Skip to main content

မနာဒို ဆန်ပြုတ်




ဆန်ပြုတ်ကြိုက်တတ်လာတဲ့ကျွန်မအတွက် နောက်ထပ်နည်းသစ်တစ်မျိုးပါ။

ကျွန်မနေတဲ့ နေရာမှာ ရွှေဖရုံသီးတွေအများကြီးရှိတယ်။ အရင်က ခဏခဏ၀ယ်ချက်စားဖြစ်ပေမယ့် စီးလဲမစီး၊ အရသာလဲ ဖွာတာတာနဲ့မို့ နောက်ဆို လုံးဝကိုမ၀ယ်စားတော့ဘူး။ ဒါပေမယ့် ဒီတစ်ခါတော့ ထိုင်းက ယူလာတဲ့မျိုးစေ့နဲ့ စိုက်ထားတဲ့အပင်ကို ခြံထဲက အင်ဒိုအရှေ့ပိုင်းကလာတဲ့ အန်တီတစ်ယောက် ကပေးထားလို့ ခပ်စီးစီးလေး ရွှေဖရုံသီးကိုစားခွင့်ရတယ်။
  ခြံထဲကအလုပ်သမားတွေ ပိုင်ရှင်မရှိဘူးထင်ပြီးခူးမှာစိုးလို့နာမည်တပ်ထားတာ..း)
သူက ရွှေဖရုံသီးနဲ့ ဆန်ပြုတ်ချက်စားရင်အရမ်းကောင်းတဲ့အကြောင်းလဲပြောပြလို့ သူ့ဆီက ချက်နည်းလေးမေးထားတယ်။ သူက အင်ဒိုအရှေ့ပိုင်းကပါ။  အဲဒီဖက်က လူတွေကအသားတော်တော်ဖြူကြတယ်..တရုတ်နဲ့စပ်သလားမဆိုတတ်ဘူး။  ဂျကာတာရောက်တုန်းကလဲ အဲဒီကသူတွေ မနာဒို(အင်ဒိုအရှေ့ပိုင်း)က ဆန်ပြုတ်က နာမည်ကြီးတယ်ပြောတယ်... ဆန်ပြုတ်ပြုတ်တာကတော့လွယ်ပါတယ်။

  • ဆန်ကိုထည့်... ရွှေဖရုံသီးကိုပါအတုံး လေးတွေတုံးပြီးတစ်ခါတည်းထည့်ပြုတ်တာဘဲ... 
  • ဆန်ပြုတ်ကျက်တဲ့အခါဆန်ကျေသွားအောင်မွှေရင်းနဲ့ ရွှေဖရုံသီးလေးတွေကိုပါဖိမွှေ.. အဲဒီတော့ ဆန်ပြုတ်ကရွှေဝါရောင်လေးဖြစ်လာရော..
  • ဆားလေးနဲနဲထည့်...  ကျက်ခါနီးမှာ ကန်းဇွန်းရွက် နဲ့ ဟင်းနုနွယ်ရွက်ကို တောက်တောက် စဉ်းပြီးမွှေလိုက်ပါတယ်...
  • စားဖို့ပြင်ဆင်တဲ့အခါမှာတော့ ကြက်သွန်ဖြူ ဆီချက်ရယ်၊ ငရုတ်သီးအနှစ်ချက်ရယ်၊ ငရုတ်ကောင်းမှုန့်ရယ်.. ငါးမုန့်ကြော်ရယ်၊ ကြက်သွန်မိတ်အကြီးကိုပါးပါးလှီးပီး...ကြိုက်တဲ့အတွဲဖက်ရောစပ်ပြီးစားလို့ရပါပီ...
အရမ်းလဲအရသာရှိ..အဟာရလဲပြည့်စုံတဲ့ ရွှေဝါရောင်ဆန်ပြုပ်တစ်ခွက်ရပါပြီ။ ...

Comments

  1. ဖျားနေတော့ ဆန်ပြုတ်လေးနဲ့ ကွက်တိပဲကွာာာား)

    ReplyDelete
  2. want to eat. I like porridge very much

    ReplyDelete
  3. ဒီလိုဆိုတော့လည်းစားချင်စရာ။
    ခက်တာကဖရုံသီးရောဆန်ပြုတ်ရောမကြိုက်တော့ကူးစီမှာအရင်လာတုတ်မှဖြစ်မယ်။ ကိုယ့်ဖာသာကိုယ်ဆိုလုပ်ဖြစ်မယ်မထင်ဘူး။
    ဒါပေမဲ့ဆန်နဲနဲလေးထဲ့ပြီးအခြားအသီးအရွက်တွေကိုကူးထဲ့သလိုထဲ့လိုက်ရင်တော့ကြိုက်မှာဘဲ။း)
    အိုင်အိုရာ

    ReplyDelete
  4. ဆန်ပြုတ်တော့ကြိုက်ဘူးရွှေဖရုံသီးတော့ကြိုက်တယ် :D

    ReplyDelete
  5. ကျေးဇူးပါ..ဆန်ပြုတ်ကြိုက်တယ်..လုပ်စားကြည့်ပါမယ်

    ReplyDelete
  6. လုပ်စားမယ်။

    ReplyDelete
  7. မနေ့ ကတင် ဆန်ပြုတ် ပြုတ်စားရသေးတယ်။ အ၀ါရောင်ဆန်ပြုတ်လေး လှလို့ သဘောကျနေတာ

    ReplyDelete
  8. ရွှေဖရုံသီးဆန်ပြုတ် တခါမှ မစားဘူးဗျို့ ..ကြုံရင် လုပ်စားဦးမယ်...

    ReplyDelete
  9. တီတင့်သားငယ်အတွက် ဘာလုပ်ကျွေးရမလဲ စဉ်းစားနေရင်း ဘလော့တကာ လျှောက်လည်ခဲ့တာ စန္ဒကူးရဲ့ မနာဒိုဆန်ပြုတ်ကိုတွေ့သွားပြီး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. တီတင့်သားငယ်လေး ကြိုက်ပါစေလို့ဆုတောင်းနေမယ်..း)))
    ယောက်ျားလေးတွေများများ ဆန်ပြုတ်ကြိုက်ကျဘူး..

    ReplyDelete
  11. မိန်းကလေးတော်တော်များများလည်းဆန်ပြုတ်မကြိုက်ဘူး..........

    ReplyDelete
  12. Hey just wanted to give you a quick heads up. The text in your
    article seem to be running off the screen in Opera. I'm not sure if this is a format issue or something to do with web browser compatibility but I thought I'd post to
    let you know. The style and design look great though! Hope you get
    the problem solved soon. Many thanks

    My page: ford ranger forum

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