Pages

Tuesday, July 5, 2011

ဘန်ကောက်ဈေးတန်း လိုက်ခဲ့နော် (၁)

အရင်တစ်ပတ်က ဘန်ကောက်ရောက်တော့ စာရာဘူရီprovinceဘက်က ညီမလေးရှိ တဲ့ကျောင်းကိုသွားလည်တယ်။  ညနေပိုင်းမှာ ဆိုင်ကယ်လေးစီးပြီး ရွှေ့ပြောင်းဈေး တန်းလေးရှိတဲ့နေရာရောက်သွားတယ်။ ဟင်းသီးဟင်းရွက်တွေစုံနေတာ သိပ်ကို ပျော် ဖို့ကောင်းတယ်။  အများကြီးဝယ်၊ ဈေးလဲပေါ...  အသားကုန်ချက်စားပစ်လိုက်တယ်။
ဒီဈေးတန်းလေးက မျက်စိတစ်ဆုံးဘဲ၊ စုံနေအောင်လဲ ပစ္စည်းတွေပေါတယ်၊ ဟင်းသီး ဟင်းရွက်၊ ချက်ပြုပ်ပြီး အဆင်သင့်စားစရာတွေကအစ၊ ဟင်းရွက်ပြုပ်တို့စရာတွေ လဲ ပါတယ်။ အ၀တ်စား အသုံးဆောင်တွေနဲ့ ဖိနပ်တွေလဲ အစုံပါဘဲ။
ကျွန်မအတွက်စိတ်ဝင်စားဆုံးအရာတွေကတော့ ဟင်းသီးဟင်းရွက်နေဘဲ။  ကိုယ်နေ တဲ့နေရာမှာ မရနိုင်တဲ့အရာတွေတစ်ပုံတစ်ပင်တွေ့ရတော့... ထုံးစံအတိုင်းဓာတ်ပုံရိုက် ပါတယ်။ 
ကြာစိ (ကြာစေ့)
ပဲတောင့်ရှည်၊ ဗူးသီး၊ ကင်းမွန်သီး၊ baby corn၊ ဆူးပုပ်ရွက်

ဒါကတော့ငါးချဉ်ကြော်ပါ၊  စားလို့အရမ်းကောင်းတယ်၊
ဓနိသီး  (ဓနိရည်ရောင်းတယ်)
 ကန်ဇွန်းရိုးနီ  (ချဉ်ဟင်းချက်လိုက်ရရင်တော့ရှယ်)
ဝါးပိုးမျှစ်  (တွေလဲပုံနေတာဘဲ)
ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ စပါဂတီ (သူတို့စတိုင်)
ကြက်ဥ ကင်  (ကောင်းမှကောင်း၊ ဘယ်လိုကင်လဲတော့မသိ)

ဆူးပုပ် (၀ယ်လာခဲ့တယ်သိလား)
ဂျူးဖူး (ညီမလေးတစ်ယောက်လာပြောပြသွားတာ၊ ပါးပါးလှီးကြက်ဥလေးနဲ့ကြော်စားသိပ်ချိုတယ်)
တမာပွင့် 
 ပုရစ်ကြော်၊ နံကောင်ကြော်၊ ပိုးကောင်ကြော်
စိမ်းပြာခရု
ငရုတ်သီး၊ ခရမ်းကြွပ်သီး အစုံ
ငါး (ဘာငါးမှန်းမသိ) ငါးပုန်နားမဟုတ်တာသေချာတယ်။
ရှမ်းနံနံ၊ ဂျင်းတက်၊ ပဒဲကော၊ သံပုရာ၊ ပဲခရမ်းပွင့်၊ တုမ့်ယမ် ချက်တဲ့အစာပလာအစုံ

မပြီးသေးပါဘူးရှင်၊  ဆက်တင်ပါဦးမည်။း))

12 Comments:

Anonymous said...

မပြီးသေးဘူးဆိုလို့ ပျော်ပါသည်။ ဆက်ရန်မျှော်နေပါသည်။
အိုင်အိုရာ

Anonymous said...

