Skip to main content

Posts

မေပယ်လ် ရွက်သုတ် (maple)

ချစ်သူကပြောတယ်.. ကျွန်မကြောင့် Maple တွေပြုန်းတော့မှာဘဲတဲ့.... မနေ့က Tulips Festival သွားတော့ ခင်မင်ရတဲ့ မြန်မာမိသားစုက အကိုကြီးက အရွက်လေးသုတ်ပီးယူလာတာ ညောင်ချဉ်ဖူးလို စားလို့ကောင်းတာနဲ့ ကိုယ်တိုင်ခူးပီး ကိုယ့်စတိုင်နဲ့ကိုယ်သုတ်စားဖြစ်တာ။ အစေးဖြူဖြူလေးတွေထွက်လို့ ရေနဲ့တစ်ညစိမ်ထားရပါတယ်။ နောက်နေ့မှာတော့ ပြုတ်၊ ရေညှစ်အနေတော်လှီးပီး... ဆီသတ်ထားတဲ့ငါးခြောက်မှုန့်၊ ကြက်သွန်ဖြူ၊ နီ ၊ ငရုတ်သီးစိမ်းလေးကို အနေတော်လှီး.. အချဉ်အတွက် မန်းကျည်းသီးရည်လေး နဲနဲထည့်ပီးသုတ်စားတာ...ကောင်းမှကောင်းဘဲ... ညောင်ချဉ်ဖူး၊ ကလောရွက်.. အဲဒါလေးတွေပြုတ်သုတ်စားတဲ့အရသာခပ်ဆင်ဆင်ပါ။ မေပယ်လ်ရွက်သုတ် (Maple Leaves)

Tulips Festival -2014

Tulips Festival အတွက် ပန်းလေးတွေပွင့်ဖို့စောင့်နေကြတဲ့သူတွေအများထဲမှာ ကျွန်မလဲအပါဝင်ဘဲ။ မိုးက တစ်ချက်တစ်ချက်သည်းသည်းရွာတော့ ပန်းလေးတွေပျက်မှာသိပ်စိုးရိမ်ခဲ့ရတာ.. မနေ့က နေကသာတော့ သိပ်ဝမ်းသာသွားပီးပန်းပုံလေးတွေသွားရိုက်ခဲ့တယ်။  နေသာ သာနေပေမယ့် တစ်ချက်တစ်ချက်လေတိုက်လိုက်တဲ့အခါနဲ့ တိမ်အုပ်လာတဲ့အချိန် အေးနေတာ ခိုက်နေတာပါဘဲ။။း) ပန်းချစ်သူတွေကြိုက်ရင် ကူးသွားလို့ရတယ်နော်။ ကူးကူးမှာ ကင်မရာအကောင်းတော့ မရှိဘူး..ရှိတာလေးနဲ့ ပန်းရောင်စုံခင်းကြီးကို ဘလော့ပေါ်သယ်လာခဲ့တယ်။ အပေါ်က ကျွန်မ sony camera လေးနဲ့ရိုက်ထားတာပါ...ဒီအောက်ပိုင်းကပုံလေးတွေကို ပိုသဘောကျတယ်.. samsung note နဲ့ရိုက်ထားတာ..

ရေမုန်ညှင်းသုတ်

နွေရာသီမို့အရွက်တွေစိမ်းစိမ်းစိုစိုနဲ့ အလေ့ကျပေါက်နေတဲ့ ပန်းဝါ၀ါလေးတွေက မြေပေါ်မှာဖြန့်ကျက်ထား ထားသလိုအရမ်းလှပတဲ့အချိန်မှာ ကျွန်မအတွက်တော့ အေးလို့အပြင်တောင်မထွက်ရဲဘူး...  အာရှမှာအနေ ကြာလို့ ခန္တာကိုယ်က အသာမကျသေးဘူးလို့ သူငယ်ချင်းတွေကပြောပေမယ့် ဒီလိုအေးရင် asia ကိုပြန်ပြေး ချင်တာပါဘဲ။ ရာသီဥတုသာယာလို့ အများက အပြင်ထွက်ဖို့.. လျှောက်လည်ကြဖို့ ပြင်နေပေမယ့် ကျွန်မကတော့ အရွက်စိမ်းတွေ့သမျှအကုန်ကိုစားချင်နေတော့တာ...ဒီနေ့တော့ တရုတ်တန်းဘက်ကိုသွားပီး အရွက်စိမ်း တွေ့သမျှအမျိုးစုံဝယ်လာပီး သိုထားလိုက်တယ်။ ဒီနေ့တော့ ရေမုန်ညှင်း ကို အရသာထပ်ပေါင်းတဲ့အနေနဲ့ ပင်အပ်မှိုလေးနဲနဲ နဲ့ဆူးပုတ်ရွက်ရောထည့်ပီးစိမ်းစိမ်းလေးသုတ်စားဖြစ်တယ်။ မှိုကချိုတယ်၊ ဆူးပုတ်က အနံ့ပြင်းတယ်.. ရေမှုန်ညှင်းက ခါးသက်သက်နဲ့စိမ့်တယ်။ ဆူးပုတ်ရွက်လေးနဲနဲ တော့ ပါတယ်.. အနံ့လေးပြင်သွားအောင်..အနံ့မကြိုက်တဲ့သူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ဘူး။ ရေမုန်ညှင်း သုပ် ရေနွေးဆူပွက်ပွက်မှာ ဆေးထားတဲ့အရွက်လေးတွေထည့်ဖျောပြီးတော့ ခပ်ထူထူလေးလှီး.. ကြက်သွန်နဲ့င၇ုတ်သီးစိမ်း၊ ဆီစိမ်းမွှေးမွှေးထည့်..အချဉ်အတွက်သံပရာလေးတစ်စိပ် ညှစ်ပီး သုတ်စားရုံပါဘဲ။ အိမ်...

