Pages

Sunday, July 10, 2011

ကြက်ဥသုပ်

ကြက်ဥသုပ်လေးလုပ်စားဖို့အတွက် ကြက်ဥကိုကျက်အောင်ပြုပ်၊ ပါးပါးလှီး။
ကြက်သွန်နီလေးတွေပကိုပါးပါးလှီး၊ ပုဇွန်ခြောက်မှုန့်လေးတွေဆီသတ် (မရှိလဲ ငါးခြောက်မှုန့်လေးပေါ့)
သံပုရာသီးလေးရယ်၊ ဆားလေးနဲနဲရယ်...   လွယ်မြန်စားကောင်းတဲ့ ကြက်ဥသုပ်လေးရပီး...
နံနံပင်နဲ့ ခရမ်းချဉ်သီးမရှိလို့ မုန်ညှင်းပွင့်လေးတွေထည့်သုပ်လိုက်တယ်... ကောင်းမှကောင်း...း))
ကြက်ဥပြုပ်ကစိမ့်တယ်လေ၊ ပုဇွန်ခြောက်မှုန့်ကြော်လေးတွေကကြွပ်ကြွပ်နဲ့ ကြက်သွန်စိမ်းအနံ့လေးရယ်၊ အချဉ်လေးရယ် ပေါင်းမှတော့မကောင်းဘဲနေရော့လားနော်။ 

(ဒီနေ့မနက် ဘာစားရမှန်းမသိပျင်းနေတုံး... ဖုန်းလာတော့ ဘာချက်စားလဲစပ်စုရင်းရလာတဲ့ receipe လေးပါ။ မျက်စောင်းထိုးမနေနဲ့နော်.. credit ကြီးကြီး ပေးတယ်.. ဟီးးးးးးး)

13 Comments:

Shinlay said...

ကောင်းသားပဲ။ လုပ်စားအုံးမယ်။

khin oo may said...

တို့ဟင်းမချက်ဘူး ထမင်းအိုးတည်ရင်းကြက်ဥထည့်ထားပြီးပြီ. အဲသာဆိုရင် ကြက်သွန်နီလှီးပြီးသုပ်လိုက်မယ် သံပရာသီးမရှိဘူး. ခရးမ်ချဉ်သီးရှိတယ်။ ပုဇွန်ခြောက်မှု့န်မရှီဘူး အကောင်ရှိတယ်။

SHWE ZIN U said...

မကြာမကြာ စားဖြစ်တယ် ကူးကူး လိုတော့ မကောင်းဘူး ထပ်ထည့်ပြီး သုပ်စားကြည့်မယ်

Iora said...

ကြက်သွန်စိမ်းနဲ့ ဆီစိမ်းနဲ့ ဘဲသုပ်စားဖူးတယ်။
မွှေးနေမယ်နဲ့ တူတယ်။
အိုင်အိုရာ

မိုးချိုသင်း said...

ကြက်ဥသုတ်ဆိုလို့ အပြေးလာခဲ့ပြီ ညီမရေ..
ပုဇွန်ခြောက် ထည့်သုတ်တာ မသိဘူး။ ကြက်သွန်စိမ်းနဲ့ပဲ သုတ်ဖူးတာ။ ပုံလေးကို မြင်တာနဲ့ ကောင်းမှကောင်း။ ။

မိုးငွေ့...... said...

ကြက်ဥကို တစ်နေ့တစ်လုံးစားသင့်တယ်တဲ့...။ မစားဖြစ်တာကြာပြီ...။ ကြက်ဥအကျက်ပြုတ်ကို အလုံးလိုက် ရှမ်းခေါက်ဆွဲအရည်ဖျော်ထဲထည့်စားရတာသိပ်ကြိုက်တယ်...။

ခင်တဲ့
မိုးငွေ့

rose of sharon said...

ကြက်ဥပြုတ်ပြီးသားရေခဲသေတ္တာထဲမှာရှိတယ်..အတော်ဘဲ ...လုပ်စားမယ်...

အိမ့်ချမ်းမြေ့ said...

မလေး လာစားသွားတယ်း))

...အလင်းစက်များ said...

ဟင်း....... သုပ်လဲ သုပ်မပေးဘူး.... ကိုယ့်ဖာသာနယ်စားရမှာလား.. ပျင်းထှာ မကူးရာ

စန္ဒကူး said...

အလိုလို... ဒီလောက်အဆင်သင့်ကို မွှေပီးစားဖို့ပျင်းသေးတယ်.. ဟားဟား......

Angelhlaing(May everybody be happy and healthy! said...

စားချင်စရာလေး ပြင်ဆင်ပုံလေးနဲ့တင် သရေကျနေပြီ မမ ကျွေးနော် :)

Sandakuu said...

စားပါရှင်..

Anonymous said...

I almost never leave a response, but after looking at a few of the responses here "ကြက်ဥသုပ်".
I actually do have 2 questions for you if it's allright. Could it be simply me or do some of these comments look like they are left by brain dead people? :-P And, if you are posting at additional places, I'd like to follow you.
Could you make a list of the complete urls of all your public
sites like your linkedin profile, Facebook page or twitter feed?


My blog post - ford ranger forum

Post a Comment

ကူးကူးရေ...

 
Powered by Blogger