Skip to main content

အဖွားတို့ရွာက မီးဖို

အဖွားတို့ရွာလေးက အိမ် မီးဖိုလေးပါ။
အဖွားကပိန်ပိန်ပါးပါး အရပ်ရှည်ရှည်နဲ့ ကွမ်းအမြဲဝါးလေ့ရှိတယ်။  ကွမ်းစိုက်/ယာလုပ်တဲ့ သူ့သားသမီးတွေ တောက ပြန်လာရင် ထန်းဖတ်တွေယူလာပေးတတ်တယ်။ အဲနောက်တော့ ဆေးရိုးကိုယ်တိုင်ခုတ်ပီး သူဆေးလိပ်ကြီးထိုင်လိပ်နေတော့တာဘဲ။
မှတ်မိသလောက်တော့ အဖွားနေတဲ့ အိမ်လေး ပုံစံသာပြောင်းသွားတယ်၊ တဲအိမ်လေးက ၀ါးအိမ်၊ ၀ါးအိမ် က ပျဉ်ထောင်အိမ်၊ နောက်ဆုံးတော့ ပျဉ်အကောင်းစား ကျွန်းသစ်တစ်ချို့နဲ့အိမ်ထပ်ဆောက်တယ်။
အိမ်က နှစ်ကန့်ဘဲရှိတယ်၊ တစ်ကန့်မှာ အမျိုးသားတွေအိပ်တယ်။ (ဦးလေး၊ အဖိုး၊ အမျိုး ယောက်ျားလေးတွေ)
တစ်ကန့်က တော့ အမျိုးသမီးတွေ။ ကျွန်မတို့သွားလည်တိုင်း မာမီက အဖွားနဲ့အတူအိပ်တတ်တယ်။
အဖွားက အရင်ကတော့ ရွာမှာ ကွမ်းတောင်ကိုင်ပေါ့..ချောလဲချောတယ်လေ။ ဒါကို ရွာနဲ့ ပုသိမ် မြောင်းမြ သင်္ဘောတွေ ပိုင်ရှင် စီးပွားရေးသမား တရုတ်/ဗမာ က အတင်းလာတောင်းယူပါတယ်။
ယူပီးတော့ အဖွားကို မြို့ကိုခေါ်လာတယ်၊ အဖိုးက နဲနဲဆိုးတယ်၊ အရက်သောက်တယ်၊ ပိုက်ဆံရှိလဲရှိ၊ တစ်ဦး တည်းသောသားမို့ ဆိုးတယ်ကြားပါတယ်။ အဖွားက အရမ်းစိတ်ဆင်းရဲရတယ်.. နောက်ပိုင်း သီးမခံနိုင်တော့ ဘူး (ချစ်လဲမချစ်ခဲ့တာပါမှာပေါ့) ကိုယ်ဝန်အရင့်မာနဲ့ ရွာကိုပြန်သွားတယ်။  အဖိုးက လိုက်ခေါ်တယ်၊ အဖိုး ရဲ့ အမက လိုက်ခေါ်တယ်၊ အဖွားက အရမ်းမာနကြီးပါတယ်။ ဘယ်လောက်တောင်းပန်ပန် ပြန်မလိုက် ဘူး။
အဖိုးကလာတောင်းပန်တာ အိမ်ထဲတောင်ပေးမ၀င်ဘူးဆိုဘဲ။
နောက်ပိုင်း မာမီ့ကိုမွေးပီးတော့ သိပ်မကြာခင်သူ့ရည်းစားဟောင်းနဲ့ ပြန်လက်ထပ်လိုက်တယ်။ ကလေးတွေ ထပ်မွေးတယ်။ အဲတော့ မာမီ့ကို အဖွားရော၊ အဖိုးတို့ဘက်ကရော လာခေါ်ကြတော့တာဘဲ။
နောက်ပိုင်းမှာတော့ မာမီ့ အမေဘက် က အဖွားနောက် ရန်ကုန် အင်းစိန်ကို လိုက်လာပီး အိမ်ထောင် ကျတဲ့ အထိအဲမှာဘဲနေတော့တာ။
အဘွားက စကားနဲပါတယ်၊ ပီးတော့ သူ့အကြောင်းတော်ရုံမပြောပြဘူး၊ အခုကျွန်မသိတဲ့အကြောင်းတွေကို တစ်ခုစီ လိုက်စုယူထားရတာပါ။  ကျွန်မတို့ အထက်တန်းတွေရောက်တော့ အဘိုးအရင်းက အိမ်ကို တစ်ခါ လာလည်ပါတယ်၊ မာမီက စကားတစ်ခွန်းမပြောပါဘူး။
