Skip to main content

ကျွန်မလည်းအလှပြင်သည် (၂)

အသက်လဲသုံးဆယ်စွန်းလာတာနဲ့အမျှအရင်ကအိမ်မှာနေတဲ့အချိန်နဲ့ ဈေးသွားတဲ့အချိန်ကလွဲလို့ မျက်နှာပြောင်နေတတ် တဲ့အကျင့်က ပျောက်သွားတယ်။
အလှပြင်ပီးသောမျက်နှာအပိုင်းစများ..း))

အခုနောက်ပိုင်းတော့ အပြင်ထွက်တာနဲ့အလှပြင်သွားရမှ.. အ၀တ်အစားက အဓိက မကျဘူး။ မျက်နှာပြောင်နဲ့ဆို သူငယ်ချင်းတွေကြားမှာ မျက်နှာငယ်ရပါ့။
သူတို့ကလစ်ရင်လစ်သလို ဖုန်းနဲ့ ဓာတ်ပုံရိုက်၊ facebook ပေါ်တန်းရောက်တော့ ကိုယ့်ကိုကြည့်ပီး... အဝေးက သူငယ်ချင်းတွေရော မိသားစုတွေက ပါ နေမကောင်းတဲ့ရုပ်လို့လှမ်းထင်ကြေးပေးကြ၊ စိတ်ပူပီး ခေါ်မေးတာနဲ့ဘဲ.....
အပြင်ထွက်ပြီဆိုရင်တော့ အလှမပြင်ဘဲမထွက်တော့ဘူး။  အလှပြင်ပစ္စည်းဆိုတာလဲ ဈေးကြီးတိုင်းကောင်းတာမဟုတ်သလို ကိုယ်နဲ့ သင့်တင့်မှ လဲ သုံးလို့ ကောင်းမယ်မဟုတ်လား။
ကျွန်မအတွက်တော့ အလှပြင်ပစ္စည်းကို ဈေးကြီးကြီးပေးမ၀ယ်ရဲဘူး။  ၀ယ်ခဲ့ရင်တောင်သုံးရတာစိတ်မချမ်းသာဘူး။  တစ်ကယ်လည်းကောင်းမယ်၊ အသားရေလဲမပျက်ဆီးဘူးဆိုရင်တော့ ပေးရတာတန်ပါတယ်။
ရုံးမှာ အလုပ်တူလုပ်တဲ့သူတွေရော၊ သူငယ်ချင်းတွေရော.. မောင်လေး၊ ညီမလေး တို့က အစ လက်ဆောင်တွေပြောင်းသွားတယ်..အရင်က အရုပ်လေးတွေပေးပေမယ့် အခုတော့အလှပြင်ပစ္စည်းလေးတွေအစားထိုးဝင်လာတယ်..အလှပြင်ပစ္စည်းတွေအများကြီးထဲက ကျွန်မအခုလက်ရှိသုံးဖြစ်တာလေးတွေရဲ့ ကောင်းတဲ့အကြောင်းဝေဌပေးချင်တာပါ။
၂၀၀၉ တုန်းက အလှပြင်ခဲ့တဲ့ပစ္စည်းလေးတွေကိုစွဲမြဲသုံးနေတာ အရင်တုန်းက အလှပြင်တဲ့ အကြောင်း (ကျွန်မလဲအလှပြင်သည်) ရေးဖူးတယ်..အခုတော့ အချို့ဟာလေးတွေ ပြောင်းပြီးသုံးဖြစ်တော့ စိတ်ဝင်စားတဲ့သူတွေလဲ စမ်းကြည့်လို့ ရအောင် စုပီးတင်ထားလိုက်ပါတယ်။

