Skip to main content

ယောင်လည်လည်တနင်္ဂနွေ

ဒီအပတ်ရုံးပိတ်ရက်မှာတော့အိမ်ဘေးမှာနေတဲ့ကျွန်မမွေးစားမိဘများ(သူတို့သားသမီးတွေ
သြစတေးလျားမှာနေခဲတော့ သူများမေးတိုင်းသမီးလို့ပြန်ပြန်ဖြေလေ့ရှိတဲ့သူတွေပေါ့)သမီးရင်း ပြန်လာလည်တော့လျှောက်လည်ကြမယ်ဆိုပြီးအတင်းခေါ်တာနဲ့ပါသွားပြန်ပါတယ်။ မောလ်
တွေလျှောက်လည်ရတာဝါသနာမပါတာတော့အမှန်ဘဲ။ ၀ယ်စရာရှိရင်တစ်မျိုးပေါ့။ ဒါပေ
မယ့်တစ်ရက်တစ်ရက်ခရီးမထွက်ရင်ရုံးကပြန်တာနဲ့အိမ်ထဲဝင်ပြီးငြိမ်ကုပ်နေလို့စိတ်ပြေလက်
ပျောက်ထွက်ပါဆိုပြီးအတင်းခေါ်တာနဲ့ပါသွားပြန်ပါတယ်။ သူချင်းအေးအေးလေးတွေသာဖွင့်
တတ်တဲ့အန်တီနဲ့အန်ကယ်ကားပေါ်မှာဒီတစ်ရက်တော့ဆူညံနေအောင်သီချင်းပေါင်းစုံကြားရ
ပါတယ်။ ကျွန်မကတော့ကားပေါ်ရောက်ရင်ခွေနေတာ၊ အေးတာလဲပါတယ်။ကားတွေကလဲ
မောင်းတာကြမ်းသလားမမေးနဲ့ကျွန်မကားမမောင်းတတ်တာကိုဘဲကျေးဇူးတင်ရမလိုဘဲ။ ဒီ
ကိုရောက်စကရုံးကကားဝယ်ဖို့ပိုက်ဆံထုတ်ပေးတယ်။ အလကားတော့ဟုတ်ဘူး။တစ်ဝက်
နီးပါးတော့ကိုယ့်လခထဲကပြန်ဖြတ်မှာပေါ့။ ကားကဒီမှာဈေးအရမ်းသက်သာတော့တစ်လကို
၅၀၀၀လောက်ဖြတ်လဲဘာမှတော့ထူးလာမှမဟုတ်ပေမယ့်သွေးတိုးရှိတဲ့ကျွန်မကားမောင်း
ဖို့ကိုတော့ကျွန်မအိမ်ကရော၊ ချစ်သူကပါသဘောမတူခဲ့ပါဘူး။ အသွားလမ်းကိုအပြန်လမ်းက
ကားကကျော်မောင်းတယ်။ ကားမှတ်တိုင်မရှိစိတ်တိုင်းကျရပ်ချင်တဲ့နေရာရပ်တယ်။ မိုးရွာ
ရင်ပိုဆိုးတယ်။ ရေကြီးပြီးအဲဒါထိုင်ပေတော့တစ်နေကုန်နီးပါးကားပေါ်မှာ၊ ကမ္ဘာပေါ်မှာဒုတိယ
ကားလမ်းပိတ်တာအဆိုးဆုံးနိုင်ငံလို့နာမည်ကြီးတော့လဲအဲလောက်တော့ရှိမှာပေါ့။ တစ်ရက်
ကျွန်မမြန်မာသံရုံးကအိမ်ကိုပြန်အလာ၊၂နာရီအလွန်ဆုံးကြာသင့်တဲ့ခရီးကို (၆)နာရီကြာကား
ပေါ်မှာနေလိုက်ရတယ်။ ကျွန်မရုံးကသူတွေစိတ်ပူလို့အရေးထဲဖုန်းကဘက်ထရီကုန်၊ ဆိုးဝါး
လိုက်တာ၊ပြန်ရောက်တော့ဝိုင်းဆူကြပါလေရော။တစ်ယောက်တည်းသွားလို့ဆိုပြီး။ဒါကတော့
ဒီကသူတွေရဲ့ကိုယ့်နိုင်သားမဟုတ်တဲ့အပြင်မိန်းကလေးတစ်ယောက်တည်းမို့စိုးရိမ်တတ်တဲ့
ချစ်စရာကောင်းတဲ့အကျင့်လေးပါ။ကျွန်မကတော့သူတို့စိတ်ပူရလို့စိတ်မကောင်းခဲ့ပါဘူး။ကားရှိ
လဲမကောင်းရှိလဲအန္တရယ်များတဲ့နေရာမှာတစ်ခါတစ်လေအရမ်းငြီးငွေ့တယ်။ ဒါကြောင့်နေမ
