Skip to main content

ဆန္ဒမစောကြပါနဲ့

ဥဥချစ်သူမောင် က tag ထားတယ်။  သူ့ခေါင်းစဉ်ကြီးက ခက်လိုက်တာလို့။

အပင်စိုက်တာဝါသနာပါတဲ့ ကျွန်မတောင်မှ နှစ်ရှည်ပင်ဆိုမစိုက်ချင်ဘူး။  စောင့်ရမှာ စိတ်မရှည်တာရယ်၊ ကိုယ်မရှိမှသီးရင်ဒါမှမဟုတ် ကိုယ်မရှိတဲ့အချိန် ဘာပင်မှန်းမသိ သူများခုတ်ပစ်လိုက်ရင် အလဟသဖြစ်မှာကိုတွေးကြောက်နေတဲ့အတွေးနဲ့ ရေရှည်မ ကြည့်မိခဲ့တဲ့အချိန်တွေအများကြီးရှိဖူးတယ်။

ကျောင်းတုန်းက ဘောပွဲကြည့်တော့တစ်ဖက်အသင်းက နိုင်ရင်ကိုယ်ကမခံချိမခံသာနဲ့..
ဘေးနားက ကျောင်းသားတွေကလဲဟိုလိုကန်ပါလား..ဒီိလိုလုပ်ပါလားဝိုင်းအော်ကြတာတွေလဲနားယဉ်ဖူးတယ်။
စိတ်ထဲမှာတော့ သူတို့ကိုယ်တိုင်ဝင်ကန်ပါလားလို့ အမြင်ကတ်ကတ်နဲ့ ပြောခဲ့ဖူးတယ်။ ကိုယ်တိုင်ဝင်ကန်ဆိုတော့လဲအဖြစ်မရှိ၊ကွင်းလယ်ရောက်ပီးထင်သာမြင်သာရှိတဲ့သူတွေကို ကွင်းဘေးနားထိုင် အချဉ်ထုတ်လေးစား၊ ကွမ်းယာလေးမြုံပီး လှမ်းဆဲဆို နေကြတဲ့ သူတွေ ပိုများနေပါတယ်။
ပွဲပြီးသွားရင် နိုင်တဲ့သူနိုင်မယ်၊ ရှုံးတဲ့သူလဲရှိမယ်။
ဒါကို ပျော်သူရှိသလိုဝမ်းနည်းသူရှိမယ်။
ဒါပေမယ့် ဘောပွဲပီးနောက်မှာတော့ ၀မ်းတစ်ထွာကိုဖြည့်ဖို့ဆက်ပြီးရုန်းနေကြရအုံးမှာ...

မြင်နေရတဲ့လူတွေထဲမှာ တစ်ပိုင်တစ်နိုင်ကျိုးစားလုပ်ပေးနေတဲ့သူတွေလဲရှိတယ်။
ကိုယ်နဲ့အတူဝိုင်းလုပ်အောင် အားပေးဆွဲခေါ်မယ့်အစား ကိုယ်လုပ်လာနိုင်တဲ့အပေါ်မလုပ်နိုင်သူတွေကိုပုတ်ခတ်ရှုတ်ချ၊ကိုယ့်ကိုယ်ကိုယ်မသိမသာ ပင့်တင်လာကြတာတွေလည်းရှိတယ်။
ဖြစ်ပီးတာကိုတစ်သသနဲ့ အတိတ်ကနေမရုန်းနိုင်ဘဲ အတိတ်ကိုဆွဲခေါ်ပီး ပစ္စုပန်မှာ နေတဲ့သူတွေလဲရှိတယ်။
တစ်လှမ်းချင်းတက်လှမ်းရမယ့် လှေခါးကို အဆင့်ကျော်ခုန်ချင်တဲ့သူတွေလဲရှိတယ်။
မတော်လဲချော်မိရင်တော့မဲမဲထင်မင်းကြောင့်/သူ့ကြောင့်လှမ်းအော်အပြစ်တင်ကြတာတွေလဲရှိတယ်။
သတင်း ဆိုတာမျိုးကလဲ မယူတတ်ရင်အဖြစ်ပျက်တစ်ခု/ စကားတစ်ခွန်းပ်ါအခြေခံ.. တစ်ဆင့်ပီးတစ်ဆင့် အမှန်ကနေ အမှားဆီ ရောက်အောင် ဆွဲပွားနိုင်သေးတယ်။
ချစ်သူကပြောတယ်.. အာဖရိကမှာရှိတဲ့ဆင်းရဲတဲ့လူငယ်တွေ နပ်မှန်အောင်စားရဖို့ မလွယ်တဲ့အချိန်မှာ သူတို့ရော iphone လေးကိုင်ပြီးဖုန်းပြောဖို့ game ဆော့ဖို့ မထိုက်တန်ဘူးလား.. လူလူချင်းဘဲ..
သူတို့ရော ကွန်ပြူတာအရှေ့ထိုင်ပီး facebook လေးလုပ်နေဖို့ မတန်ဘူးလား..
လူလူချင်းဘဲ..  ဆင်းရဲတဲ့သူတွေ basic need ကို အနိုင်နိုင်ရှာနေရတဲ့အချိန် ကျွန်မတို့ မှာ ကိုယ်လိုချင်တာတွေနဲ့ပြည့်နေတဲ့အတ္တစိတ်တွေနဲ့ မွန်းနေတယ်။ 
ကိုယ့်ခြေထောက်ပေါ်ကိုယ်မတ်မတ်ရပ်ရင်စားလောက်ရုံဘဲရလို့ အပိုအလျှံလေးနဲ့ ငွေလျှံအောင် အပင်ကြီးကြီးအရိပ်မှီရပ်နေရတဲ့ သူတွေ လဲရှိမယ်။
ပြောင်းလဲမှုကိုလက်ငင်းမြင်တွေ့ချင်လို့ စိတ်တွေလောနေတဲ့ သူတွေလဲရှိမယ်..
ရေလိုက်ငါးလိုက်.. သူများအော်.၀င်အော်လိုက်မယ်ဆိုတဲ့သူတွေလဲရှိမယ်။
နှစ်နှစ်ကာကာ ဖြစ်စေချင်တဲ့စိတ်နဲ့မဖြစ်နိုင်တာကိုသိသိနဲ့ဆန္ဒစောနေသူတွေလဲရှိမယ်။

