Skip to main content

ပြန်လာပီ။

ပျောက်နေရတဲ့အကြောင်းရင်းက ထုံးစံအတိုင်းနေမကောင်းဖြစ်နေတာပါ။
ဒီတစ်ခေါက်တော့ တစ်ခါမှမဖြစ်ဖူးသေးတဲ့ရောဂါဖြစ်တော့ တော်တော်ခံလိုက်ရတယ်။
ဘယ်သူ့ကိုလှည့်အပြစ်တင်ရမှန်းမသိတာနဲ့ ဆေးရုံ အတင်းသွားခိုင်းတဲ့ ချစ်သူ ဘဲ တရားခံ။
ကျွန်မဘယ်ဘက်ပခုံးနဲ့ အနောက်တစ်ပြင်လုံးကိုက်ခဲနေတာကြာပီ၊ တစ်နေကုန်နီးပါးထိုင် အလုပ်များတဲ့ ရက်တွေဆက်လာရင် ညတိုင်းလိုလိုကိုက်ခဲနေတော့တာ။ ထွန်းရွှေဝါ၊ မိဂသီ၊ ဦးစိုင်း စုံအောင်လိမ်းတာ ဘဲ။
မရဘူး။ အရင် တစ်လနီးပါး လက်မောင်းကိုက်တာ ဆိုးဆိုးလာတော့ ညညဆိုအိပ်မရတော့ဘူး။
ဆိုးရိမ်တာတော့ အကြောလား၊ အရိုးလား၊ ကြွက်သားများတစ်ခုခုဖြစ်လားဆိုပီး ဆေးရုံရောက်သွားပါတယ်။

ဆရာဝန်က ဟိုမေးဒီမေး စစ်ဆေးပီး arconxia နဲ့ Myonal ဆေးပေးလိုက်တယ်၊ ။
ဒါပေမယ့် တစ်သက်လုံးဆေးသောက်နေတဲ့ကျွန်မ ဆေးနဲ့ allergic မဖြစ်ဖူးတော့ ပုံမှန်ဘဲ ညအိမ်ပြန် ရောက်တော့ ဆေးသောက်ပီးအိပ်၊ ညသန်းခေါင်ရောက်တော့ တစ်ကိုယ်လုံးနီရဲ ရောင် ပီး အဖုတွေ ဖြစ်လာ ရော၊  တစ်ရက်နေပျောက်မယ်ထင်ပေမယ့် တစ်ပတ်ကျော်ကျော်ခံလိုက်ရတယ်၊
ရုံးလဲမသွားနိုင် အိမ်ထဲမှာ တံခါးပိတ်ချိပ်၊
ဆေးတစ်လုံးပီးဆက်မသောက်တော့ပေမယ့် allergic အတွက်ပေးတဲ့ဆေးက မပျောက်ဘူး၊ နောက်မှ ဆရာ ၀န်က ဆေးနောက်တစ်မျိုးပြန်ပြောင်းပေးမှ သက်သာလာတယ်၊ 
ဆရာဝန်ထက် ကြီးတဲ့ မြန်မာ့သမားတော်ဘကြီးချစ်ဖေ က တမာရွက်နဲ့ရေချိုးခိုင်းလို့၊ ကျောင်းက ကျောင်း သားလေးတစ်ယောက် အကူညီတောင်ပီး တမာရွက်သွားရှာ့ခိုင်းရတယ်။  ရောက်လာတော့ ရေချိုးဖို့ ပြုပ်တဲ့ တမာရွက်အနံ့ စားချင်လိုက်တာ မနဲကိုစိတ်ထိန်းထားရတယ်။
တစ်ကယ်လဲသိသိသာသာ သက်သာလာပါတယ်၊  အဖုတွေပေါက်ခဲ့တဲ့နေရာတွေခြောက် အရေခွံကွာ.  တစ်ပတ်အတွင်း ဘော်ဒီဝိတ်တောင်ကျသွားသေးတယ်။
ဆေးကြောင့်ဖြစ်တဲ့ဒဏ် ဒီတစ်ခါတော်တော်ခံလိုက်ရတယ်၊ သူငယ်ချင်းတွေက တော်သေးတယ် မျက်နှာပေါ် ထိမတက်လာလို့တဲ့။  ဆေးက ပါးစပ်ထဲထည့်လိုက်တာလေ၊ ရင်ဘတ်ထဲဝင်..အစာအိမ်ထဲရောက်၊ အဲတော့ ရင်ဘတ်၊ဗိုက်နဲ့ ကျောပြင်မှာဘဲ ဖြစ်မှာပေါ့လို့။ ရင်တွေပူ၊ ခေါင်းတွေမူး.. အဲဒီဆေးတွေနောက်ရောင်လို့ တော့ လှည့်မကြည့်တော့ဘူး။  ဘဲတောင်မှချော်လဲသေး တယ်။ ကူးကူးလဲ တစ်ခါတစ်လေတော့ အိပ်ရာပေါ်လဲ တော့မပေါ့၊
အိမ်မှာနေတဲ့အတွင်း မနက်ဆို ကိုယ့်ဘလော့ပေါ်က အသစ်လေးတွေတင်တဲ့နေရာသွားဖတ်တယ်၊
နေ့တိုင်းကိုအန်ဒီ နဲ့ မခင်ဦးမေဆီ သူတို့တင်ထားတဲ့feed roll လေးတွေသွားသွားယူတယ်၊
အခုနောက်ပိုင်း ဒီဘလော့ ဟိုဘလော့ စောင်းရေးနေတာများတော့ တစ်ခုထဲဝင်မိ ဆက်ဆက်ပီး လိုက်ရှာ ဖတ်ရသေးတယ်လေ။  အဲဒါလဲအလုပ်တစ်မျိုးပဲ။
ဒေါ်လာစားအတိုက်ခံများဆိုလို့ လန့်ပီးဝင်ဖတ်မိသေးတယ်။  နောက်တော့ထင်တာမဟုတ်လို့ ဟူးးး တော်သေးတယ်လို့။ 
ပဟေဌိလိုပေါ့..  ဘယ်သူက ဘယ်သူ့ကို ဘယ်လိုရေးလို့ ဘယ်လိုပြန်ရေးတယ်ဆိုတာ မရရအောင်လိုက်ရှာ ရသေးတယ်။ ၀င်ပီးကော်မန့်ရေးချင်ပေမယ့် ရေးဖို့လဲ စိတ်မပါ ပြန်ဘူး။ စိတ်ထဲမှာတော့ တစ်နင့်တစ်ပိုး။

