Skip to main content

Posts

ခရစ္စမတ်အငွေ့သက်များ

ဒီလိုချိန်ရောက်ပြီိဆိုရင်Mall တိုင်းကခရစ္စမတ်ပစ္စည်းတွေရောင်းတဲ့နေရာမှာလူတွေဝိုင်း အုံနေကြပီ။ ဒီချိန်ရောက်ပီဆို ခရစ်ယာန်သာမကအခြားဘာသာဝင်တွေလဲအိမ်မှအလှ ဆင်ဖို့ဖြစ်ဖြစ်၊ ပါတီပွဲကျင်းပဖို့ဖြစ်ဖြစ်ပြင်ဆင်နေကြတာကိုတွေ့ရတယ်။ ကျွန်မလဲရုံးက အမကြီးဝယ်ထားတဲ့ပစ္စည်းလေးတစ်ချို့နဲ့ကျွန်မရုံးခန်းကိုအလှဆင်ထားလိုက်တယ်။ ဒီ နောက် ၁၀ရက်ကျော်ရင်ကျွန်မခရီးထွက်တော့မှာမို့ကျွန်မမရှိတဲ့အချိန်မှာသူငယ်ချင်း တွေချောင်းကြည့်လို့ရအောင်ပါ။း) သကြားလုံးလေးတွေနဲ့ချောကလက်လေးတွေလဲ စားပွဲမှာချထားပေးလိုက်တယ်။ ခရစ္စမတ်သစ်ပင်လေးတွေမီးလုံးလေးတွေနဲ့အရမ်းလှ တာဘဲ။ ကျွန်မလဲတစ်ခုဝယ်ဖို့အစီစဉ်ရှိတယ်၊ ဒါပေမယ့်တစ်ယောက်တည်းနေတဲ့အိမ် ကြီးမှာအဲဒါထားတော့လဲဘယ်သူမှလာကြည့်မှာမှမဟုတ်တာနော်။ အရင်ကခရစ္စမတ် သစ်ပင်တွေကအစိမ်းရောင်သာရှိပေမယ့်အခုနောက်ပိုင်းမှာတော့အဖြူရောင်၊အ၀ါ ရောင်၊ရွှေရောင်၊ အနီရောင်အစုံဘဲ။ ခရစ္စမတ်အရသာအတွက်ကျွန်မကတော့ထင်းရှုး ပင်နဲ့တူတဲ့အကိုင်းအခက်တွေမွှားမွှားနဲ့အစိမ်းရောင်အပင်ကိုအကြိုက်ဆုံးဘဲ။ ဒီမှာ တော့ကျွန်မသူငယ်ချင်း tzo neo counter တစ်ကူးတစ်ကမနက်စောစောနဲ့ညပိုင်းမှာ ရိုက်ထားတဲ့ဒီနှစ်ခရစ္စမတ်သစ်ပင်ပုံကြီးကိုတင်ပေးလိုက်ပါတယ်။ ဒါကတော့...

အုန်းနို့ခေါက်ဆွဲ

နေနဲနဲကောင်းလာတာနဲ့ငြိမ်ငြိမ်မနေနိုင်ဘဲ ဘာစားရင်ကောင်မလဲချောင်းနေတတ်တာ ကျွန်မအကျင့်ပါ။ မြန်မာအစားသောက်တွေကလဲတစ်ယောက်တည်းစားရင်မကောင်း ဘူး၊ အဖွဲ့လေးနဲ့မှ။ မနေ့နေ့လည်ကျွန်မဆရာ့ဇနီးနဲ့ဂျီတော့မှာchat နေရင်းနဲ့ ကျွန်မပြော တယ် No Head, No leg စားချင်တယ်လို့။ အဖြစ်ကဒီလို ကျွန်မသူငယ်ချင်းကိုကြီးက အချက်ပြုတ်အရမ်းတော်တယ်။ တစ်ရက်သူတို့အိမ်သစ်တက်ပွဲလုပ်တော့အုန်းနို့ခေါက် ဆွဲချက်တယ်။ ဒီမှာမုန့်ဟင်းခါးသာလုပ်စားကြတာများတယ်၊ အုန်းနို့ခေါက်ဆွဲကတော့ တစ်ကူးတစ်ကလုပ်စားတာနဲတယ်။ ဒီမှာရောက်နေတဲ့မြန်မာလူနည်းစုကလဲစိတ်ဝင် တစားနဲ့သွားစားကြတာပေါ့၊ အုန်းနို့ဟင်းရည်ကအရမ်းကိုကောင်းတယ်ဆိုဘဲ၊ ဒါပေမယ့် ကြက်ခေါင်း၊ ကြက်လည်ပင်း၊ ကြက်ခြေထောက်တွေနဲ့ဘဲချက်ထားတော့အထူးဆန်း ဖြစ်ပြီးသွားစားခဲ့တဲ့သူတွေကကျွန်မကိုပြောပြကြတယ်။ ကျွန်မကမသွားဖြစ်ခဲ့ဘူး။ ဘာ ကြောင့်လဲဆိုတော့အုန်းနို့က သွေးတက်စာမို့၊ အရမ်းကြိုက်တဲ့အစာလဲဖြစ်နေတော့ အနံ့ရရင်မစားရမနေနိုင်၊ စားမိရင်ကိုယ်ဘဲခံရမှာမို့စိတ်ထိန်းထားတာ။ ကျွန်မဆရာက အရမ်းအစနောက်သန်တယ်။ တစ်ယောက်နဲ့တစ်ယောက် မက်ဆေ့ဂ်ျ ပို့ရင် မင်းကို မြွေ လွှတ်ပေးလိုက်တာ.. ဆိုရင် putting snake အဲလိုပြောင်စေပျက်စေသုံးတတ်...

