Pages

Wednesday, May 1, 2013

တိုဟူးသုပ်၊ ဒန့်သလွန်သီးအနု၊ သခွပ်ပွင့်၊ ပေါက်ပန်းရွက်

တိုဟူးသုပ်
တိုဟူးသုပ်အတွက် ပဲမှုန့်နဲ့ကြိုပီးလွှင့်ပစ်ရအခါခါကျွန်မအတွက်တော့ မွှေးတိုဟူးမှုန့် နဲ့ အလုပ်ဖြစ်နေပါတယ်။  ကြိုရတာလဲလွယ်ပီး သုပ်စားလဲအရမ်းအရသာရှိတယ်။
ခြံထဲကရှောက်ပင်လေးက တိုဟူးသုပ်ဖို့ရည်ရွယ်ပီးစိုက်ထားတော့ အခုမှာ တိုဟူးနဲ့ရှောက်ရွက်အတွဲကိုက်တော့တယ်။
မန်ကျည်းမှည့်လေးစိမ်၊ ငရုတ်သီးစိမ်းလှီး၊ ကြက်သွန်ကြော်လေးနဲ့သုပ်စား။
ကျွန်မလိုဟင်းသီးဟင်းရွက်ကို နှစ်နှစ်ခြိုက်ခြိုက်စားတတ်သူတွေအတွက်ပါ။
ကျွန်မခြံလေးထဲမှာ ဒီနိုင်ငံမှာမရနိုင်တဲ့ရှောက်ရွက်၊ ချဉ်ပေါင်၊ ဆူးပုပ်၊ သံပရာ နဲ့ ဟင်းနုနွယ်၊ ကောက်ကွေးညွန့်၊ ငရုတ်သီးအစိမ်းမျိုးစုံ၊ ကလောပီနံရွက် (ကလောဥ ဈေးထဲမှာရောင်းတယ်၊ အရွက်တော့မပါဘူး)၊ နဲ့ ပင်စိမ်း၊ စပါးလင် နဲ့ပူစီနံ၊ ကင်ပွန်းချဉ်... အစရှိတာတွေကိုစိုက်ထားတယ်။  ကိုယ့်လက်နဲ့မြေတူးပီးစိုက်တာဘဲ..ဒါပေမယ့်ခံကိုအမြဲကြည့်ရှုရေလောင်းဖို့တော့ ခြံလုပ်သားတစ်ယောက်ကိုတာဝန်ပေးထားရတယ်.. ကိုယ်မရှိတဲ့အခါဆိုလဲ အပင်လေးတွေကိုစိုးရိမ်နေဖို့မလိုတော့ဘူးပေါ့။
ဒန့်သလွန်ပင်လဲစိုက်ထားတယ်.. အရွက်လဲစား၊ အသီးလဲစားပေါ့။ ဒါပေမယ့် အသီးကိုတော့ ကြီးအောင်စောင့်ပြီးမှစားတတ်တာ။  မနေ့ညနေက ခြံထဲက အလုပ်သမားကောင်လေးတစ်ယောက်က ကျွန်မ ဒန့်သလွန်သီးကြိုက်တယ်ကြားလို့ လာပေးတယ်။ ပိစိလေးတွေ..ရှည်မျောမျောနဲ့.. ကျွန်မတစ်ခါမှမစားဖူးဘူး။
ဒန့်သလွန်သီးအနု

ကြီးမှ စားလို့ရတယ်ဘဲထင်ထားတာ။ ဒါနဲ့ဘဲ..ရေနွေးဆူဆူမှာ ထည့်ပြုပ်ပီး ငပိရည်လေးနဲ့ အတို့လုပ်စားတယ်.. ချိုပီး ကောင်းလိုက်တာ။ ပဲတောင့်ရှည်လိုမျိုးဒါပေမယ့်သူက ကျစ်ပီးပိုချိုတယ်..
ဒန့်သလွန်သီးအနု၊  သခွပ်ပွင့်
သခွပ်ပွင့်ကိုအခြောက်ခံပီး လေလုံတဲ့ပလတ်စတစ်အိတ်လေးနဲ့ ကျွန်မ၀မ်းကွဲ အမက တောင်ငူကနေအမြဲပို့ပေးတယ်။  ဦးလေးရဲ့အမျိုးသမီးက တောင်ငူဇာတိဆိုတော့ ဒေသထွက်မျှစ်ခြောက်၊ ခွေးအီးပုပ်သီး၊ မရမ်းပြားခြောက်၊ သခွပ်ပွင့်ခြောက် လူကြုံရှိရင်အမြဲပို့ပေးတယ်။ အဲဒီအတွက် ကိုယ့်ကိုယ်ကိုယ်အရမ်းကံကောင်းတယ်လို့ယူဆထားသေးတယ်။း)
ကရင်အစားစာ၊ ချင်းအစားစာ၊ အိန္ဒိယအစားစာ၊ ရှမ်းအစား၊ ကချင်.. ရိုးရာစားစရာအစုံကို စားရတာလောက်ကံကောင်းသူရှိမလားလေ...  နီးစပ်ရာအဆွေမျိုးစာရင်းကောက်ရင် လူမျိုးတော်တော်စုံနေပြီ။
ကျောင်းတုန်းက ကျွန်မ music teacher ပြောတဲ့ အမျိုးစုံ/မစစ်တဲ့ကကတစ် ဆိုတာပြန်ကြားယောက်ပြီးပြုံးမိသေးတယ်။
ခွေးလေးကိုVet ဆီခေါ်သွားတော့ သူ့ခြံထဲမှာ ပေါက်ပန်းပင်တွေ့လို့ ၀မ်းသာပီး အရွက်တွေခူးလာခဲ့တယ်.. စားချင်နေတာ အရမ်းကိုကြာပီ...
တောင်ပိုင်းက ကျွန်းဆွယ်တွေမှာတော့ အပွင့်တွေရောင်းတယ်.. အရွက်ကတော့ ရှာမတွေ့ဘူး။ ဆရာဝန်မလေးကို အရွက်စားလို့ရတဲ့အကြောင်းလဲ ဖောက်သည်ချခဲ့ တယ်။ သူလဲအရွက်စားလို့ရမှန်းသိတော့ အရမ်းကို တက်ကြွပီး ပျော်နေလေရဲ့...


4 Comments:

Anonymous said...

I wanna eat all of them.
Yes, you are so lucky Kuu.
Your title is so inviting and I just ran here once I saw the title. :D
Iora

ixorasnow@gmail.com said...

တို့ဟူးသုပ် ကိုမြင်ယုံနဲ့ စားချင်စိတ်ဖြစ်လာတယ်။ကျေးဇူးပါမမရယ်။

စန္ဒကူး said...

ကျေးဇူးပါ...

kokyaw said...

thank you... having the chance to see pauk pan nyunt in picture..

Post a Comment

ကူးကူးရေ...

 
Powered by Blogger