Skip to main content

စပျစ်ခြံ (muak Lek) နှင့် ဟိုနားဒီနား

 
ဘန်ကောက်ရောက်တော့ ညသန်းခေါင်နားနီးနေပြီ။  လေယဉ်ပေါ်မှာလဲ ငြိမ်ငြိမ် မအိပ်နိုင်တဲ့ကျွန်မကို အတူသွားတဲ့သူငယ်ချင်းက ပွစိပွစိလုပ်နေတယ်။  လေယဉ်စီးတိုင် ငြိမ်ငြိမ်မထိုင်တတ်၊ အိပ်ပျော်ရင်လဲ ငြိမ်ငြိမ်မအိပ်တတ်တဲ့ ကျွန်မ အတွက် လေယဉ်စီးတိုင်းစိတ်ညစ်ရတာ အခါခါဘဲ။ အကျင့်သားမဖြစ်သွားသလို ဖြစ်နေကျ ခိုးလိုခုလုလဲ ပျောက်မသွားဘူး။  

လေယဉ်ကွင်းမှာညီမလေးလာကြိုတယ်၊ ဒီတစ်ခေါက်တော့ သူအလုပ်လုပ်နေတဲ့ ကျောင်းကိုလိုက်သွားတယ်၊ ကားပေါ်မှာထပ်အိပ်ပျော်ပြန်တယ်.. ၂ နာရီလောက်ဆက် မောင်းရသေးတယ်။  ကျောင်းထဲရောက်မှ ကျကျနနကို အိပ်တော့ တာ။  နောက်နေ့မနက်ပိုင်းတော့ ကျောင်းဝင်းတစ်ပတ် ဓာတ်ပုံလိုက်ရိုက်ရင်း ကျောင်း သူလေးတွေ အဖြူအပြာလေးတွေနဲ့ ချစ်စရာလေးတွေ၊ လူမျိုးစုံ၊ နိုင်ငံစုံက ကျောင်း သား တွေ ပုံစံစုံပါဘဲ။  မြန်မာကျောင်းသားလေးနဲနဲတွေ့တယ်။
တက္ကသိုလ်အဆင့်ဆိုတော့ ကျောင်းသားအတွဲလေးတွေလဲ ခြံဝန်းထဲမှာ တွဲသွား တွဲ လာတွေ့ရတယ်။  နေ့လည်အိပ်ပြန်ခဏနားပြီး ၁ နာရီလောက်မှထမင်းစားဖို့ထွက်ခဲ့ တယ်။ ညီမလေးရယ် သူငယ်ချင်းရယ်.. ကျွန်မရယ်.. ကျွန်မသူငယ်ချင်းရယ်.. ဆိုင် ကယ် (၂) စီးနဲ့.... ပထမဆုံးထမင်းဆိုင်မှာ တုံယမ်းနဲ့ ကြက်သားကြော်နဲ့ ရှယ်ဝါး တာပေါ့.. ကောင်းလိုက်တဲ့ တုံယမ်း....ဒါကြောင့်တုံမ်ယမ် စားချင်ရင် ထိုင်းမှာဘဲ စား ဆိုတာ သိပ်မှန်တယ်..  အရင့်အရင်တွေတုန်းက တစ်ကူးတစ်က ဆိုင်မှာ သွားစားဖို့ အချိန်မရှိခဲ့ဘူး။ ဒီတစ်ခါတော့ အေးဆေးလေးကို ကြိုက်တာ တစ်ခုပြီးတစ်ခု သူများ ကျွေးတိုင်းလိုက်စားတယ်ဆိုပါတော့...
ဒါကတော့ ပန်းသံပုရာ..  အပင်ပိစိလေးနဲ့အသီးတွေပြွတ်နေတာအားရစရာ..
စားပြီးပြန်အထွက်လာ..လမ်းမပေါ်မှာ ပန်းခင်းကြီးတွေ့ပါရော.. တောင်တွေ နောက်ခံ နဲ့ ကုလားပန်း ခေါ်မလား..  အဲဒီပန်းခင်းကြီးက သိပ်ဆွဲဆောင်တယ်...


