Pages

Thursday, November 6, 2008

ရွှေဖရုံပွင့်ချဉ်ဟင်းချို

အလေ့ကျပေါက်နေတဲ့ရွှေဖရုံနွယ်တွေကကျွန်မတစ်ကူးတစ်ကစိုက်ထားတဲ့ချဉ်ပေါင်ပင်တွေ
ထက်ပိုသန်ပါတယ်။ ရွှေဖရုံရွက်တွေစိမ်းမှောင်ထွားကြိုင်းနေတာအပွင့်လေးတွေဝါထိန်ထိန်
နဲ့ ကျွန်မမျက်လုံးကရွှေဖရုံပွင့်တွေနဲ့အသီးသေးသေးလေးတွေဆီရောက်သွားပါတယ်။ တစ်
ချို့ကိုတော့အသီးကြီးအောင်ထားမယ်၊ ကျန်တဲ့ဟာတွေကိုတော့ဟင်းချိုလုပ်သောက်မယ်
လို့စိတ်ကူးရတာနဲ့.. အညွန့်လေးငါးခက်နဲ့အပွင့်ရိုးတံကနေ၆ပွင့်လောက်ဖြတ်၊ တစ်ချို့အပွင့်
လေးတွေအောက်မှာအသီးလေးတောင်တရုတ်ဆီးသီးအရွယ်လောက်ကိုကြီးနေပီ။ ပြီးတော့
အမျှင်လေးတွေသင်ပြီး ရေနွေးပွက်ပွက်ဆူတာနဲ့ရွှေဖရုံပန်းအချဉ်ဟင်းချိုလေးချက်သောက်
ဖြစ်ပါတယ်။
ကြက်သွန်ဖြူနီ၊ ဂျင်းနဲ့ငရုတ်သီးစိမ်းတောင့်အနီတွေကိုညက်အောင်ထောင်းပြီးရေနွေးအိုးထဲ
ကိုထည့်လိုက်ပါတယ်။
ပြီးရင်တော့ နော knorr ကြက်သားခဲတစ်ဝက်ကိုထည့်လိုက်တယ်။
တုံယမ်အနှစ်လေးကအဆင့်သင့်ရှိတော့ ဇွန်းတစ်ဝက်လောက်ထည့်လိုက်သေးတယ်။
သင်ထားတဲ့ရွှေဖရုံပန်းလေးတွေနဲ့အညွန့်လေးတွေထည့်ပြီးပွက်အောင်ထပ်တည်ပြီးဆားနဲနဲ
ထည့်လိုက်တယ်။ အချဉ်ကြိုက်လို့ ချဉ်ပေါင်ရွက်နည်းနည်းကိုပါညှပ်ပြီးအိုးချခါနီးအုပ်လိုက်
သေးတယ်။ အရမ်းလဲမချဉ်ဘူး၊ ပန်းပွင့်ဝါ၀ါလေးတွေ၊ ရွှေဖရုံသီးသေးသေးလေးတွေစိတ်
ထားတဲအခါစိမ့်ထွက်လာတဲ့အချိုရယ်၊ အစိမ့်ရယ်..အစပ်လေးလဲပါ... သောက်လို့တော်
တော့ကိုကောင်းပါတယ်။(အမှန်ကအခုရက်ပိုင်းသွေးတက်တာများနေလို့စားချင်တာတွေစိတ်ထိန်းပြီးဟင်းချိုနဲ့
ဒန့်သလွန်ရွက်ကြော်..နှစ်ပါးသွားနေရတာ..နေနှင့်ဦးပေါ့ကွာ.. )
******************************************************************
ဆောင်း ကစီဘောက် ထဲမှာ ဖရုံပင်မမြင်ဖူးလို့ပုံတင်ပေးပါဆိုလို့..ရိုက်ပြီးတင်ပေးလိုက်ပါတယ်။
ရွှေဖရုံသီးသေးသေးလေးပါပါတယ်။ တွေ့လား.....

1 Comments:

Anonymous said...

သဘောကျလိုက်တာ အဲဒီခြံကို ဟိုတစ်ခါလဲ နှင်းဆီအိုးလေး ပြဘူးတယ်နော်။ ပြန်ရှင်တာတဲ့ အပင်လေ။ အမေက ပြောတယ်။ ဖရုံရွက်က သိပ်ချိုတာတဲ့

ီDeeDar

Post a Comment

ကူးကူးရေ...

 
Powered by Blogger