အဖိုးအရင်းဆိုတော့ အဖိုးအတုရော၊ အဲအဘိုးအတုဆိုတာ အဖွားနောက်ထပ်ယူထားတဲ့ အဖိုးပါ။
သူကတော့ မာမီ့ကိုအရမ်းချစ်သလို၊ ကျွန်မတို့ကိုလဲအရမ်းချစ်ပါတယ်။ အခုတော့ဆုံးသွားပါပီ။
မာမီကတော့ သူ့ကို အဖေရင်းလို့သတ်မှတ်ထားပုံရတယ်။  အဖိုးရင်းရဲ့ အမကလဲ အခုထိ မာမီ့ဆီလာတုန်း အဆက်သွယ်လုပ်နေတုန်းဘဲ။ သူကလဲ မာမီ့ကိုအတော်ချစ်ပုံရတယ်။
အဖွားကတော့ ရွာမှာ အဖိုးတုနဲ့ သူ့သားသမီးတွေနဲ့ ပျော်နေပါတယ်။ ကျွန်မတို့လဲ အဒေါ်တွေ ဦးလေးတွေ ကို ချစ်ပါတယ်။ သူတို့ကတော့ မာမီနဲ့ မတူကြဘူး၊ ရုပ်ကိုပြောတာ တစ်ခြားစီပါ။ ဒါပေမယ့်သူတို့လဲ မာမီ့ကို ချစ်ကြတယ်။
အဖွားအိမ်ကအခုဆို သူ့သားသမီးတွေနဲ့ မြေးတွေနဲ့စည်ကားနေပါတယ်။ ကျွန်မတို့ (၃)ယောက်ကလွဲရင်ပေါ့။  အမှတ်ရဆုံးအရာကတော့ မပြောင်းလဲတဲ့ အဖွားရဲ့ မီးဖိုလေးပါ။
အရင်တုန်းကအတိုင်းပါဘဲ။ ၀ါးကျည်တောက်ထဲမှာ ဆားတွေရှိတယ်။ ထမင်းအိုးကြီးတစ်လုံး၊ မရှိမဖြစ် ရေနွေးအိုး၊ အဲဒီအိုးမှာတည်ပီး ဆူရင် ဧည့်ခန်းက အိုးအသစ်လေးထဲလောင်းထည့်တတ်တယ်။ အိုးအသေးလေးကတော့ ငပိရည်အမြဲရှိနေတဲ့အိုးလေးပါ။ မျှင်ငပိကိုအရည်ကျိုထားတာ။ စားခါနီး ပြန်နွေး၊ ခွက်ထဲလောင်းထည့် ငရုတ်သီးမှုန့်ထည့်ပီး စားတာဘဲ။ ဒယ်အိုးကတော့ ဟင်းတွေချက်တာပါ၊ ကြက်သား/ ငါး စသည်ဖြင့် ဟင်းမျိုးစုံထည်လဲချက်တဲ့အိုးပါ။ အောက်ကအိုးအကြီးတွေကလဲ ထမင်းအိုးတွေပါ။ မနက်၊ နေ့လည်၊ည လူ(၅)ယောက်ဆို (၃) အိုးလောက်ချက်ရတာပါ။ အဲဒီမီးဖိုလေးကထွက်လာတဲ့ဟင်းအရသတော့ ဘာနဲ့မှလဲနိုင် မယ်မထင်ပါဘူး၊ မြေအိုးနဲ့ချက်တာရော၊ မီးခိုးညှော်နံ့လေးရော၊ ထင်းမီးတောက်နဲ့ချက်တဲ့ ဟင်းအရသာ မေ့နိုင်တော့မယ်မထင်ပါဘူး။  ရွာက အခြား အိမ်တိုင်းလိုလို မီးဖိုပုံစံလေးရော၊ အိုးတွေရော ဆင်တူ နီးပါးရှိကြပါတယ်။ ဒယ်အိုးကတော့ ဧည့်သည်ရှိတဲ့အချိန်မှာသာအသုံးများပီး ဧည့်သည်မရှိရင် ဒယ်အိုးလေးလဲ အနားရနေတတ်ပါတယ်။
အရင်ကတော့ရွာမှာသီဟိုစေ့ဆိုက်လေ့မရှိပေမယ့်နောက်ပိုင်တော့ ဈေးကောင်းတာကြောင့် စိုက်ဖြစ်တယ်။
သီဟိုသီးအနုလေးတွေပါ။
ဆိတ်လေးတွေလဲမွေးတယ်။
ကိုင်းထဲမှာ ညဖက်သူခိုးစောင့်အိပ်မယ့်တဲလေးကို ဦးလေးတစ်ယောက်နဲ့ရွာက အသိတွေကူညီဆောက် ပေးနေပုံပါ။

