Skip to main content

အသီးရွက်သုပ်

ဒီမှာ Potluck ရှိတိုင်းခေါင်းစားတာအရမ်းဘဲ။ သတ်သတ်လွတ်ကလဲကိုယ်စားချင်သလို
သာချက်တတ်တာမှ စကားအရပြောရရင်ရောင်းတန်းဝင်တော့မဟုတ်ဘူးလေ။ လူအများ
နဲ့ဝိုင်းစားကြမယ့်အခါတော့ ကြည့်ကောင်းလောက်အောင်ချက်တတ်အုံးမှ။ ဒီတစ်ခါတော့
ဘာအကြံမှမထွက်လာတဲ့အဆုံးအသီးတွေဘဲသုပ်ဖို့အတွက် supermarket ကိုသွားပြီး
အသုပ်သုပ်ဖို့ဝယ်လာခဲ့တယ်။
ပန်းသီး - ၂ လုံး
Pear - ၂ လုံး (မြန်မာလိုဘယ်လိုခေါ်လဲမသိဘူး၊ အရသာကသစ်တော်သီးလို)
Lettuce - အလုံးသေးတစ်ထုပ် (ဂေါ်ဖီထုပ်လိုပါဘဲ၊ ဒါပေမယ့်ပွပွရွရွလေးပါ)
စိမ်းစားဥ - ၁ လုံး (ဒီကစိမ်းစားဥတွေကဖရဲသီးအသေးစားနီးပါးရှိတယ်)
မုန်လာဥနီ ခါကြက်ဥ - ၃ တောင့် (ခြစ်တဲ့ဟာလေးနဲ့သေးသေးရအောင်ခြစ်ထား)
ဆလတ်ပင် - ၂ ထုပ်
ငရုတ်ပွအနီကြီး - ၃ လုံး (အစေ့ထုတ်ပြီးအမြောင်းလိုက်လှီးထားပါ)
စပျစ်သီး seedless - ကီလိုဝက်
လိမ္မော်သီး - ၅ လုံး
Salad Dressing with Olive oil'
အားလုံးကိုအဆင်ပြေသလို၊ကိုယ်နှစ်သက်သလိုလှီးထားပြီးတော့ ဟင်းသီးရွက်သုပ်တဲ့
နေရာမှာသုံးတဲ့အဆီ ကိုရောမွှေလိုက်တာနဲ့ western အကြိုက်အသုပ်ရပါပြီ။
ကျွန်မတို့လဲအမြဲစားပေးနိုင်ရင်ကောင်းပါတယ်။ ကျမ်းမာရေးနဲ့ညီညွတ်တယ်လေ။
ညနေပိုင်းဆို whole wheat bread တစ်ချပ်နဲ့ အသီးရွက်သုပ်နဲ့ပေါ့။ မြန်မာသုပ်
ချဉ်ငံစပ်လောက်တော့အ၇သာမရှိပါဘူး။ ကျွန်မအသုပ်တွေများလွန်းလို့ဒီမှာ
ကျောင်းတက်နေတဲ့မြန်မာကျောင်းသားတွေကိုပေးလိုက်တာသူတို့ကအိမ်ရောက်
တော့ငရုတ်သီးစိမ်းနဲ့သံပုရာထပ်ညှစ်၊ ဆားထပ်ထည့်ပြီးပြန်ပြုပြင်မွမ်းမံသုပ်စား
တာကောင်းမှကောင်းဆိုဘဲ။ :P

Pear, Lettuce, Salad dressing

Comments

  1. ကူးကူး...ဆလပ် စားသွားတယ်..
    စားပြီးတော့..လူက ကျမ္မာရေးကောင်းလာသလိုပဲ..
    ဟီးး

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ငွေဆောင် အစားစာများ

ငွေဆောင်မှာတော့ ပထမရက် ဟော်တယ်ကဘဲအဆင်ပြေတာမှာစားတယ်၊ နောက်နေ့မှာတော့ ရွာထဲကိုသွားစားဖြစ်တယ်၊ စားစရာရယ်အထွေထူးမရှိပါဘူး။ မောင်လေးကတော့ ငါးကင်၊ ပုဇွန်ကင်နဲ့အလုပ်ရှုပ်နေတာ။ သူက ဂဏန်းစားချင်တာ အရမ်းဘဲ၊ ပါးပါးက ဗိုက်ပျက်မှာစိုးလို့ မစားခိုင်းဘူး။  ရိုက်ဖြစ်ခဲ့တဲ့အစားသောက်ပုံလေးတွေပါ။ ကျွန်မကတော့ ရောက်တုန်း ကျောက်ပွင့်သုပ်တော့ ထမင်းပွဲတိုင်းမှာစားတယ်။ ကြိုက်မှကြိုက်။   သတ်သတ်လွတ် ဘာဘီကယူးးးးး ငါးကင်  ငါးပုတ်ခြောက် - တစ်ကောင် ၅၀၀၀  ကြက်ဥထမင်းကြော်  ကျောက်ပွင့်သုပ်  ပင်လယ်ငါး ပဲငပိချက်  ငါးနီတူသုပ်  ကျောက်ပုဇွန်..  တစ်ကောင် ၁၀၀၀၀ ငါးခေါင်းချဉ်ရေ   ပင်လယ်ငါးမချက်မှီ  ပင်လယ်ငါးချက်  ငပိရည်တို့စရာ  ခေါင်းရွက်ဗျပ်ထိုးဈေးသည်ထံမှ မချက်ရသေးသောငါးများ ကြက်သားခေါက်ဆွဲကြော် (ရွာတွင်းထမင်းဆိုင်) ထမင်းဆိုင်မှကြောင်ကလေး..  ပါးပါးဦးထုပ်ကျသွားတာကိုသူက အဆင်သင့်ဝင်ထိုင်နေတာ။