Skip to main content

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။
နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း)))
တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း))
သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်..
ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ...
ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ပေါင်နဲ့လည်း ကောင်းတယ်လို့ ညီမ၀မ်းကွဲလေးက ပြောပြပါတယ်။
  • ပိန်းစွယ်ကို အရင်းဖြတ်ပြီး ငရုတ်ကျည်ပွေးလေးနဲ့ နဲနဲပြားအောင်ထုပြီး ဖြတ်
  • ဒယ်အိုးထဲကို ရေနဲနဲထည့်ပြီးနူးအောင်အရည်တည်ပါ၊  ဆားနဲနဲထည့်ပါ။
  • ပိန်းစွယ်လေးတွေနဲနဲနွမ်းလာရင်တော့ ကင်ပွန်းချဉ်ရွက်ကိုပါထည့်၊ ရေထပ်ထည့်ပါ။
  • နှစ်မျိုးလုံးနူးအိလာရင်တော့ ကြက်သွန်နီ နိုင်နိုင်ပါးပါးလှီးထည့်ပါ။
  • ကြက်သွန်ဖြူ လဲ ၂ မွှာလောက်ထောင်းထည့်ပါ။
  • ငပိစိမ်းစား (သို့) ငါးငံပြာရည်နဲနဲထည့်ပါ။ ဆက်မွှေပါ
  • ကြက်သားခဲ ထည့်ပါ (အချိုမှုန့်အစားသုံးတာပါ၊ အချိုမှုန့်ကြိုက်သူများ အချိုမှုန့်သုံးနိုင်ပါကြောင်း)
  • အားလုံးနူးအိအောင် မွှေပြီးရင်တော့ နနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးစိမ်း နဲ့ ဆီကို နောက်ဆုံးမှ ထည့်ပါ။ 
  • ဆီထည့်ပြီးချက်ချင်းမမွှေပါနဲ့အုံး.. ဆီစိမ်းနံ့ရတတ်လို့ပါ.. ဟင်းအိုး ဆူလာမှ ဆက်မွှေပါ..
ပြီးရင်တော့ အပေါ့ငံမြည်းပြီး ချလို့ရပါပြီ။
ဒါကတော့ အင်မတန်အရသာရှိတဲ့ ချဉ်စပ် ပိန်းစွယ်ဟင်း တစ်ခွက်ပါ။


ကဲပိန်းစွယ်ဟင်းခါး အတွက်တော့
  • ကြက်သွန်ဖြူ ၄မွှာ
  • ငပိစိမ်းစား 
  • ကြက်သားခဲ 
  • ငရုတ်ကောင်းမှုန့်
  • ရှောက်ရွက် အနဲငယ်..
  • ပိန်းစွယ်ကို အရင်းဖြတ်ပြီး ငရုတ်ကျည်ပွေးလေးနဲ့ နဲနဲပြားအောင်ထုပြီး ဖြတ်ထားပါ။ 
  • ရေနွေးပွက်ပွက်ဆူရင် ကြက်သွန်ဖြူကို ညက်ညက်ထောင်းပြီးထည့်။
  • ငပိစိမ်းစားလေးနဲနဲထည့်၊ ကြက်သားခဲလေးထည့်၊ ဆားထည့်
  • ဖြတ်ထားတဲ့ ပိန်းစွယ်လေးတွေထည့်...  နဲနဲဆူအောင်ထပ်တည်။
  • ငရုတ်ကောင်းမှုန့် နိုင်နိုင်ထည့်ပြီးရင်တော့ ရှောက်ရွက်လေးနဲနဲ ဖြတ်ထည့်လိုက်ပါ. 
ကောင်းမှကောင်း ..း)
ပိန်းစွယ် /ပိတ်စွယ်

Comments

  1. ကောင်းမှကောင်းရှယ်ကောင်း ပဲဗျို့.....
    ချဉ်ချဉ်စပ်စပ်လေး....စိတ်ကူးနဲ့ပဲမြည်းသွားတယ်.....

    ReplyDelete
  2. အဲဒါမစားဖူးသေးဘူး
    တို့သိတဲ့ ပိတ်စွယ်ကတော့တမျိုး...အဖြူရောင်လေး..ဟင်းခါးချက်ရင်သုံးတာ

    စူးနွယ်လေး

    ReplyDelete
  3. တစ်မျိုးလေးပါလား နော် အဲဒီပိန်းစွယ်ကို မမြင်ဖူးသေးဘူး စားလဲမစားဖူးဘူး
    စားကောင်းမဲ့ပုံလေးဘဲ ချဉ်ချဉ်စပ်စပ်ဆိုတော့ ပိုတောင်ကြိုက်သေး

    ReplyDelete
  4. အစ်မကူးကူးဆီလာရင် အဲ့ဒီလို ကိုယ် မစားဖူး၊ မမြင်ဖူးတာလေးတွေ တွေ့ရလို့ ပျော်တယ်း) ပိန်းစွယ်ကို ဓာတ်ပုံနဲ့ပါ တင်ထားတော့ ဗပာုသုတလည်း ရသွားတယ်။ ပိတ်စွယ်ကို မြန်မာပြည်မှာ တုန်းကလည်း မစားဖူးဘူး။ အခုဆို ပိုဆိုးပြီ။ မြည်းချင်လိုက်တာ။ အသီးအရွက်ဆို အကုန် ကြိုက်တယ်။

    ReplyDelete
  5. မမကူးရေ.. နာမည်ဖတ်ရုံနဲ့တင် စားချင်လာပြီ.. ချက်စားဦးမယ်.. ကျေးဇူး မမ..

