Skip to main content

ကော်ရီဟီဒို (Corregidor) ကျွန်း

တာဝန်ပေးချက်အရ ဒီတစ်ခေါက်ရောက်သွားရပြန်တာကတော့ Corregidor ကျွန်းလေးကိုပါ။ လျှောက်လည် ဖို့ တော့ စိတ်မ၀င်စားပေမယ့် သမိုင်းဝင်နေရာတစ်ခုမို့ အနဲဆုံး လေ့လာစရာတော့ရမှာဘဲလို့စိတ်ဖြေလိုက် ပါတယ်လေ။ ခရီးမထွက်ခင်မှာ တစ်ပတ်ကြို လက်မှတ်မှာထားပေးတယ်၊ နာမည်၊ အသက်၊ နိုင်ငံ သေချာ စာရင်းပေးရပါတယ်။ ကျွန်မနေတဲ့ကျွန်းလေးကနေ အရမ်းတော့မဝေးပေမယ့် မနက် (၃) နာရီထရတယ်.. လမ်းမှာ (၂) နာရီခွဲကြာတယ်.. (၂) နာရီကားထပ်စီး၊ နောက်တော့ မော်တော်ဘုတ်လေးထပ်စီးရတယ်.. (၁) နာရီခွဲ...
အဲဒီနေ့က..အိမ်ကမထွက်ခင် စတန့်ထွင်ပီးခေါက်ဆွဲမပြုပ်စားဘဲ ပထမဦးဆုံးအကြိမ်ကြော်မိတယ်။ မကြော် တတ်တော့ ခေါက်ဆွဲက မနူး..ရေထည့် ဒါနဲ့ဘဲ မုန့်ပျစ်သလက်လိုဖြစ်သွားတယ်..
Corregidor (ကော်ရီဟီဒို) ကျွန်းရောက်တော့ ၉း၃၀ လောက်ရှိပီ.... ဗိုက်ဆာတာအရမ်းဘဲ...
ကားလေးတွေရှိတယ်.. english speaking ကားက နှစ်စီး ကျန်တာတော့ local တွေနဲ့အခြား နိုင်ငံက tour group တွေပါ။ ကျွန်မတို့စီးတဲ့ ကားက နံပတ် (၆) ပါ။ Tourist guide ရှင်းပြတာကို အသေချာစိတ်ဝင်စားနေတာ တစ်ကြောင်း၊ လူနေအိမ်မရှိတဲ့ တောအုပ်ထဲကလမ်းလေးအတိုင်းကားလေးက ဝေ့၀ိုက်သွားနေရင်းလေအေး အေးလေးနဲ့ အရမ်းစိတ်ကြည်နူးနေတာကြောင့် ဗိုက်ဆာတာမေ့သွားတာ နေ့လည်စာစားတဲ့အချိန်ထိပါဘဲ။ Tourist Guide က ကားပေါ်မှာ ပါတဲ့သူတွေ နိုင်ငံသေချာမေးပါတယ်.. Netherlands, Australia, Poland, Finland, Switzerland, US, Libya, Santiago, Malaysia, (Myanmar me)... နောက်မှသိရတာ သူတို့က ဂျပန်တွေပါရင် ကားသတ်သတ် ခွဲပီး guide ကသတ်သတ်တစ်ယောက်ဖြစ်တဲ့အကြောင်းပြောပြပါတယ်။ ဘာလို့လဲဆိုတော့ တတိယကမ္ဘာစစ် ပြန်ဖြစ်မှာစိုးလို့ဖြစ်တဲ့အကြောင်းပါတဲ့။း)) 