L'Oreal Facial form ကိုတော့အခုထိ ဘယ်ဟာကမှ မယှဉ်နိုင်သေးဘူး။  စမ်းသုံးကြည့်တဲ့သူတိုင်း ကြိုက်ကြတယ်။  ဈေးလဲ သိပ်မကြီးဘူး။  မျက်နှစ်သစ်ပီးရင် ရှင်းသွားတာဘဲ။  အနံ့လဲမပြင်းတော့ အရမ်းအဆင်ပြေတယ်..  အချို့ မျက်နှာသစ် တဲ့ဟာတွေဆိုရင် mascara မပျက်တာနဲ့.. ရေဆေးရင်တော်ရုံမစင်နိုင်တာနဲ့၊ မျက်နှာ သစ်ပီးရင်ရေသုတ်လိုက်တာနဲ့ မျက်နှာက moist မဖြစ်တော့ဘဲ ချက်ချင်းပြန်ခြောက် သွားတာဖြစ်တတ်တယ်။
တစ်ပတ်ကိုတစ်ခါ Facial scrub ကတော့ Jericho dead sea product  ကိုသုံးပါတယ်။  သူကတော့ ပင်လယ်သေက ကိုယ်တိုက်ဆားကိုဝယ်တုန်းက package ထဲပါလာတာမို့သုံးဖြစ်တာ။
ရေချိုးဆပ်ပြာရည်ကိုတော့ Johnson&Johnson ဘဲသုံးတယ်။  အနံ့လေးလဲကြိုက် တယ်။ ကလေးသုံးတဲ့ ဆပ်ပြာရည်ဆိုတော့ chemical လဲနည်းတယ်။
lotion ကတော့ J&J ကိုအိမ်မှာနေရင်လိမ်းတယ်၊ အပြင်သွားရင်တော့ Nivea original scent၊ လူအများနဲ့တွေ့ရမယ် နှုတ်ဆက်ရတော့မယ့်နေရာသွားရင်တော့ Bath & Body works က Cherry Blossom၊ သူကအနံ့လေးစွဲနေတာ တစ်နေကုန် ဘဲ။ ရေချိုးပြီးရင်တောင်အနံ့ကအိကျီမှာစွဲကျန်နေတုန်း။

မျက်နှာအတွက် moisturizer ကိုတော့ Nivea ကနေ Flebote ကိုပြောင်းသုံးဖြစ်တယ်။  သူကလိမ်းလိုက်တာနဲ့အသားထဲမှာစိုပီး အရမ်းကိုနူးညံ့သွား တာ။ တစ်နေကုန်လဲခံတယ်။  အနံ့လဲမရှိတော့ သဘောကျမိတာ။ အမှန်က အခြား product တွေကိုအယုံကြည်မရှိတဲ့ကျွန်မက သူတို့ sample ပေးတဲ့ အထုပ်လေးစမ်း ပီး လက်မှာလိမ်းကြည့်ပီး ညနေစောင်းတဲ့အထိ အိမ်ပြန်ရောက်တော့ လက်ကစိုစို လေးနဲ့ ၀င်းနေတာတွေ့လို့ ယုံသွားတယ်ဆိုပါတော့။