သူငယ်ချင်းက မိန်းကလေးတွေထက် ပန်းခင်းတွေ့တာသူပိုပျော်ပုံရတယ်။။။း)
 ပြန်အထွက်လာမှာတော့ ခွေး(၃)ကောင်က အနောက်ကလိုက်လာတယ်။ ဒီလောက် ကျယ်တဲ့ပန်းခင်းအစောင့်မရှိလို့ အံ့သြနေတာ.. နောက်ဆုံးမှ အစောင့်တွေက တစ်ကောင်ပြီးတစ်ကောင်ထွက်လာတာကိုး..း)
 စပျစ်ခြံနဲ့ ရေတံခွန်တွေဆီသွားတဲ့လမ်းမပေါ်က  အပန်းဖြေ ဂေါက်ကွင်းတစ်ခုပါ၊ အခုမှ မြေသားတွေပြုပြင်နေတာပါ.. မြက်ခင်းတွေလဲ အလိပ်နဲ့ဖြေချပြီး လိုက်စိုက်နေ တုန်း.. ကျွန်မက နောက်နှစ်ပြန်လာရင်တော့ ဓာတ်ပုံရိုက်ဖို့ နေရာကောင်းတစ်ခု ဖြစ် မှာ ဘဲဆိုပြီးဝင်ကြည့်ခဲ့တယ်။
 ဘာအကင်မှန်းမသိ..၀က်..လား ကြက်လား.. အဲလိုဆိုင်လေးတွေ လမ်းမပေါ်မှာ များကြီးဘဲ..
 စပျစ်ခြံထဲရောက်တော့ စပျစ်ပင်တွေစိုက်ထားတာစိတ်ဝင်တစ်စားလိုက်ကြည့်မိတယ် အစေ့လွတ် ချိုမြနေတဲ့ စပျစ်သီးတွေ တစ်ကီလိုမှ ဘတ် ၁၀၀ ဘဲ။ ကျွန်မတို့ဆီမှာဆို တစ်ကီလိုကို ဒေါ်လာ ၁၀ လောက်ပေးရတယ်.. စပျစ်ပင်အခြောက်တွေဘာကြောင့် များ မခုတ်သလဲလို့ အနီးကပ်သွားကြည့်တော့ အချို့အပင်က ဖူးနုသစ်အရွက်နုလေး တွေ ထွက်နေတာ။ တစ်ခါစိုက်ပြီးထားပေရော့ဘဲ.. စပျစ်သီးပုံတွေ အမုန်းတင်လိုက် တယ်။ များကြီးဘဲ..wallpaper လုပ်လိုသူများယူကြကုန်...    ဟီးဟီး 


သစ်တိုသီးတွေလဲ အကြီးးး ကြီး တွေ။ ရောင်းမလားလို့မေးတာ မရောင်းဘူးတဲ့။ သူ့ ခယ်မ စားချင်လို့ သူ့ညီက တစ်ကူးတစ်က ရှာလာတာဆိုဘဲ။ ကျွန်မတို့ဆီက သစ်တိုသီး ကို ပြန်မြင်ယောင်မိတော့ မစွမ်းမသန် အသီးတွေလို့ခံစားရတယ်။
အပုမျိုးတွေတော်တော်အလုပ်ဖြစ်တယ်။ အပင်ပုလေးနဲ့သီးတာတွေဘဲ စိုက်ကြတာ များတယ်။  (ကိုယ်အရပ်ရှည်တာတောင် အားငယ်လာတယ်.. :P)
အပင်ကြီးမှာပွင့်တဲ့ဆွယ်တော်ပန်းလိုမျိုးပါ..ဒါပေမယ့် အရမ်းလှလို့ ဓာတ်ပုံရိုက်လာခဲ့ တယ်။ ခေါင်ရမ်းလိုအလယ်မှာ ၀တ်လွှာတံနဲ့..
လည်ပတ်လို့ဝတော့ ဒူးရင်းသီး နဲ့ မင်းကွတ်သီး တွေတစ်ပုံတစ်ပင်ဝယ်ပြီးတော့ ရေတံ ခွန်နားမှာသွားစားဖို့ဆက်ထွက်ခဲ့တယ်။
ဒူးရင်းသီးကအပြင်သာရုပ်ဆိုးတာနော်.. အထဲခွဲကြည့် တစ်မွှာဆိုတစ်မွှာ အီစိမ့်နေတာ ဘဲ။ ဒါကြောင့်ယိုးဒယား ဒူးရင်းသီးနာမည်ကြီးတာ..း)

