Skip to main content

ဈေးဆစ်ခြင်းပညာ

ကျွန်မငယ်ငယ်ကတည်းက ပထမဆုံးမာမီဝယ်ခိုင်းတဲ့ဟာက ဆီပါ။  ဆီတစ်ပုလင်းကို ၅၀၀ ကျပ်၊ ပိုက်ဆံ ၅၀၀ ပေးရင်ဆီတစ်ပုလင်းရတယ်။  ပိုက်ဆံပေးလိုက်ရုံဘဲ. မခက်ခဲ့ဘူး။
၁၀ တန်းအောင်တက္ကသိုလ်စတက်တော့ အဆောင်မှာနေတယ်၊ လိုတဲ့ပစ္စည်းတွေအကုန် မာမီက၀ယ်ပို့ ပေးတယ်၊ သူလဲ ၂ လနေတစ်ခါလာတယ်။ အဲတော့ မုန့်ဝယ်စားတာကလွဲ အသုံး ဆောင်တွေမ၀ယ်တတ် ခဲ့ဘူး။
နောက်ဆုံးနှစ်အရေးပေါ်လိုအပ်တာလေးတွေတော့ ဆိုင်မှာသွားဈေးမေးဝယ်လိုက်တာဘဲ။  သူငယ်ချင်းတွေဈေးဆစ်နေရင် သိပ်ရှက်တာဘဲ.. သူတို့နားကနေခွာခွာထွက်သွားခဲ့ဖူးတယ်။
ကျွန်မကတော့ လိုချင်တယ်ဆို ဈေးမေးတယ်၊ ကိုယ်မတတ်နိုင်ရင်မ၀ယ်ဘူး၊ ကိုယ်တတ်နိုင်တယ် ဆိုလဲ ဈေးမဆစ်တော့ဘဲ ၅ ကျပ် ၁၀ ပိုပေးရလဲဝယ်လိုက်တာဘဲ.
ဒါပေမယ့်အဲဒီအကျင့်ကလက်တွေ့မကျပါဘူး...  ကျောင်းပြီးတော့ ရန်ကုန်ကိုပြန်လာတယ်..  မာမီက ဗိုလ်ချုပ်ဈေးသစ်က အန်တီကြီးဆိုင်မှာ အမျိုးသမီးအသုံးဆောင်တွေ လိုက်လိုက်ဝယ် ပေးတယ်. သူ့နောက်လိုက် သူဈေးဆစ်နေရင် ကျွန်မမှာ ဆိုင်ရှင်ကိုအားနာနေတာ..မျက်နှာ ဘယ်နားထား ရမှန်းမသိအောင်ဘဲ။
အန်တီကြီးကလဲသဘောကောင်း... အနော..အနော..သမီးလေးခေါ်လာတာကိုး..ဖိုးမူ...ချစ်စရာ လေး အန်တီဈေးလျှော့ပေးမှာပေါ့ဆိုပီး (နဲနဲ) လျှော့ပေးတယ်.. မာမီက သဘောတွေကျလို့။ သွားတိုင်းကျွန်မကို ခေါ်ခေါ်သွားတယ်။ကျွန်မစဉ်းစားတယ်.. ဈေးရောင်းသူနဲ့ဝယ်သူ နဲနဲလေး တင်..နဲနဲလေး လျှော့ပေးရလိုက်မှ ပိုကျေနပ်ကြတာလား။
ဟင်းသီးဟင်းရွက်ဈေးရောက်တယ်.. ကြိုက်ရင်ဝယ်လိုက်တာဘဲ..ဈေးကြီးလွန်းရင်တော့ ပြန်လှည့် ထွက်ခဲ့ တယ်၊  ပထမဆုံးဈေးဝယ်ထွက်တုံးက အာလူးဈေးကြီးလို့ တစ်လုံးဘဲဝယ်ပြီး ဆားဈေးပေါလို့ ၂ ပိသာလောက်ဝယ်လာတယ်..  မာမီက စိတ်ပျက်လို့ ဘာမှပြောဘူး။
အဲလိုနဲ့ ကျွန်မဈေးဝယ်တိုင်းကမောက်ကမဖြစ်တယ်..  ဒါကြောင့် စူပါmarket ဘဲ သွားတယ်။ ပိုက်ဆံရှိလွန်းလို့မဟုတ် ဈေးမဆစ်ရဲ ဈေးဆစ်ရမှာအားနာတဲ့ မွေးရာပါရောဂါကြောင့်။
ဒီကိုရောက်တော့ ဈေးမဆစ်လို့မရတော့ဘူး၊ စစ်ကူခေါ်ရအောင် အိမ်က လူတွေတစ်ယောက်မှ မရှိ။ သူငယ်ချင်းဆိုတာလဲ အမြဲကိုယ်နဲ့လိုက်နိုင်တာမဟုတ်ဘူး။
ကံကောင်းချင်တော့ ကျွန်မသူငယ်ချင်းကလဲ ကျွန်မလို ဈေးဆစ်ရမှာကြောက်တဲ့သူဖြစ်နေတာ.
ဈေးအရမ်းတင်မှန်းသိတော့မဆစ်လဲမရဘူး..
တစ်ရက်သူက ဈေးသည်ကိုမေးတယ်..  "what is your last price?" တဲ့...  တစ်ခါတည်းတန်း မေးတော့ ဈေးသည်ကကြောင်ပြီး... ကျွန်မက အော်ရီတယ်...
ကျွန်မသိသွားပြီ.. လျှော့ပါ လျှော့ပါလို့ သနားစရာအသံနဲ့ပြောနေစရာမလိုသလို..
သင့်တင့်တဲ့ဈေးကိုလဲခန့်မှန်း ဈေးသည်ကိုပြောပြီး ဈေးဝယ်သူမလျှော့နိုင်လှည့်ထွက်ရဖို့လဲမလို..
သူလဲအဆင်ပြေ..ကိုယ့် အားနာတဲ့ရောဂါနဲ့လဲ အဆင်ပြေမယ့်.. နောက်ဆုံးဈေးတစ်ခါတည်း တန်းမေး တော့တာဘဲ...   လူတိုင်းက အဲလိုမေးခွန်းမေးလေ့မရှိလို့ အချို့ဈေးသည်တွေက ကြောင် တောင်တောင်ဖြစ်သွားသလို အချို့ ကလဲ နဲနဲစဉ်းစားပြီးမှ ရီပြီး.. ဈေးလျှော့ ပြောလာတယ်။
အခုလောလောဆယ်တော့ "what is your last price" နဲ့အဆင်ပြေနေပါကြောင်း...း))))
နောက်နဲနဲကြာရင်တော့ technique ပြောင်းရမယ်ထင်ပါ့။

