Skip to main content

ရည်းစားဦး

ခေါင်းညိမ့်လိုက်ရုံနဲ့ ရည်းစားဖြစ်သွားတယ်လို့လက်ခံရင် ဟုတ်တယ်၊ ဒါရည်းစားဦးဘဲ။ ကျောင်းပြီးခါနီးမှာ သူငယ်ချင်းတွေရည်းစားကိုယ်စီနဲ့ရည်မှန်းချက်ကိုယ်စီနဲ့ရှိတဲ့ အချိန်ထိ ကျွန်မမှာ ရည်းစားမရှိခဲ့ဘူး။ ရည်းစားထားသင့်တယ်၊ အခုချိန်မှမထားရင် နောက်လုပ်ငန်းခွင်ထဲရောက် မလွယ်ဘူး၊ စသည်ဖြင့်ပေါ့ အကြံပေးတဲ့သူတွေရှိသလို၊ အရင်က ကိုယ့်ကိုလိုက်ကြိုက်ခဲ့တဲ့ ချစ်လှ ပါချည်ရဲ့ မရရင်သေပါတော့မယ့်ဆိုတဲ့သူတွေရဲ့ လက်ရှိရည်းစားတွေရဲ့ စောင်းမြောင်း စကားတွေ တွန်းအားလဲပါတယ်၊ နောက်ဆုံးတော့ ခေါင်းငြိတ်လိုက်တယ်။  အဲဒီမှာစပြီး ကမောက်ကမဖြစ် တော့တာ။  ထိုင်နေရင်အကောင်း...
ကျွန်မထက် (၁၁) နှစ်ကြီးတယ်၊ အဲဒီတုန်းက ကျွန်မ အသက် (၁၉)နှစ်၊ သူက နိုင်ငံရပ်ခြားမှာ ကျောင်းတက်ပီးပြန်လာတဲ့ ပူပူနွေးနွေးဘွဲ့ရ ကျောင်းဆရာတစ်ယောက်၊ အမေ့ရဲ့အချစ်တော် သားထွေး။ သူက strategic mgt. 1  2 သင်တယ်၊ အတန်းထဲလာရင်ရေမွှေးတွေလဲ ဆွတ်လာ တယ်၊ ထုံးစံအတိုင်းယင်ကောင်တွေလာတော့ ကျွန်မက သူရှက်မှာစိုးလို့ ဇီးဖြူကိုင်းတွေ လွယ် အိတ်လေးထဲထည့်ထည့်သွားပေးတယ်။ သူငယ်ချင်းတွေကရိပ်မိတယ်.. သူကျွန်မကိုစိတ်ဝင်စား နေတယ်ဆိုတာ...
သူရည်းစားစကားပြောပီး ခပ်ကြောင်ကြောင်လေးဖြစ်နေတဲ့သူ့ကို သဘောကျတာရယ်၊ ဘာမေးမေး သူသိနေတတ်တာရယ်၊ အများလေးစားရလောက်တာရယ်တွေကြောင့် ကျွန်မခေါင်း ငြိမ့်တော့ သူက ကလေးလိုဘဲအရမ်းပျော်ပီးခုန်ပေါက်နေတာ...သူ့ဘာသာကျောင်းသားတွေခေါင်းအစားဆုံးဘဲ၊ အဲဒီထဲမှာ သူက ကျွန်မကိုတွေ့ချင်တော့ ကျောင်းသားတွေညဖက် library တက်ချိန်ဆိုသူလာတယ်၊ သူက လာတော့ ကျောင်းသားတွေဝိုင်းအုံပီး စာဝိုင်း မေးကြတော့ ကျွန်မနားတောင်မရောက်လိုက်ဘူး။ 