Comments

  1. ခရစ္စတလ်July 28, 2011 at 4:55 AM

    အစ်မ လေဆိပ်ကနေ နှစ်နာရီလောက် မောင်းရတယ်ဆိုတော့ ဘယ်မြို့ကို သွားရတာလဲ ဟင်
    ရှုခင်းလေးတွေ လှတော့ သိချင်လို့ပါ :)

    ReplyDelete
  2. ပုံတွေကြည့်ပြီး သရေယိုသွားတယ် ကူးကူးရေ။ စပျစ်ခြံကလဲ လှလိုက်တာနော်

    ReplyDelete
  3. ညီမ ကူးကူးရေ

    တပုဒ် ထဲနဲ့ အမကြီးကို အသက်ထွက်အောင်လုပ်လိုက်တာလား စားချင်စရာ လည်ချင်စရာ

    အောက်ဆုံးက တမွှာဆို တမွှာလေး ကို စားလိုက်ရရင် ကို မဆိုးပါဘူး

    အမရွှေစင်

    ReplyDelete
  4. ကူးကူးရေ စပျစ်သီးကို တွေ့တော့ ဟိုး.....................ငယ်ငယ်က ဘုန်းဘုန်းတို့အိမ်ခြံထဲမှာ ရှိတဲ့ စပျစ်သီးကို ပြန်မြင်ယောင်မိတယ်။ တစ်ပင်ထဲရှိတာပါ။ ကူးကူးလည်ခဲ့တဲ့နေရာတွေက အရမ်းလည်ချင်စရာ ကောင်းတယ်နော်။ ဒူးသီးရင်းကလည်း အသားတာမည်းတာ အသည်းတော့ဖြူတယ်ဆိုတာမျိုးပေါ့နော်။ ခွေးတွေတွေ့တော့ ပြေးကြရောလား။ဘယ်လိုလုပ်ကြလည်း။ မျက်နှာကို လေးပုံတစ်ပုံပဲ ရိုက်ထားတယ်။ အဲဒါ ထိုင်းသူလေးလား...ဟင်။ ကျန်းမာပျော်ရွှင် ကူးကူးရေ...

    ReplyDelete
  5. စပျစ်သီးတွေက သီးနေတာ အားရစရာကြီးပဲ။

    ReplyDelete
  6. စပျစ်သီး .. မင်းဂွတ်သီး၊ ဒူးရင်းသီးး
    အို .. အဲ့လို ခြံထဲသွားပြီး စားချင်လိုက်တာ ..း))

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  7. မကူး..... တုံယမ် အရောင်က တစ်မျိုးပဲ.... အတော်များများက အနီနဲ့  အုန်းနို့ ထည့်ကြတော့ အဖြုရောင်စွက်တယ်ဗျ။ ဒါလည်း စတိုင် တစ်မျိုးနေမှာပေါ့။

    စပျစ်သီး၊ မင်းဂွတ်သီး..... အဲ ဒူးရင်းသီးတော့ စားလေ့ မရှိလို့  မသိဘူး။ သူတို့  (ထိုင်းတွေ) ပြောပြတာတော့ ဒူးရင်းသီးက King of fruit တဲ့ အပူဓါတ်ဆောင်တယ်...။ မင်းဂွတ်သီးက Quine Of Fruit တဲ့ဗျ... အအေးဓါတ်ဆောင်သတဲ့လေ.... တစ်ခုစားတာ များလို့  မအီမလည်ဖြစ်တဲ့ အခါ နောက်တစ်မျိုးကို စားပေးရတယ်တဲ့ဗျားးးးးးးးးးး။ ကဲ...... ၂ မျိုးလုံးသာ တွဲစားလိုက်ကြပါတော့လို့ ........

    ReplyDelete
  8. ခရစ္စတလ် - Saraburi , Muak Lek ဘက်မှာ ညီမ...

    Evy - ဟုတ်တယ်.. စပျစ်ခြံက အကျယ်ကြီး သိပ်လှတာ.. အသီးလေးတွေနဲ့တွေ့ရတော့ ပိုပျော်တယ်သိလား..

