Skip to main content

Happy Birthday to Me"

မွေးနေ့ရောက်လာပြန်တယ်။ ဒီနှစ်တော့ထုံးစံအတိုင်းထွေထူးဘာမှမလုပ်ဖြစ်ဘူး။
စိတ်ကူးနေတာ ကြာဇံဟင်းခါးဖြစ်ဖြစ်၊ မုန့်ဟင်းခါးဖြစ်ဖြစ် အိမ်မှာချက်.. မြန်မာမိသား စုတွေနဲ့ သူငယ်ချင်း အချို့ ဖိတ်ပြီး မွေးနေ့အတွက် ကျေးဇူးတင်ချီးမွမ်း ဘုရားရှိခိုးမလို့။  ခရီးသွားပြန်ရောက်ကတည်းက နေမကောင်းဖြစ်နေတာ... အခုထိဘဲဆိုပါတော့။
ဒါနဲ့ဘဲ... တစ်ရက်တစ်ရက် ကိုယ့်ခြေတောင်ကိုယ်အနိုင်နိုင်သယ်နေရတော့ ဘာမှ မချက်ဖြစ်တော့ဘူး။
စိတ်ကူးထဲမှာတော့ရှိပါတယ်..စိတ်ကူးထဲမှာပေါ့....
ဆုတောင်းစာတွေ၊ နှုတ်ဆက်စကားတွေများကြီးရတဲ့ဒီနှစ်မှာတော့ မွေးနေ့လက်ဆောင် တစ်ခုမှမရဘူး။
သူငယ်ချင်းတစ်ယောက်လှမ်းဖုန်းဆက်ပြီး wish လုပ်တော့ ဘာကျွေးမလဲလို့မေး တာ နဲ့ ကျွန်မ ပေး...လက်ဆောင်.. ဆိုတော့ သူက လန့်ဖြန့်ပြီး..ဟဲ့ဘယ်လိုဖြစ်တာတုန်း.. ဘာလိုချင်လဲမေးတုန်းကတော့မယူဘူးဆို..တဲ့..
မွေးနေ့မတိုင်ခင်တုန်းကတော့ ဘယ်လိုချင်ပါ့မလဲ..မွေးနေ့ရောက်တော့ လိုချင်တဲ့စိတ် က ပေါ်လာပြန်ရော.. လူ့စိတ်နှယ်ခက်ရန်ကောလို့...  .
အသက်လား --- မနှစ်ကထက်ပိုကြီးလာပီ
ရင့်ကျက်မှုရော.... သူငယ်နာမစင်သေး
အတွေ့ကြုံ.....  အရင်အတိုင်းဘဲ
ချစ်သူ လဲ.. ဒီတစ်ယောက်ဘဲ

မွေးနေ့လာလည်သူတွေအတွက်ကျမ်းမာရေးနဲ့ ညီညွတ်အောင် အသီးလေးတွေဘဲ ကျွေးပါ့မယ်။  



Comments

  1. Hppy Birthday :) မွေးနေ့မှစပြီး လိုအင်ဆန္ဒတွေ တလုံးတဝပြည့်စုံပါစေ။ လက်ဆောင်ပေးမယ့်သူ ရှိမှာပါ။ surprise ဖြစ်အောင် ဝှက်ထားတာနေမှာ။

    ReplyDelete
  2. Happy birthday to you, sis! We both are October born. High five :))

    ReplyDelete
  3. မြတ်ကြည်.... ဆုတောင်းပေးတဲ့အတွက်ကျေးဇူးနော်..ဟီးဟီး..ဘယ်သူမှ ၀ှက်ထားပုံမရပါဘူး..း)

    မမရှင်လေး... ကျေးဇူး... မမ

    rose... sis layy ရေ... Hi Five!!!!!

    ReplyDelete
  4. စဗျစ်သီးစားသွားတယ်... အစောကသိရင်တော့ လက်ဆောင်ပို့ပေးလိုက်ပါတယ်... မွေးနေ့ရောက်ရင် မွေးနေ့ရှင်ကို မုန့်ကျွေးခိုင်းတာ အဓိပ္ပါယ်သိပ်မရှိဘူး... မွေးနေ့ရှင်ကိုတောင် ပျော်အောင်ထားရအုံးမယ်... မွေးနေ့ရှင်ဘက်က ကျွေးတာ မကျွေးတာက သူ့အပိုင်းပဲ... အဲလို ကိုယ့်မွေးနေ့မို့ ဘာကျွေးမလဲ မဗေဒါကိုလာမေးရင် မကြိုက်ဘူး... ဒါပေမဲ့ ဘာကျွေးမလဲမမေးခင် သတိတရ နှုတ်ဆက်ဖော်ရတယ်ဆိုတော့ စန္ဒကူး သူငယ်ချင်းက မဆိုးသေးပါဘူး...

    ReplyDelete
  5. Happy Birthday မမ.... ကန်ဒီက အသီးအနှံဆို အရမ်းကြိုက်တာ... အားရပါးရစားသွားတယ်နော်.. :P :D

    ReplyDelete
  6.့ happy birthday to you ..........

