Skip to main content

Posts

အသုတ်စုံ(အူစုံ၊ပိန္နဲသီး၊စောင်းလျား၊ပဲပြား၊ပဲပုပ်စေ့ချဉ်၊ကြက်ဥကြော်၊သရက်ကင်း)

၂၀၁၄ မှာလုပ်စားဖြစ်တဲ့ဟင်းနဲ့အသုပ်တွေပါ... နွေဦးဝင်လာတော့ ပေါက်ကရအစုံလုပ်စားပါတယ်။။ ပထမဦးစုပ်က အူစုံ တုတ်ထိုး ပါ။ အမဲသားအူနု၊ ပုဆိုးကြမ်း၊အူကြီးရယ်ကို ဆားနဲ့အသေချာဆေးကြောပီး ပဲငံပြာရည်၊ ထညက် ၃ လုံး၊ စပါးလင်ထောင်း၊ ကြက်သွန်ဖြူနဲ့ဂျင်းထောင်းပြီးပြုတ်ထားတာပါ..  ပြီးရင်တော့ ကိုယ်လုပ်ထားတဲ့ ဆော့စ် နဲ့ တို့စားရုံပါဘဲ... ကူးကိုယ်တိုင်လုပ်ပေမယ့် ကိုယ်တိုင်တစ်ဖတ်နှစ်ဖတ်ဘဲစားဖြစ်တာမို့.. တုတ်ထဲမှာ တန်းစီထိုးပီး မိတ်စုံစားပွဲကိုယူသွားပါတယ်... ခဏလေးဘဲ ကုန်သွားတယ်..း) အူစုံ တုတ်ထိုး အူစုံ တုတ်ထိုး  ဒုတိယတစ်မျိုးကတော့ ပိန်းနှဲသီးသုပ် ပါ။ ပိန်းနှဲသီးအနုလေးတွေကိုအကွင်းလိုက်လှီး၊ ရေထဲမှာ ၁ နာရီလောက်စိမ်ထားရပါတယ်။ ပြီးရင်တော့ရေနွေးဆူဆူမှာ ထည့်ပီးပြုတ်ပါ။  အအေးခံပီး အသားမျှင်လေးတွေရအောင်နွှာ၊ ကြက်သွန်စိမ်း၊ငရုတ်သီးစိမ်း၊မြေပဲထောင်း၊ဆီစိမ်း၊ ဆား၊ရသာမှုန့်ထည့်ရောနယ်ပီးသုပ်စားရုံပါဘဲ။  (ပုဇွန်ခြောက်မှုန့် ထည့်သုပ်လဲရပါတယ်) ရွာကအဖိုးမဆုံးခင်ကဆို ရွာသွားလည်တိုင်းသူကသုပ်ကြွေးတာကြိုက်လွန်းလို့ အခွင့်ရတိုင်းလုပ်စားဖြစ်တဲ့ဟင်းတစ်မယ်ပါ။ ပိန္နဲသီးသုပ် စောင်းလျားသီးသေးသေးေ...

ငရုတ်သီးနုနုကြော်

ငြုတ်ရွက်၊ ငရုတ်သီးနုနုကြော် ကျွန်မနေတဲ့နေရာမှာ ငရုတ်သီးအစိမ်းထက်ငရုတ်ရွက်တွေ အရောင်းပိုကောင်း တဲ့အကြောင်းရေးဖူးတယ်။  ငရုတ်ရွက် နဲ့ ငရုတ်သီးပိစိလေးတွေကိုဟင်းရည်ထဲထည့်ခပ်ရင် စပ်စပ်လေးနဲအရမ်းသာက်လို့ကောင်းတယ်လို့ ပြောကြတယ်။ ငရုတ်ရွက်ကြော်တစ်ခါမှမစားဖူးပေမယ့် တစ်ခါစားဖူးတော့ အရမ်းကိုကြိုက်သွားတာနဲ့ ခြံထဲက ငရုတ်ပင်ကိုအကိုင်းပါချိုးလာပီး ငရုတ်သီးအနုခပ်ကြီးကြီးတွေကိုပါထည့်ကြော်ထားပါတယ်။ အရမ်းမွှေးပီးအရွက်ကစိမ့်တော့ လိုက်ဖက်အရသာညီပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ကိုဓားပြားရိုက်ပီး ကြော်ရုံပါဘဲ..း)

Malaysia

မလေးမှာလဲ ထိုင်းတုံယမ်းက နာမည်ကြီးတာဘဲ...  ထိုင်းဆိုင်မှာစားရတဲ့အကြောင်းက အချို့ဆိုင်တော်တော်များများက ချိုရဲရဲဖြစ်နေတဲ့ အစားသောက်တွေကိုကြောက်လို့... ခရီးရောက်မဆိုက် အစားသောင်းကြမ်းနေပီ...ဆိုပါတော့... နောက်နေ့မှပုံတွေထပ်တင်တော့မယ်။