Valentine Day ရောက်တော့ ကျွန်မကို ကိတ်မုန့်တစ်လုံးပေးတယ်၊ သူများမြင်မှာစိုးလို့ အပေါ်က အဖုံးနဲ့အုပ်ထားတယ်၊ အဲဒါကျွန်မက ဘာကြီးလဲဆိုပီးဆွဲလိုက်တော့ ကိတ်က ပြုတ်ကျ.. မြင်ယောင်ကြည့်လိုက်ပေတော့....  ကျွန်မက၀မ်းသာတယ်၊ မဟုတ်ရင် သူ့ရှေ့ မှာ စားခိုင်းနေအုံးမှာ၊ ကိတ်ဆို ကျွန်မအရင်ကလုံးဝကိုမြိုလို့မရဘူး။
ပီလောပီနံဥတွေ နယ်ဘက်ကသူတွေလက်ဆောင်လာပေးတော့ သူက ကျွန်မနဲ့သူငယ်ချင်းတစ် သိုက် ထမင်းလာစားဖို့ခေါ်တယ်၊ ၀မ်းသာအားရသွားတာပေါ့၊ အဆောင်မှာက ဘာမှ ကောင်း ကောင်းမှမစားရတာ၊ ဟိုရောက်တော့ သူက ပီလောပီနံတွေ အိုးကြီးကြီးနဲ့ ပြုပ်ထားတယ်၊ သူအဝေးမှာကျောင်းတက်တော့စားချင်တာမစားရဘူး ဆိုပီး အဲဒီအိုးကိုချ ပန်းကန်ထဲထည့် ထမင်းလိုထိုင်စားတယ်၊ ကျွန်မသူငယ်ချင်းတွေက အဲဒီကအပြန် ဖြတ်တော့ အဲလို ဂေါက် ကြောင် တဲ့။
တစ်ခါတစ်လေတော့လဲအရမ်း romantic ဆန်တတ်တယ်၊ ကျောင်းသားတွေတောင်သူ့လောက် idea မကောင်းဘူး၊ သူက ဆရာဖြစ်ပေမယ့် ရုပ်ကအရမ်းကိုနုတယ်၊ အသားလဲဖြူတယ်။ ကုလားဆင်ရုပ်လေး၊ သူ့ကိုစိတ်ဝင်စားနေတဲ့ကျောင်းသူတွေကြားမှာ ကျွန်မက ကံကောင်း တယ်လို့ပြောကြတယ်၊ ဒါပေမယ့် သူတို့အကုန်မသိသေးဘူး။
တစ်ခေါက်ကျောင်းကားနဲ့ မြို့ထဲသွားတော့ သူက ကျွန်မဘေးနားလာထိုင်တယ်၊ အဲတုန်းက သူက ကျွန်မမောင်လေးနဲ့သိတာအကြောင်းပြပီး အိုးခွက်ပန်းကန်တွေဝယ်ဖို့အကူညီလာ တောင်းတာ၊နဲ့လိုက်သွားတယ်.. ကျောင်းကားကအကြီးကြီးကို.. အဲဒီအနောက်ဖက်မှာကျွန်မ ထိုင်တော့ ကျွန်မနားလာထိုင်တယ်..  ကျောင်းကားမောင်းတဲ့သူနဲ့..ကျွန်မတို့အဆောင်မှူးက ယောက်ျားနဲ့မိန်းကလေးအတူမထိုင်ရဘူးပြောတော့ သူက မျက်နှာစူပုပ်ပုပ်နဲ့.. စကားသွားများ တယ်။ အဆောင်မှူးက နင်ကဆရာလေ.. ကျောင်းသားပေါင်းထောင်ချီမျက်လုံးအောက်မှာ အဲလိုလုပ်ပြကောင်းမလားတဲ့...