Comments

  1. အစ်မကူးကူးနဲ့ ရို့စ်နဲ့ အတူတူပဲ။ ဈေးဆစ် ရမှာ အရမ်း ရှက်တယ်။ ပြီးတော့ ဈေးသည် ကိုလည်း မျက်နှာပူပြီး အားနာတယ်။ အရင် ရန်ကုန်မှာ နေတုန်း ကဆို အမေနဲ့ ဈေးသွားရင် အမေက ဈေးဆစ် ကိုယ်က အနောက်ကနေ အမေ့ကို ဆွဲစိတ်တယ်။ တိုးတိုး ပြောတယ် "အမေ တော်တော့ မဆစ်နဲ့တော့" ဆိုပြီး။ ရို့စ် တစ်ခါ တွေ့ဖူးတယ်။ အိမ်နီးချင်း အမျိုးသမီးကြီး တစ်ယောက်ဆို ဘယ်လောက်တောင် ဈေးဆစ် သလဲ ဆိုတော့ အိုးတိုက်ဖွဲပြာသည် ကိုတောင် ဈေးဆစ်တယ်။ ဒုက္ခ... မရှိလို့ ဖွဲပြာ ရောင်းနေတဲ့ သူကိုတော့ ဈေးမဆစ် သင့်ဘူး ထင်တာပဲ။ အခုတော့ ဒီနိုင်ငံ ရောက်တော့ အတော်ပဲ။ ဈေးက တစ်ခါတည်း ကပ်ထားပြီးသား။ ဆစ်စရာ မလိုဘူး။ ကြိုက်တယ်။ ခိခိး)

