Pages

Thursday, October 27, 2011

Happy Birthday to Me"

မွေးနေ့ရောက်လာပြန်တယ်။ ဒီနှစ်တော့ထုံးစံအတိုင်းထွေထူးဘာမှမလုပ်ဖြစ်ဘူး။
စိတ်ကူးနေတာ ကြာဇံဟင်းခါးဖြစ်ဖြစ်၊ မုန့်ဟင်းခါးဖြစ်ဖြစ် အိမ်မှာချက်.. မြန်မာမိသား စုတွေနဲ့ သူငယ်ချင်း အချို့ ဖိတ်ပြီး မွေးနေ့အတွက် ကျေးဇူးတင်ချီးမွမ်း ဘုရားရှိခိုးမလို့။  ခရီးသွားပြန်ရောက်ကတည်းက နေမကောင်းဖြစ်နေတာ... အခုထိဘဲဆိုပါတော့။
ဒါနဲ့ဘဲ... တစ်ရက်တစ်ရက် ကိုယ့်ခြေတောင်ကိုယ်အနိုင်နိုင်သယ်နေရတော့ ဘာမှ မချက်ဖြစ်တော့ဘူး။
စိတ်ကူးထဲမှာတော့ရှိပါတယ်..စိတ်ကူးထဲမှာပေါ့....
ဆုတောင်းစာတွေ၊ နှုတ်ဆက်စကားတွေများကြီးရတဲ့ဒီနှစ်မှာတော့ မွေးနေ့လက်ဆောင် တစ်ခုမှမရဘူး။
သူငယ်ချင်းတစ်ယောက်လှမ်းဖုန်းဆက်ပြီး wish လုပ်တော့ ဘာကျွေးမလဲလို့မေး တာ နဲ့ ကျွန်မ ပေး...လက်ဆောင်.. ဆိုတော့ သူက လန့်ဖြန့်ပြီး..ဟဲ့ဘယ်လိုဖြစ်တာတုန်း.. ဘာလိုချင်လဲမေးတုန်းကတော့မယူဘူးဆို..တဲ့..
မွေးနေ့မတိုင်ခင်တုန်းကတော့ ဘယ်လိုချင်ပါ့မလဲ..မွေးနေ့ရောက်တော့ လိုချင်တဲ့စိတ် က ပေါ်လာပြန်ရော.. လူ့စိတ်နှယ်ခက်ရန်ကောလို့...  .
အသက်လား --- မနှစ်ကထက်ပိုကြီးလာပီ
ရင့်ကျက်မှုရော.... သူငယ်နာမစင်သေး
အတွေ့ကြုံ.....  အရင်အတိုင်းဘဲ
ချစ်သူ လဲ.. ဒီတစ်ယောက်ဘဲ

မွေးနေ့လာလည်သူတွေအတွက်ကျမ်းမာရေးနဲ့ ညီညွတ်အောင် အသီးလေးတွေဘဲ ကျွေးပါ့မယ်။  



22 Comments:

မြတ်ကြည် said...

Hppy Birthday :) မွေးနေ့မှစပြီး လိုအင်ဆန္ဒတွေ တလုံးတဝပြည့်စုံပါစေ။ လက်ဆောင်ပေးမယ့်သူ ရှိမှာပါ။ surprise ဖြစ်အောင် ဝှက်ထားတာနေမှာ။

Shinlay said...

happy birthday.....to you..

rose said...

Happy birthday to you, sis! We both are October born. High five :))

စန္ဒကူး said...

မြတ်ကြည်.... ဆုတောင်းပေးတဲ့အတွက်ကျေးဇူးနော်..ဟီးဟီး..ဘယ်သူမှ ၀ှက်ထားပုံမရပါဘူး..း)

မမရှင်လေး... ကျေးဇူး... မမ

rose... sis layy ရေ... Hi Five!!!!!

mabaydar said...

စဗျစ်သီးစားသွားတယ်... အစောကသိရင်တော့ လက်ဆောင်ပို့ပေးလိုက်ပါတယ်... မွေးနေ့ရောက်ရင် မွေးနေ့ရှင်ကို မုန့်ကျွေးခိုင်းတာ အဓိပ္ပါယ်သိပ်မရှိဘူး... မွေးနေ့ရှင်ကိုတောင် ပျော်အောင်ထားရအုံးမယ်... မွေးနေ့ရှင်ဘက်က ကျွေးတာ မကျွေးတာက သူ့အပိုင်းပဲ... အဲလို ကိုယ့်မွေးနေ့မို့ ဘာကျွေးမလဲ မဗေဒါကိုလာမေးရင် မကြိုက်ဘူး... ဒါပေမဲ့ ဘာကျွေးမလဲမမေးခင် သတိတရ နှုတ်ဆက်ဖော်ရတယ်ဆိုတော့ စန္ဒကူး သူငယ်ချင်းက မဆိုးသေးပါဘူး...

Candy said...

Happy Birthday မမ.... ကန်ဒီက အသီးအနှံဆို အရမ်းကြိုက်တာ... အားရပါးရစားသွားတယ်နော်.. :P :D

QuuTe said...