 မိတ်ကပ်ကိုတော့ (၃) မျိုးသုံးတယ်။  ဒါကလဲအကြောင်းရှိတယ်။  ရုံးသွားရင်တော့ Etude House ကထုတ်တဲ့ collagen moistfull ကိုသုံးတယ်။ ဒီမှာက လေအရမ်း တိုက်ပီး ခြောက်သွေ့တယ်၊ လိမ်းထားမှန်းလဲမသိသာဘူး... ပေါ့ပေါ့ပါးပါးနဲ့ အရမ်း နေလို့ကောင်းတယ်။  ပွဲနေပွဲထိုင်သွားတော့မယ်ဆိုရင်တော့ Revelon Photoready က အရမ်းအဆင်ပြေတယ်။ ဘယ်လောက်ပူပူ၊ အေးအေး မျက်နှာက အမြဲဝင်းနေတာ....  ဓာတ်ပုံရိုက်ဖို့တစ်ကယ့်ကို ready ပါဘဲ။ 
ညနေပိုင်းမှာ dinner ရှိတဲ့အခါနဲ့ ညနေပိုင်းလုပ်တဲ့ ပွဲတွေသွားဖို့အတွက်အကောင်း ဆုံးကတော့ Estee Lauder Double wear Light ပါဘဲ။  ညရောက်လာလေလေ အခြားသူတွေနဲ့မတူတောင် မျက်နှာပိုပိုဝင်းလာတာတွေ့ရမယ်..သူက ရာသီဥတု အေးလေ မျက်နှာနဲ့ထပ်တူကျလေလေဘဲ....
မိတ်ကပ်က အမြဲဝယ်စရာမလိုပါဘူး။ မိန်းကလေးတွေမို့ သိတဲ့အတိုင်းအကြာကြီးသုံး ရပါတယ်။
မိတ်ကပ်လိမ်းတတ်တဲ့ပျိုမေတွေအတွက်တော့ မျက်ကပ်ဖျက်ဖို့ makeup remover ကလဲအရေးကြီးတယ်။  အဲဒီအတွက်တော့ estee lauder ကိုသုံးတယ်။ သူက package နဲ့ပါလို့ သီးသန့်ထပ်ဝယ်ဖို့မလိုပါဘူး။  ပေါင်ဒါမှုန့်တော့ မသုံးတတ်ဘူး။
 
မျက်ခုံးမွှေးဆွဲတံတွေထဲမှာကျွန်မအကြိုက်ဆုံးကတော့ Revelon ပါ။  သူက brush နဲ့ liquid gel လေးပါတော့အရမ်းကိုအဆင်ပြေတယ်.. ကိုယ်ကြိုက်တဲ့ပုံဖော်ထားရင် တစ်နေကုန် ပုံမပျက်တော့ဘူး.. ရေကူးပြီးပြန်တက်လာရင်တောင် မျက်ခုံးပုံမပျက်ဘူး ဘဲ။
မျက်လုံးလိုင်နာအတွက်တော့ liquid တွေက ကျွန်မအတွက်ခေတ်ကုန်သွားပီမို့ pencil type လေးတွေပြောင်းသုံးပါတယ်။  မိန်းကလေးတွေလိုင်နာဆွဲထား တဲ့မျက်နှာနဲ့ မဆွဲထားတာ အရမ်းကို သိသာတယ်...ကျွန်မငယ်ငယ်က အဖွားက မျက်လုံးကို ကာချယ်တွေမဲနေအောင်ဆိုးထားပေးတာကို မာမီကပြောပြလေ့ရှိတယ်။
ဒါကြောင့်အခုဆို မျက်လုံးအပေါ်အောက်အမြဲလိုလိုဆွဲဖြစ်တယ်..
Estee Lauder Kajel eyeliner ကို ခဲပြာရောင်နဲ့ Revelon ကိုတော့ အညိုရောင်လိုချင်ရင်သုံးတယ်။