    http://redroseofburma.blogspot.com/

    ReplyDelete
  2. ဈေးဝယ်တဲ့ကျောက်March 9, 2011 at 10:50 AM

    ဈေးမေးမိလို့ ဘယ်လောက်ပေးချင်တာတုန်းဆိုပြီး ကိုယ့်ပြန်မေးခွန်းထုတ်ရင် မဝယ်တော့ဘူး..အတင်းဆစ်ပါဆစ်ပါ ..ရောင်းနိုင်ရင်ရောင်းမယ်ဆိုတဲ့ ဈေးသည်ကြ ၃ ပုံ တပုံလောက် ကို ဆစ်ကြည့်တာလဲ ရတာပဲ..ဒါပေမဲ့ ဈေးဝယ်ရတာ စိတ်ရှုတ်လို့ ဆူပါ မားကက်တွေမှာပဲ ဝယ်တယ် အလေးကမမှန်တာတွေကလဲ ဗမာပြည်မှာဈေးဝယ်ရတာ စိတ်ညစ်ဖို့ကောင်းတယ်..

    ReplyDelete
  3. ဆွေလေးမွန်March 9, 2011 at 11:10 AM

    ဆွေလေးကတော့ ဈေးဆစ်ချင်းမပြောနဲ့ ဈေးဝယ်ချင်းအတတ်ပညာတောင် ဒီရောက်မှ
    တတ်ပါတယ်။ကိုယ်မှ မ၀ယ်ရင်မရတော့ဘူးလေ။ ဒီတော့ ဈေးဆစ်တာတော့ နဲနဲ ဝေးသေး
    တယ်။

    ReplyDelete
  4. ကျမလည်းဈေးမဆစ်တတ်ဘူး။ အိန္ဒိယရောက်တော့ မဆစ်လို့ မရတာနဲ့ ဆစ်ရတော့တယ်။
    ဈေးဆစ်တဲ့အကြောင်းတွေးမိတော့ အိန္ဒိယမှာသိခဲ့ရတဲ့ အစ်မတို့ ကို သတိရမိပါတယ်။

    ReplyDelete
  5. အားတက်သွားပြီ.. ကိုယ့်လိုဈေးမဆစ်တတ်တဲ့သူတွေချည်းဘဲ...ဟီးဟီးးး

    ReplyDelete
  6. ကိုယ်ကတော့် ဘယ်လောက်အဆစ်တော်သလည်းဆိုယင် တောင်ကြီးမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့အမိုးတွေနား ၀ယ်တာ ညနေခင်းဆိုတော့ သူတို့က ကိုယ့်ကို မေ၇ာင်းယင် ပြန်သယ်သွားရမှာ ကိုယ်ကလည်းအဲဒီအချက်ကိုသိလို့ ဈေးဆစ်တယ်ပြီးတော့ အပိုကလည်းတောင်းတော့ အမိုးက လုပ်ပေးပါတယ် ဒါပေမဲ့ပြန်ခါနီးတခွန်းပဲပြောတယ် နောက်တခါ လာမ၀ယ်တော့နဲ့နော်တဲ့ :)

    ReplyDelete
  7. တို့ လည်းဘယ်တော့မှ မဆစ်ဘူး ..

    ReplyDelete
  8. ဟုတ်တယ် ..
    ဈေးဆစ်ရမှာ အားနာတယ် ..
    ဒါပေမယ့် တစ်ချို့တွေ ကျတော့
    အရမ်း ဈေးတင်တာပဲ ..
    အိမ်က မေကြီးနဲ့ ဈေးဝယ်ထွက်ရင်
    သူဆစ်တာ ကြည့်ပြီး လန့်နေတယ် ..
    ဒါပေမယ့် ရောင်းတဲ့သူကလည်း လျှော့ပေးလိုက်တာပဲ ..း)))

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  9. တောက်ပကြယ်စင်March 11, 2011 at 4:40 AM

    ဘုန်းဘုန်းလည်း ဈေးဆစ်ရမှာ အရမ်းအားနာတယ်၊ ရှက်လည်းရှက်တယ်။ အဲဒီလိုဖြစ်နေတာနဲ့ အလိမ်ခံရဖူးတယ်။ မတန်တဆဈေးနဲ့လေ။ ဆိုင်ကြီးတွေ၊ supermarket တွေတော့ အကြောင်းမဟုတ်ဘူး။ တစ်ချို့လမ်းဘေးဈေးသည်တွေမှာ အရမ်းဈေးတင်တာပဲ။ တစ်ချို့ပစ္စည်းတွေကျတော့ ဆိုင်ကြီးမှမဟုတ်ဘူး၊ လမ်းဘေးတွေ့ရင်လည်း ကြိုက်ရင်ဝယ်ပစ်လိုက်တာပဲ။ ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  10. ဟုတ်ပါ့နော်။ တခါတရံလဲ ဈေးဝယ်ရတာ မဆစ်မိယင် ဈေးကြီးမိတော့တာပါပဲ။
    ကိုယ်တွေက ယောက်ျားလေးမို့  ဈေးထဲသွားယင် အချဉ်ဆိုပြီး ပို အတွယ်ခံရပါတယ်။
    အလေးပြည့်မပြည့်လဲ မသိဘူး။ ဈေးတော်မှန်းမတော်မှန်းလဲမသိဘူး။
    လိုချင်တာတွေ့ ယင်ဝယ်လိုက်တော့တာပါပဲ။