မခွဲလို့လဲမဖြစ်ဘူးလေ၊ ကျွန်းလေးရဲ့ရာဇ၀င်က ဂျပန်တွေကောင်းတာတစ်ခုမှမပါဘူး... ဂျပန်တွေ တော်တော် နေရာတစ်ကာရောက်တာဘဲ..ကျွန်မတို့မြန်မာပြည်တောင်အလွတ်ပေးတာမဟုတ်ဘူး။  Tour guide က ခပ်တည်တည်နဲ့ဟာသလဲအရမ်းပြောတတ်တော့ ကျွန်မတို့ ကားလေးထဲကလူတွေ တစ်ဝါးဝါး နဲ့ တစ်ခါမှ ပါးစပ်ပိတ်ရတယ်မရှိပါဘူး။
ကျွန်မနောက်မှာထိုင်တဲ့ Poland ကလူကတော့ သနားပါတယ်.. သူကနားမလည်ဘူးလေ.. အဲတော့သူများ ရီရင် သူ့မှာ မရီရသေးဘူး..ဘေးက သူ့သူငယ်ချင်းက သူတို့ဘာသာနဲ့ (%%^&$@#$##%%^) တွေပြန် ရှင်းပြမှ သူကတစ်ယောက်တည်းထ၊ ထရီတယ်..  ဘာဘဲပြောပြောအရမ်းကိုသာယာတဲ့နေရာမို့ စိတ်လဲ ကြည်နူးမိပါတယ်..
ဖိလိပိုင်နိုင်ငံကို စပိန်တွေအုပ်ချုပ်တာ နှစ်ပေါင်း ၃၃၀၊ စပိန်ပီးတော့ အင်္ဂလိပ် အုပ်ချုပ်ပြန်ရော အဲဒါ နှစ်ပေါင်း (၄၅) နှစ်။
ပြောပြတာတွေများလွန်းတော့မှတ်မိသလောက်ဆိုရင်တော့.. စပိန်နဲ့အင်္ဂလိပ် (u s) က သိပ် အဆင်ပြေဖြစ်တာ စပိန်ပိုင်နက်မှာ us ကသင်္ဘောတစ်စီး မြုပ်သွားတာကနေစတာ... ဒါကြောင့်လဲ သူတို့က စပိန်ကို ကူတိုက် ပေးတာ။ အခုသွားတဲ့ ကျွန်းလေးမှာ အင်္ဂလိပ် (u s) စစ်တပ်ဆောက်ထားတဲ့အဆောက်ဦးတွေရှိတယ်..
သူတို့နေတဲ့ အဆောက်ဦးဘေးမှာပုံစံတူ ဖိလိပိုင် စစ်တပ်က သူတွေနေကြတယ်... သူတို့ပေါင်းစီးပီး တိုက်ကြတယ်။ ဂျပန်က ကြားက၀င်လာသေးတယ်...
နောက်ပိုင်းမှာ စပိန်နဲ့အင်္ဂလိပ် (American) ကပြန်သင့်မြတ်သွားတယ်.. အင်္ဂင်္လိပ် (American) က စပိန်ကို 200 millions ပေးတယ်။ စပိန်က အင်္ဂလိပ်ကို ကျွန်း (၃) ခုပြန်ပေးတယ်။ အဲဒီ အထဲမှာ ဖိလိပိုင်၊ ဂွမ်guam ကျွန်းစုနဲ့ နောက်တစ်ခုက (မေ့သွားပီ)  buy 1 take 2 ပေါ့။
ကျွန်းလေးက G နဲ့ စာလုံးပေါင်းပေမယ့် သူတို့ အသံထွက်က H နဲ့ထွက်ပါတယ်။  ကျွန်မအဲဒီကျွန်းမရောက် ဖူးသေးခင်က ကော်ရီဂဒိုးလို့ သူများခေါ်သလိုလိုက်ခေါ်ဖူးတယ်.. နောက်မှ ကော်ရီဟီဒို လို့ အသံထွက် ကြောင်း သိလိုက်ရပါတယ်။

