Skip to main content

Mont Tremblant သွားလည်ရအောင်

ကနေဒါ၊ Quebec ပြည်နယ်မှာရှိတဲ့အရမ်းလှတဲ့ Mont Tremblant ကိုခေါ်သွားပါအုံးမယ်။
ဒီဘက်ပြည်နယ်မှာတော့ ပြင်သစ်စကားမတတ်ရင်မေးမြန်ပီးသွားရတာ  အဆင်သိပ်မပြေဘူး။  Tom Tom နဲ့ ဆိုရင်တော့ သိပ်စိတ်ပူဖို့မလိုဘူးပေါ့။မှတ်မှတ်ရရ..အဲဒီနေ့က thousand islands.. ကနေပတ်ပြီးသွားဖြစ်တယ်။ 
လမ်းတစ်လျှောက်မှာ အရောင်စုံတဲ့ သဘာဝသစ်ပင်တွေရယ်။ စပျစ်ခြံတွေရယ်.. ၀ိုင်လုပ်တဲ့ အသေးစားလုပ်ငန်းလေးတွေရယ်..  အရမ်းကိုသာယာ လွန်းတယ်..
 
တောင်ပေါ်စ မတက်ခင်မှာတော့ အပန်းဖြေလူနေအိမ်တိုက်ခန်းတွေရယ်၊ ဟိုတယ်တွေရယ်၊ စားသောက်ဆိုင်တွေရယ်.. စင်တင်တေးဂီတဖျော်ဖြေနေတာတွေ...   သီချင်းဆိုတဲ့သူက ဆို... အောက်မှာ က နေတဲ့သူက က...အပူပင်ကင်းမဲ့ပြီး အေးအေးချမ်းချမ်းပျော်ရွှင်နေကြလိုက်တာ.. ရောက်ဖူးတဲ့ နေရာ တွေ ထဲမှာ ဒီနိုင်ငံကို သဘောအကျဆုံးဖြစ်သွားတယ်။ (ဆောင်းမ၀င်သေးလို့ လဲဖြစ်မယ်) ...
 
တောင်ထိပ်ထိရောက်အောင် မှန်လုံ cable car နဲ့ တောင်ထိပ်အထိရောက်အောင် တက်တဲ့တစ်လမ်းရယ်။


တောင်အောက်ခြေမြို့လေး တစ်လျှောက် အခမဲ့ ကြိုးရထားလေးတွေစီးပြီး ပတ်ပတ်လည်ဆောက် ထားတဲ့ အပန်း ဖြေစခန်းနဲ့ ကစားကွင်းတွေ၊ လူနေတိုက်ခန်းတွေ ဆိုင်ခန်းတွေကို အပေါ်စီးကနေလည်းကြည့်လို့ရပါသေးတယ်။

တောင်တစ်ဝက် လောက်အထိကို အမိုးအကာလွတ် ကြိုး ရထားလေးနဲ့ တက်ပြီးမှ ..  လက်တွန်း ဆိုင်ကယ်လိုမျိုးလေးနဲ့ တောင်ပတ်လမ်းတစ်လျှောက် စီးပြီး အောက်ကိုပြန်ဆင်းလာတာရယ်။  
 
 
တောင်ထိပ်ထိရောက်အောင်လမ်းလျှောက်တက်တဲ့သူတွေလည်းရှိတယ်... 
နှင်းကျတဲ့အချိန်တွေဆို  နှင်းလျှောစီးဖို့အကောင်းဆုံးနေရာ တစ်ခုပေါ့။ 
ဒါကတော့ တောင်ထိပ်က နေ အောက်ဖက်ကိုမြင်ရတဲ့ မြင်ကွင်းတစ်နေရာမှာပေါ့။

 ဘာလို့ ခွေးလေးတွေလိုက်ရိုက်လာလဲဆိုတော့... လူတော်တော်များများ ခွေးတစ်ကောင်ဆီ ဆွဲပြီး လမ်းလျှောက် လာတာတွေ့လို့ပါ..  ဒီနိုင်ငံမှာ ခွေးတော်တော်ချစ်သလား...အထီးကျန်လို့ဘဲ ခွေးမွေးကြ သလား တော့ ကျွန်မသေချာမသိဘူး.. ကျွန်မလဲ ခွေးဆို အရမ်းချစ်... လမ်းမှာ လူတွေခွေးလေးတွေ ကြိုးနဲ့ဆွဲလာတိုင်းအရောင်စုံ..ပုံစံစုံနဲ့ချစ်စရာကောင်းလွန်းတဲ့ ခွေးလေးတွေကိုငမ်းတာ ခေါင်းတစ်ခု
လုံးချာလပတ်ရမ်းနေတာဘဲ..း)





-----------------၊-------------------
ရေးချင်တာတွေကတော့ အများကြီးဘဲ... အဲဒီတောင်ပေါ်မှာတောင်ထိုင်စဉ်းစားခဲ့သေးတယ်.. အခုတော့ ဘယ်ရောက်သွားလဲမသိ.. ပြန်စဉ်းစားလို့မရတော့ဘူး.. ..း)

Comments

  1. In 1987 on 1st August,I went trip around thousand islands and fort Henary.I enjoyed the whole day. At 10 o'clock that night,it started my labour pain and i delievered my 1st son next day.Wonderful! your post recall my memory back.What about St. Joseph in Montreal.
    Gyidaw

    ReplyDelete
  2. မကူးတော့ သိပ်ပျော်နေခဲ့မှာပဲ။ ဖြောင့်ဖြူးညီညာတဲ့ လမ်းကလေး နဲ့  ဘေးက အ၀ါရောင် အရွက် ရှုခင်းတွေကြား ကားမောင်းချင်စရာလေ။