နှစ်လုံးထီလဲ သူထိုးတယ်၊ ကျောင်းမှာစည်းကမ်းရှိတယ်၊ အဲဒါမလုပ်ရဘူး၊ သူက ဆရာဖြစ်ပီး သွားသွားခိုးထိုးတယ်၊ သူထီပေါက်ရင် ကျွန်မကို ရုံးခန်းခဏလာဆိုပီးရန်ဖန်ရန်ခါခေါ်တယ်၊ ပြီးရင် စာအိတ်တစ်အိတ်ထုတ်ပေးတယ်၊ သူ့စာရေးမက ကြောင်တောင်တောင်ကြည့်နေတာ ပေါ့၊ အဆောင် အခန်းထဲပြန်ရောက်တော့ သူငယ်ချင်းတွေက ဘာလဲ၊ ဘာပေးလိုက်လဲ ၀ိုင်းလုကြည့်တော့ အထဲမှာ ပိုက်ဆံ မုန့်ဖိုးတဲ့.. သူနှစ်လုံးထီပေါက်လို့တဲ့....
ကျောင်းကန်တင်းကို လမ်းလျှောက်သွားတော့ နေပူလို့ ကျွန်မက ဆရာလာလေ ထီးလာဆောင်း ဆိုတော့ အဲဒါကို စည်းကမ်းရေးမှူးရုံးကတွေ့ပီး နောက်နေ့ ကျွန်မတို့နှစ်ယောက် ထီးတစ် ချောင်းအတူဆောင်းလမ်းလျှောက်မှုနဲ့ ရုံးခန်းရောက် ပါလေရော...
ဆရာနဲ့ ကျောင်းသူ ရည်းစားဖြစ်ရတာ လုံးဝကိုမလွယ်ဘူး၊အထူးသဖြင့်စည်းကမ်းတင်းကျပ်လွန်း တဲ့ကျောင်းမှာဆိုတော့ပိုဆိုးတယ်။
ကျွန်မတို့ ဘွဲ့ယူမယ့်အတန်းက လေ့ကျင့်တာတို့.. အလံတိုင်တွေပြင်ဆင်တာတို့လုပ်နေရင် သူက ရုံးခန်းပေါ်ကနေလှမ်းငေးနေတတ်တယ်... ကျွန်မနားကျောင်းသားတစ်ယောက်ယောက် လာကပ်စကားပြောရင် သူချက်ချင်းပြေးဆင်းလာတယ်..
သူ့အမေက ကျွန်မကိုမကြိုက်ဘူး။  သူ့သားက ကျွန်မတို့အဖွဲနဲ့သိခင်မင်လို့ မဟုတ်တာတွေ စားတတ်တယ်ဆိုပီးစွပ်ဆွဲတယ်...  သူပြောတဲ့မဟုတ်တာ ဆိုတာ သင်္ဘောသီး အစိမ်းသုပ် တို့ ပီလောပီနံတို့... အဲဒါတွေလေ.. တစ်ကယ်တော့ သူ့သားကို သူက သူ့ကိုဆေးကုပေးနေတဲ့ ကရင်မတစ်ယောက်နဲ့သဘောတူထားတာလေ.. ကျွန်မကတော့ ကရင်လဲမဟုတ် ကုလားလဲ မဟုတ် ကကတစ်ဆိုတော့ သူကမကြိုက်လှဘူး။
တစ်ခေါက်ကျွန်မရန်ကုန်ပြန်တယ်..ဆေးခန်းရက်ချိန်းပြန်တာပါ၊ အပြန်ကျတော့ မာမီက လိုက်မ ပို့အားလို့ ကားနဲ့ဘဲပြန်..ပေါ့။ ညီမလေးတို့ကလဲ သူနဲ့ကျွန်မရည်းစားဖြစ်နေတာသိတာကိုး၊ အဲတော့ ကူးကူးပြန်လာမယ်၊ ညနေ ၄ နာရီ ရောက်မယ်၊ ကားဂိတ်မှာ လာကြိုမလားဆိုတော့ သူက ၀မ်းသာအားရနဲ့ လာကြိုမယ်.. မပူနဲ့..လာမယ်...
ကျောင်းဝင်းက မြို့နဲ့တော်တော်လှမ်းတယ်.. မြို့ပြင်ဖက်ရောက်တယ်၊ အဲဒါ ကျောင်းကား မရှိရင် ဘာကားမှမရှိဘူး။ ဆိုက်ကားတော့ရှိတယ်၊ စက်ဘီးကတော့အသုံးများတယ်။
