Skip to main content

မြူးစ် (ခ) ရုံလေး သို့

မနက်ကနိုးနိုးခြင်း မြူးစ် ဘလော့မှာ နှုတ်ဆက်တယ် တွေ့လို့ message ချန်ထားစရာနေရာလဲမရှိလို့ပါ။

မြူးစ် .. ဘာဖြစ်လဲတော့ ကူးကူးစ် အသေချာမသိပါဘူး.. ဒါပေမယ့် မြူးစ်  အဲလိုနောက်ဆုတ်သွားဖို့ မလိုပါဘူးနော်။ မြူးစ် ချစ်တဲ့ ဘလော့လေးမှာ စိတ်ချမ်းသာတာလေးတွေရေးပီးဘယ်သူ့ကို မှ အနှောက် ယှက်ပေးတာမဟုတ်.. ကိုယ်မှန်ရာကိုယ်လုပ်နေတာမို့ စိတ်မကောင်းမဖြစ်ပါနဲ့...

မြူးစ်ရေးထာတာတော့ ကူးစ် သေချာနားမလည်လို့ ဘယ်လောက်ထိခံစားစိတ်ထိခိုက်မလဲဆိုတာ ကာယကံရှင် ကိုယ်တိုင်သာသိမှာပါ.. ကူးစ်ကိုယ်ချင်းစာပါတယ်..

ဘလော့လေးတော့မဖျက်ပါနဲ့.. မြူးစ် စီဘောက် နဲ့ ကောမန့်ဖြုတ်ထားလို့ရပါတယ်..

တစ်ခါတစ်လေ... ဖြောင့်ဖြောင့်လေးလျှောက်လို့မရတဲ့အခါတွေရှိတယ်..မြူးစ် ရေ..ကျမ်းစာထဲမှာ လူသားချင်း အပြစ်သားတွေချင်းမို့ နားလည်ခွင့်လွှတ်ပေးပါလို့ ကူးစ်တို့သင်ကြားခဲ့ရတယ်မဟုတ်လား..

ကိုယ်ကရိုးသားစွာနေထိုင်ပြောဆိုတဲ့အခါ မကောင်းတဲ့အမြင်နဲ့ကြည့်ရင် မကောင်းတာဘဲမြင်နေမှာမို့ လူ ထောင်သောင်းပေါင်းများစွာရဲ့ အမြင်ကိုလိုက်တည့်မတ်ပေးဖို့ ကိုယ်တို့မတတ်နိုင်ဘူးလေး..
အကောင်းဆုံးက သူတို့အတွက်ဆုတောင်းပေးရုံဘဲရှိတယ်...
ကူးစ်ပြောချင်တာက ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့.. ဘယ်လောက်အပြောဆိုခံခဲ့ရပေမယ့်.. ကိုယ့်အတွက် စိတ်ထိခိုက် တွေးမိတိုင်းဝမ်းနည်း အောင် စိတ်ထဲမှာမှတ်မထားပါနဲ့နော်..
သူတို့ကိုခွင့်လွှတ်ပီး မေ့ပစ်လိုက်ပါ...ကိုယ့်ကိုထိခိုက်နာကျင်စေတဲ့အရာမှန်မသမျှကို မေ့ပစ်လိုက်တာ အကောင်းဆုံးပါ..
ကိုယ်မှန်တယ်ဆိုရင် ရဲရဲဝံ့ဝံ့ဆက်လျှောက်သွားပါ... ကိုယ်စိတ်ချမ်းသာလို့ ဘယ့်သူမှမထိခိုက် လုပ်နေတဲ့ အရာတစ်ခု ဘာမဟုတ်တဲ့အထင်လွဲမှုတွေကြောင့် ပျော်ရွှင်မှုတစ်ခါးလေးတစ်ချပ်မပိတ်မိပါစေနဲ့နော်..

မြူးစ်ကို ညီမလိုလဲချစ်တယ်..သူငယ်ချင်းလိုလဲခင်တယ်..
မြူးစ် အပေါ်ထိခိုက်ခံခဲ့ရတာတွေ ခွင့်လွှတ်ပီးမေ့ပစ်လိုက်ပါနော်..
ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းချမ်းသာသာနေပါမြူးစ် ....