ကောင်းဖြစ်ရင်ရုံးမှာဘဲလာထိုင်ချင်တာ။ ရုံးမှာကပျော်တယ်လေ။ လူတွေအများကြီးနဲ့၊ အိမ်မှာ
ဆိုတစ်ယောက်တည်းအိပ်ချင်အိပ်၊ မအိပ်ရင်ဘလော့တစ်ကာလိုက်ဖတ်၊ အွန်လိုင်းကသူငယ်
ချင်းတွေနဲ့ရန်ဖြစ်၊ ပျင်းတာတော့အရမ်းဘဲ။ ကျွန်မချစ်သူကပြောတယ်။ အင်တာနက်ရှိနေတာ
ဗဟုသုတရမယ့်စာတွေဖတ်၊ အကျိုးရှိမယ့်အကြောင်းရာတွေလေ့လာ။ ကျွန်မကတော့အင်တာ
နက်ကိုအကျိုးရှိရှိမရှိရှိမသိဘူး။ စိတ်ဝင်စားတဲ့ဘလော့တွေ့ရင်ဖတ်လိုက်၊ ဖိုရမ်ထဲဝင်ဖတ်လိုက်။
အွန်လိုင်းမှာဘယ်သူငယ်ချင်များရှိမလဲလိုက်ချောင်းလိုက်၊ ဘယ်သူမှမရှိရင်တောင်ပုံမှန်ရှိနေတဲ့
မောင်လေးနဲ့ညီမလေးကိုလှမ်းပြီးခေါင်းစားနေတာ။ ဘ၀ကိုဖြစ်သလိုနေချင်တာတော့မဟုတ်ပါ
ဘူး။ ကိုယ်ပျော်သလိုနေနေတာ၊ အဲဒီအတွက်လဲဘယ်တော့မှနောင်တမရဘူး။ မဟုတ်တာလုပ်
တာမှမဟုတ်တာ။ မနေ့ကအဝေးမှာကျောင်းတက်နေတဲ့သူငယ်ချင်းနဲ့စကားပြောဖြစ်တယ်။ နင်
ကလဲပျင်းရင်သူများဆီသွားလည်ပေါ့တဲ့။ သူပြောတာတော့ဟုတ်နေတာဘဲ။ ကျွန်မကအိမ်လည်
တာဝါသနာမပါဘူး။ ညီမ၀မ်းကွဲအိမ်တောင်တစ်နာရီပြည့်အောင်ထိုင်တာမဟုတ်ဘူး။ဒီမှာကသူ့
အိမ်ကိုယ့်အိမ်လည်တော့မယ်၊ လာတွေ့တော့မယ်ဆိုဖုန်းနဲ့အရင်အကြောင်းကြား၊အိုကေ..လာ
လေဆိုမှရောက်လာကြတာ။ ကိုယ်သွားတွေ့မယ်ဆိုလဲအဲလိုဘဲ။တစ်ယောက်တည်းအေးအေးနေ
တတ်တဲ့ကျွန်မအတွက်တော့အဲဒီစနစ်ကိုကြိုက်တယ်။ (ကဲစလာပြီကျွန်မအကျင့်...ရေးမယ့်အရာ
ကတစ်ခြား၊ ဟိုရောက်ဒီရောက်ဖြစ်ကုန်ပီ) ဒါလဲကျွန်မအကျင့်တစ်ခါတစ်လေတစ်ခုခုပြောဖို့စဉ်း
စားထားပေမယ့်လိုရင်းကိုမရောက်တော့ဘူး။ ဒါနဲ့မောလ်ရောက်တော့တွေ့ခဲတာတွေဓာတ်ပုံ
ရိုက်ခဲ့တယ်။ ရေခဲပြင်စကိတ်စီးနေကြတဲ့သူတွေရော (အဲဒါအရမ်းစီးဖူးချင်တာ၊လဲကျမှာသေချာ
တာသိနေတော့ခုထိမစမ်းရသေးဘူး။ ကလေးတွေဝိုင်းရီမှာစိုးလို့ ဟဟ)။ အတက်ဆင်းလက်
တန်းမှာအလှဆင်ထားတဲ့ခရစ္စမတ်ပန်းလေးတွေရော၊ ကလေးကစားစရာရောင်းတဲ့နေရာက
မဲဖောက်ပေးတာတွေရော။ Home decor ခရစ္စမတ်ပင်အကြီးကြီး၊ ဂိန်းစော့တဲ့နေရာမှာကောင်
လေးတွေနဲ့အတူကနေတဲ့အကောင်လေး၊ဖိနပ်တွေဝယ်နေကျဆိုင်လေး၊ အလှဆင်ထားတဲ့တွန်း
လှည်းလေး အစုံဘဲ..အိမ်ပြန်ရောက်တော့မိုးချုပ်ပီ။ ဒီမှာညနေ ၅း၀၀နာရီဆိုမှောင်နေပီလေ....







