Pages

Saturday, November 15, 2008

ကြက်ဟင်းခါးရွက်၊ငါးခြောက်၊အုန်းနုရည်

ဒီနေ့ဆိုရင်ဈေးနေ့ပေါ့။ ဈေးသွားမယ်စိတ်ကူးထားပေမယ့်အိပ်ရာနိုးတော့ မနက် ၁၀ နာရီ
ရှိနေပီ။ ဒါနဲ့ဈေးကိုလမ်းလျှောက်သွားပြီး ပြီးခဲ့တဲ့အပတ်ကသွေးအရမ်းတက်ထားတော့ ကြက်
ဟင်းခါးရွက်ကိုဟင်းချိုချက်သောက်မယ်စိတ်ကူးထားတာ၊ ဒီနေ့တော့လတ်လတ်ဆတ်ဆတ်
တွေ့တာနဲ့ဝယ်လာခဲ့တယ်။ အရေးထဲမှာ ဆားမပါငါးခြောက်တွေရောင်းတာတွေ့လို့ဝယ်လာ
သေးတယ်။ ငါးခြောက်ဆိုတာဆားငံမှငါးခြောက်ဖြစ်ပေမယ့်သွေးတိုးရှိတဲ့သူအတွက်တော့စား
ချင်လွန်းတော့ကျေနပ်ရုံလောက်ပေါ့။ ကြက်ဟင်းခါးရွက်ကိုချွေထားပြီး
ဂျုံမှုန့် - ထမင်းစားဇွန်း (၂)ဇွန်း
ငါးပြုတ် နဲနဲ
Knorr ကြက်သားခဲတစ်ဝက်
ဂျုံမှုန့်ကိုအရေဖျော်ပြီးအိုးထဲမှာတင်လိုက်ပါတယ်။ တော်တော်လေးပွက်ပွက်ဆူနေမှ ကြက်သွန်
ဖြူနီထောင်းထားတာထည့်၊ ဆားနဲနဲထည့် ငါးပြုတ်ထားတာကိုချေပြီးထည့်၊ ကြက်သားခဲတစ်
ဝက်ကိုထည့် ပြီးမှ ကြက်ဟင်းခါးအရွက်တွေကိုထည့် အကြာကြီးထပ်တည်စရာမလိုတော့ဘူး။
သောက်လို့ရပီ။ ကောင်းမှကောင်း၊ ခါးခါးလေး... ခါးသက်သက်လေး...း)
ငါးခြောက်ကိုရေထပ်ဆေးပြီးကြော်လိုက်တယ်။ ငရုတ်သီးခြောက်အတောင့်လေးတွေပါရောပြီး
ကိုက်စားလို့ရအောင်ငါးခြောက်ကြော်တဲ့ဆီနဲ့ဘဲကြော်လိုက်တယ်။ အဲဒီငရုတ်သီးခြောက်တွေ
ကရွှေ၊ ဒီမှာ ကုလားဆိုင်ကိုတစ်ကူးတစ်ကသွားဝယ်ရတယ်။ ရှားမှရှား.. ကိုယ့်ဘာသာကိုယ်
လုပ်လဲမကောင်းဘူးလေ နေမှမပူတာ။
ကျွန်းဆိုတော့အုန်းသီးကပေါမှပေါ။ ပေါတယ်ဆိုတာအုန်းသီး၊ ဈေးကတော့ပေါပါဘူး။ ရွှေဝါ
ရောင်အုန်းနီနီလေးတွေလတ်လတ်ဆတ်ဆတ်သောက်ဖို့ဝယ်လာသေးတယ်။ ခုတော့ဗိုက်
တင်းပီ။ အွန်လိုင်းမှာလဲရန်လိုက်ဖြစ်လို့ဝပီ။ ပြန်အိပ်တော့မယ်။

4 Comments:

sin dan lar said...

ကြက်ဟင်းခါးရွက်ဟင်းချိုက အငွေ့ထောင်းထောင်းနဲ့ပါလား.. အရွက်ဦးစားပေး..ပန်းကန်မပါတော့ဘူးပေါ့..
ထမင်းအရင်သွားစားလိုက်ဦးမယ်။ ကြည့်ရင်းဗိုက်ဆာလာပြီ

khin oo may said...

သွေးကျချင်လို့ ကြက်ဟင်းခါးရွက်စားပြီး ငါးခြောက်ကြေ်စားတယ်။ :P

စန္ဒကူးမေ said...

မမ kom ရေ.. ငါးခြောက်က ဆားနဲနဲမှမပါပါဘူး.. ကူးငါးခြောက်အရမ်းကြိုက်လို့ မာမီတစ်ကူးတစ်ကလုပ်ထားပေးတာပါ... ဆားလုံးဝနီးပါးကိုမပါတာပါ..

Ye said...

I like this blog.Your blog is very interesting.

Post a Comment

ကူးကူးရေ...

 
Powered by Blogger