အဲ့လိုဈေးတန်းလေးမျိုးဆို သိပ်သဘောကျ ဆက်ရန်ကို စောင့်နေမယ်

ပိုးပိုးရဲ့  ပေါက်ကရများစွာ

Anonymous said...

ကူးကူးရိုက်တဲ့ပုံတွေက အမြဲတမ်း စိတ်ဝင်စားစရာကောင်းတယ်
အသီးအရွက်ပုံတွေ ဈေးတန်းပုံတွေ အမြဲတမ်းကြည့်တယ်
အစားအသောက်ပုံတွေကိုလည်း အမြဲတမ်းအားပေးလျက်

Anonymous said...

အစ်မ
အဲဒါ ကြက်သွန်မြိတ်မဟုတ်ဘူး ဂျူးဖူး အမှတ်တမဲ့ကြည့်ရင်သာတူတာ
ခင်မင်လျက်
ဆာဝါဒီ

Anonymous said...

ဟားးးးးးဘန်ကောက်ဈေးနောက် ကောက်ကောက်ကိုပါရောဗျာ ဈေးခြင်းတောင်း မနိုင်တော့ဘူး ကူးကူးရေ....

ခင်မင်တဲ့
seesein

ဘိုမ said...

ဆူးပုတ်နဲ့ဂျူးဖူးကတော့ရှယ်ပဲ။ ဂျူးဖူးနဲ့ငါးပိကောင်နဲ့ကြော်စားရင်လိုက်တယ်၊
အကွက်ကွက်နဲ့ငါးက ငါးမြွေထိုးထင်တယ်၊ ငါးမြွေထိုးခြောက်လည်းရှိတယ်လေ။

rose said...

အဲ့လို ဈေးတန်းမျိုး သွားချင်လိုက်တာ။ ကြာခွက် မစားရတာ တော်တော်ကြာပေါ့။ ဓနိသီး ဆိုတာတော့ အစ်မကူးကူး ပုံတင်မှပဲ မြင်ဖူးတယ်တော့။ မကြားဖူးဘူး။ ဆူးပုပ်ရွက်တွေ အများကြီး ၀ယ်လာတာလား။ နည်းနည်း လှမ်းပို့ပေးနော် ခိခိး)။ ပဲခရမ်းပွင့် ဆိုတာလေးက ပန်းပွင့်လေးနော်။ ဘယ်လို လုပ်စားရတာလဲ မသိဘူး။ အောက်ဆုံးပုံက အဒေါ်ကြီးက အစ်မကူးကူး ဓာတ်ပုံ ရိုက်နေတာ သိလို့ ထင်တယ် လက်သည်းနီ အနီရောင်လေး ဆိုးထားတဲ့ သူ့လက်ကို သေချာ အလှလေး တင်ထားတယ် ခိခိး)

မေသိမ့်သိမ့် ကျော် said...

ငါးက ငါးမြွှေထိုးနဲ့တူတယ်။ ဂျူးဖူးလေး ကြော်စားချင်လိုက်တာ။ ဆူးပုတ်နဲ့ ပဲကြီးနဲ့ချက်ချက်၊ ဘဲဥနဲ့ ကြော်ကြော် စားချင်စရာလေးနော်။ စိမ်းစိုလတ်ဆတ်နေတာပဲ။ ကန်စွန်းရိုးနီလေးတွေလည်းတော်တော်လတ်ဆတ်တယ်။ အင်း သွားမိရင် တစ်ဈေးလုံး ဝယ်မိမယ်...း)

ခင်မင်လေးစားလျက်

Shinlay said...

ပုံ့တွေကတကယ့်ကိုကောင်းပါတယ်။ ကျေးဇူးတင်လျှက်

Vista said...

စုံလိုက်တာ ကူးရေ ကန်စွန်းရိုးနီ စားချင်တယ်

lwin maung said...

i miss bangkok, want to be there and buy vagies. i can't buy those so easy here.

Anonymous said...

It's going to be end of mine day, but before finish I am reading this enormous article to improve my knowledge.

my web blog: www.keibaguide.net

Post a Comment

ကူးကူးရေ...

 
Powered by Blogger