mascara ကိုတော့ mustafa က ပုံပြီးရောင်းတဲ့အထဲမှာ နက်ပြာရောင် (brand မသိ) အဲတာကိုအမြဲလိုသုံးဖြစ်တယ်။  တစ်ပတ်တစ်ခါလောက်တော့ RevelonGrow Lucious ကိုသုံးတယ်။ မျက်တောင်များရှည်လာမလားလို့။း)
 နှုတ်ခမ်းနီကိုတော့ တော်ရုံမဆိုးဖြစ်ဘူး။ ဆိုးဖြစ်တယ်ဆိုရင်တော့ တစ်နေကုန်ခံ ဖို့ ဆိုရင် Avon ကအနီရောင်ကို နဲနဲတို့ပီးဆိုးတယ်။ တစ်နေကုန်နေပေရော..နှုတ်ခမ်းစို စိစိဖြစ်မနေလို့ သဘောအရမ်းကျတယ်။  ဘာစားစား မပျက်သလို..ဘေးမှာလဲ မပေဘူး။ နောက်တစ်ခေါက်ထပ်ဆိုးရမှာမစိုးရိမ်နဲ့ တစ်နေကုန်ခံတယ်။ အိမ်ပြန်ရောက်မျက်နှာကိုဆပ်ပြာနဲ့သစ်တဲ့အထိဘဲ။
နှုတ်ခမ်းခြောက်တဲ့အချိန်တွေကိုတော့ clinique leadfree lipstick လေးဆိုးတယ်။ အဆီဆိုတော့ အရောင်မထွက်ဘူး။
ရုံးမှာတော့ Victoria secret lip gloss လေးတွေထားတယ်။ တစ်ခါတစ်လေ အခင်ဆုံး သူငယ်ချင်းက ဘာညာကွိကွပြောရင်ထုတ်ဆိုးထားလိုက်တယ်။  သူက အမြဲလှလှလေးနေတာကိုသဘောကျတယ်။ နှုတ်ခမ်းနီမဆိုးထားရင် နေမကောင်းတဲ သူနဲ့တူတယ်တဲ့လေ။
blush on ကိုအရင်က revelon သုံးပေမယ့် အခုတော့ Loreal ကိုပြောင်းသုံးလိုက် တယ်။ ဈေးမကွာတဲ့ပေမယ့် ကြာရှည်ခံတာခြင်းက နဲနဲကွာတယ်။  ပိုပီးလဲ သဘာဝ ကျတယ်...
roll-on ကိုလည်း Nivea ကနောက်ပိုင်းထွက်တဲ့အနံ့တွေပိုပိုပြင်းလာလို့ Dove ကို ပြောင်းသုံးတယ်။သူက ခြောက်ခြောက်လေးပေမယ့် ချောမွေ့နေလို့ နေလို့ ကောင်းတယ်။
 
တစ်ပတ်တစ်ခါတော့ body scrub အတွက် jericho deadsea salt ကိုသုံးပါတယ်။ ပြီးတော့ body butter လေးလိမ်းလိုက်ရင် ပြီးသွားပြီ။  အဲဒီ deadsea salt ထဲမှာပါတဲ့ ဆီလေးတွေကို ပုလင်းလေးထဲခွဲထည့်ထားပီး ညောင်းညာ ကိုက်ခဲရင် လိမ်းပီးနှိပ်ပေးတာနဲ့ ချက်ချင်းကိုသက်သာသွားတယ်။  အသားရည်က ကြာလာရင် အမဲစက်တွေ... ပိုညိုလာတဲ့အကွက်တွေနဲ့ နေလောင် ခြောက်သွေ့ပီး  သေနေတဲ့ cell တွေကို dead sea salt က ဖယ်ရှားပေးပါတယ်။  တစ်ခါစမ်းသုံးကြည့်တာနဲ့ ပျိုပျိုမေတွေ သိပ်ကို သဘောကျမှာပါ။  body butter က concentrate မို့ အများကြီးလိမ်းဖို့ မလို ပါဘူးဒါပေမယ့်တစ်ကိုယ်လုံးအနံ့လေးတွေသင်းနေပီး ချောမွတ်နေတဲ့အသားရည် ဖြစ်နေတာတွေ့ ရလိမ့်မယ်။
  
