Skip to main content

ဘောစကိုင်း တို့စရာ

ကျွန်မငယ်ငယ်တုန်းက မန္တလေးမှာ မမေ့နိုင်တဲ့အရာတွေထဲမှာ ဘောစကိုင်းသီးနဲ့ သီးသီး ပေါ့..
သီးသီး ပြောမှ ချစ်သူက အသဲသန်ငြင်းဖူးသေးတယ်။ ဘာလဲသီးသီး၊ အဲဒီအသီးမရှိဘူးဆိုပီးတော့လေ.. မန္တလေးမှာတုန်းကတစ်ပါတ်တစ်ခါဘုရားကျောင်းအပြီး လူကြီးမိတ်ဆွေစုံကြတဲ့အခါ သံရုံးမှာ အလုပ်လုပ်တဲ့လူပျိုကြီးဦးလေးတစ်ယောက်က သီးသီးထောင်း ပုံမှန် ယူလာတတ်ပီးတော့ မြို့သစ်က အန်ကယ်နဲ့ အန်တီကတော့ ဘောစကိုင်းသီးတို့စရာ၊ နဲ့ အခြားဟင်းလျာ တွေယူလာလေ့ရှိတယ်။ အိမ်ကတော့ ဒိုင်ခံ ပဲကုလားဟင်းချက်တယ်.. ငါးကြော်တယ်..   အခုလက်ရှိ

ကျွန်မနေတဲ့ခြံထဲမှာ အပင်အမြင့်ကြီးရှိတယ်.. သရက်ပင်ကြီးဘေးမှာပေါ့.. အသီးတွေအများကြီးသီးတယ်။ ရင့်တယ်၊ ကြွေသွားတယ်.. အရမ်းနှစ်သက်တာတော့မဟုတ်ပေမယ့် အလွမ်းပြေစားကြည့်ချင်နေတာ...
အပင်ကတော်တော်မြင့်တော့ ၀ါးမြင့်မြင့်တစ်လုံးရှာပီး အသီးလေးတွေနုနေတုန်းမနေ့ညက တစ်ခိုင်နှစ် ခိုင်ချူလိုက်တယ်.. ငပိချက်လေးနဲ့ တို့စားတာ ကောင်းမှကောင်း...
သရက်ကင်းလေးတွေလဲ ၃ လုံးလောက်တွေ့လို့ တစ်ခါတည်းခူးလာလိုက်တယ်...

ဘောစကိုင်းရွက်ကိုရေနွေးဖျောတို့စားလဲအရမ်းကောင်းတာပါ။ ဒါပေမယ့် အညွန့်နုလေးတွေခူးဖို့ မလွယ် တာကြောင့် အသီးနုလေးတွေနဲ့ဘဲ ကျေနပ်လိုက်တယ်..

အရသာကတော့ ဒညင်းသီးနဲ့ခပ်ဆင်ဆင် အဲလောက်တော့အနံ့မပြင်းပေမယ့် စားပီးရင် ခံတွင်းမှာ အနံ့နဲနဲ ကျန်ခဲ့ပါတယ်... ကျွတ်ကျွတ်လေးနဲ့ တို့စရာအဖြစ်အရမ်းစားလို့ကောင်းပါတယ်...
မနေ့ညနေက ဘောစကိုင်းသီးနုနုလေးတွေတို့စားရင်း မန္တလေးမြို့သစ်ဖက်ကို ရောက်သွားသလို ခံစား ကြည့်နူး အောက်မေ့မိပါသေးတယ်... 

Comments

  1. တို့ လည်းအရမ်းကြိုက်တယ် ဘောစကိုင်းအရွက်တို့ စားရတာ

    ReplyDelete
  2. မမြင်ဖူးလို့ ဓါတ်ပုံလေးပါ တွဲတင်ပေးပါလား

    ReplyDelete
  3. ဘောစကိုင်းရော သရက်သီးလေးရော စားချင်တယ်...

    ReplyDelete
  4. ဘောစကိုင်းသီးဆိုတာ ပုံရဲ့ ညာဖက်နားက အသီးသေးသေးလေတွေကို ပြောတာလားဟင်။ တခါမှမမြင်ဘူးလို့

    ReplyDelete
  5. ဘောစကိုင်းသီးဆိုတာ ကြားတောင်မကြားဖူးဘူး... စားကြည့်ချင်လိုက်တာ

    ReplyDelete
  6. ရှည်မြောင်းမြောင်းနဲ့ ဘောစကိုင်းသီး..
    ဘေးကအရွက်နဲ့ အဖူး/အပွင့်...
    အလုံးတွေကသရက်သီး...
    ဆောင်း..ပုံတင်ထားပေးတယ်လေ