ကားဂိတ်ရောက်တော့ သူက အဆင်သင့်စောင့်နေတယ်.. ကျွန်မက ဆရာဘာနဲ့လာလဲဆို တော့ စက်ဘီးနဲ့တဲ့.. ကျောင်းကားပျက်နေလို့တဲ့။  ကျွန်မက ဒါဆို ကျွန်မဆိုက်ကားနဲ့ပြန်မယ် ဆရာ စက်ဘီးနင်းပီးလိုက်ခဲ့လို့ပြောတာ.. သူက အာ... မလုပ်ပါနဲ့ ငါတစ်မင်စက်ဘီးယူလာတာ။  အနောက်မှာလိုက်စီးစေချင်လို့ဆိုပီ ပြောတာနဲ့..ကျွန်မလဲကောင်းပီဆိုပီး စက်ဘီးစနင်းတော့ အနောက်ခုံ တက်ထိုင်တော့ စက်ဘီးကလဲပါရော...  နောက်ပြန်ထ ပီး.. ထပ်စီးလဲ ၃-၄ ခါကြိုးစားလဲ စက်ဘီးကအရမ်းယိုင်လာတော့ကျွန်မလန့်လန့်ခုန်ဆင်းတယ်။ စိတ်ကလဲ နဲနဲ တိုလာပီ၊ အဆောင်ကို ၆း၃၀ မတိုင်ခင်ပြန်ဝင်ရမှာ၊ ကျွန်မက ဆရာစိတ်တော့မရှိနဲ့စက်ဘီး ကောင်းကောင်းနင်းတတ်သလားဆိုတော့ သူက ငါအခုမှစသင်နေတာတဲ့...  လူတင်ပီး မနင်းဖူး သေးဘူး။။ ကျွန်မကိုပထမဆုံးတင်ပီးစက်ဘီးစီးချင်လို့ဆိုဘဲ.. ဆိုက်ကားဂိတ်လဲကျော်လာပီမို့ ဆိုက်ကားမရနိုင်တော့ဘူး။ ကျွန်မတော်တော်ခေါင်းကိုက်သွားတယ်.. ဒါနဲ့ဘဲ ဆရာအနောက်မှာ ကျွန်မအိတ်ကိုင်ပီး ငြိမ်ငြိမ်ထိုင်နေလို့ပြောပီး..သူ့ကိုတစ်လမ်းလုံး ပြန်တင်နင်းလာရတယ်..
အဖြစ်ကအဲလို။
ကျောင်းဝင်းနားရောက်ခါနီးတော့ သူက ကျွန်မကိုဆင်းခိုင်းတယ်.. ဖယ်..ငါနင်းမယ်တဲ့..  ကျောင်းသားတွေတွေ့ရင် ငါ့ကို လှောင်ရီလိမ့်မယ်တဲ့..  အဲဒါတော့ကြောက်သား.. ကျွန်မ အထုပ်နဲ့ စက်ဘီး သူနဲ့လွှတ်ပေးလိုက်တယ်အရင်.. အဆောင်မှာသွားချထားပေးလို့။ ကျွန် မတော့လမ်းလျှောက်ပီးဘဲလိုက်ခဲ့တယ်..
လဲကျလွယ်တာမှတ်လို့။  အဆောင်ရှေ့ရောက်တော့ သူက ကျွန်မအထုပ်လေးကိုင်ပီး ရပ်စောင့် နေတယ်. မျက်နှာလဲနီရဲလို့..အဆောင်သူတွေဝိုင်းနောက်ထားတယ်ထင်ပါ့..
ကျွန်မလဲသနားသွားတာနဲ့ဘာမှပြောမနေတော့ဘူး...  ကျေးဇူးဘဲ ပြောပီး အဆောင်ထဲ လှည့် ၀င်ခဲ့တယ်။
