Skip to main content
ဈေးနေ့
ဒီနေ့အိမ်မှာပြန်ရောက်တဲ့ပထမဆုံးအားလပ်ရက်ဆိုပါတော့။
အိပ်လို့မရ၊ အိပ်မက်ဆိုးတွေနဲ့တစ်ရေးနိုးတော့ မနက် (၅) နာရီရှိပီ။
ဈေးနေ့ဆိုတာ သတိရတာနဲ့ ခြင်းတောင်းဆွဲပီး ဈေးသွားတယ်။
တောင်ပေါ်ကဆင်းလာတဲ့ဈေးသည်တွေအများကြီးဝယ်ချင်စရာလဲအများကြီး...
လတ်လတ်ဆတ်ဆတ် ခြံထဲစိုက်ထားတဲ့အသီးရွက်တွေလာရောင်းတော့ အသည်တိုင်းလှည့်ပတ်ကြည့်မှ အချို့အသည်တွေမှာရှိတဲ့ဟာအခြားအသည်တွေမှာမရှိဘူး။ ဈေးတစ်ပတ်ပတ်လိုက်တယ်။
ပြန်ရောက်ကတည်းက အခြောက်အခြမ်းတွေဘဲစားနေတာ ကျွန်မဟင်းသီးဟင်းရွက်အရမ်းစားချင်နေတာ။
ဈေးနေ့မဟုတ်ရင် supermarket မှာသွားဝယ်ရတယ်၊ ဒါပေမယ့် ဈေးလောက်မလတ်ဆတ်ဘူး။
ငါးဟင်းလဲစားချင်တယ်၊ ချစ်သူကိုပြောတယ် ကျွန်မဘယ်လောက်အရွက်စိမ်းစားချင်လဲဆိုရင် အိမ်နောက် တံခါးဖွင့်လို့ မြက်စိမ်းစိမ်းလေးတွေတွေ့ရင်တောင်ခူးစားချင်ပါတယ်လို့၊
ဈေးထဲရောက်တော့အရင်ဆုံးလူမများခင်ငါးတန်းကို အရင်သွားလိုက်တယ်။ ငါးစားချင်လို့သာရယ်၊ တစ်ခါမှ ကိုယ်တိုင်ဝယ်ချက်ဖူးတာမရှိဘူး။  မြန်မာပြည်က ငါးနဲ့တူတာဆိုလို့ တလားပီးယားဘဲရှိတယ်။  ကျန်တဲ့ ငါးတွေ အကွက်တွေ အရောင်တွေနဲ့ ဘာငါးတွေမှန်းမသိဘူး။
တလားပီးယားအကြီးကြီးတစ်ကောင်ဝယ်လိုက်တယ်။ သူကသေနေပီလေ။  တစ်ကီလို $2.5 လောက်ကျ တယ်။  မသေသေးဘဲ ကန်ထဲ ဖျတ်ဖျတ်လူးခုန်နေတဲ့ တလားပီးယားလက်တစ်ဝါးစာအကောင်တွေကတော့ တစ်ကီလို $3   ငါးကိုတစ်ခါတည်း အကြေးထိုး ခုတ်ထားခိုင်းပီ....  အခြားအသည်ဆီက ပုဇွန်လေးတွေ သွားချောင်းပါတယ်။  တစ်ကီလို $10 ..  တစ်ခါမှပုဇွန်မ၀ယ်ဖူးဘူး။  စူးနွယ်လေးရဲ့ ပုဇွန်စဥကြော်  ကို စမ်းကြည့်ချင်တာနဲ့..စားလဲစားကြည့်ချင်တာ။  ပုဇွန်ကနှစ်မျိုး..  အကျားလေးနဲ့ အပြောင်...  အကျားလေး တွေကပိုကြည့်လို့ကောင်းတာနဲ့ အဲဒါ $3 ဖိုးဝယ်လာတယ်။
အဖိုးကြီးနှစ်ယောက် ၀ါးပိုးမျှစ်တစ်တုံးချပီးထိုင်နေတာတွေ့ခဲ့တယ်...  မျှစ်ကို ဖြတ်ပီး အမျှင်လေးတွေ လှီးဖို့ လုပ်နေတယ်။ ကျွန်မက မလှီးနဲ့.. ဘယ်လောက်လဲတစ်တုံးလုံးဆိုတော့..၀မ်းသာအားရနဲ့ အလေးချိန် ချိန်တဲ့ ဟာသူများဆီသွားဌားပီး...  3 ကီလိုအတုံးကို $2.5 တဲ့။  ဒါနဲ့ဝမ်းသာအားရ၀ယ်ခဲ့တယ်။
ဒီမှာမျှစ်စားချင်ရင် ၀ါးပင်အောက်သွားကိုယ့်ဘာသာကိုယ်သွားခုတ်ရတာ..