စာအုပ်ဆိုင်က Princess of Ireland ၀တ္တုဟောင်းတစ်ခုဝယ်လာတယ်၊ အခုထိ စာမျက်နှာ ၄ က နေဆက်မတက်သေးဘူး။
စိတ်ဝင်စားမယ့်စာကိုရွေးဖတ်မှ စာဖတ်တာပြန်အကျင့်ရလာမယ်တဲ့.. ပညာရှင်တွေအကြံပေးပါတယ်။
အိမ်က ပို့ထားပေးတဲ့ Image နဲ့ သရဖူ magazine စိတ်ဝင်စားမလားလို့ဖတ်မိပါတယ်။
ကဗျာကနေစရတာပေါ့၊ တစ်ခုမှနားမလည်ဘူး၊ကဗျာ၉ ကြောင်း ၉ ခေါက်ဖတ်တယ်။
အရမ်းကိုခေတ်နောက်ကျနေပီ။   (လိုက်မမှီတော့ဘူး) 
ဘာမှစိတ်မ၀င်စားတော့တဲ့ အခြေနေက စိုးရိမ်ရေမှတ်ရောက်နေပြီထင်တာဘဲ။ 



Comments

  1. ကူးရေ ကျန်းမာရေးဂရုစိုက်နော်။ အလည်ရောက်လာတယ်

    ReplyDelete
  2. ညီမလေးရေ့  နေမကောင်းဖြစ်နေတာလား။ သက်သာပြီဆိုလို့ တော်သေးတယ်။ အစစအရာရာ ဂရုစိုက်ပါနော်။
    ချစ်ခင်စွာဖြင့်
    မမလု

    ReplyDelete
  3. နေကောင်းကျမ်းမာလာတဲ့ အတွက် ဝမ်းသာပါတယ်ဗျာ ဆေးတွေက ကြောက်စရာကောင်းတယ် မသောက်နဲ့ မသောက်နဲ့ လွှင်သာပြစ်လိုက်

    ရွှေစင်ဦး

    ReplyDelete
  4. အခုရောသက်သက်ပြီလား။ တမာရွက်ရှာလို့ရတာ တော်သေးတယ်။
    မမွန်

    ReplyDelete
  5. တို့ လည်းဆေးအလာဂျီရှိတယ်
    အကိုက်အခဲပျောက်ဆေးဘာနဲ့ မှမတည့်ဘူး။
    တစ်ကိုယ်လုံးရဲတက်တာ .. အဖုတွေနဲ့ လေ။

    ReplyDelete
  6. ဟုတ်ပါ့..ဟုတ်ပါ့။။
    ဆိုးတယ်..တစ်ပတ်လုံးခံလိုက်ရတာ..အိပ်မရ စားမရ..လွမ်းမရ.. အဖြစ်က..
    ဆေးဆိုဘာဆေးမှမသောက်ချင်ဘူးဥရေ..
    မသောက်လို့လဲမရဘူး...စိတ်ရှိတိုင်းဆို လွှင့်ပစ်ချင်တာ အကုန်..