သူက အနီရောင်ကြိုက်တယ်တဲ့... ကျွန်မလဲ သူ့ကို ခရစ္စမတ်လက်ဆောင်ဆိုပီး အနီရောင် ပုဆိုးတစ်ကွင်းဝယ်ပေးတယ်၊ အိကျီအနီရောင်နဲ့.. (အဲလိုတုံးတာ).. သူ့ကို ကျောင်းကပွဲမှာ ၀တ်လာခိုင်းတယ်။ သူက ရီတယ်.. မကောင်းပါဘူးတဲ့.. ပုဆိုးက ဦးဂျမ်းဆိုလား အနီအကွက်စိပ် နဲ့..ကျွန်မက ၀တ်ရင်မ၀တ်မ၀တ်ရင် မခေါ်ဘူးလို့ပြောတော့ သူဝတ်လာရှာပါတယ်..
အသားဖြူတော့ အနီရောင်ဝမ်းဆက်နဲ့ ယောက်ျားလဲဖြစ်တော့ ဟာသဖြစ်နေတာပေါ့.. ဒါပေမယ့် အဲတုန်းကလဲ ကျွန်မစိတ်ထဲ ဟာသလို့ကိုမထင်မိတာ.. မိန်းကလေးအ၀တ်စားတောင် အဲဒီအချိန်ထိမ၀ယ်ဖူးသေးဘူး၊ အမေ၀ယ်ပေးတာဘဲဝတ်တာ၊ သူ့အတွက်မို့ ပုဆိုးတစ်ထည် စွန့် စားသွားဝယ်တာ.. ဘွဲ့ယူခါနီး ၂လအလိုမှာ ကျွန်မတို့ business club က ကျောင်းသူ/သားတွေ ပင်လယ်ဖက်ကို လေ့လာရေးထွက်ကြတယ်၊ သူ့လောက်ပျော်တဲ့သူကျွန်မတွေ့ဖူးမယ်မထင်ဘူး။ ကားထွက်က တည်းက ကျွန်မအထုတ်တွေရော၊ သူ့အထုပ်ရော.. သူအကုန်စီစဉ်နေရာချ၊ တစ်ကားလုံး ကျောင်းသားတွေချည်းဘဲ။ ဆရာ/ဆရာမတွေအတွက် အထူးခုံအရှေ့မှာစီစဉ်ပေမယ့် သူက အနောက်မှာ ကျောင်းသားတွေနဲ့လာထိုင်တယ်။
ကျွန်မဘေးနားက ကျောင်းသူတစ်ယောက်ကို သူကနေရာလဲပေးဖို့တောင်းပီးအနားမှာလာထိုင် တယ်။ တစ်လမ်းလုံး ပျော်မြူးနေတာ.. သူတစ်ယောက်တည်း.. လက်လာကိုင်တယ်... ကျောင်း သားတစ်ယောက်ကထအော်တော့ အရှေ့က ဆရာတွေက သူ့ကိုလှမ်းကြည့်တယ်.. သူကျွန်မ လက်ပြန်လွှတ်လိုက်တယ်. ကျွန်မကတော့ အဖွဲတာဝန်ခံခေါ်သွားတဲ့အထဲမှာ ပါတော့ အရမ်း အလုပ်များတယ်.. နေဖို့စီစဉ်တာတို့..အစီစဉ်ဆွဲ၊ချက်ပြုပ်ရေးကအစ...  သူအနားမှာ အမြဲရစ် သီနေတာတောင်သတိမထားမိအောင်ဘဲ..  ညနေဖက်ကျတော့ မိန်းကလေးတွေနေတဲ့ အခန်း အပြင်မှာသူလာရပ်ပီးအော်ခေါ်တယ်.. လမ်းလျှောက်မယ်တဲ့..
ကျွန်မလဲ မီးပုံပွဲ ကစားဖို့အတွက် ဂိမ်းတွေပြင်ဆင်ပီးတစ်ခါတည်းထွက်ခဲ့တယ်..ပင်လယ်စပ်မှာ ကျွန်မလက်ကိုဆွဲ ကလေးတစ်ယောက်လိုသူပျော်နေတာ တစ်သက်မှာတစ်ခါ ပထမနဲ့ နောက်ဆုံးအကြိမ် တွေ့ဖူးခဲ့တာဘဲ..