    ReplyDelete
  7. Happy Happy To You Sis.. Wishing to see your traveling Posts :)

    ReplyDelete
  8. ကူးကူးရေ
    အသီးလေးတွေက လှလိုက်တာရယ်
    ချစ်ဖို့တောင်ကောင်းသေးတော့
    ပျော်ရွှင်ချမ်းမြေ့သော မွေးနေ့ရက်ကလေးဖြစ်ပါစေနော်..
    ဘဝတစ်လျှောက်လုံး အေးချမ်းသော နေ့ရက်များကို အပူအပင်ကင်းကင်းနဲ့ ဖြတ်သန်းနိုင်ပါစေ
    ကူးကူးချစ်တဲ့သူများနဲ့ မခွဲမခွာ တစ်သက်တာလုံး ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့နော်

    ReplyDelete
  9. မွေးနေ့ မှသည် ပျော်ရွှင်ပါစေ ကူးကူးရေ...

    ReplyDelete
  10.ံမွေးနေ့မှာပျော်ရွှင်ပါစေကူးကူးရေ... ဘုရားသခင်ထံမှကောင်းကြီးမင်္ဂလာများ ကြွယ်ဝစွာခံစားရပါစေလို့ သခင်ခရစ်တော်၏နာမတော်အားဖြင့် ဆုတောင်းပေးလိုက်ပါတယ်...

    ReplyDelete
  11. Happy belated birthdayး)
    ဆန္ဒနဲ့ ဘ၀တထပ်တည်းကျပါစေ

    ReplyDelete
  12. HAPPY BIRTHDAY..ပါ ကူးရေ...
    နောက်ကျသွားတယ်...
    အာဘွား အကြီးကြီးနဲ့ ပြေးလာခဲ့တယ်နော်...

    ReplyDelete
  13. ထူးမြတ်တဲ့ မွေးနေ့မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ စန္ဒကူးရေ။
    စိတ်သွားတိုင်းကိုယ်ပါလို့ လိုရာဆန္ဒတစ်လုံးတစ်ဝတည်း ပြည့်ပါစေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်စုံပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  14. 29 မှပဲ ရောက်ဖြစ်တော့တယ်။ မွေးနေ့  အသီးအနှံတွေ ကုန်ဘီ မဟုတ်လား အစ်မ။ မွေးနေ့ ဆုတောင်းလေး ပါပေးရပါ့။ လက်ဆောင်လည်း မပေးနိုင်ပြန်ဘူး။

    ကဲ.... မကူး တစ်ယောက် လုပ်ငန်း ကိုင်ငန်းတွေ အဆင်ပြေပြီး၊ ကိုယ်ချစ်တဲ့ သူနဲ့  အိုမင်းတဲ့ အထိ ပေါင်းသင်းပြီး ဘ၀ကို မစ္ဖျိမ ပဋိပဋာ ကျကျ ဖြတ်သန်း နိုင်ပါစေသားဗျာ။

    ReplyDelete
  15. မွေးနေ့လေးမှာပျော်ရွှင်ချမ်းမြေ့ပါစေရှင်
    သက်ရှည်ကျန်းမာစွာနဲ့ချစ်သောမိသားစု..
    ဘလော့ဂါမောင်နှမများနဲ့အတူ
    ပျော်ရွှင်ဖွယ်နေ့ပေါင်းများစွာကို
    (ချစ်ရသူနဲ့အတူ)ပိုင်ဆိုင်နိုင်ပါစေရှင်
    ချစ်ခင်စွာနဲ့
    မိစံ

    ReplyDelete
  16. .................(,)
    .................-ﺜ-.
    ................|. .|
    ................|. .|
    .......(¯`•.•´¯) (¯`•.•´¯)
    .....♥ `•.¸(¯`•.•´¯)¸.•´ ♥
    ......... º ♥ `•.¸.•´ ♥
    Wishing you a belated birthday.
    I hope all your birthday wishes came true.

    ReplyDelete
  17. ကူးကူးရေ

    မွေးနေ့ဆုတောင်းနောက်ကျတာ ခွင့်လွှတ်နော်။
    Happy Birthday!!!!

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  18. ခရစ္စတလ်November 4, 2011 at 8:18 PM

    ကူးကူးတစ်ယောက် စိတ်ချမ်းသာ ပျော်ရွှင်ပါစေ။

    ReplyDelete
  19. နောက်တောင်ကျနေပြီ။ Happy birthday ကူကူး။ အပေါ်က ပုံလေးက လှလိုက်တာ။

    ReplyDelete
  20. မွေးနေ့ဆုတောင်းပေးတဲ့ သူငယ်ချင်းတွေအားလုံး ကျေးဇူးတင်ပါတယ်နော်။
    ထပ်တူထပ်မျှ စိတ်ချမ်းသာ ကိုယ်ကျမ်းမာကြပါစေ.. လိုအင်ဆန္ဒများလဲ ပြည့်ဝပါစေနော်။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