ကျွန်းလေးရဲ့ပုံစံကို Tadpole ပုံလို့ပြောတယ်..တစ်ကယ်တော့ မြင်သာအောင်ပြောရရင် ယောက်ျားမျိုးပွား အကောင်ပုံ (ပုံတွင်ရှု) .. အဲလိုပုံဖြစ်တယ်တဲ့.. ဂျပန်တွေဝင်တုန်းက သူတို့က ကျွန်းရဲ့ လည်ပင်းလောက် နားကနေ၀င်ပီး တိုက်တာ... အင်္ဂလိပ် (American)တွေလာတော့ ဂျပန်တွေက သူတို့လိုဘဲ အဲဒီနေရာလောက်က ၀င်မယ် ထင်ပီး သေချာစောင့်နေပေမယ့် (American) တွေက ကျွန်းရဲ့အမြင့်ဆုံးအပိုင်းကို တိုက်ရိုက် ၀င်စခန်းချပီး အပေါ် စီးကနေသူတို့ကိုတိုက်တယ်... ဂျပန်တွေရှုံးတော့ ပြေးတာပေါ့..ကျွန်းလဲဖြစ်တော့ ဘယ်ကျွန်းနဲ့မှ လဲ ဆက်စပ်မနေဘူး..သီးသန့်လိုဖြစ်နေတော့ သူတို့ခဗျာလဲ အခက်တွေ့တော့တာပေါ့..
ပီးတော့ ဂျပန်တွေရဲ့သင်္ဘောတွေက သစ်သားနဲ့လုပ်ထားတာတွေ... (american)တွေကတော့ စတီး/သံနဲ့ သဘောင်္တွေနဲ့လာတာ... ဂျပန်တွေရှုံးတော့ထုံးစံအတိုင်း ကိုယ့်ကိုယ်ကိုယ် သတ်သေကြပါတယ်..
စစ်သားတွေ သူတို့ကိုယ်သူတို့အဆုံးစီရင်ဖို့ ခုန်ချခဲ့တဲ့ တောင်ကမ်းပါးနားရောက်တော့..ကြက်သီးတောင် ထမိတယ်...  လေယဉ်မောင်းတဲ့ သူတွေ လဲ သူတို့ကိုယ်သူတို့အဆုံးသတ်ဖို့ တောင်ကုန်းရှိတယ်.. အဲဒီ တောင်ကုန်းမှာသူတို့လေယဉ် ခေါင်းစိုက်လိုက်တာဘဲ.. သင်္ဘော/ မော်တော်ဘုတ် တွေလဲအဲလိုဘဲ ပင်လယ် ဘက် စွန်းထွက်နေတဲ့ ကျွန်းရဲ့အငူလေးတစ်ခုမှာ သူတို့ suicide လုပ်တဲ့နေရာ....
နောက်ပိုင်းမှာတော့ (American)တွေက ဖိလိပိုင်ကို လွပ်လပ်ရေးပေးလိုက်ပါတယ်.. ဒါကြောင့်အခုထိလဲ အရမ်း ကိုသင့်မြတ်ကြပါတယ်..
ဂျပန်တွေ ပုန်းနေတဲ့ တွင်းလေးတွေ၊ ဂူလေးတွေလဲအများကြီးတွေ့တယ်။ ဒါတွေကိုဆောက်ဖို့ အတင်းကြပ် ခိုင်းခံရတဲ့သူတွေကတော့ ဖိလိပိုင်လူမျိုးတွေပါဘဲ..
အင်္ဂလိပ်ရော၊ စပိန်ရော၊ ဂျပန်ရော မျက်စိကျနေတဲ့အဲဒီကျွန်းလေးက အာရှတိုက်တစ်ခုလုံးကိုရှေ့တန်းက နေ ကာထားတဲ့နေရာမို့ပါ။  အခြားကျွန်းတွေဘယ်လောက် သူများလက်အောက်ရောက်ပေမယ့် အဲဒီ ကော်ရီဟီဒို ကျွန်းစုကတော့ အဓိကအချက်ချာထိမ်းချုပ်တဲ့နေရာမို့ အရမ်းအရေးကြီးပါတယ်။ အရင်က အမေရိကန်စစ် ရေတပ်စခန်းချထားတဲ့ ဆူဘစ် ဘေး (subic bay) နေရာကတော့ ဒီကော်ရီဟီဒိုကနေ အရမ်းတော့မဝေးဘူး။ ဒါပေမယ့် အဲဒီကျွန်းကတော့ ဖိလိပိုင်မြို့တော်ကနေကုန်းလမ်းနဲ့သွားလို့ရတယ်။
ဒီ ကော်ရီဟီဒိုကျွန်းလေးကတော့ ဘယ်နေရာနဲ့မှစပ်စပ်မနေဘဲသီးသန့်တည်ရှိပါတယ်။
စိတ်ဝင်စားရင်တော့ Corregidor မှာသွားဖတ်ကြည့်နိုင်ပါတယ်။ ကူးကူးတော့အကုန်မမှတ်မိတော့ဘူး။  နေ့လည်ထမင်စားချိန်တော့ ကျွန်းလေးရဲ့တစ်ခုတည်းသောဟိုတယ် မှာ နေ့လည်စာစားပီး နောက်မှာတော့ အကြီးဆုံး tunnel ထဲကိုဝင် sound and picture show ၀င်ကြည့်ပါတယ်.. လှိုဏ်ဂူကအကြီးကြီးပါ။ အထဲမှာ သူတို့သေချာပြန်မွမ်းမံထားပေမယ့် တစ်ကယ်ပါ.. တစ်ဆင့်ပီးတစ်ဆင့်ဝင်ရတယ်...sound system ကလဲ အရမ်းကောင်းတဲ့အထဲ လှိုဏ်ဂူထဲမှာဆိုတော့ တစ်ချက်တစ်ချက် လန့်လန့်သွားတယ်.... ယမ်းနံ့တွေကလဲ အငွေ့တွေထွက်လာသေးတယ်.. တစ်ကယ့်စစ်ဖြစ်နေတဲ့အချိန် ရောက်သွားသလိုကိုခံစားရတယ်.. မှောင်မဲနေတာ..