Skip to main content

ပဲပင်ပေါက် ဖောက်ရအောင်


 

အလွယ်ဆုံးနဲ့အဟာရလဲရှိ၊ အရသာလဲ ပြည့်စုံတဲ့ ပဲပင်ပေါက်ကို ကိုယ်တိုင်ဖောက်ကြည့် ရအောင်။
ဈေးမှာ ပဲပင်ပေါက်ဝယ်စားသိပ်လွယ်တာပေါ့။ ဈေးလဲပေါတယ်။ တစ်ထုပ်တစ်ထုပ်ဆိုအကြီးကြီးဘဲ...  ပဲစေ့လေးတွေကနေဖောက်တဲ့ပဲပင်ပေါက်ကို သူတို့ဘယ်လိုများလုပ်ကြသလဲ သွားကြည့်ဖူးသလား..
ဈေးက ပဲပင်ပေါက်အသည်တွေ သန့်/မသန့် မသိတဲ့ရေတွေ အကြိမ်ကြိမ် လောင်းပေး  တစ်ရက်နှစ်ရက်ဆိုအပင်လေးတွေပေါက်လာပြီ..အဲဒါကို ပလတ်စတစ်အိတ်အကြည် လေးတွေထဲထည့်ပြီး ရောင်းကြတယ်။  ကိုယ်စားဖို့ဝယ်ပြီးရင်လဲ ရေဆေးပစ်တာမို့ ဘယ်လိုလုပ်သလဲဆိုတာကအရေးသိပ်မကြီးဘူးမဟုတ်လား။
ကဲ..ဒါပေမယ့် ပဲပင်ပေါက်ကို ရေနွေးဖျောစား၊ အစိမ်း သတ်သတ် ငပိချက်နဲ့ တို့စရာ အဖြစ်စားစား၊ အသုပ်ထဲမှာဘဲသုပ်စားစား.. လတ်လတ်ဆတ်ဆတ် ကိုယ်တိုင် ဖောက် တဲ့ပဲပင်ပေါက်က ပိုပြီးအရသာရှိသလို.. ဆီနဲနဲလေးနဲ့ ကြော်စားရင်အရသာလေးက တစ်မူထူးနေတာ လုပ်ဖူးတဲ့သူတွေသိမှာပါနော်...
ပဲပင်ပေါက်ကို မကြာခဏစားပေးခြင်းကလဲခန္တာကိုယ်မှာဘက်တီးရီးယားပိုးကြောင့်ဖြစ် တတ်တဲ့ ဆိုးကျိုးတွေကာကွယ်ပေးတယ်။
အရမ်းလဲလွယ်တဲ့နည်းလမ်းလေးပေမယ့် မသိသူတွေရှိခဲ့သော်၊ စိတ်ဝင်စားသူများရှိခဲ့ သော် ပဲပင်ပေါက်ကိုယ်တိုင်ဖောက်လို့ရအောင် တင်ပေးလိုက်ပါတယ်။
ပဲစေ့လေးတွေ(mung beans)လက်တစ်ဆုပ်လောက်ကို အပေါက်ပါတဲ့ပလတ်စတစ် အိုးလေးထဲကိုထည့်ပါ။  (ကျွန်မက ပန်းစိုက်တဲ့အိုးလေးသုံးပါတယ်။ အောက်မှာ အပေါက်သေးသေး လေး (၃) ပေါက်လောက်ပါတယ်)..
ပြီးရင်တော့ ရေလောင်းချပါ....  တစ်ရက်ကို ၃-၄ ခါ သတိရတိုင်းရေလောင်းပေးပါ။
အဖုံးလေးရှိရင်အုပ်ထားပါ.. မရှိလဲရပါတယ်.. ၂-၃ ရက်ဆို ပဲပင်ပေါက်လေးတွေရှည်လာ ပါပြီ...  အဆင်သင့်ချက်စားစား၊ အစိမ်းစားစား...
အရမ်းကိုအရသာရှိပါတယ်...
အချို့ကလဲ ပ၀ါပါးလေးအုပ်ရေဆွတ်ပြီးလုပ်ကြပါတယ်။
ကျွန်မတော့အခုတစ်လော အစိမ်းစားတတ်တဲ့အကျင့်ကို ကျင့်နေတယ်..
မုန်လာရွက် အစိမ်း၊ ကန်းဇွန်းအစိမ်း၊ ပဲပင်ပေါက်၊ ရုံးပတေသီး၊ တမာရွက်.. အကုန်နီး ပါးအစိမ်းစားတယ်.. တစ်ခုတော့ရှိတာပေါ့..ခြံထွက် မှ..ဒါမှမဟုတ် organic ဆိုရင် အစိမ်းစားတတ်တဲ့ အကျင့်ကျင့်ပေး တာကောင်း ပါတယ်။
ဟင်းသီးဟင်းရွက်တွေအစိမ်းစားတော့မယ်ဆိုရင် ဆားနဲ့အရင်စိမ်ထားပေးဖို့မမေ့ ပါနဲ့နော်။  တစ်ခါတစ်လေ ပိုးကောင်ဥတွေတွယ်နေတာ ကိုယ်မမြင်ရဘူးလေ။