    ReplyDelete
  7. သိဖူးတော် ရုံလေးလည်းခုမှကြားဖူးတာ ကူးစ်ရဲ့
    ဒညှင်းသီးနဲ့ အနံ့ တူတာတော့ ထိုင်းမှာစားဖူးတယ်
    ဒီမှာလည်းကမ္ဘောဒီးယား ဆိုင်တွေမှာရတတ်တယ်
    စိမ်းစိမ်းလေး ဈေးကြီးတယ် ထိုင်းတွေက ကြက်စားနဲ့ 
    အစပ်ကြော်ကြတယ် အဲ့ဒါလားမသိဖူးနော် ကူးးးးးးးးးစ် သီးသီးကတော့ ကြားဖူးတယ် သိနေတယ် ဒါပေမဲ့
    ဘယ်အသီးမျိုးလည်း စဉ်းစားမရဖူးဖြစ်နေတယ် ကူးးးးးးးးစ်ရဲ့ ပုံလေးပြပေးနော် နောက်ပြီး
    ကူးးးးးးးးးးးးးးးးစ် ရဲ့ပုံလေးကလေ မြင်ရဖူးရယ်လေ
    ရုံလေးနောက်တခါလာကြည့်မယ်သိလား
    ရအောင်တင်ထားပေး သိလား ရုံလေးကသိချင်ရင်လေ
    မြန်မြန်ပြေားပြသိလား :P
    ချိတ်ချိုး နဲ့ ပေါ့ ချစ်လို့ ပူဆာတာ သိလား

    ReplyDelete
  8. သီးသီး သိတယ်..။။
    သီးသီးမှည့်ရင် ထန်းလျက်နဲ့ နယ်စား
    ကောင်းမှ ကောင်းး..။
    ဥသျှစ်သီးလည်း စားချင်လာပြီ။။
    ဘော့စကိုင်းတော့ မသိဘူး ။

    ReplyDelete
  9. ဒီတခါ တို့အကုန်သိတယ် ဘောစကိုင်းရော သီးသီးရော (ငါကွ)

    သီးသီးတော့ မကြိုက်ဘူး။ ဘောစကိုင်းတော့ ကြိုက်တယ်။ ငပိချက်နဲ့ အရမ်းလိုက်တယ်။

    =)

    ReplyDelete
  10. ၂ခုလုံးမသိဘူး ..မမြင်ဖူးတာ.. ကြားဖူးတယ်
    ငယ်ငယ်ကဆော့တော့ သ နဲ့ ဘနဲစတာလေ.. ဟဲဟဲ

    သရက်ပင်စိုက်တာ.. အမေရိကားမှာလားဟင်..
    ဘယ်လိုစိုက်တာလဲဟင်..သိခွင့်ပေးပါ..။

    သရက်သီး ကို စိတ်ကူးနဲ့ စားလိုက်တယ်နော်

    ReplyDelete
  11. သီးသီးကို အမှည့်ဆို ထန်းလျက်နဲ့ ပေါက်စား၊ အစိမ်းဆို ချဉ်ငန်စပ် အချဉ်ပေါင်းလုပ်စား၊ ကြိုက်မှကြိုက်။ ဘောစကိုင်းရွက်နုလည်း ကြိုက်ပါတယ်။ ရေနွေးဖျောပြီး တို့လည်းစားသလို တခါတရံ ဆီချက်နဲ့ မြေပဲဆီမှုန့်ထောင်းလေးနဲ့ သုပ်စားတယ်။ ကြောင်လျှာသီးသုပ်နဲ့ တူတယ်။ တို့ဒေသမှာ ဘောစကိုင်းနဲ့တူတဲ့ ဆိပ်ဖြေဆိုတဲ့ အပင်တွေလည်း ရှိသေးတယ်။

    ReplyDelete
  12. ဘောစကိုင်း သီးစား ရင် သန်ကျပါတယ် ရွှေပဲသီးနဲ တူတဲ အသီးကို ခွါပီး အထဲက ပဲစေလေး တွေလို အဆံ လေးတွေ ကို စားရ ပါတယ်..။နဲနဲတော့ စိမ်ရွှေရွှေ ရှိတယ်

    ReplyDelete
  13. သီးသီး က တော့ သီးပင် ကသီးတဲ့ အသီးပါ။ အခွံမာတယ်.. အထဲက မန်ကျီးသီး လိုချဉ်တယ်... မန်ကျီးသီးနှစ်လို ညိုမဲတယ်။ သီးပင် ရဲ့ အခေါက်က သနပ်ခါးနဲ့ ခပ်ဆင်ဆင်ရယ်။ အညာမှာ တောသူတောင်သားတွေ ယာထဲဆင်းရင် သနပ်ခါး မလိမ်းနိုင်တော့ သီးပင်ရဲ့အခေါက်.. သီးခေါက်ကို လိမ်းရပါတယ်။ သီးခေါက် ကလဲ သနပ်ခါး လောက်မမွှေးပေမယ့်... အသားအရေကို အထူးအေးစေပါတယ်။ ထူပြစ်နေအောင်လိမ်းပြီး နေပူထဲ ဆင်း အလုပ်လုပ်... ဘာ Sunscreen မှ မလိုဘူး...အဆီလဲမပြန်ဘူး... အေးလို့။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