    ReplyDelete
  11. အရည်မရ အဖတ်မရတွေရေးညပီး အချိန်တွေဖြုန်းနေတာနှမြောစရာ၊ ရေးမယ်ဆိုလည်း တန်ဖိုးရှိတာလေးတွေ ရေးစေချင်တယ် အမရယ်၊ ညီမကစေတနာနဲ့ ပြောတာပါ။

    ReplyDelete
  12. anonymous... ရေ..
    ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သတ္တိရှိရှိ နာမည် လိပ်စာလေးချန်ထားခဲ့ပါလား.
    ကောင်းစေချင်လို့ဝေဖန်တယ်ဆိုရင် အမည်မဖော်အချိန်ကုန်ခံရေးခဲ့တာထက်စာရင်
    ပိုမိုထိရောက်စေလိုတဲ့ဆန္ဒအမှန်နဲ့ ဘယ်သူဘယ်ဝှါဆိုတာလေးတော့ ရေးထားခဲ့ပေးပါရှင်။
    တစ်ကယ်တော့ ကျွန်မကြုံတွေ့ခဲ့တဲ့အကြောင်းတွေရေးထားတာပါ။ အရည်မရပါစေ အဖတ်မရပါစေ တစ်မင်တစ်ကာလုပ်ကြံရေးတာမဟုတ်ရပါဘူး။ စာဖတ်သူတွေ လာဖတ်မိလို့ အချိန်ကုန်သွားရင် ခွင့်လွှတ်ပါ။
    ကိုယ့်အတွေ့ကြုံလေးတွေ ကိုယ်ရေးမိလို့ အပြစ်ရှိတယ်လို့ critic judge လုပ်ရင်လဲ..ခံပါ့မယ်။

    ReplyDelete
  13. မြန်မာပြည်တုန်းက လှည်းတန်းဈေးမှာ သိပ်မ၀ယ်ချင်ဘူး.. တအားဆစ်ရတာ.. တစ်ခါက လှည်းတန်းဈေးမှာ ၄၅၀၀ ဆိုတဲ့ အကျီင်္ကို ၃၀၀၀ နဲ့ ဆစ်ပြီး ၀ယ်လာတာ နောက်မှ အဲဒီအကျီင်္မျိုးကို သိမ်ကြီးဈေးမှာ တစ်ထည် ငါးရာဆိုပြီး ချရောင်းနေတာတွေ့တော့ တော်တော်စိတ်ညစ်သွားတယ်.. ဒီမှာတော့ ဈေးဆစ်စရာ မလိုတော့ အဆင်ပြေတယ်..

    ReplyDelete
  14. ဟဟဟဟဟ....... ခုမှ သွေးတိုးရခြင်းရဲ့ အကြောင်းရင်းကို ဖော်ထုတ်နိုင်တော့တယ်.. အောင်မငေး ဒေါ်စန္ဒကူးရယ်... ဆား ၂ ပိဿာတောင် ၀ယ်ခဲ့တာကိုးးးးးးးးးးးးးး :P :P :P :P :P

    ReplyDelete
  15. ဂျီးဒေါ်ရေ..အဲ့ဒီပုံက ဂျီးဒေါ်ရဲ့ပုံလား..ရှေ့မှာရှိနေတဲ့ အကြော်စုံတွေ စာချင်လိုက်တာဆိုတာ..နဲနဲလောက်ပိုဆွဲခဲ့ပါလား..ငုံးဥကြော်များများလေး..ရှလွတ်...

    ReplyDelete
  16. နောက်တစ်ခါပွဲဈေးသွားရင် တစ်ဗန်းလုံးမခဲ့မယ်.. စိတ်ချ

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