 မောင်လေးက isreal သွားတုန်းက dead sea mud နဲ့ အခြား cosmetic တွေဝယ် လာပေးတယ်။ ဒါပေမယ့် အဆင်မပြေဘူး။  သူကယောက်ျားလေးဆိုတာ့ သူများ ကောင်းတယ်ဆိုတာနဲ့ဝယ်တာဘဲ..စမ်းကြည့်ဖို့ဘာညာလဲမသိဘူးလေ....
အဲဒါနဲ့ဘဲ မသုံးဖြစ်တော့တာ.. အခုတော့ Jericho တွေ့တာနဲ့ အရမ်းကိုသဘောကျ သွားတာပါဘဲ။ 
ခြောက်သွေ့တဲ့နေရာမှာနေတဲ့အတွက် body oil လေးတော့အမြဲဆောင်ထားရတယ်။  အဲဒီအတွက်တော့ Nivea ကအကောင်းဆုံးပါဘဲ။
ခန္တာကိုယ်နဲ့ မျက်နှာပေါ်မှာ မတော်တစ်ဆ ကုတ်ခြစ်မိတာတို့.. အနာလေးတွေဖြစ်ရင်တော့ virgin coconut oil ကိုလိမ်းပေး၊ ပြီးရင်တော့ အနာလေးခြောက်သွားရင်တော့ olive oil လေးဆက်လိမ်းပေးရင် အနာရွတ်မကျန်တော့ပါဘူး။

Comments

  1. စုံနေတာပဲ၊
    သဘောကျလိုက်တာ၊
    မျက်နှာတခါပြင်ရင် အချိန်တော့ ပေးရမှာပဲနော်၊

    ReplyDelete
  2. မမကျားကလူသာမလှတာ အလှအပတော. စိတ်ဝင်စားသလို အစားအသောက်လည်းမက်ပါတယ် ညီမလေးအသုံးပြုတာတွေကို မှတ်သားသွားပါတယ်နော် ကျေးဇူးပါ။

    ReplyDelete
  3. အသက်ရလာတာနဲ့အမျှ ပြုပြင်ထိန်းသိမ်းပြီး နေသင့်တာတော့ အမှန်အကန်ပဲ ကူးကူးရေး) လှဘို့ထက် သပ်ရပ်ဘို့က အသက်အရွယ်ပေါ်မူတည်ပြီး လိုအပ်တယ်လို့ တီတင့်တော့ ယူဆတယ်။ ကူကူးအသက်ငယ်ပါသေးတယ် စုံစုံလင်လင် ပစ္စည်းလေးတွေနဲ့ အာနိသင်လေးတွေကို လေ့လာသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ဟုတ်တယ် ကူးရေ လမင်းလည်း အလှဘက်နည်းနည်းစိတ်ဝင်စားလာတယ် အသက်လေးရလာတော့..

    ReplyDelete
  5. အပြုံးပန်းလေးရေ.. မျက်နှာပြင်တာ ၃ မိနစ်ဘဲ.. ကူးအိပ်ရာထနောက်ကျ လေ့ရှိလို့ ရုံးအမှီသွားဖို့ အချိန်က နဲနဲဘဲရတယ်..
    moisturizer လိမ်း၊ မိတ်ကပ်ရည်လေးလိမ်း၊ blush on နဲ့ မျက်ခုံးမွေးဆွဲ.. လိုင်နာဆွဲပီး မြန်မှမြန်..း)))

    မမကျားရေ.. ကျေးဇူးပါ... မလှတဲ့မိန်းကလေးဆိုတာမရှိပါဘူးနော်... အားလုံး သူ့အလှနဲ့သူရှိကြတာပါ.. မြင်တတ်တဲ့သူတွေမှတွေ့တာ..း))

    တီတင့်ရေ.. မှန်တယ်... လှပသပ်ရပ်တာလဲ ဂုဏ်တစ်မျိုးဘဲ.. ကိုယ့်ကိုယ် ကိုယ် confident ပိုရှိစေတာပေါ့နော်။ တီတင့်က အမြဲသပ်သပ်ရပ်ရပ်လေးနေတတ်တာ ကူးသတိထားမိတယ်။ ကူးသာ အိမ်ရှင်မ တာဝန်ယူနေရတဲ့သူဆို စုတ်ဖွားလေး ဖြစ်နေမှာသေချာတယ်။

    ချစ်စံအိမ်... ဟုတ်ပါ့နော်..အသက်လေးရလာတော့..း))))