    ReplyDelete
  6. ကူးကူးရေလင့်ယူသွားတယ်နော်
    ချဉ်စပ် ပိန်းစွယ်ဟင်းလေးက စားချင်စရာလေး
    မစားဖူးဘူး၊စားကြည့်ချင်တယ်။

    ReplyDelete
  7. အာရှသားဖြစ်ရတာ ကံကောင်းလှပေါ့ အစ်မကူးရေ.. စုံနေအောင်စားရတယ်ဗျ... ကျနော်တို့ တော့ အကြိုက်ပဲပေါ့..... :)

    ...အလင်းစက်များ

    ReplyDelete
  8. အစ်မရေ အလည်ရောက်ပါတယ်..
    ပိန်းစွယ် ချက်လေးစားချင်တာ...
    ရာဇာ(ကျေးလက်သားလေး)

    ReplyDelete
  9. အစ်မရေ ညီမတို.ကရခိုင်လူမျိုးတွေဆိုတော.ပိန်စွယ်ဟင်းကိုပိုလို.တောင်ကြိုက်ပါတယ်ဒါပေမဲ.ချက်နည်းကတော.မတူဘူးနော်........comment ရေးထားတဲ.လူတော်တော်များများပိန်းစွယ်ကိုသိပ်မသိကြသလိုပဲနော်...ပိန်းစွယ်ဆိုတာမိုးတွင်းရောက်ရင်လမ်းတွေမှာအလေ့ကျပေါက်ရောက်နေတဲ.ရိုးရိုးပိန်းပင်ကနေထွက်လာတဲ.အစွယ်တွေကိုပိန်းစွယ်လို.ခေါ်တာပါ....ပိန်းစွယ်တွေကိုသေချာမလုပ်ရင်တော.ချက်စားတဲ.အခါယားတတ်ပါတယ်......မန်းကျည်းပြုတ်ရည်နဲ.တစ်ရေလောက်ပြုတ်ရင်ပိုကောင်းပါတယ်...

    ReplyDelete
  10. ကူးကူးလှိုင်April 17, 2012 at 2:35 AM

    တို့အရပ်မှာတော့ ပိတ်စွယ်လို့ခေါ်ပါတယ် အရမ်းလဲစားလို့ကောင်းပါတယ်...

    ReplyDelete
  11. ဇင်လေးရေ..ရခိုင်ပိတ်စွယ်ချက်နည်းလေးလဲ ဝေမျှခဲ့ပါအုံးနော်..

    ReplyDelete
  12. အပေါ်က မဇင်လေးပြောသလိုပဲ အိမ်မှာက ရခိုင်လိုပဲ ပိန်းစွယ်ကိုချက်တယ်..သဗြုသီးနဲ့ ပိန်းစွယ်ချက်လေးပါ..အရမ်းကြိုက်တဲ့ ဟင်းတခွက်ပေါ့..ပိန်းစွယ်က ချွဲချွဲလေးလေ..ပိန်းပင်က ထွက်တဲ့ အစွယ်လေးတွေပါ.မချက်တတ်ရင်ယားတယ်ဆိုတာဟုတ်တယ်..ပိတ်စွယ်နဲ့ ပိန်းစွယ်က မတူသလိုပဲ..ညီမတို့သိတဲ့ ပိတ်စွယ်က မှိုချောင်းလေးတွေနဲ့ဆင်တယ်..ရေနံချောင်းက ညီမလေးတယောက် အပြန်လက်ဆောင်ပေးလို့စားဖူးတာပါ..ထင်တာက ကြာဇံချက်မှာထည့်ချက်တဲ့ အဖြူရောင် အချောင်းလေးတွေလေ အဲ့ဒါနဲ့ ဆင်သလိုပဲ.. မှားတာရှိရင်ခွင့်လွှတ်ပါနော်..

    ReplyDelete
  13. Hi there! Quick question that's completely off topic. Do you know how to make your site mobile friendly? My weblog looks weird when viewing from my iphone 4. I'm trying to find a template or plugin
    that might be able to resolve this problem. If you have
    any recommendations, please share. Thank you!


    My website ... ford ranger

    ReplyDelete
  14. Simply desire to say your article is as astounding.
    The clearness in your post is just cool and i could suppose you're knowledgeable in this subject. Well with your permission let me to clutch your feed to keep up to date with forthcoming post. Thank you one million and please keep up the rewarding work.

    My weblog :: Mfsp.Cmc.Msu.Ru

    ReplyDelete
  15. Wow, incredible weblog layout! How lengthy have you been running a blog for?
    you made running a blog look easy. The entire look of
    your site is great, as well as the content!

    My site - social media training courses

    ReplyDelete
  16. I go to see each day some web pages and information sites to read articles, however this web site gives
    feature based writing.

    Look at my web page: small business web hosting companies

    ReplyDelete
  17. Hi there! I just wanted to ask if you ever have any
    trouble with hackers? My last blog (wordpress) was hacked and I
    ended up losing several weeks of hard work due to no backup.
    Do you have any methods to protect against hackers?


    Here is my webpage: dryer repair Valrico

    ReplyDelete
  18. You actually make it appear really easy with your
    presentation but I to find this topic to be really something that I think I
    would by no means understand. It sort of feels too complex and very large for me.
    I'm having a look forward in your next publish, I will try to get the hold of it!

    my web site ... Appliance Repair Clearwater

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