လူတွေမှာ စောမိတဲ့ဆန္ဒကို အပြစ်လို့ပြောရင်လဲ အပြောခံရမှာဘဲ..  ဖြစ်စေချင်တာတွေများလို့ ဆန္ဒစောမိတယ်။  
ဖြစ်စေချင်လွန်း...တဲ့ဆန္ဒ ကြောင့် ဆန္ဒစောမိသူတွေကို အပြစ်မမြင်ရက်ပါဘူး။
မကောင်းဘူးဆိုရင်တော့ဘယ်သူကဖြစ်စေချင်မလဲလေ...
အားလုံးကောင်းဖို့အတွက် ဆန္ဒတွေစောနေကြတာတော့ ကိုယ်လဲပါတယ်။
ဒါပေမယ့် ရေရှည်အရေးကိုတွေး ကိုယ်ဝုန်းဒိုင်းထလုပ်လိုက်မှ ပိုဆိုးတာမျိုး မဖြစ်အောင်တော့သတိထားရအုံးမှာပေါ့။

** မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိပါ၊ စိတ်ထဲရှိတာလေးချရေးတာသာဖြစ်လို့ အမှားပါလဲခွင့်လွှတ်ပေးပါ **

 Photo credit:  http://85.94.205.191/finedininglovers.com/BlogPost/l_1105_impatient-egg.jpg

Comments

  1. ဟန်ကြည်March 26, 2012 at 3:08 PM

    မှန်သပေါ့ကွယ်...ဖြည်းဖြည်းနဲ့ မှန်မှန် hasten slowly ဆိုတဲ့ စကားအတိုင်း လိုက်နာရပေမပေါ့...အမြန်လုပ်ရင် အမြန်ပျက်တတ်သကိုး...

    ReplyDelete
  2. ဆန္ဒစောတာတော့လမင်းကိုဘယ်သူမှမှီမယ်မထင်ဘူး...
    စိတ်ကမရှည် လုပ်ချင်တာဆိုချက်ချင်လုပ်လိုက်ရမှာ
    ပုံမှန်ပဲကောင်းပါတယ်လေနော် ညီမရေ
    လာဖတ်ခဲ့ပါကြောင်း

    ReplyDelete
  3. ဟဲဟဲ အဲဒါမှဥဥတူမလေးရဲ့ရေးဟန်အစစ် အဲလိုေ၇းဟန်မျိုးမတွေ့ရတာကြာပြီ
    ကျေးဇူးအဘကီးဘကီးတင်တယ်ကူးစ်ရေ

    ခင်တဲ့
    ဥဥ

    ReplyDelete
  4. စိတ်ရှည်ရှည်နဲ့ အလုပ်လုပ်တာ အကောင်းဆုံးပါ ကူးကူးရေ
    ဒါပေမဲ့ ကိုယ်တိုင်ကတော့ ဆန္ဒစောတတ်တဲ့သူ စိတ်မရှည်တဲ့သူ တစ်ယောက် ဖြစ်ပါတယ်။
    စိတ်ရှည်ရှည်ထားတတ်အောင်တော့ ကြိုးစားရဦးမှာပါ။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