Miss Earth -2008

ဒီနေ့ညတော့ Miss Earth 2008 ပြိုင်ပွဲကိုစိတ်ရှည်လက်ရှည်ထိုင်စောင့်ကြည့်ဖြစ်ပါတယ်။ ပြိုင်ပွဲနေရာကတော့ Papamga, clerk မှာပါ။ အားလုံးကချောလှကြတာချည်းပါဘဲ။ ကျွန်မတော့အာရှနိုင်ငံက contestant တွေကိုပိုသဘောကျတယ်။ ဘာလို့လဲဆိုတော့သူ တို့ကအရပ်လေးသာပြောစရာရှိတာ တော်တော်ချောကြတာကိုး။ Miss Thailand, Miss India, Miss Singapore, Miss Korea, Miss Japan, Miss Philippines, Miss Parkistan အားလုံးဘဲတော်တော်ချောကြတယ်။ ကျန်တဲ့သူတွေကတော့အလှပြင်ရင်ချောတယ်။ ဒီတိုင်း မပြင်မဆင်ရိုက်ထားတဲ့ပုံတွေရုပ်တွေကကြမ်းတယ်။ တော်တာတော့အားလုံးတော်ကြပါတယ်။ အစီစဉ်တင်ဆက်သူတွေကBrazil ကတစ်ယောက်နဲ့ ယောက်ျားလေးကတော့ philippines က ပါဘဲ။ နောက်ဆုံးစကာတင်အဆင့်မှာကျန်တဲ့သူတွေထဲမှာ အာရှနိုင်ငံတွေထဲကMiss Korea နဲ့ miss Philippines ပါပေမယ့်၊ နောက်ဆုံး ၈ယောက်မြောက်မှာ Korea ပြုတ်ကျန်ခဲ့ပါတယ်။ အားလုံး Swim Suits နဲ့တော်တော်ကြည့်ကောင်းပါတယ်။ ဒါပေမယ့် koreaတော်တော်ကြီးပိန် နေတယ်လို့ကျွန်မအမြင်ပေါ့။ နောက်ဆုံး ၄ယောက်မှာတော့Miss Tanzania,Maxico,Brazilနဲ့ Philippines ဘဲကျန်တော့တယ်။ မေးတဲ့မေးခွန်းကလဲ Obama နဲ့တွေ့ပြီးစကားပြောခွင့်ရှိမယ် ဆိုရင် Miss E...