Comments

  1. ရေနွေးနဲ့စိမ်ရင်ပိုမကောင်းလာ.း. ပိုးများသေမလားလို့။

    ReplyDelete
  2. http://phutarmite.blogspot.com/2011/05/blog-post_06.html

    ကူးကူးရဲ့ တာလပေါဟင်း ဓါတ်ပုံတွေ့လိုက်လို့ လာပြတာ. . (ဖျက်ချင်ရင်ဖျက်လိုက်ပါ အီမေလ်ပို့မလို့ အီးမလ်ရှာမတွေ့လို့.)

ုkhinoomay77@gmail.com

    ReplyDelete
  3. ပဲပင်လေးတွေတက်လာရင် ပျော်ရတယ်နော်။

    ReplyDelete
  4. မခင်ဦးမေရဲ့ စာဖတ်စွမ်းအားကိုတော့ တကယ်ချီးကျူးမိတယ်
    ပဲပင်ပေါက်ကို နွမ်းအောင် မကြော်ဘဲ မကျက်တကျက်ကြော်တာကြိုက်တာ
    သုပ်စားတာကြိုက်တယ် အစိမ်းကျတော့ အနံ့ရတယ်ထင်မိတယ် စားရခက်သလားလို့

    ReplyDelete
  5. ပဲစေ့လေးတွေ ရှိတာ အတော်ပဲဗျာ... လက်တည့်စမ်းကြည့်အုံးမယ်... အညာမှတော့ ပဲစေ့ကို ရေနွေးဖျောပြီး သဲထဲမှာ ထည့်အပင်ဖောက်တာ ပဲမြင်ဖူးတယ်။ အစ်မပြောသလိုလေးဆိုရင်တော့ လွယ်တာပဲနော်။ ကျေးဇူးပါအစ်မ လက်တည့်စမ်းကြည့်အုံးမယ်။ ပဲပင်ပေါက်ကိုတော့ အတော်ကြိုက်....

    ReplyDelete
  6. ပဲပင်ပေါက် ဖောက်နည်းလေး အတွက် ကျေးဇူး အစ်မကူးကူး။ စမ်းလုပ်ကြည့်လိုက်မယ်။ ပဲပင်ပေါက် ကြိုက်တယ်။

    ReplyDelete
  7. မမခင်ဦးမေ... လင့်ခ် အတွက်ကျေးဇူး.. ကူးကူး email.. mayllay@gmail.com
    Rose, ရွှေညာသားလေး..ချောနဲ့ မမရှင်လေး.. စိတ်ဝင်စားရင် စမ်းကြည့်ပါနော်..
    ကူးလဲ အခုမှသိရတာအရင်ကအရမ်းခက်မယ်ထင်နေတာ....
    အခြားပဲစေ့တွေလဲဖောက်လို့ရတယ်ပြောတယ်.. စမ်းကြည့်ပြီးရင် တင်ပေးမယ်နော်...
    အခုလောလောဆယ် ပဲပုပ်အစိုလုပ်ကြည့်နေတယ်.. ပျက်တာ ၄ ခါရှိပီ..မအောင်မြင်သေးလို့..း))