မျောက်ငိုသီးကြော် နှင့် ဘန်ကောက်ဈေး

  ဘန်ကောက်ရောက်တုန်းအငမ်းမရ..ဈေးသွားတိုင်းလိုက်ရှာပီးဝယ်စားတဲ့မျောက်ငိုသီး တွေပါ။ အသီးနဲနဲနုတာလေးလဲရတော့ အခွံနဲ့ရောပီးကြော်စားတယ်.. ပိုစိမ့်ပီးအရသာရှိတယ်။ ပဇွန်ခြောက်မှုန့်၊ ငရုတ်သီးတောင့်၊ ကြက်သွန်ဖြူ/နီ၊ ဂျင်း ထောင်း ကို ငါးငံပြာရည်နဲနဲ ထည့်ကြော်ထားတာပါ.... ဆူးပုတ်ရွက်လေးကတော့ ခြံထဲက နဲနဲရလို့ ရောထည့်လိုက်တယ်။။... တစ်တွဲကို သုံးချောင်းပါတယ်..အဲဒါကို ဈေးထဲမှာ ဘတ် ၂၀/ ၂၅ ပေးရတယ်.. မြို့ထဲမှာတော့ အထမ်းသည်ကရောင်းတာ တစ်တွဲကို ၅ ချောင်းပါပီး ဘတ် ၁၀၀ ပေးရပါတယ်။  ဈေးထဲမှာရောင်းတဲ့ တစ်နေလှမ်းငါးတွေကတော့ ဥလေးတွေနဲ့ ကြော်စားရင်အရမ်းအရသာရှိတယ်.. ငါးကြော်ရမှာကြောက်လို့ မ၀ယ်စားဖြစ်ဘူး။ ငါးချဉ်တွေတော့ ၀ယ်ပီးကြော်စားတယ်..သိပ်ကောင်း... ငါးမြွေထိုးတွေလဲတွေ့တော့ ညီမလေးက မာမီ့ကိုဖုန်းဆက်ပီး ဘယ်လိုကြော်ရလဲ လှမ်းမေးတော့ မာမီက ဘယ်အရွယ်လဲဆိုတော့ သူက ဆိုဒ်ပြောပြတော့..ဟယ်ကြီး လိုက်တာ..ဒီမှာဆို အဲလို အရွယ်စားချင်တာရှိဘူးတဲ့...  ..း)...  ဘန်ကောက်ဈေးထဲက ပုံလေးနဲနဲပါ....  ကိုယ့်အကြိုက်ပုံလေးတွေစုပီး ဘလော့ပေါ်မှာတင်ထားလိုက်ပါတယ်ရ...

ရှန်ဂျန်း ဈေး Shenzhen Market

Facebook မရှိတဲ့နိုင်ငံမှာ အစားသောက်ကောင်းလို့ နေပျော်ခဲ့ပါတယ်။  ကျွန်မနေတဲ့နေရာမှာအခုလိုဟင်းသီးဟင်းရွက်စုံစုံလင်လင်မတွေ့ရသလို imported တွေနဲ့ဘဲ နှစ်ပါးသွားနေရလို့အမြဲစိတ်ပျက်မိတယ်။ shenzhen ရောက်တော့တရုတ်လိုမပြောတတ်တော့တော်တော်အဆင်မပြေဖြစ်တယ်။ အဓိကကတော့ အစားသောက်ပါ.. ရှောင်တဲ့အစာတွေများတော့ tour company က ညီမလေးတစ်ယောက်ကို ဖုန်းထဲမှာ ၀က်သားနဲ့ ပင်လယ်စာ မစားပါကိုဘယ်လိုပြောလဲ လို့ရေးခိုင်းတာ သူက "ဧ။်သူသည်ဝက်သားမစားပါ၊ ပင်လယ်စာ ငါးမှလွဲမစားပါ၊" လို့ရေးပေးတာကို ကိုင်ပီး စားသောက်ဆိုင်တိုင်းလိုက်ပြရပါတယ်။ အဲမှာနေရရင်တော့ နေ့တိုင်းဈေးသွားပီးမျိုးစုံချက်ပစ်လိုက်မယ်လို့စိတ်ကူးယဉ်ခဲ့တယ်။ ဒီပုံတွေကတော့ ဈေးထဲလိုက်ပတ်ရင်းရိုက်ခဲ့တာပါ...  အဲဒီမှာလွှင့်ပစ်တာမရှိ အကုန်အသုံးဝင်ပုံဘဲ...