    အမရွှေစင်- ဥလေးလား... တစ်မွှာ ပို့ပေးမယ်နော်သိလား...း))

    တောက်ပကြယ်စင် - ဟုတ်ပါ့.. ဒူးရင်းသီးလိုလူတွေလဲရှိမှာ.. အမြင်မှာတော့မတင့်တယ်..အထဲမှာ တော့ အနှစ်ချည်းဘဲဆိုတာ..
    မျက်နှာက လေးပုံတစ်ပုံ... ဟီးးးးးး ပုံပြခွင့်ရ၀ူးတဲ့...
    ထိုင်းသူတော့မဟုတ်.. မြန်မမလေးစစ်စစ်ပါ.. မြန်မာပြည်က တိုင်းရင်းသားနှစ်မျိုးနဲ့ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံက လူမျိုး ၂ မျိုးနဲ့ လေးမျိုးစပ်.. ကကတစ်.. ဟူးးးးးး

    မြစ်ကျိုးအင်း -- ဟုတ်တယ်.. အတုံးအတစ်လိုက်ဘဲ..

    ဆောင်းနှင်းရွက် -- မလေးမှာ..ပန်ဂိုးisland ရောက်တုန်းကလေ ဒူးရင်သီးကြွေတာထိုင်စောင့်ပီးဝယ်စားဖူးတယ်.. သိပ်အရသာရှိတာ.. ပင်မှည့်..း))

    အလင်းစက်များ-- တုံမ်ယမ် အကြည်မောင်လေးရဲ့... အုန်းနို့ထည့်တာ အမမကြိုက်လို့.. ဒူးရင်းသီးနဲ့ မင်းဂွတ်သီး အမြဲတွဲစား ဖြစ်တယ်..း)

    ReplyDelete
  9. အစ်မ၊ အသိမရှိရင်ရော၊ သွားရတာအဆင်ပြေလား? ကားငှါးတာတို့လေ။ အစ်မ ရေးထားတာဖတ်ပြီး စိတ်ဝင်စားလို့။

    ReplyDelete
  10. နဖူးလေးတော့ မြင်ဖူးသွားတယ်း)))

    ReplyDelete
  11. ကူးကူးရဲ့ ရှူခင်းပုံလေးတွေ လှလိုက်တာ။ အဲလို တောရွာ၊ယာခင်းလေးတွေ လျှောက်လည်ချင်တယ်။
    အပေါ်က ငါးကင်ကတော့ စပျစ်သီးထက်ပိုကြိုက်။း)

    ReplyDelete
  12. အကြိုက်ဆုံးတွေချည့်ပါလားကွယ်။
    နဖူးလေး၊မျက်လုံးလေး နဲ့ အသားလေးကလည်း စပျစ်သီးတွေနဲ့ အလှချင်းပြိုင်နေသလိုပါလား။
    အို်င်အိုရာ

    ReplyDelete
  13. မြတ်ကြည် -- ညီမ အသိမရှိရင်တော့ သိပ်အဆင်မပြေဘူး.. ဘယ်နိုင်ငံ ရောက်ရောက်လေ.. မြေခံ ရေခံ လေးအသိတစ်ယောက်လောက် ရှိမှပိုအဆင်ပြေတာ..
    အိမ့်ချမ်းမြေ့ -- မမ ကူးကူးနှဖူး မဟုတ်.. ဟီးးဟီးး.. ညီမလေး အဲဒါ..

    T T Sweet-- ရှုခင်းလေးတွေသိပ်လှတယ်.. ငါးကလဲကောင်းမှကောင်း.. ဖြစ်နိုင်ရင် ပါဆယ်တောင်ပို့ပေးချင်သေးတီဆွိ.. အော်ဇီက ဝေးတယ်.. ဟီးဟီးး

    အို်င်အိုရာ.. အဲဒါညီမလေးပုံ... ဟီးး... နဖူးကျယ်လို့တဲ့ ဆံပင်အရှေ့ချထားတာ..

    ReplyDelete
  14. ပုံတွေမျှဝေပေးလို့ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  15. မိုက်တယ် သွားအုံးမှာဘဲ ဘန်ကောက်မှာသာနေတာ ဘယ်မှမရောက်

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