    ReplyDelete
  6. စုံစိနေတာပဲ... ကိုယ်တိုင်က အလှမပြင်တတ်ပေမယ့် အဲလိုလေးတွေ ပြင်ဆင်ထားတတ်တဲ့သူကို သဘောကျတယ်... ပြင်ဆင်စရာ ပစ္စည်းလေးတွေကိုလည်း သဘောကျတယ်...း-)

    ReplyDelete
  7. ဖတ်ရတာ စိတ်ဝင်စားစရာလေး။ ကျေးဇူးပါပဲ ညီမလေး။ တခုတော့ သိချင်တယ် ။ ညီမလေး skin type က ဘယ်လို type လဲ။ အစ်မက oily and combination skin type လေ။ type ချင်းတူ၇င် ညီမလေး သုံးတဲ့ထဲ ကတချို့ ဟာလေးတွေစမ်းသုံးကြည့်ချင်တာ။ blusher က body shop ကထုတ်တာလဲ သုံးလို့ ကောင်းတယ်... ။

    ReplyDelete
  8. sis do u know where can we buy jericho deadsea salt and other jericho product in singapore? thx

    ReplyDelete
  9. အ မ ရေ jericho deadsea salt ကို ဘယ် မှာ ဝယ် လို့ ရ လဲ

    ReplyDelete
  10. အမရေ...
    မိုးနတ်က အလှအပကို သိပ်စိတ်ဝင်စားပြီး ကိုယ့်ကိုယ်ကို အမြဲလှလှပပလေး
    နေတတ်တော့ အမရဲ့ အသုံးအဆောင်တွေကို အရမ်းစိတ်ဝင်စားတယ်
    သိလားးးးးးးးးးး မျှဝေပေးတာလဲ အရမ်းကို ကျေးဇူးတင်ပါတယ်ရှင် :)))

    ReplyDelete
  11. မမသက်ဝေ... အလှပဆိုစိတ်ဝင်စားတာဘဲ..ကူးလဲအရင်ကမပြင်တတ်..အခုတော့ ပန်းချီချယ်ရတာသဘောကျနေပီ..

    ညီမလေးဆုမြတ်မိုးနဲ့ Sandi ရေ.. http://www.jericho-skincare.com/jerichoskincaresingapore.html မှာ မှာလို့ရတယ်...amazon ကမှာလဲရတယ်.. http://www.jerichoskincare.com/
    http://www.jerichocosmetics.com/

    မမမိုးရေ.. ကူး skin type က နေတဲ့နေရာမှာမူတည်တယ်.. ရန်ကုန်မှာဆို သာမန်ဘဲ..အဆီနဲနဲပြန်တယ်... အေးတဲ့နေရာမှာတော့ ခြောက်တယ်... ရာသီဥတုနဲ့ဆိုင်တယ်...

    မိုးနတ်ညီမလေးရေ.. ကျေးဇူးပါ... အမလဲသုံးဖြစ်တဲ့အထဲက အကောင်းဆုံးတွေရွေးပီး တင်ထားပေးတာပါ။

    ReplyDelete
  12. ဟိဟိ နာ့တူမလေးအလှပြင်ပြီလား......

    ခင်တဲ့

    ReplyDelete
  13. ဟုတ်ပါ့ဥဥ ရေ... အသက်လေးလဲရလာပီဆိုတော့.. :P

    ReplyDelete
  14. ဟိုး အပေါ်က မချောတွေရေ

    Serangoon NEX မှာ ၀ယ်လို့ရတယ်တဲ့။ ဈေးဆစ်ရမယ်နဲ့တူတယ်။ စလုံး ၇၀ လောက်ကနေ စပြောတာ ၅၀ အထိ လျော့ ပေးတယ်တဲ့။ အဖြူမ ရောင်းတာနဲ့တူတယ်။