လျှောက်လမ်းမီးလေးတွေဘဲရှိတယ်..ဒါတောင် တစ်ဆင့်ပီးတစ်ဆင့် show နေရာရောက် ရင် မီးတွေအကုန်ပိတ်တော့ မဲမှောင်ပီး အေးစက်နေတာ... ကြောက်ဖို့ကောင်းသလို ...စိတ်ဝင်စားဖို့လဲ ကောင်း တယ်။ (၁) နာရီနီးပါးကြာပါတယ်... တစ်ဖြည်းဖြည်းနဲ့ ဂူအထွက်ပေါက်ကို တွေ့နေရပါပီ။ အဲဒီနောက်ဆုံအ ချိန်မှာတော့ ဖိလိပိုင် နိုင်ငံလွပ်လပ်ရေးရပီးသူတို့အလံကိုလွှင့်ထူထားတာကို အလင်းရောင်ဖြာထွက်နေတာ တွေ့လိုက်ရပါတယ်။ နောက်မှာတော့ သူတို့ နိုင်ငံတော်သီချင်းကို ဖွင့်ပေးပါတယ်.. တစ်ယောက်မှတော့ လိုက် မဆိုကြဘူး (သူတို့နိုင်ငံသားတွေမှမပါဘဲလေ)။ ဒါပေမယ့် သူတို့အားလုံးအလေးပြုနေကြတယ်။
ကျွန်မတော့ ခေါင်းငုံ့နေမိတယ်။ ၀မ်းနည်းဝမ်းသာ စိတ်ထဲ မှာ ဘယ်လိုကြီးဖြစ်သွားမှန်းမသိဘူး။ ကျွန်မ နိုင်ငံရဲ့ နိုင်ငံတော်သီချင်းတောင် မဆိုရတာ ကြာပီ။  စာလုံးတွေ တောင်အကုန်မှန်သေးရဲ့လားမသိဘူး... ပြန်အထွက်လမ်းမှာ ကမ္ဘာမကြေသီချင်းကိုတစ်ယောက်တည်း တိုးတိုးလေးဆိုကြည့်မိတယ်။ 
နောက်ပိုင်းမှာတော့ ဂျပန်တွေအတွက် Memorial Park လုပ်ထားပေးတဲ့နေရာရောက်သွားတယ်..  Guide ကပြောပြတယ် သူတို့တွေအပေါ်ဘယ်လောက်ဆိုးဆိုး သူတို့က ခွင့်လွှတ်ပီး ဂျပန်စစ်သားတွေသေရင် မြုပ် တဲ့နေရာမှာသူတို့အတွက်အမှတ်တရ ပန်းခြံလေးလုပ်ထားပေးတဲ့အကြောင်း၊ ဒါနဲ့ ခရီးသွားတစ်ယောက် ထမေးတယ်.. ဂျပန်တွေသေရင်ဒီမှာမြုပ်ထားတာဘယ်လိုသိလဲလို့..  Guide က ပြန်ဖြေတယ်.. သူတို့ မြေတူး တော့ အရိုးတွေတွေ့တဲ့အကြောင်း... အဲဒီ ဂျပန်အရိုးတွေဖြစ်တဲ့အကြောင်း... မေးတဲ့သူကလဲ ပြောင်ပါ တယ်။ အရိုးတွေက အဆစ်တွေတိုပီး ၀ါနေလို့လားတဲ့...  Guide က အဲလောက်ထိတော့ တူးဖော်တွေ့ရှိတဲ့ သူတွေက မတုံးဘူးလေ... သူတို့ကလဲ အရမ်း smart ဖြစ်တာတဲ့.. ဘာကြောင့်လဲဆိုတော့ စီးကရက်တစ်လိပ်တွေ့တယ် တဲ့။ အဲဒီ မှာ Made in Japan လို့ရေးထားတယ်..လို့ဖြေတော့ အားလုံးဝိုင်းရီကြတယ်..
ဂျပန်တွေကပုတယ်လေ... မလေး၊ မြန်မာ အကုန် ဖက်ဆစ်ဝင်လုပ်ကြတာ... သွေးရောရော..လုပ်ခဲတော့ လူတွေက ပုသွားတယ်လို့သူကနောက်ပါတယ်.. နောက်တော့ ကျွန်မကိုကြည့်ပီး သူ့နိုင်ငံကတော့ ဖက်ဆစ် ဂျပန်တွေဝင်သွားခဲ့တယ်ဆိုတာမယုံနိုင်စရာဘဲ လို့ ထပ် နောက်နေ ပါတယ်။  
အဆောက်ဦ ပုံထဲမှာ အ၀ိုင်းနဲ့ပုံက နှစ်စဉ် မေလ (၆)ရက်နေ နေ့လည် (၁၂) နာရီတိတိမှာ နေက အဲဒီ အ၀ိုင်း အထိပ်တည်တည့်မှာရှိပီး သူ့ရောင်ခြည်က အောက်ကကျောက်စားပွဲဝိုင်းပေါ်ကို ကွက်တိ ကျအောင် အင်ဂျင် နီယာတွေသေချာဆောက်ထားတာဖြစ်တယ်တဲ့။ မီးညွန့်လို ပုံဆောင် သံချောင်းတွေကတော့ Eternal Flame လို့အမည်ပေးထားပီး ဖိလိပိုင်အင်ဂျင်နီယာတွေဘဲ ပုံဆံဖော်ဆောက်ထားတာဖြစ်တယ်။