Comments

  1. ဟုတ်တယ်ကူးရေ
    ခုဘဲမမရှရွန်ဆီမန့်ခဲ့တာ
    ဆက်လျှောက်ပါညီမလေးရေ
    မကောင်းတဲ့သူမကောင်းတဲ့လမ်းသွားမှာပါ။

    ReplyDelete
  2. ကူးရေ... ဒို့တွေရေးထားတာ မြူးလေးဖတ်မိပါစေလို့ ဆုတောင်းမိတယ်....

    ReplyDelete
  3. ဟုတ်တယ်ကိုယ်လည်းစိတ်မကောင်းဖြစ်မိတယ်
    ဘာလို့ အဲလိုဖြစ်ရမှာလည်းကွာ
    ဂရုစိုက်လို့ ..
    ပြန်လာပါရုံလေး။။

    ReplyDelete
  4. ရုံလေး ဘာဖြစ်လို့လဲဟင်...မရောက်တာကြာပြီ သူ့ ဆီသွားလိုက်ဦးမယ်... .. ကူးစ် ပြောသလို.... ခွှင့်လွှတ်ပြီး မေ့ပစ်လိုက်ပါ...။

    ReplyDelete
  5. မကူးပြောတာ မှတ်တယ် မြူး...
    ကိုယ့်ကိုယ်ကို အထိခိုက်မခံပါနဲ့...
    ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူးဆိုတဲ့ စကားလည်း ရှိပါတယ်...

းဝ)

    ReplyDelete
  6. ဒီနေ့မနက် မမလည်း ညီမလေးမြူးအိမ်ကိုရောက်ပါတယ်။မက်စိပ်ချန်ထားလို့မရလို့ ဘာမှ မရေးခဲ့ရဘူး။
    ညီမလေးမြူးရေ..ဘလော့ဂ်ကို မဖျက်ပါနဲ့ ညီမရေ.
    စီဘုံးနဲ့ ကွန်မန့်တော့ ဖြုတ်ထားချင်ထားပေါ့နော်.
    ကိုယ်ကောင်းတယ် ၊ကိုယ်မှန်တယ်လို့ ယုံကြည်ရင်
    ကိုယ့်ကိုမလိုလို့ပြောတဲ့စကားတွေကို ဂရုစိုက်ပြီးခံစားမနေပါနဲ့ ညီမငယ်..

    အိမ်လည်မရောက်ဖြစ်ပေမယ့် ညီမလေးတွေကို အမြဲခင်မင်သတိရမိနေပါတယ်.

    အဆင်ပြေပျော်ရွှင်ပါစေ.

    မမ၀ါ

    ReplyDelete
  7. စံ>>>မနောဖြူလေးသို့
    မြူးလေး...ဒီလိုလုပ်စရာလိုလို့လား...ပြန်လာခဲ့

    ReplyDelete
  8. ဟင်းချက်တာ သွားကြည့်နေကျဘလော့လေးပါ။ ဘလော့တော့ ဖျက်မပစ်ပါနဲ့။
    စီဘောက်စ်တွေ ကောမန့်တွေ ပိတ်ထားရင် ရတာပဲဟာ...

    ReplyDelete
  9. ဟုတ်ပါတယ် တစ်ခါတစ်လေကျတော့လည်း အဲ့ဒီလို ပြောတတ်တဲ့ သူတွေကြောင့် တော်တော် စိတ်ရှုပ်ရပါတယ် ဟင်းတော့ ဆက်ချက်ပေါ့ မန့်လို့ မရတော့ရင် နားအေးသွားမှာပါ

    ReplyDelete
  10. Rose ဆီက သတင်းကြားလို့ လိုက်လာတာ...
    “မြူး”လေးကိုမသိပေမယ့် စာရေးသူအချင်းချင်း
    ထပ်တူ ခံစားရပါတယ်...
    အားလုံးကို မေ့ပစ်ပြီး ပြန်လာခဲ့ပါ ညီမလေးရယ်...

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