ခ၀ဲသီးအသားခြောက်ချက်

္တကျွန်မငယ်ငယ်ကလုံးဝမစားတဲ့အစားထဲမှာ ခ၀ဲသီးချက်နဲ့ ပဲမြစ်ပြုပ်၊ ဘာကြောင့်မှန်းတော့ မသိဘူး၊ ဒါပေမယ့်အနံ့တောင်ခံလို့မရဘူး။ ဒုတိယနှစ်လောက်ရောက်မှအလိုလိုပြန်စား တတ်သွားပြီးတော့အခုဆိုအကြိုက်ဆုံးထဲမှာပါတယ်။ ပဲမြစ်၊ ထန်းမြစ် အကုန်ကြိုက်တယ်။ ဒီနေ့တော့ခ၀ဲသီးကိုအိမ်ကပို့ထားပေးတဲ့အသားခြောက်လေးနဲ့ချက်စားမလို့ပါ။ ခ၀ဲသီးကိုတော့အခွံသေချာခွာထားပါတယ်။ ကြက်သွန်နီကိုတော့ အတုံးကြီးကြီးလှီးပြီး၊ ကြက်သွန်ဖြူ ညက်နေအောင်ထောင်းထားတယ်။ (ကန်ဇွန်းရွက်တို့၊ ခ၀ဲသီး၊မှို အဲဒါတွေကြော်ချက်ရင် ကြက်သွန်ဖြူအနံ့လေးအထဲထိစိမ့်ဝင် နေမှစားရတာအရသာရှိတယ်လို့ကျွန်မကတော့သတ်မှတ်ထားတယ်) ဆီနဲနဲသုံးပြီး ကြက်သွန်နီနဲ့ကြက်သွန်ဖြူကိုဆီသတ်၊ ပဲငံပြာရည်နှစ်ဇွန်းလောက်ထည့်ပြီး နနွင်းနဲနဲထည့်ဆီသတ်ပြီးကြက်သွန်နဲနဲနွမ်းတာနဲ့ခ၀ဲသီးကိုထည့်၊ အသားခြောက်ကိုထည့်။ ဆား လဲနဲနဲထည့်ပါတယ်။ ပြီးခ၀ဲသီးကျက်လောက်တဲ့အချိန်မှာ ထမင်းနဲ့စားဖို့အဆင်သင့် ဖြစ်နေပါပီ။ ဆားပြောမှ မလေးရောက်တုန်းကယူလာခဲ့တဲ့ (ဟုတ်မဟုတ်တော့ မသိ) ဟီမာလေးယား တောင်ေ ပ်ါက ကျောက်ဆား rock salt၊ သွေးတိုးသမား တွေအတွက်အသင့်တော် ဆုံးဆားလို့တော့ပြောတာဘဲ၊ ဟင်းကဆားမပါရင်အရသာမရှိဘူး၊ အရသာမရှိရင်မစားချင...

ရွှေဖရုံပွင့်ချဉ်ဟင်းချို

အလေ့ကျပေါက်နေတဲ့ရွှေဖရုံနွယ်တွေကကျွန်မတစ်ကူးတစ်ကစိုက်ထားတဲ့ချဉ်ပေါင်ပင်တွေ ထက်ပိုသန်ပါတယ်။ ရွှေဖရုံရွက်တွေစိမ်းမှောင်ထွားကြိုင်းနေတာအပွင့်လေးတွေဝါထိန်ထိန် နဲ့ ကျွန်မမျက်လုံးကရွှေဖရုံပွင့်တွေနဲ့အသီးသေးသေးလေးတွေဆီရောက်သွားပါတယ်။ တစ် ချို့ကိုတော့အသီးကြီးအောင်ထားမယ်၊ ကျန်တဲ့ဟာတွေကိုတော့ဟင်းချိုလုပ်သောက်မယ် လို့စိတ်ကူးရတာနဲ့.. အညွန့်လေးငါးခက်နဲ့အပွင့်ရိုးတံကနေ၆ပွင့်လောက်ဖြတ်၊ တစ်ချို့အပွင့် လေးတွေအောက်မှာအသီးလေးတောင်တရုတ်ဆီးသီးအရွယ်လောက်ကိုကြီးနေပီ။ ပြီးတော့ အမျှင်လေးတွေသင်ပြီး ရေနွေးပွက်ပွက်ဆူတာနဲ့ရွှေဖရုံပန်းအချဉ်ဟင်းချိုလေးချက်သောက် ဖြစ်ပါတယ်။ ကြက်သွန်ဖြူနီ၊ ဂျင်းနဲ့ငရုတ်သီးစိမ်းတောင့်အနီတွေကိုညက်အောင်ထောင်းပြီးရေနွေးအိုးထဲ ကိုထည့်လိုက်ပါတယ်။ ပြီးရင်တော့ နော knorr ကြက်သားခဲတစ်ဝက်ကိုထည့်လိုက်တယ်။ တုံယမ်အနှစ်လေးကအဆင့်သင့်ရှိတော့ ဇွန်းတစ်ဝက်လောက်ထည့်လိုက်သေးတယ်။ သင်ထားတဲ့ရွှေဖရုံပန်းလေးတွေနဲ့အညွန့်လေးတွေထည့်ပြီးပွက်အောင်ထပ်တည်ပြီးဆားနဲနဲ ထည့်လိုက်တယ်။ အချဉ်ကြိုက်လို့ ချဉ်ပေါင်ရွက်နည်းနည်းကိုပါညှပ်ပြီးအိုးချခါနီးအုပ်လိုက် သေးတယ်။ အရမ်းလဲမချဉ်ဘူး၊ ပန်းပွင့်ဝါ၀ါလေးတွေ၊ ရွှေဖရုံသီးသေးသေးလေးတွေစိတ် ထ...

HAPPY BIRTHDAY!!!