    ReplyDelete
  8. ကူးရေ..အသံမကြားလို့ နေမှကောင်းရဲ့ လားဘို့ တွေးနေမိတာ။
    အိမ်မှာတုန်းကဖေါက်ဖူးတယ်။ ပျော်စရာကောင်းတယ်။ အိမ်မှာလုပ်တုန်းကအခွံလေးတွေဆေးရတာတော့နဲနဲအချိန်ပေးရသလိုဘဲ။

    ReplyDelete
  9. iora.. ဟုတ်တယ်..အခုတစ်လော အလုပ်များနေတာရော.. ကိုယ့်ကိစ္စမဟုတ်တာရော ရှုပ်နေတာနဲ့...
    အခွံလေးတွေက ရေ နှစ်ခါလောက်ဆေးရင် ကျွတ်သွားတယ်..
    သူ့အလိုလိုလေ.. တစ်ခုနှစ်ခုလောက်ဘဲကျန်တယ်... အဲဒါလဲစားရင် ဘေးမဖြစ်ပါဘူး။ ပိုတောင်ကောင်းသေးတယ်.. ဗီတာမင်အပြည့်ဘဲလေ..

    ReplyDelete
  10. ပဲပင်ပေါက် ဖောက်ချင်နေတာနဲ့အတော်ပဲ ။ ကျေးဇူးနော် ကူးကူးရေ။ ပဲပုတ်လဲစိတ်ဝင်စားတယ်

    ReplyDelete
  11. ဖောက်ကြည့်ဦးမယ်။ လက်တစ်ဆုတ်စာဆို တော်တော်ရတာကလား။ အဲဒီပဲအစိမ်းလေးတွေတော့ တွေ့တွေ့နေတာ။ ဒီမှာ ပဲပင်ပေါက်လဲ ဈေးကြီးသဗျ။

    ReplyDelete
  12. အမရေ ညီမ ပဲပုပ်အစို စမ်းတာ အဆင်ပြေတယ်။ ပဲကို တညလောက်ရေစိမ်တယ်။ နောက်နေ့ မနက်ရောက်တော့ ရေစစ်။ အိုးတလုံးထဲမှာ နူးနေအောင်ပြုတ်။ ပဲနူးသွားတော့ စကာကုံးထဲမှာ ငှက်ပျောရွက်ခင်း ပဲပြုတ်ထားတာထည့် အုပ်ထားပြီး အပေါ်က ပုလင်းနဲ့ ဖိထားလိုက်တယ်။ ၃၊၄ ရက်ကြာတော့ ပဲကပုတ်နေပြီ အချွဲလေးတွေ ကပ်နေပြီလေ။ အဲဒီတော့မှ ခရမ်းချဉ်သီးနဲ့ချက် နံနံပင်လေးအုပ် အရမ်းကောင်းတာပဲ။

    ReplyDelete
  13. I've mung beans and will try it.Thanks for sharing.
    Gyidaw

    ReplyDelete
  14. I've done it successfully Kuu Kuu.Thanks.
    GD

    ReplyDelete
  15.ုကျော်လင်းJuly 17, 2011 at 10:10 AM

    ဟိုင်း.. မကူး ... ဒီဆိုဒ်လေးကိုတွေ့ လို့ ဖတ်ပြီးပြီးချင်းပဲ.. တွေ့ ရာ ပလတ်စတစ်ပုံး တစ်ခုကို အပေါက်ဖောက်ပြီး ညတွင်းချင်းပဲ လက်တည့်စမ်းလိုက်တာ ၃ ၊ ၄ ရက်နေတော့အကောင်အထည်တော့ပေါ်ပါတယ်... ဒါပေမယ့် မကူး တင်ထားတဲ့ ဓာတ်ပုံထဲကလိုတော့ မရဘူးဗျာ.. ထွက်လာတဲ့ ပဲပင်ပေါက်လေးတွေက သေးသေးလေးတွေ.. ဘယ်လိုလုပ်ရမလဲဆိုတာ အကြံဥာဏ်ပေးပါဦး...