    ကူးကူး ဟင်းချက်တာ ပို သဘောကျတယ်။ တောဟင်းလေးတွေ ချက်ပါ။

    ReplyDelete
  15. အဲလိုလေး လှချင်လိုက်တာ ကူးကူးရယ်၊ သေချာ မပြင်တတ်ဘူးး) စိတ်မရှည်တား)

    ReplyDelete
  16. ကူးကူးလှိုင်March 5, 2013 at 5:39 AM

    အလှမပြင်တတ်တဲ့သူတောင် ပြင်ချင်စိတ်တွေ ပေါက်လာတယ် သိလား...ခဏခဏ လာလည်ဖြစ်တယ်နော် ကွန်မန့်သာ သိပ်မရေးဖြစ်တာပါ...

    ReplyDelete
  17. ဘာ ဖောင့်နဲ့ရေးတာလဲဟင်... ပိုစ့်ထဲကဖောင့်က မမြင်ရဘူး... ကျန်တဲ့နေရာက ဖောင့်တွေ အကုန်မြင်ရတယ်... ဘာလို့လဲ သိလား...

    ReplyDelete
  18. ကူး ဖောင့်က ဇော်ဂျီလေ... အခြားသူတွေကမြင်ရတယ်လို့ပြောတယ်..

    ကူးကူးလှိုင်... စွဲဆောင်နေတာ.. အလှပြင်အောင်လို့.. ဟီး

    မမချစ်ကြည်.. က အလှမပြင်လဲလှပီးသားပါနော်..

    ReplyDelete
  19. ကူးကူးရေ စာရေးတာကျဲတယ်နော် ဒီနောက်ပိုင်း နေကောင်းရဲ့လား
    ကူးကူးဆီက အလှပြင်နည်း တွေ အစ်မ မှတ်သွားတယ်နော်

    ReplyDelete
  20. ဟုတ်မ... ကျေးဇူးပါ..
    ကူးအလုပ်ရှုပ်နေတာရော..အားတဲ့အချိန်လေးလဲ နားချင်တာနဲ့ ဘာမှသိပ်မရေးဖြစ်ဘူး..

    ReplyDelete
  21. collagen moistfull ကအဆီပြန်တဲ့မျက်နှာရောအဆင်ပြေလား ဟင်။မလေးမှာကမိုးရွာပေမဲ့ပူတယ်။နေ့တိုင်းမျက်နှာပြောင်နဲ့အလုပ်သွားနေရတာskincare တခုခုသုံးချင်နေတာ။ဈေးကြီးပေးပြီးအ ဆင်မပြေမှာစိုးလို့ပါ။

    ReplyDelete
  22. anonymous... ညီမရေ..ဆိုင်မှာအရင်စမ်းကြည့်နော်.. ပီးရင် mall တစ်ပတ် ပတ်လိုက်.. ကိုယ့်မျက်နှာနဲ့အဆင်ပြေတယ်ဆိုရင်တော့ ၀ယ်လို့ရပီ..
    ကူးကူးက အဲဒီ collagen moistfull ကို အောက်က moisturizer ခံပီးမှ ထပ်လိမ်းတာ.. အဆီပြန်တဲ့မျက်နှာလဲအဆင်ပြေမှာပါ...
    မျက်နှာပြောင်နဲ့နေတတ်တယ် ဆိုရင်တော့ L'Oreal day cream လေးဘဲ လိမ်းထားပါ.. သူက အဆီပြန်လာလဲမျက်နှာစိုစိုလေးနဲ့ကြည့်လို့ကောင်းတယ်..
    collagen moistfull ကဈေးတော့မကြီးဘူး..အထူးသဖြင့်မျက်နှာပေါ်လိမ်းမယ့် cream ကို အရင်စမ်းကြည့်ပီးမှဝယ်ပါနော်။ မဟုတ်ရင်ပိုက်ဆံကုန်ပီး အသုံးမ၀င်ဖြစ်မှာစိုးလို့ပါ။

    ReplyDelete
  23. kyay zuu par..kuu kuu...sate win sar sayar kg tal

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