Pages

Saturday, November 22, 2008

အာလူးလေးအစိမ့်

စိတ်ကူးမရတဲ့အဆုံးအာလူးအလုံးသေးလေးတွေဝယ်လာခဲ့တယ်။ ဘိုစာချက်ရမလား၊
ကုလားစာချက်ရမလား၊ ယူရို တွေစားလို့ရအောင်ချက်ရမလားခေါင်းရှုတ်တာနဲ့အာလူး
ကိုအရင်ပြုပ်လိုက်တယ်။ ပြုပ်ပြီးစိတ်ရှည်လက်ရှည်အခွံနွှာ၊
ဂျုံမှုန့်ကိုအရေဖျော်၊ ကြက်သွန်နီကိုခပ်ထူထူလှီးပြီး ပြင်ဦးလွင်က ထောပတ်ဆီနဲ့ဆီသတ်၊
ဂျုံမှုန့်အရည်ကိုထည့်၊ ပွက်တာနဲ့ဆက်မွှေပြီး၊ နို့စိမ်းဗူးကိုဖောက်ထည့်ဆူအောင်တည်။
အဲဒီအချိန်ဖုတ်မယ့်ဗန်းထဲမှာ အာလူးအလုံးလေးတွေကို ကြွေစက္ကူခံပြီးစီထည့်၊
မုန်လာဦနီတွေအခွံနွှာပြီး အ၀ိုင်းထူထူလှီးထည့်၊
ခရမ်းချဉ်သီးကိုလေးစိတ်စိတ်ပြီးထည့်၊
သီဟိုစေ့အခြမ်းလေးတွေလိုက်မျှပြီးစီထားတဲ့အပေါ်မှာ ဆူပြီးသားဆီသတ်ထားတဲ့ဂျုံမှုန့်
နဲ့နို့စိမ်းရည့်ကိုအပေါ်ကလောင်းချ၊ ဆားနဲနဲထည့်ပြီး အပေါ်က ကြွေစက္ကူအုပ်ပြီးပြန်ဖုံး
ပြီး မီး ၁၆၀လောက်နဲ့ နာရီဝက်လောက် oven ထဲထည့်လိုက်တာ၊ ကျက်သွားပါရော။
ပြီးမှအပေါ်က နှမ်းဖြူလေးတွေဖြူး၊ ငရုတ်ကောင်းဖြူးလိုက်တယ်။ စိမ့်စိမ့်လေးနဲ့အရသာ
လေးကတစ်မျိုးလေး... ချဉ်ငံစပ်သာကြိုက်တဲ့ကျွန်မကတော့မကြိုက်ဘူး။ ဒါပေမယ့်
ဒီကသူတော်တော်များများကတော့အဲဒီအရသာကိုတော်တော်ကြိုက်ကြတယ်။
ဘယ်က recipe ရလဲတော့မမေးနဲ့။ ကိုယ့်ဘာသာကိုယ်ထွင်ထားတာ.. ဟဟ

1 Comments:

ဇင်ယော် said...

အဟေ. ပုံကြည့်ရတာရော၊ ရေးထားတာ ဖတ်ရတာနဲ့ ဆို အတော်ဂွတ်မယ်ပုံပဲ။ ဟီး တားတားချားချင်တာ ချားလို့ ရပြီ။ ချောင်းဆိုးတော့ဘူး၊ ရင်ကြပ်တော့ဘူး။ အဲဒါ အာလူးလေးအစိမ့် အမြန်ပို့ လိုက်ပါဗျို.။

Post a Comment

ကူးကူးရေ...

 
Powered by Blogger