    ReplyDelete
  16. ကျော်လင်း..ရေ

    ရေမှန်မှန်လေးလောင်းပေးရဲ့လား.. အခွင့်သာရင်သာသလိုရေပုံမှန်လောင်း ပေးနော်။
    ပဲစေ့တွေလဲ အများကြီးမထည့်နဲ့အုံး... များရင်ကြပ်ပီးတော့ ပိစိလေးတွေဘဲ ထွက်လာမှာ..

    ReplyDelete
  17. ကျော်လင်းJuly 20, 2011 at 12:33 AM

    မကူးရေ.... ရေလဲ မှန်မှန်လောင်းပါတယ်.. ပဲစေ့လေးတွေကိုလဲ ကျပ်နေအောင်မထဲ့ပါဘူး.. ပထမ တစ်ခေါက် က အဖုံးမပိတ်ပဲစမ်းကြည့်တာ..ခု ဒုတိယ တစ်ခေါက်ကို အဖုံးပိတ်ပြီး စမ်းကြည့်တော့ ပဲပင်ပေါက်လေးတွေက ရှည်တော့ရှည်လာပါရဲ့ ..ဒါပေမယ့် ပင်စည်က မရှည်ပဲ အမြစ်က ပင်စည်ထက်ပိုရှည်လာလို့ အဆင်မပြေပြန်ဘူး.. ခဏခဏ နားပူနားဆာ လုပ်မိတဲ့ အတွက် ဆောရီးပါ မကူးရေ..

    ReplyDelete
  18. ကျနော်တို့ ဆီမှာ ပဲပင်ပေါက်မရှိတော့ ခုလောက်ထိ အသဲအသန် မေးနေရတာကို စိတ်မဆိုးပါနဲ့ နှော...

    ReplyDelete
  19. ဟီးဟီး... ရပါတယ်..
    ဘယ်လိုအကြံပြန်ပေးရမှန်းမသိဘူး.... အမြစ်လဲစားနော်.. အဲဒါ အဟာရအပြည့်ရှိတယ်.. အပင်ထက်စာရင်..
    အ၀တ်စိုလေးနဲ့အုပ်ကြည့်ပါလား..

    ReplyDelete
  20. ကျော်လင်းAugust 16, 2011 at 6:11 PM

    မကူး ရေ.. ခုထိပဲပင်ပေါက် ကို မမုန်းနိုင်အောင် ဖောက်ပြီးစားနေတုန်းပဲ... ပဲပင်ပေါက်ဖောက်တိုင်း မကူး ကို အရမ်းသတိရတယ်ဗျ... :)

    ReplyDelete
  21. ဟုတ်ကဲ့ပါ မောင်လေးကျော်လင်း.. အဆင်ပြေတယ်ဆိုရင်ဝမ်းသာပါတယ်..
    ပဲစေ့လေးတွေကို ရေနဲ့ တစ်ရက်လောက်စိမ်ပြီးဖောက်ရင် ပဲပင်ပေါက်လေး တွေ ပိုတုတ်လာတယ်..

    ReplyDelete
  22. ကျော်လင်းSeptember 11, 2011 at 2:17 AM

    ဟုတ်ကဲ့...မကူးရေ..ကျေးဇူးပါဗျာ..

    ReplyDelete
  23. Greetings! Quick question that's totally off topic. Do you know how to make your site mobile friendly? My site looks weird when viewing from my iphone4. I'm trying to find a template or plugin that might be able to correct this problem.
    If you have any suggestions, please share. Cheers!

    Here is my web-site ... ford ranger

    ReplyDelete
  24. Fabulous, what a weblog it is! This webpage gives helpful data to us,
    keep it up.

    Also visit my homepage :: Ranger Forum

    ReplyDelete
  25. Thanks million Sandakuu ... Can't wait to see my sprouts coming out..

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