Pages

Wednesday, April 10, 2013

ငါးပြုတ်၊ အမဲရိုးခြေထောက်မျှစ်ချဉ် နှင့်သရက်ကင်း

ငါးပြုတ်မွမွှေး

- ငါးပြုပ်ဖို့အတွက် ခရီးထွက်တုံးက တစ်ကူးတစ်က ပြန်သယ်လာတဲ့ မြေအိုးလေးကို သုံးပါတယ်။  အစကတော့ ငပိရည်ကျိုဖို့ ဘဲစဉ်းစားတာပါ။  ၀ယ်ခဲ့တဲ့နေရာမှာ ထမင်းချက်လဲ ဒီအိုးဘဲ၊ ဟင်းအရည်လဲဒါဘဲ..အကြော်တောင်မှ မြေအိုးနဲ့ကြော်သေး..
အဲဒီတော့ ကျွန်မလဲ အားကျမခံ ထမင်းချက်ပါတယ်...  မကျက်ဘဲ လွှင့်ပစ်ရတာ ၄ ခါ။ နောက်ဆုံးတစ်ခေါက်တော့ အောင်မြင်သွားခဲ့ဖူးတယ်။

  • ရေနွေးအိုးအရင်တည်ထားပါတယ်..ပွက်ပွက်ဆူတာနဲ့ ရေနွေးတွေကို မြေအိုးထဲလောင်း ထည့်ပီး 
  • ပင်စိမ်း
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဂျင်းလက်တစ်ဆစ်
  • စပါးလင် အနည်းငယ် ထောင်းထားတာထည့်ပါတယ်။
  • ပြီးရင်တော့ ခုတ်သားငါးကို ရေစင်စင်ဆေးပီး ထည့်။
  • ဆားအနည်းငယ် နဲ့ သံလွင်ဆီ နှစ်စက်လောက် ထည့်လိုက်ပါတယ်။..
သိပ်မကြာပါဘူး..ငါးပြုပ်မွှေးမွေးလေးတစ်ခွက်ကျက်ပါပြီရှင့်...
စားကြတဲ့ကလေးတွေကတော့ အရမ်းချိုပီး creamy ဖြစ်တယ်လို့ ပြောကြတာဘဲ...
တစ်ခါမှငါးမကြိုက်တဲ့ကလေးတွေတစ်ခါပီးတစ်ခါလာတောင်းစားတာတွေ့ပီး ၀မ်းသာမိပါရဲ့..တစ်ကယ်လည်းအရမ်းကောင်းပါတယ်။ စိမ့်ပီးချိုနေတာဘဲ..ဟင်းချိုလဲ သောက်လို့အရမ်းကောင်းပါတယ်။  ဒါပေမယ့် လျှာအလိုလိုက်ကျွန်မအကြိုက်ဆိုရင်တော့ အချဉ်တစ်တုံးလောက်ထပ်ထည့်ပီး၊ ငရုတ်သီးစိမ်းမွမွထောင်းပြီး ဟင်းရည်ထဲထည့်မွှေမှာ။း)

အမဲရိုးခြေထောက်မျှစ်ချဉ်
သန့်စင်ပီးအမဲခြေထောက်ကို မီးနဲနဲမြိုက်ပီး ပေါင်းအိုးနဲ့အရင်တည်...
မျှစ်ချဉ်ကို လိုတဲ့အနံ့အရသာနဲ့ ငရုတ်အာဝါးသီးကုန်ရောမွှေပီး တည်လိုက်တာပါ။
ဆီမလိုပါဘူး..အမဲရိုးကအဆိမ့်အဆီ၊ မျှစ်ကအချဉ် နဲ့အစပ့်မို့ အတူရောလိုက်တာနဲ့ အရမ်းကိုစားကောင်းတဲ့ အမဲရိုးခြေထောက်မျှစ်ချဉ်ဟင်းတစ်ခွက်ရပါပြီ...း()

သရက်ကင်း 

2 Comments:

မဒမ်ကိုး said...

မြေအိုးလေးနဲ့ ငါးဟင်းကိုသဘောကျသွားတယ် ကူးကုးရေ
အမဲသားကမစားတာကြာပြီ. သရက်ကင်းလေးတွေကလဲစားချင်စရာဘဲ

ချစ်ခင်လျှက်

မဒိုးကန်

Anonymous said...

I am really impressed with your writing skills and
also with the layout on your weblog. Is this a paid theme or did you customize it yourself?
Either way keep up the excellent quality writing, it's rare to see a great blog like this one these days.

Feel free to surf to my blog http://shwiing.com/MollyY56

Post a Comment

ကူးကူးရေ...

 
Powered by Blogger