ဒီပိန္နဲသီးကတော့ အိမ်မာသီးပါ။ အိမ်ပျော့နဲ့အိမ်မာနှစ်မျိုး ကျွန်မတော့ အိမ်မာသီးပိုကြိုက်တယ်။ 

 တောထဲမှာအလေ့ကျပေါက်တဲ့ ပဒတ်စာကို ရန်ကုန်မှာတော့ ဈေးကြီးပေးဝယ်စားရပါတယ်။ ဒါကြောင့် ရွာသွားတိုင်းပြန်လာရင် တပင်ရွှေထီးအညွန့်၊ ကောက်ကွေးညွန့်၊ မာလာဖူး၊ ရေငန်းသီး၊ ပဒတ်စာ၊ ပီလောပီနံဥ၊ ပိန္နဲသီးအိမ်မာ တွေ မာမီကိုသူတို့ပြန်ထည့်ပေးလေ့ရှိတယ်။
ပဒတ်စာတာလပေါ့ တော့ အဲဒီမှာ သွားကြည့်လို့ရတယ်။ 

Comments

  1. သူခိုးစောင့်က တဲပေါ်ကိုတက်ပြီး အိပ်မယ် ဆိုတော့ မလွန်လွန်းဘူးလား...

းဝ)

    ReplyDelete
  2. မိုးစက်March 21, 2010 at 9:23 AM

    ပိန္နဲသီးအိမ်မာ ကြိုက်တာချင်း တူပါ့..။

    ReplyDelete
  3. ရွာမီးဖိုချောင်လေးမြင်ပြီး ထမင်းဆာလာတယ်။ ပဒတ်စာလေးက စားချင်စရာ..

    ReplyDelete
  4. @KOM.. မမလာလည်တာကျေးဇူး
    ကိုလူထွေး... အမိုးကတက်မိုးရတာလေ..အိပ်တာ တဲထဲမှာအိပ်မှာပေါ့..း)
    မိုးစက်... ဟုတ်ပါ့..ကူးလဲအိမ်မာဘဲ.. အိမ်ပျော့က မြိုချရတာခက်လို့
    စုဘူးရေ.. ကူးလဲအရမ်းကြိုက်တယ်..း)

    ReplyDelete
  5. ကြည့်ရတာ အရမ်းသဘောကျလိုက်တာ အလည်လိုက်ချင်တယ် ဟိဟိ

    ReplyDelete
  6. ရွာလေး က ပျော်စရာကြီး

    လည်ချင်တယ်

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  7. လွမ်းစရာလေးတွေ.......

    ReplyDelete
  8. ကူးကူးရေ......
    စာလေးတွေဖတ် ပုံလေးတွေကြည့်ရင်း.......မရှိတော့တဲ့ ဖွားဖွားကိုသတိ၇သွားတယ်........။
    မြေအိုးလေးနဲ့ ချက်ကျွေးတဲ့ ၀က်သား...နဲ့သရက်သီးဟင်းလေးကိုရောလေ......။
    (ပိန္နဲသီးဆို အားလုံးခိုက်စ်..........း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  9. ကျနော့်အဖွားနဲ့ တစ်ချို့အဖြစ်ချင်းတူတယ်။
    အဖွားအကြောင်း အခန်းဆက်ရေးဖို့လည်း စိတ်ကူးထားပါသေးတယ်။

    ပိန္နဲသီးဆို အမာသီးပဲ ကြိုက်တယ်။
    အပျော့က အမျှင်တွေ များလို့ သဘောမကျဘူး။

    ဝါးကျည်တောက်နဲ့ ထည့်ထားတဲ့ ဆား ဆိုတာ ဖတ်ရတော့ ရွာကို သတိရသွားမိသေးတယ်။

    ReplyDelete
  10. ဆောင်းနှင်းအဖွားရဲ့ အိမ် က မီးဖိုနဲ့ တူနေတယ်..ဟီးးဟီးး...
    အမတော့
    ထမင်းကို မြေအိုးနဲ့ ချက်တာ စားဖူးလား မသိဘူးးး..
    ထမင်းကို မြေအိုးနဲ့ ချက်စားရင်
    ပိုစားလို့ ကောင်းသလိုပဲ ...
    ကြည့်ပြီးတော့
    ပဒတ်စာ လည်း စားချင်လာတယ် ..

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