ကျွန်မတို့ကျောက်တောင်ပေါ်တက်.. ဓာတ်ပုံရိုက်ကြတယ်..  (အဲတုန်းကပုံ အခုပြန်တွေ့တော့ ရီချင်တာ၊ ကျွန်မပုံကိုရီချင်တာပါ.. ဆံပင်က ဆုတ်ဖွား... နီဝါရောင် လှိုင်းတွန့်နဲ့ ခါးလောက် ရှည်တယ်၊ လူက ပိန်လိုက်တာ ၀ါးပင်လို.. မျက်နှာပြောင်နဲ့..)..
ကျွန်မမွေးနေ့မှာ သူက dove moisturizer ဆပ်ပြာရည်နဲ့ ဘာတွေလဲမသိ လက်ဆောင်လာ ပေးတယ်၊ မှတ်မိသေး တယ်၊ သူပေးတဲ့ဆပ်ပြာရည်က ဘယ်လောက်ရေဆေးဆေးမစင်ဘူး၊ ဖြစ်ချင်တော့အဲဒီအချိန်က ရေရှားတဲ့အချိန်၊ ရေတင်လို့မရ..တွင်းထဲကရေခပ်ချိုးရတယ်.. ဆပ်ပြာရည်သုံးရင် စိတ်ထဲမှာ ဒေါသက ကြိတ်ကြိတ်ထွက်နေတာ.. ဘာကိုစိတ်တိုရမှန်းမသိ။
သူ့ကိုအရမ်းဒေါသထွက်တာ ကျွန်မသူ့ဘာသာဆိုရင် အသည်းသန်ကိုကြိုးစားတယ်၊ အခြား ဘာသာတွေထက်ကိုပိုလေ့လာတယ်၊ အားလုံးဖြေနိုင်ရက်နဲ့ ကျွန်မကို A မပေးဘူး။  complaint တက်တော့.. ကူးရယ်.. တော်ကြာငါကဆရာမို့ ကိုယ့်ချစ်သူကိုယ် A ပေးတယ်သူများထင်မှာ စိုးလို့ပါတဲ့။  တော်တော့ကိုပေါက်ကွဲတာ၊ အခြားဘာသာတွေ A ရပီး သူ့ဘာသာမှ A- တဲ့။ ရန်ကုန်ခဏပြန်ရောက်တဲ့အချိန် သူက အိမ်လာလည်တယ်၊ မာမီတို့က အိမ်ရှေ့မှာစကားပြော ဖို့ အချိန်ပေးထားတယ်၊ သူက ဘုရားကျောင်းတက်ဖို့ဆိုပီးလာခေါ်တယ်၊ ကျွန်မကလဲ မိဘ နဲ့အတူသွားနေကျဆိုတော့ သူနဲ့မသွားချင်ဘူး။ မာမီ က သွားလေ..ဆိုတော့ ကျွန်မ သူနဲ့ လိုက်သွားတယ်...  ဘုရားကျောင်းထဲဝင်ခါနီးကျတော့ စိတ်ထဲတစ်မျိုးဖြစ်နေတာနဲ့ သူ့ကို တောင်းပန်ပီး ကျွန်မမိဘတွေကိုစောင့်ပီး သူတို့နဲ့အတူလိုက်ဝင်သွားတယ်။ သူ့အမေက ကျွန်မ ကိုမှသဘောမကျတာ.. အတူဝင်သွားရင် အမုန်းမျက်စောင်းနဲ့ ဘုရားကျောင်းထဲမှာ သူများစိတ် အနှောက်ယှက်ဖြစ်အောင်မလုပ်ချင်ဘူးလေ။
ချစ်သူစဖြစ်တော့ အောက်တိုဘာ၊ ပြတ်သွားတာ အေပရယ်မှာ.. ၆လ။  ပြတ်တယ်ဆိုတာ ကိုယ့် စိတ်ထင်ပါ၊ ဘာလို့လဲဆိုတော့ သူနဲ့တစ်ခါမှ ပြန်မတွေ့တော့ဘူး၊ သူ အဲဒီ nurse အမျိုးသမီးကို လက်ထပ်ပီးတဲ့အထိဆိုပါတော့။ 