    ဓါတ်ပုံတွေ သိပ်လှတယ် မမကူး။

    ReplyDelete
  3. ကူး..
    ရှဲလို့ ကျေးဇူးပါ။ ခရီးသွားရတာသဘောကျတော့ ဒါမျိုးတွေဆို သိပ်သဘောကျပါတယ်။
    ကြုံလို့ ...ဂျီးဒေါ်..မှတ်မှတ်ရရသားဦးလေးပေါ့နော်..း)

    ReplyDelete
  4. ရှုခင်းတွေ လှတယ်။ တို့လဲ ဒီမှာ တစ်ရက်လောက် country ဖက် လျှောက်သွားချင်သေးတယ်။ ကျေးလက်ရှုခင်းကို ကြည့်ပြီး လေကို တ၀ကြီး ရှူချင်တယ်။

    ReplyDelete
  5.ွGyidaw... Montreal, Toronto, Ottawa & Vancouver trip post i'm still arranging pics..
    ကြောင်ဖြူများရှင်.. နာမည်တွေ့တာတင်သဘောကျသွားပီ.. ညီမလေး လား... မောင်လေးလား..
ှုIora & T Sweet.. မြို့ပြထဲက ထွက်ခဲ့ပါလေ...း)) မြို့ထဲမှာ ဓာတ်ပုံရိုက် ရင် တိုက်တွေဘဲရှိလို့ အပြင်ထွက်ပီး တစ်ကူးတစ်က ရိုက်ပါတယ်။ ပုံ..း))) ဟီးဟီးးးး

    ReplyDelete
  6. O.K.....Kuu,I'm waiting for all series.I had been those places except Vancouver.Sweet memory of my honey moon country:)Take your time...sis.Btw....i often make beansprout in your way.Tks
    Gyidaw

    ReplyDelete
  7. အဲဒီနေရာလေးကို သွားချင်လိုက်တာဟယ်
    စိတ်လဲချမ်းသာဖို့ကောင်းတယ်
    ပုံတွေအားလုံး အရမ်းလှပါတယ်
    ချစ်ချစ်ခင်ခင် jasmine

    ReplyDelete
  8. ကနေဒါ Quebec ပြည်နယ်မှာရှိတဲ့ Mont Tremblant ကိုအလည်ပို့ပေးတဲ့အတွက် ကျေးဇူးပါ စန္ဒကူးရေ။ သာယာကြည်နူးဖွယ်ရာ နေရာလေးတွေပဲနော်။
    တီတင့် စပျစ်သီးဝိုင် မက်မန်းသီးဝိုင် စမ်းလုပ်ဖူးတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. လှလိုက်တာ လှလိုက်တာ
    ကောင်းကင်ကြီးက ပြာလဲ့နေပြီး
    သစ်ရွက်တွေက နီရွှေရောင်
    အိုး တအားကဗျာဆန်တာဘဲ
    သဘောကျတယ်.. နေချင်တယ်..
    ရှုခင်းတွေကြည့်ရတာနဲ့တင်စိတ်ချမ်းသာနေရောဘဲ
    စပျစ်သီးပင်တွေစိုက်ပြီးသာ နေလိုက်ချင်တော့တယ်
    သာယာလွန်းလို့

    ReplyDelete
  10. ပုံလေးတွေ အရမ်းလှတာပဲ
    ကြည့်ခွင့်ရလို့ ကျေးဇူးပါ

    ReplyDelete
  11. ဘ၀မှာ အဲ့လို ကားမောင်းပြီးကိုယ်မရောက်ဖူးသေးတဲ့ နေရာတွေကိုသွားချင်တာ တအားပါပဲ ...

    နိုင်ငံတချို့ရောက်ဖူးပေမယ့် ကိုယ်တိုင်ကားမောင်းလို့ လျှောက်မသွားဖူးပါဘူး ...
    မြန်မာနိုင်ငံထဲမှာပဲသွားဖူးပါတယ် ...
    ခရီးသွားလာရင်းဓါတ်ပုံရိုက်တာလဲ တအားကိုဝါသနာပါ ...
    ခုအသက်အရွယ်အထိကတော့ မင်းကွန်းက ပုထိုးတော်ကြီး အပေါ်ကိုတက်ရတဲ့အရသာကို အကြိုက်ဆုံးပါ ...
    အပေါ်ကနေဆို ဧရာဝတီမြစ်ကြီုးကိုကြည့်ပြီး လေတိုက်ခံရတဲ့အရသာကတော့ တော်တော်ကိုသဘောကျတာပါ ..

    မစန္ဒကူးအနေနဲ့နောက်များမှာ ဓါတ်ပုံဒီ့ထက်ပိုထင်ပေးပါလို့ တောင်းဆိုပါတယ် ...
    ကျွန်တော်က ဓါတ်ပုံဆိုကြိုက်တတ်လို့ပါ ...
    အဲ့လိုနိုင်ငံတွေကိုတော့ သွားချင်ပေမယ့် ... လောလောဆယ်တော့ မဖြစ်နိုင်သေးလို့ပါ ...
    အားပေးလျှက် ... အားပေးသူတစ်ဦး ...

    ReplyDelete
  12. ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်ရှင်..
    ကျွန်မလဲရှုခင်းလေးတွေဓာတ်ပုံရိုက်ရတာသိပ်ဝါသနာပါပါတယ်..
    နောက်လဲပုံတွေဆက်တင်အုံးမှာပါ..
    စာအရေးသားမကောင်းတာတော့ နားလည်ပေးကြပါ။

    ReplyDelete
  13. ရှုခင်းလေးတွေလှလိုက်တာ... နေပျော်မဲ့နေရာလေးဘဲ

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