အခုလိုအဆင်သင့်တွေ့တော့အတော်ဖြစ်သွားတယ်။  မျှစ်ချဉ်လေးလုပ်ထားမယ်၊  နောက်အကြာကြီး သိမ်းထားပီးစားလို့ရတယ်အတွေးနဲ့ ဟုတ်နေတာ၊ အိမ်ပြန်ရောက်မှ မမလုလုဆီ မေးလ် ပို့ပီး မျှစ်ချဉ်မလုပ် တတ်လို့လှမ်းမေးရတယ်။
ဌက်ပျောဖူး၊ မုန်လာဖူး၊ ကြက်ဟင်းခါးရွက်၊ ပီလောပီနံရွက်၊ ခရမ်းသီးရှည် (တို့စရာ)၊ မုန်လာဥ (အချဉ်တည် မလို့ပါ) ပြီးတော့ ခါကြက်ဥနီ နှစ်လုံး (ကျွန်မက ယုန်ချစ်တယ်လေ..ယုန်စားတဲ့အစားတွေလဲစားတယ်)
ကြက်သားဝယ်မလို့.. တောကြက်ရောင်းတဲ့သူက ကိုယ့်ဘာသာကိုယ်အိမ်ယူသွားပီးသတ် လို့ပြောတယ်၊
အဲဒီအချိန် ကြက်ကလေးကလဲ ကျွန်မကိုလှမ်းကြည့်တယ်၊ အဲဒါနဲ့လန့်ပီး လှည့်ထွက်ခဲ့တယ်။
ဌက်ပျောဖူး + ခါကြက်ဥ
ကြက်ဟင်းခါးရွက်+ ပီလောပီနံရွက် + ခရမ်းသီးပိန်ရှည်
မုန်လာဥဖြူ
မုန်ညှင်းဖူး
ဝါးပိုးမျှစ် (မဟုတ်ပါ၊ အုန်းပင်နု) Heat of Palm
ဝါးပိုးမျှစ် ထင်ပီးဝယ်လာတာ..ညနေကျမှ မဟုတ်မှန်းသိတယ်။ အုန်းအသည်းဆံ၊  အဲဒါကြောင့်ပြုပ်စားတော့ အရမ်းချိုပီး စိမ့်နေလို့မသင်္ကင်္ာဖြစ်နေတာ..း)))... 
တလားပီးယားငါး
ဈေးကပြန်ရောက်ပီးတစ်ရစပ်အလုပ်တွေရှုပ်နေတာ...  အခုမှနားရတယ်။
မနေ့ညက အဲလာ ဆီက download လုပ်ထားတဲ့ ဆော့ဖ်ဝဲနဲ့ ပုံတွေလိုက်ဆော့နေတာ..
စိတ်ဝင်စားရင် သွားဒေါင်းလို့ရတယ်....တော်တော့ကိုမိုက်တယ်...  အရမ်းကိုသဘောကျနေတာဒီမှာတော့..