ဒီနေ့ ဘလော့တစ်ကာလျှောက်ရင်းနဲ့ ပီလောပီနံဥပြုပ်ထားတဲ့ပုံတွေ့တော့ သူ့အကြောင်းရေးဖို့ စိတ်ကူးရ သွားလို့ပါ။ ကျွန်မရဲ့အချစ်ဦးအကြောင်းပေါ့..  ဒါတောင်မကုန်သေးဘူး.. အများကြီးကျန် သေးတယ်။
ကူးချစ်သူကိုလဲခွင့်တောင်းပီးသားမို့ မျက်နှာစူပုပ်မနေလောက်ပါဘူး။း)

Comments

  1. အဆိုတော် ထွန်းအိန္ဒြာဗိုလ်ရဲ့ သီချင်းတောင် သတိရမိသေး.. မကူးရေ...... :D

    ReplyDelete
  2. ရည်းစားဦးလေး လာဖတ်သွားပါတယ်...

    ReplyDelete
  3. အရင်ချစ်သူအကြောင်းတော့ ဘာမှ မပြောတော့ပါဘူး
    ကူးရဲ့ အခုချစ်သူက သဘောထားကြီးလိုက်တာနော်။
    ဒီလိုချစ်သူရထားတာ ကူးကံကောင်းတာပေါ့။
    သ၀န်မတိုတတ်တဲ့သူက အတော်ရှားသားနော်။
    ပျော်ရွှင်ပါစေ ကူးရေ။

    ReplyDelete
  4. ကူးရဲ့ အခုချစ်သူက သဘောထားကြီးလိုက်တာနော်။
    ဒီလိုချစ်သူရထားတာ ကူးကံကောင်းတာပေါ့။

    I really agree above comment!
    You are so lucky kuu.

    Next time don't ask to vote non-sense question!
    He love u much!
    :)

    ndr

    ReplyDelete
  5. အဟား..အဲလိုရည်းစားဦးနဲ့ကြုံဖူးတာလဲ ပျော်စရာတမျိုးပေါ့အေ..

    ReplyDelete
  6. ဖတ်ရင်း ရယ်မိတယ်..


    စူးနွယ်လေး

    ReplyDelete
  7. ကူးရေ

    ရီရတယ်နော်.. ဟားဟားးးးးးးး ကျေးဇူး မျက်လုံးကို ကျယ်သွားတာဘဲ

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  8. ၂ခါတောင် ဖတ်သွားတယ် ကူး။

    ReplyDelete
  9. ရည်စားဦးတွေ ပြတ်ကြတယ် ဆိုတာ အများအားဖြင့်တော့ ယောက်ျားလေး ဘက် ကြောင့်ပဲ ဖြစ်တာ များတယ်နော်..
    ဒီတစ်ယောက်ကလည်း နောက်တော့ အမေပေးစားတဲ့ မိန်းမပဲ ယူသွားတာပဲ မဟုတ်လား..။

    ReplyDelete
  10. ဖတ်လို့ သိပ်ကောင်းတာပဲ။

    ReplyDelete
  11. အမှန်အတိုင်း ဝန်ခံကြမယ်ဆိုရင်၊
    တိုက်ဆိုင်မူတွေရှိတိုင်း အမှတ်တရရှိနေမိမှာပါ၊
    လက်ရှိတစ်ယောက်တော့ မသိပါစေနဲ့၊

    ReplyDelete
  12. ကူးရေ ဒါ ၂ခေါက်မြောက် လာဖတ်တာပါ :)

    ReplyDelete
  13. အနီရောင်ဝမ်းဆက်နဲ့အခန်းရယ် ကူးကူးကစက်ဘီးနဲ့ပြန်တင်နင်းရတဲ့အခန်းကို အူတက်သွားတယ်။
    စာရေးကောင်းလိုက်တဲ့ကူးကူး ။

    လက်ရှိချစ်သူကလည်း စိတ်သထားပြည်.လိုက်တာ ။ ကံကောင်းတယ် ။ မလိုအပ်ပဲစိတ်မရှုပ်ရတော့ဘူးပေါ့။

    ReplyDelete
  14. စက်ဘီးနင်းတဲ့အခန်းမှာ ရီလိုက်ရတာ..။
    အဲလိုတိုက်ဆိုင်တိုင်း သတိရတတ်ကြတယ်နော်..။

    ခင်မင်စွာ
    သဒ္ဓါ

    ReplyDelete
  15. ဒီတစ်ခါ ဆင်ဆာလွတ်သွားတယ်ပေါ့။ :)

    ReplyDelete
  16. ကူးကူးရေ ခုမှလာဖတ်မိတယ်။ တကယ့်အဖြစ်အပျက်တွေက စိတ်ကူးယဉ် ၀ထ္ထုတွေထက်တောင် စိတ်ဝင်စားဖို့ ကောင်းတယ်ဆိုတာ သိပ်မှန်တယ်။ စက်ဘီးစီးတဲ့ အခန်းရောက်တော့ ရယ်လိုက်ရတာ။ ကူးအချစ်ဦးက သနားစရာ ... ရိုးလိုက်တာ ...
    နောက်မှ တစ်ခေါက်ထပ်လာဖတ်ဦးမယ်... အဲလိုရေးတာလေးတွေ သိပ်ကြိုက်တယ်။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