့happy birthday to you ..........

MGTHANT said...

Happy Happy To You Sis.. Wishing to see your traveling Posts :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကူးကူးရေ
အသီးလေးတွေက လှလိုက်တာရယ်
ချစ်ဖို့တောင်ကောင်းသေးတော့
ပျော်ရွှင်ချမ်းမြေ့သော မွေးနေ့ရက်ကလေးဖြစ်ပါစေနော်..
ဘဝတစ်လျှောက်လုံး အေးချမ်းသော နေ့ရက်များကို အပူအပင်ကင်းကင်းနဲ့ ဖြတ်သန်းနိုင်ပါစေ
ကူးကူးချစ်တဲ့သူများနဲ့ မခွဲမခွာ တစ်သက်တာလုံး ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့နော်

san htun said...

မွေးနေ့ မှသည် ပျော်ရွှင်ပါစေ ကူးကူးရေ...

သဉ္ဇာ - Thinzar said...

Happy belated birthday! :)

rose of sharon said...

ံမွေးနေ့မှာပျော်ရွှင်ပါစေကူးကူးရေ... ဘုရားသခင်ထံမှကောင်းကြီးမင်္ဂလာများ ကြွယ်ဝစွာခံစားရပါစေလို့ သခင်ခရစ်တော်၏နာမတော်အားဖြင့် ဆုတောင်းပေးလိုက်ပါတယ်...

ဘေဘီ said...

Happy belated birthdayး)
ဆန္ဒနဲ့ ဘ၀တထပ်တည်းကျပါစေ

အဖြူရောင်နတ်သမီး said...

HAPPY BIRTHDAY..ပါ ကူးရေ...
နောက်ကျသွားတယ်...
အာဘွား အကြီးကြီးနဲ့ ပြေးလာခဲ့တယ်နော်...

mstint said...

ထူးမြတ်တဲ့ မွေးနေ့မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ စန္ဒကူးရေ။
စိတ်သွားတိုင်းကိုယ်ပါလို့ လိုရာဆန္ဒတစ်လုံးတစ်ဝတည်း ပြည့်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်စုံပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

...အလင်းစက်များ said...

29 မှပဲ ရောက်ဖြစ်တော့တယ်။ မွေးနေ့  အသီးအနှံတွေ ကုန်ဘီ မဟုတ်လား အစ်မ။ မွေးနေ့ ဆုတောင်းလေး ပါပေးရပါ့။ လက်ဆောင်လည်း မပေးနိုင်ပြန်ဘူး။

ကဲ.... မကူး တစ်ယောက် လုပ်ငန်း ကိုင်ငန်းတွေ အဆင်ပြေပြီး၊ ကိုယ်ချစ်တဲ့ သူနဲ့  အိုမင်းတဲ့ အထိ ပေါင်းသင်းပြီး ဘ၀ကို မစ္ဖျိမ ပဋိပဋာ ကျကျ ဖြတ်သန်း နိုင်ပါစေသားဗျာ။

Anonymous said...

မွေးနေ့လေးမှာပျော်ရွှင်ချမ်းမြေ့ပါစေရှင်
သက်ရှည်ကျန်းမာစွာနဲ့ချစ်သောမိသားစု..
ဘလော့ဂါမောင်နှမများနဲ့အတူ
ပျော်ရွှင်ဖွယ်နေ့ပေါင်းများစွာကို
(ချစ်ရသူနဲ့အတူ)ပိုင်ဆိုင်နိုင်ပါစေရှင်
ချစ်ခင်စွာနဲ့
မိစံ

Thet Nandar Family said...

.................(,)
.................-ﺜ-.
................|. .|
................|. .|
.......(¯`•.•´¯) (¯`•.•´¯)
.....♥ `•.¸(¯`•.•´¯)¸.•´ ♥
......... º ♥ `•.¸.•´ ♥
Wishing you a belated birthday.
I hope all your birthday wishes came true.

မေသိမ့်သိမ့် ကျော် said...

ကူးကူးရေ

မွေးနေ့ဆုတောင်းနောက်ကျတာ ခွင့်လွှတ်နော်။
Happy Birthday!!!!

ခင်တဲ့
မေသိမ့်

ခရစ္စတလ် said...

ကူးကူးတစ်ယောက် စိတ်ချမ်းသာ ပျော်ရွှင်ပါစေ။

T T Sweet said...

နောက်တောင်ကျနေပြီ။ Happy birthday ကူကူး။ အပေါ်က ပုံလေးက လှလိုက်တာ။

Sandakuu said...

မွေးနေ့ဆုတောင်းပေးတဲ့ သူငယ်ချင်းတွေအားလုံး ကျေးဇူးတင်ပါတယ်နော်။
ထပ်တူထပ်မျှ စိတ်ချမ်းသာ ကိုယ်ကျမ်းမာကြပါစေ.. လိုအင်ဆန္ဒများလဲ ပြည့်ဝပါစေနော်။

Post a Comment

ကူးကူးရေ...

 
Powered by Blogger