    ReplyDelete
  7. သက်သာသွားပြီလား... အလာဂျီကတော်တော်ခံရခက်တာနော် ကိုယ်ချင်းစာတယ်

    ReplyDelete
  8. ဘဲလည်း ချော်လဲတယ်လား... :P

    ReplyDelete
  9. ကူးရေ..အင်ဖက်လဲရတယ်.တမာရွက်လဲရတယ်။
    ကုလားမက်လေးဆောင်ထား တကိုယ်လုံးလိမ်း လေတိုက်မခံနဲ့ ။အကျီလက်ရှည်လေးဝတ်။

    ငယ်ငယ်က အဲဒါနဲ့ နှပါးသွားနေရလို့။

    အခုသက်သာသွားတော့ တော်သေးတယ်နော်။
    အမဆို ကိုယ်ပါပူတာ။

    မြတ်နိုး

    ReplyDelete
  10. ဂရုစိုက်ပါ။။။။

    ReplyDelete
  11. ကျန်းမာလာပြီဆိုလို့ ဝမ်းသာပါတယ်၊ အားလုံးအဆင်ပြေပါစေ

    ReplyDelete
  12. ကူးကူးစ်နေကောင်းပါစေ..
    အဖုပေါက်ရင်
    ကြက်သွန်ဖြူစား..
    ဆားပွတ်ပေးရတယ်ထင်တယ်..။


    ပေါက်

    ReplyDelete
  13. ကူးကူးရေ......

    နေမကောင်းဖြစ်နေတာကိုး.......။
    ဂရုစိုက်ပါဗျို့..........။

    စောင်းရေးတာများရင်....လူလည်း......စောင်းငမ်းငမ်းကြီးဖစ်တွားနိုင်ဒယ်နော်......ဟိဟိ......း))

    ကဗျာ၉ကြောင်းကို ၉ခေါက်ဖတ်တယ်ဆိုလို့......ရယ်မိတာဗျ.........။

    နေကောင်းကျန်းမာ......ပျော်ရွှင်ပါစေဗျား.......။

    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  14. မြန်မာပြည်မှာနေတုံးက ခလေးတစ်ယောက် အလာဂျီဖြစ်တာ မြင်ဘူးတယ်။ အဖုတွေပေါက်ရုံမက တစ်ကိုယ်လုံးမီးလောင်ထားသလို မဲသွားတာ။ တော်တော်ဆိုးတာပဲ။ ကူးကူးလဲ အမြန်ကျန်းမာပါစေ။

    ReplyDelete
  15. ဟုတ်တယ်တီဆွိ.. အခုအရေခွံတွေကွာနေတာ ..မြွေကျနေတာဘဲ..စိတ်ညစ်တယ်.. ဟိုဖုံးဒီဖုံးနဲ့ ပူအိုက်တဲ့ရာသီမှာ ငါပူတင်းဖြစ်တော့မယ်..း(

    ReplyDelete
  16. buy zithromax >>> http://zithromax.ucoz.com/zithromax.html <<< buy zithromax online cheep


    buy zithromax powder strep throat tonsil stones, buy zithromax online

    buy zithromax powder strep throat tonsil stones, buy zithromax online

    buy without otc azithromycin zithromax, buy zithromax online

    buy zithromax mild nausea, buy zithromax online

    levaquin buy no prescription, buy zithromax online
    [url=http://virtualatdp.berkeley.edu:8081/2763/~buyzitromax100]
    buy zithromax stomach pain dizziness loss of appetite, buy zithromax online[/url]
    [url=http://virtualatdp.berkeley.edu:8081/2763/~buyzitromax100]
    and wine consumption buy zithromax, buy zithromax online[/url]
    [url=http://virtualatdp.berkeley.edu:8081/2763/~buyzitromax100]
    buy zithromax without ots, buy zithromax online[/url]
    [url=http://virtualatdp.berkeley.edu:8081/2763/~buyzitromax100]
    buy zithromax shipping overnight, buy zithromax online[/url]
    [url=http://virtualatdp.berkeley.edu:8081/2763/~buyzitromax100]
    buy zithromax uk stomach pain, buy zithromax online[/url]
    [url=http://virtualatdp.berkeley.edu:8081/2763/~buyzitromax100]
    overnight freight buy zithromax without, buy zithromax online[/url]
    [url=http://virtualatdp.berkeley.edu:8081/2763/~buyzitromax100]
    buy zithromax 1g strep throat, buy zithromax online[/url]
    [url=http://virtualatdp.berkeley.edu:8081/2763/~buyzitromax100]
    and alcohol consumption prescription buy zithromax, buy zithromax online[/url]
    [url=http://virtualatdp.berkeley.edu:8081/2763/~buyzitromax100]
    buy zithromax same day shipping no prescription needed, buy zithromax online[/url]

    ReplyDelete
  17. စုဖတ်သွားပါသည်. နေကောင်းလာပြီဆိုလို့ဝမ်းသာသည်။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