးအခွံ  ပြောင်းဖူးအခွံသုံးဖို့ကညီမလေးတစ်ယောက် ဖေ့ဘွတ်ကရှယ်ထား
တာတွေ့လို့ အရမ်းအဆင်ပြေသွာတယ်၊ ဒီမှာက ဌက်ပြောရွက် ကို ဖိလိပိုင်ကသွင်းတဲ့ ခဲထားတဲ့အထုပ်ကိုဘဲဝယ်သုံးရလို့ပါ။)
ပုဇွန်ခေါင်းဖြတ်သန့်စင်ပီး သားအထုပ်ကို အရေဖျော်ပီး တစ်နာရီလောက် အချဉ်တည်ထားတဲ့အရည်ထဲမှာ စိမ်ထားလိုက်ပါတယ်။
ပြီးရင်တော့ ရေစစ်လိုက်ပီး (ရေပြန်မဆေးပါဘူး) ထမင်းမာမာ ဆားနဲ့ရောနယ်ပီး ပြောင်းဖူးရွက်ထဲထည့်ထုပ်၊ အထပ်ထပ်ထုပ်ပီး သရေကွင်းနဲ့က ျစ်က ျစ်စီးထားလိုက်ပါတယ်။
အပေါ်ကနေ ငရုတ်ဆုံလိုလေးတဲ့အရာနဲ့ဖိတင်ထားပီး ၂ ရင်ဆို စားလို့ရပါပီ။ သုပ်စားစား ကြော်စားစား အရမ်းကို ထမင်းမြိန်စေမယ့်အချဉ်သုတ်လေးပါ။
ကျွန်မအတွက် ဆန်အမာကတော့ ဘာစမာတီ (ဒန်ပေါက်) ထမင်းကြမ်းနဲ့လုပ်တဲ့အတွက် ထမင်းစေ့လေးတွေ အကုန်တွေ့နေရပေမယ့် ဆီထည့်ပီးသုပ်လိုက်တာနဲ့ အနှစ်လေးတွေဖြစ်သွားပါတယ်။ 

အချဉ်တည်ထားတဲ့အရည် - ဒါကတော့ မုန်ညှင်း သို့မဟုတ် တစ်ခုခုကို အချဉ်တည်ထားပီး အရည်ပြန်စစ်ယူထားတဲ့အရည်ပါ။  ဒီမှာရာသီဥတုကအေးတော့ ပုဇွန်ကို မူရင်းအချဉ် တည်နည်းအတိုင်းဆိုရင် အူ သွားတတ်လို့ ပါ။

ကောက်ညှင်းမှုန့်ကို ပျစ်ပျစ်ကြိုပီးတော့ ဆားအသင့်တင့်ထည့်ပီး မုန်လာရိုး (သို့) ပန်းဂေါ်ဖီအရိုးတန်ထည့်စိမ်ထားတာပါ.  ၂ ရက်လောက်နေရင် အရည်က ကျဲလာပီးချဉ်သွားတဲ့အခါ စိမ်ထည့်ထားတဲ့အရွက် အရိုးတွေပြန်ထုတ်ပီးအချဉ်ရည်ကို ရေစစ်ယူထားတာပါ။ အချဉ်တည်ထားတဲ့အရည်ကိုတော့ အလွယ်ကူပြန် သုံးလို့ရအောင် ဖန်ပုလင်း (သို့) ဝိုင်ပုလင်းထဲမှာ ထည့်ပီး ရေခဲသေတ္တာထဲသိမ်းထား လိုတဲ့အခါ ထုတ်သုံးရုံပါဘဲ။

Comments

  1. အချဉ်တည်ထားတဲ့ အ၇ည် ဆိုတာကို ဘယ်လိုလုပ်ပါသလဲ ? :D

    ReplyDelete
  2. စာထဲမှာပြန်ရေးထားပေးပါတယ်ရှင်

    ReplyDelete
  3. အန်တီလေးသနားပါတယ်နော်။
    သစ္စာမရှိတဲ့အကြောင်းတွေကြားရရင်စိတ်မချမ်းသာဘူးကွယ်။
    ပုစွန်ချဉ်ကိုယ်လည်းဘာစမာတီနဲ့ ပဲလုပ်တယ်။
    အနှစ်လေးတွေဖြစ်သွားတယ်။
    ကူကူးဟင်းလေးတွေချက်ရင်တင်အုန်းနော်။
    နေကောကောင်းသွားပြီလား။
    အို်င်အိုရာ

    ReplyDelete
  4. အခုလိုမျှဝေပေးတာ ကျေးဇူးတင်ပါတယ်အမရေ

    ReplyDelete
  5. ဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
    ကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
    ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
    ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။

    *မင်းရဲ့ချစ်သူကို ပြန်ရဖို့။
    * ပြန်လည်ညှိနှိုင်းရန်
    *ကိုယ်ဝန်ဆောင်ရန်
    *ကင်ဆာကို ကုသရန်
    *လက်စားချေရန်
    *စီးပွားရေးကိုမြှင့်တင်ရန်
    * သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
    *HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
    သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
    Whatsapp- +2349046229159

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