အောက်မှာနမူနာပုံ...
Comments
  1. အဲဒီမှာကြက်ဟင်းခါးရွက်တို့ ငှက်ပျောဖူးတို့ မုန်ညင်းတို့ ၀ယ်လို့ရတာ သိပ်ဟန်ကျတာပဲနော်.......မျှစ်စိမ်းကိုဆန်လှော်နဲ့ ဟင်းရည်ချက်စားရင်လည်းကောင်းတယ်...ပင်စိမ်းရွက် လေးခပ်ပြီးတော့လေ....ပီလောပီနံရွက်တော့ ဘာလုပ်စားရသလဲ မသိဘူး
    ReplyDelete
  2. ဈေးကလည်း မြန်မာပြည်ဈေးလေးကျနေတာပဲနော်၊ စူးနွယ်လေး ပြောသလိုပဲ ကြက်ဟင်းခါးညွန့်၊ ငှက်ပျောဖူးတောင် ၀ယ်လို့ရတယ်ဆိုတော့ အံ့သြမိတယ်။ မုန်ညင်းရွက်နဲ့ မုန်လာဥဖြူရယ်၊ မုန်လာဥနီရယ်ပေါင်းပြီး အချဉ်တည်မလို့လား၊ :P
    ငှက်ပျောဖူးကို ငါးနဲ့ ဗူးသီးလေးနဲ့ရောပြီး ငါးပေါင်းထုပ်လိုချက် (လျှာရှည်တာ)
    မျှစ်ချဉ်လုပ်ဖြစ်လား၊ မလုပ်ဖြစ်ရင် စူးနွယ်လေးပြောသလို မျှစ်ဆတ်ကို ဆန်လှော်လေးနဲ့ချက်၊ ပင်စိမ်းရွက်လေးအုပ် ကောင်းမှကောင်း။
    ကြက်ဟင်းခါးညွန့်ကလည်း ဆေးဘက်ဝင်တယ်နော်။
    ချက်ပြီးရင်တော့ ခေါ်လိုက်ဦးနော်။
    လာစားမလို့။ ဟိဟိ
    ReplyDelete
  3. ငှက်ပျောဖူး...ဒီမှာတော့ သံဘူးထဲကပဲစားရတယ်။
    တခါတလေတော့ အဖူးလိုက်ဝယ်လို့ ရပေမဲ့ သိပ်မလတ်
    ဆပ်တော့ဘူး။ မျှစ်ဆန်လှော်စားချင်တယ်။
    ReplyDelete
  4. အင်း ဘာပဲဖြစ်ဖြစ်ကူကူးရေ
    ရေးဖော်ချင်း ခုလိုပျော်ပျော်ရွှင်ရွှင် ပို့စ်လေးတွေ
    မြင်ရတာစိတ်ချမ်းသာတယ် မလွမ်းနဲ့ အလွမ်းကဘိန်းနဲ့တူတယ် :)
    ReplyDelete
  5. ချစ်အုန်းဖေJuly 25, 2010 at 8:54 AM
    ReplyDelete
  6. မမ..! အ၇မ်းချောတယ်..မုန်.၀ယ်ကျွေး...ဒါပဲ
    ReplyDelete
  7. အသီးအရွက် အစိမ်းပုံတွေပဲ တင်ထားတော့ အခန်းဆက် ကျန်အုံးမယ်ထင်တယ်း)
    ReplyDelete
  8. အောက်က မျက်ချိလေးလုံးကလည်း
    ကြောက်စရာကြီးပါလား ကူးကူးရာ
    နာမပါဘူးနော် ကြိုပြောထားတာ :P
    ReplyDelete
Post a Comment
ကူးကူးရေ...
Popular posts from this blog
Food Review: ပုရစ်ကြော်
ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည
ငါးချဉ် လုပ်ရအောင်
ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ
ပုဇွန်ချဉ် (Pickled Shrimps)
ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