ဖိလိပိုင် နပ်စ် မလေးတွေ ရန်သူ မိတ်ဆွေမခွဲ ဆေးကုသပေးနေတဲ့နေရာ လေးတွေ ရောက်ခဲ့တယ်... သူတို့ ကို ဂုဏ်ပြုတဲ့အနေနဲ့ နာမည်ထိုးထားတယ်.. Angel လေးတွေလို့တင်စားထားသလို ရုပ်တုလေးလဲလုပ်ထားပေးတယ်...ရုပ်တုတစ်ခုကတော့ အ၀တ်စလွယ်သိုင်း..လယ်ထဲဆင်းတဲ့ပုံ ပခုံးမှာတော့ ဓားထမ်းထားတယ်.. ဒါကလဲတော်လှန်ရေးသမားတွေဖြစ်တဲ့ လယ်သမားတွေကိုဂုဏ်ပြုထားတာပါ။
နေ့ဆို လယ်လုပ်တယ်၊ ကိုင်းခုတ်တယ်၊ ညဆိုရင် ရန်သူတွေကိုခြုံခိုတိုက်ကြတယ်တဲ့လေ....
ကျွန်မအရင်က အရမ်းကြောက်တယ်.. စစ်ဖြစ်တဲ့အချိန်မမွေးလာမိလို့ အရမ်းကိုကျေးဇူးတင်နေမိတာ...
ဒါပေမယ့်အဲဒီကျွန်းလေးမှာတွေ့ခဲ့မြင်ခဲ့ ကြားခဲ့ရတဲ့တစ်ကယ့်အဖြစ်ပျက်တွေက ကျွန်မကို လှုံ့ဆော်နေသလို ဘဲ။ တစ်ကယ်လို့ ကျွန်မသာအဲလိုစစ်ဖြစ်တဲ့အချိန်မှာ မွေးခဲ့ရင် သူသေကိုယ်သေ နယ်ချဲ့တွေကို တော်လှန် မိမှာဘဲလို့။
ကျွန်းလေးမှာ လူတွေနေထိုင်ခွင့်မရှိပါဘူး။ ယာယီအလုပ်သမားနဲ့ ညအိပ် ဧည့်သည်တွေသာ လက်ခံပါတယ်။
ဒါကြောင်လဲ ကျွန်းပေါ်ကတောအုပ်ကြီးက သဘာဝအတိုင်းကိုဖြစ်နေတော့တာပါ။
နောက်နေ့တော့ ကျွန်မတို့ပြန်လာခဲ့ကြတယ်...   ခရီးစဉ်အဆင့်ဆင့် အဆုံးမှာတော့ ကျွန်မ တိတ်ဆိတ်နေ တော့တာပါဘဲ...အတွေးတွေလဲရှုပ်နေတော့တာပါဘဲ...
ပုံလေးတွေများလို့ flickr မှာတင်ထားပေးပါတယ်.. Loading ကြာရင် စိတ်ရှည်ပေးပါလို့။း)

