Pages

Monday, March 17, 2014

အသုတ်စုံ(အူစုံ၊ပိန္နဲသီး၊စောင်းလျား၊ပဲပြား၊ပဲပုပ်စေ့ချဉ်၊ကြက်ဥကြော်၊သရက်ကင်း)

၂၀၁၄ မှာလုပ်စားဖြစ်တဲ့ဟင်းနဲ့အသုပ်တွေပါ...
နွေဦးဝင်လာတော့ ပေါက်ကရအစုံလုပ်စားပါတယ်။။
ပထမဦးစုပ်က အူစုံ တုတ်ထိုး ပါ။
အမဲသားအူနု၊ ပုဆိုးကြမ်း၊အူကြီးရယ်ကို ဆားနဲ့အသေချာဆေးကြောပီး
ပဲငံပြာရည်၊ ထညက် ၃ လုံး၊ စပါးလင်ထောင်း၊ ကြက်သွန်ဖြူနဲ့ဂျင်းထောင်းပြီးပြုတ်ထားတာပါ..  ပြီးရင်တော့ ကိုယ်လုပ်ထားတဲ့ ဆော့စ် နဲ့ တို့စားရုံပါဘဲ...
ကူးကိုယ်တိုင်လုပ်ပေမယ့် ကိုယ်တိုင်တစ်ဖတ်နှစ်ဖတ်ဘဲစားဖြစ်တာမို့.. တုတ်ထဲမှာ တန်းစီထိုးပီး မိတ်စုံစားပွဲကိုယူသွားပါတယ်... ခဏလေးဘဲ ကုန်သွားတယ်..း)

အူစုံ တုတ်ထိုး

အူစုံ တုတ်ထိုး
 ဒုတိယတစ်မျိုးကတော့ ပိန်းနှဲသီးသုပ် ပါ။
ပိန်းနှဲသီးအနုလေးတွေကိုအကွင်းလိုက်လှီး၊ ရေထဲမှာ ၁ နာရီလောက်စိမ်ထားရပါတယ်။
ပြီးရင်တော့ရေနွေးဆူဆူမှာ ထည့်ပီးပြုတ်ပါ။  အအေးခံပီး အသားမျှင်လေးတွေရအောင်နွှာ၊
ကြက်သွန်စိမ်း၊ငရုတ်သီးစိမ်း၊မြေပဲထောင်း၊ဆီစိမ်း၊ ဆား၊ရသာမှုန့်ထည့်ရောနယ်ပီးသုပ်စားရုံပါဘဲ။  (ပုဇွန်ခြောက်မှုန့် ထည့်သုပ်လဲရပါတယ်)
ရွာကအဖိုးမဆုံးခင်ကဆို ရွာသွားလည်တိုင်းသူကသုပ်ကြွေးတာကြိုက်လွန်းလို့ အခွင့်ရတိုင်းလုပ်စားဖြစ်တဲ့ဟင်းတစ်မယ်ပါ။
ပိန္နဲသီးသုပ်
စောင်းလျားသီးသေးသေးလေးတွေကိုတော့ ချဉ်လွန်းလို့ ဟင်းချက်တဲ့နေရာမှာဒီကသူတွေအသုံးများပါတယ်။ အခြောက်ခံပီး ငါးနဲ့ရောချက်တာလဲရှိတယ်။  ကူးတို့မြန်မာတွေကတော့ အခြောက်ခံထားတဲ့စောင်းလျားသီးသေးသေးလေးတွေဝယ်ပီး.. ရေစိမ်သနပ်လုပ်စား တာကောင်းမှကောင်းဘဲ။း)
 စောင်းလျားသီးသုပ်
ပဲပြားကို ဆီလေးနဲနဲနဲ့ ကပ်ပီး အပူပေးရုံသာပေးထားတာပါ။
အေးရင် ညှပ်ပီးတော့ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ဆားနဲ့ သံပုရာသီးညှစ်ပီး မွှေလိုက်ရင် သက်သတ်လွတ် အရသာရှိပီး စိမ့်နေတဲ့ပဲပြားသုပ်ရပါပီ။
ပဲပြားသုပ်
ပဲပုပ်စေ့ကိုအချဉ်တည်တာကတော့ ပဲပုပ်ပဲစေ့(soy beans)လေးတွေဝယ်၊ ရေတစ်ညစိမ်၊
နူးအောင်ပြုတ်ပီး အအေးခံ ရေစစ် ပီးတော့... ဆားကြမ်းနဲ့နယ်။
လေလုံတဲ့ဘူးထဲထည့်ပီး တစ်ပတ်လောက်ထားလိုက်ရင် ချဉ်လာပါတယ်။
အပြင်မှာဆက်ထားရင်ပိုပိုချဉ်လာတာမို့ ကိုယ်လိုချင်တဲ့အချဉ်အနေထားရောက်ရင် ရေခဲသေတ္တာမှာထည့်၊ စားချင်သလောက်ထုတ်ပီး ကြော်စားရုံပါဘဲ..