အသုတ်စုံ(အူစုံ၊ပိန္နဲသီး၊စောင်းလျား၊ပဲပြား၊ပဲပုပ်စေ့ချဉ်၊ကြက်ဥကြော်၊သရက်ကင်း)

၂၀၁၄ မှာလုပ်စားဖြစ်တဲ့ဟင်းနဲ့အသုပ်တွေပါ... နွေဦးဝင်လာတော့ ပေါက်ကရအစုံလုပ်စားပါတယ်။။ ပထမဦးစုပ်က အူစုံ တုတ်ထိုး ပါ။ အမဲသားအူနု၊ ပုဆိုးကြမ်း၊အူကြီးရယ်ကို ဆားနဲ့အသေချာဆေးကြောပီး ပဲငံပြာရည်၊ ထညက် ၃ လုံး၊ စပါးလင်ထောင်း၊ ကြက်သွန်ဖြူနဲ့ဂျင်းထောင်းပြီးပြုတ်ထားတာပါ..  ပြီးရင်တော့ ကိုယ်လုပ်ထားတဲ့ ဆော့စ် နဲ့ တို့စားရုံပါဘဲ... ကူးကိုယ်တိုင်လုပ်ပေမယ့် ကိုယ်တိုင်တစ်ဖတ်နှစ်ဖတ်ဘဲစားဖြစ်တာမို့.. တုတ်ထဲမှာ တန်းစီထိုးပီး မိတ်စုံစားပွဲကိုယူသွားပါတယ်... ခဏလေးဘဲ ကုန်သွားတယ်..း) အူစုံ တုတ်ထိုး အူစုံ တုတ်ထိုး  ဒုတိယတစ်မျိုးကတော့ ပိန်းနှဲသီးသုပ် ပါ။ ပိန်းနှဲသီးအနုလေးတွေကိုအကွင်းလိုက်လှီး၊ ရေထဲမှာ ၁ နာရီလောက်စိမ်ထားရပါတယ်။ ပြီးရင်တော့ရေနွေးဆူဆူမှာ ထည့်ပီးပြုတ်ပါ။  အအေးခံပီး အသားမျှင်လေးတွေရအောင်နွှာ၊ ကြက်သွန်စိမ်း၊ငရုတ်သီးစိမ်း၊မြေပဲထောင်း၊ဆီစိမ်း၊ ဆား၊ရသာမှုန့်ထည့်ရောနယ်ပီးသုပ်စားရုံပါဘဲ။  (ပုဇွန်ခြောက်မှုန့် ထည့်သုပ်လဲရပါတယ်) ရွာကအဖိုးမဆုံးခင်ကဆို ရွာသွားလည်တိုင်းသူကသုပ်ကြွေးတာကြိုက်လွန်းလို့ အခွင့်ရတိုင်းလုပ်စားဖြစ်တဲ့ဟင်းတစ်မယ်ပါ။ ပိန္နဲသီးသုပ် စောင်းလျားသီးသေးသေးေ...

ငရုတ်သီးနုနုကြော်

ငြုတ်ရွက်၊ ငရုတ်သီးနုနုကြော် ကျွန်မနေတဲ့နေရာမှာ ငရုတ်သီးအစိမ်းထက်ငရုတ်ရွက်တွေ အရောင်းပိုကောင်း တဲ့အကြောင်းရေးဖူးတယ်။  ငရုတ်ရွက် နဲ့ ငရုတ်သီးပိစိလေးတွေကိုဟင်းရည်ထဲထည့်ခပ်ရင် စပ်စပ်လေးနဲအရမ်းသာက်လို့ကောင်းတယ်လို့ ပြောကြတယ်။ ငရုတ်ရွက်ကြော်တစ်ခါမှမစားဖူးပေမယ့် တစ်ခါစားဖူးတော့ အရမ်းကိုကြိုက်သွားတာနဲ့ ခြံထဲက ငရုတ်ပင်ကိုအကိုင်းပါချိုးလာပီး ငရုတ်သီးအနုခပ်ကြီးကြီးတွေကိုပါထည့်ကြော်ထားပါတယ်။ အရမ်းမွှေးပီးအရွက်ကစိမ့်တော့ လိုက်ဖက်အရသာညီပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ကိုဓားပြားရိုက်ပီး ကြော်ရုံပါဘဲ..း)

Malaysia

မလေးမှာလဲ ထိုင်းတုံယမ်းက နာမည်ကြီးတာဘဲ...  ထိုင်းဆိုင်မှာစားရတဲ့အကြောင်းက အချို့ဆိုင်တော်တော်များများက ချိုရဲရဲဖြစ်နေတဲ့ အစားသောက်တွေကိုကြောက်လို့... ခရီးရောက်မဆိုက် အစားသောင်းကြမ်းနေပီ...ဆိုပါတော့... နောက်နေ့မှပုံတွေထပ်တင်တော့မယ်။