Comments

  1. ကျွန်မသာအဲလိုစစ်ဖြစ်တဲ့အချိန်မှာ မွေးခဲ့ရင် သူသေကိုယ်သေ နယ်ချဲ့တွေကို တော်လှန် မိမှာဘဲလို့။

    ကူးစ်
    ရှေ့ မှာနေနော်။
    အိတ်လေးက နောက်မှနေမယ်နော်။
း)

    ဗဟုသုတ အများအပြားရသွားတယ်ကူးစ်ရေ

    ReplyDelete
  2. ကိုကျော်March 12, 2010 at 10:24 PM

    ဖိလစ်ပိုင်ကို စပိန်နောက်ကိုလိုနီ လုပ်တာ အင်္ဂလိပ် မဟုတ်ဘူးနဲ့ တူတယ် အမေရိကန်က ကိုလိုနီလုပ်သွားတာပါ အဲဒီကျွန်းကတော့ မပြောတတ်ဘူး မှားများနေသလားလို့ပါ

    ReplyDelete
  3. @ကိုကျော်.. ဟုတ်တယ်.. အမေရိက က အင်္ဂလိပ်တွေ...း).. အမှန်ကတော့ သူတို့က အမေရိကလို့ပြောတာဘဲ... ကျွန်မလဲအလွယ်နဲ့မှတ်လိုက်တာ.. အကိုပြောတာမှန်ပါတယ်။

    ReplyDelete
  4. အိတ်လေး..အားကိုးရတယ် အရမ်းဘဲ.. ပြောတော့ဝူး..း))

    ReplyDelete
  5. မျှဝေ ခြင်းအတွက် ကျေးဇူးပါ

    ReplyDelete
  6. ပုံတွေကို ဒီမှာပဲဆက်တင် လိုက်ရင်ကောင်းမလားလို့ တစ်ခါထဲကြည့်ရတာပေါ့၊
    နောက်ပြီး စပိန်နဲ့အင်္ဂလိပ် (American) မရှင်းဘူး၊ ဂျပန်တွေက စစ်ရှုံးလို့ပါ၊ ဂျပန်တွေနိုင်ရင် အဲဒီကျွန်းသမိုင်းတစ်မျိုးဖြစ်သွားမယ်၊ တကယ်တော့ ဖိလစ်ပိုင် ကိုသွေးစုပ်ခဲ့တာ စပိန်တွေပါ၊ စီဘူးကိုရောက်ဖူးလို့ပါ၊

    ReplyDelete
  7. @sosegado.. ဟုတ်တယ်.. ဂျပန်တွေ အမေရိက ကိုစစ်ရှုံးတာလေ.. ..
    ကျွန်မပေးထားတဲ့လင့်မှာ စိတ်ဝင်စားရင်သွားဖတ်လို့ရ ပါတယ်။ ကူးတော့ ပြောတာတွေအကုန် သိပ်မမှတ်မိဘူး.နေရာတွေနဲ့ သမိုင်းဝင်အဆောက်ဦးတွေကို မဲနေလို့.. မှတ်မိသလောက်လေးတွေရေးထားတာ...
    စီဗူးကတော့ ဘာမှအထွေထူးမရှိပါဘူး.. အနားပတ်ဝန်းကျင် မြို့နယ်လေးတွေမှာသာ စိတ်ဝင်စားစရာလေးတွေရှိတာ..
    ဇန်န၀ါရီလထဲမှာ ရေးထားတဲ့ Cebu အကြောင်းမှာ ဖတ်ကြည့်လေ..

    ReplyDelete
  8. ဗဟုသုတလည်းရ၊ အလည်အပတ်လည်းရောက်ဖူး၊ ကောင်းလိုက်တာ။
    ကူးကူးကို အားကျမိတယ်။

    ReplyDelete
  9. အစအဆုံးဖတ်သွးပတယ်..း)

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