Comments

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

ပဲပြုပ် Sprouted Yellow Pea

နည်းပေါင်းစုံနဲ့စမ်းကြည့်ပီးအဆင်ပြေလို့ ထပ်ရှယ်လိုက်ပါတယ်။ Yellow Pea ပဲစေ့လေးတွေကိုရေတစ်ညစိမ်၊ ဇကာနဲ့စစ်ပြီး ရေတစ်ရက် ၂ခါလောင်းပေးပြီးအဖုံးအုပ်ထားရင် ၂ရက်ဆို အမြီးလေးနဲ့ပဲလေးတွေအဆင်သင့်ရပါပြီ။ ဇလုံထဲကိုပဲညှောင့်စေ့လေးတွေထည့်၊ ပဲငံပြာရည်အချိ ုရယ်၊ ထညက်ခဲလေးတွေခြေထားတာရယ်ကို (အချိ ုပမာဏကကိုယ့်စိတ်ကြိ ုက်ကိုယ်ထည့်ပါမယ်) ထည့်ပြီး လက်လေးနဲ့ဖွဖွလုံးပြီးနယ်လိုက်ပါ။ ပဲကအရေလေးတွေနဲနဲထွက်လာမယ် ဒီတိုင်းဘဲအကုန်ပေါင်းအိုးထဲထည့်ပါ။ ရေလုံးဝထပ်မထည့်ပါဘူး၊ ကူးအတွက်တော့ဆောဒါလဲမတည့်လို့မထည့်ပါဘူး။ ပေါင်းအိုးစတည်ပြီး ၁၀ ခါအသံမြည်အော် ပြီးတာနဲ့ မီးပိတ်လိုက်ပါ။  အေးတဲ့အထိခဏစောင့်ပြီး ရင်တော့ ပဲလုံးပုံမပျက်ဘဲ အရမ်းနူးအိပြီး အရသာရှိတဲ့ပဲပြုတ်ချို စိမ့်လေးရပါပြီ။ 1  2  3 4

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...