ပဲပုပ်ချဉ်ကြော်
 ကြက်ဥကိုခေါက်ကြောက်ပီး ညှပ် သုတ်ထားထာပါ။  အသုပ်နည်းအတိုင်းပါဘဲ..သခွားသီးနဲ့တရုတ်နံနံ ပါထပ်ထည့်ထားပါတယ်။
ကြက်ဥကြော်သုပ်
 နောက်ဆုံးတစ်မျိုးကတော့ သရက်ကင်းလေးတွေကိုပါးပါးလှီးပီးသုတ်ထားတာပါ။
သရက်ကင်းသုတ်

သရက်ကင်းသုပ်
ဒီနေ့တော့ သတ်သတ်လွတ်ဟင်းအမယ်များများတင်ပီးပီမို့..ဒီလောက်နဲ့ဘဲ ရပ်တော့မယ်။။။း)
ကူးဘလော့ကိုလာလည်သူများကျမ်းမာချမ်းသာလိုအင်ဆန္ဒပြည့်ဝပါစေ.
ရေးစရာတွေများပေမယ့် အခုလောလောဆယ် ကျမ်းမာရေးအရရယ်၊ အပြောင်းရွှေ့ ကာလမို့ နောက်မှဘဲစုပီး တင်ပါ့မယ်။

5 Comments:

Iora said...

ကူးကူးရယ်..
မျှော်လိုက်ရတာ။ ကူး..ကဟင်းအဆန်းလေးတွေချက်တတ်လို့ ဖတ်ချင်နေတာ။
ပိန္နဲသီးသုတ်လေးစားချင်လိုက်တာ။
အိုင်အိုရာ

မဒမ်ကိုး said...

မကူးရေ
ပိန္နဲသီးသုပ်နဲ့ ပဲပုပ်စိကိုလုပ်စားကြည့်ဖို့နည်းယူသွားတယ် ကျန်တာတွေပါရောသောငမ်းသွား :P

ချစ်တဲ့
ဒိုးကန်

Ma Tint said...

အမယ်စုံ ထူးခြားဟင်းလေးတွေ ဖတ်သွားတယ် ကူးကူးရေ...
ပိန္နဲသီးသုပ် မစားဖူးဘူး နည်းနိဿယလေးအတွက် ကျေးဇူးပါ။

မေတ္တာဖြင့်
တီတင့်

အမ်တီအန် said...

ထူးခြားတဲ့ဟင်းအမည်တွေ...
ဟင်းအမည်တိုင်းအတွက် သွားရည်တောက်တောက်ယိုသွားရတယ်...

ခင်မင်သော-
မြသွေးနီ

မြတ်ကြည် said...

အစ်​မ ကျန်းမာ​ရေး ဂရုစိုက်​​နော်​။မြတ်​ကြည်း ၀ိတ်​​လျှော့​နေ​တော့ အသုပ်​ပဲ အဓိက စားဖြစ်​တယ်

Post a Comment

ကူးကူးရေ...

 
Powered by Blogger