6 NOVEMBER 2008 ကိုကြီးသူသာလျှင်မွေးနေ့ရောက်လာပြန်ပီကော... ဘယ်ဆီဘယ်ဝယ်ပေါက်နေမှန်းမသိတဲ့မမသူသာလျှက်..ဆောရီး ကိုကြီးသူသာလျှက် တစ်ယောက်ကျမ်းမာရွှင်လန်းပါစေ။ စိတ်ထားမွန်မြတ်ကောင်းမွန်တဲ့အတွက်ချစ်ခင် သူတွေပုရွက်ဆိတ်တွေလိုများပြားပါစေ။ လုပ်သမျှကြံစဉ်သမျှကိစ္စတိုင်းအောင်မြင် ပါစေ။ မိဘကျေးဇူးသိတတ်တဲ့သားလိမ္မာကြီးဖြစ်ပါစေ။ လူပြိုကြီးဘ၀မှအမြန်ဆုံးလွတ် မြောက်ပါစေ။ ကိုယ့်ချစ်သောသူနှင့်မညား..ကိုယ့်ကိုချစ်သောသူနှင့်သာညားနိုင်ပါစေ။ တို့ကိုကြီးကတော်တော်မိုက်နေတာ.. ပုံတွေ့တာနဲ့ဖျားတောင်ဖျားချင်တယ်.. ဟိဟိ တော်တော်ကြီးကိုခန့်ချောချောတာပါ.. မီးအိမ်ရှင် သူသာလျှင်ပေါ့။။။ ဟီးဟီး... ကဲသူငယ်ချင်းတွေအတွက်ကတော့ ကိုကြီးသူသာလျှင်နဲ့နင်လားငါလားအပြိုင်ကျဲမယ့်ကိတ် အနက်နုရောင်လေးနဲ့ဧည့်ခံလိုက်မယ်။ မြန်မာဆန်ဆန်ဆိုရင်တော့ပုန်းရည်ကြီးကိတ်ပေါ့.. အော်..ဒါနဲ့လက်ဆောင်မေ့တော့မလို့..လာပြီဒီမှာ... Happy Birthday to you!!! Happy Birthday to you!! Happy Birthday to thu thar hlyin Happy Birthday to you...

ပဲ စားရင်..

ပဲစားရင်အားရှိတယ်တဲ့.. ပဲဟင်းကအသားဟင်းလိုဘဲပရိုတင်းဓာတ်ရတယ်လို့ငယ်ငယ် တည်းကလူကြီးသူမတွေရော၊ ဆရာဆရာမတွေရောပြောတာကြားနေရတယ်။ ကျွန်မ တို့မောင်နှမ(၃)ယောက်ကတော့ ငယ်ငယ်ထည်းကပဲကိုမရိုးနိုင်အောင်၊ပဲပေါင်းစုံကို စားနေရတာပါ။ ပါးပါးကအိမ်ကထမင်းဝိုင်းမှာပဲမပါရင်ထမင်းဝိုင်းမပြည့်စုံသလိုမရရအောင် ပဲကိုပါအောင်ချက်တတ်ပါတယ်။ ငယ်ငယ်ကအစားများတာ ပဲနီလေး၊ (ချက်ရတာမြန်တယ်) ပြီးတော့တစ်ပတ်တစ်ခါရုံးပိတ်ရက်တွေဆိုရင်ကုလားပဲကိုအိုးကြီးနဲ့ပြုပ်ပြီး weekendsအထူး ရှယ်ပဲကုလားဟင်းပေါ့။ နောက်တော့နွေနေ့လည်ခင်းတွေမှာရေနွေးကြမ်းနဲ့ဆင်ခေါင်းပဲပြုပ် သုတ်၊ ပဲကတီပါသုပ်၊ ဗိုကိတ်ပဲ၊ ကျွန်မအကြိုက်ဆုံးကတော့ပဲဆင်းငုံ။ ရေးရင်နဲ့တောင်ဗိုက် ဆာလာပြီ။ ငယ်ငယ်ကတော့ပဲလုံးဝမစားချင်ပါဘူး။ ပါးပါးကထမင်းဝိုင်းမှာထိုင်တာနဲ့ ဘာ ဟင်းမှပန်းကန်ထဲမထည့်ချင် ပဲတွေကိုခွဲတန်းချပီးမောင်နှမ(၃)ယောက်လုံးကိုထည့်ပေးပါ တယ်။ အဲတုန်းကတော့ငိုတဲ့နေ့တွေငို၊ မစားဘဲဆန္ဒပြတဲ့နေ့လဲရှိ၊ နောက်ဆုံးတော့ပဲမပါရင် မစားတတ်သလိုဖြစ်သွားတယ်။ ပဲရဲ့ကောင်းကြိုးလားဆိုးကြိုးလားတော့မသိ ကျွန်မနဲ့မောင် လေးကအရမ်းကိုထွားအရပ်ရှည်ပြီး၊ ညီမလေးကတော့ပုပေမယ့်တော်တော်ပဲများပါတယ်။ ဒီမှာတော့ဗိုကိတ်ပဲအ...