Pages

Sunday, November 9, 2008

အုန်းနို့ခေါက်ဆွဲ

နေနဲနဲကောင်းလာတာနဲ့ငြိမ်ငြိမ်မနေနိုင်ဘဲ ဘာစားရင်ကောင်မလဲချောင်းနေတတ်တာ
ကျွန်မအကျင့်ပါ။ မြန်မာအစားသောက်တွေကလဲတစ်ယောက်တည်းစားရင်မကောင်း
ဘူး၊ အဖွဲ့လေးနဲ့မှ။ မနေ့နေ့လည်ကျွန်မဆရာ့ဇနီးနဲ့ဂျီတော့မှာchat နေရင်းနဲ့ ကျွန်မပြော
တယ် No Head, No leg စားချင်တယ်လို့။ အဖြစ်ကဒီလို ကျွန်မသူငယ်ချင်းကိုကြီးက
အချက်ပြုတ်အရမ်းတော်တယ်။ တစ်ရက်သူတို့အိမ်သစ်တက်ပွဲလုပ်တော့အုန်းနို့ခေါက်
ဆွဲချက်တယ်။ ဒီမှာမုန့်ဟင်းခါးသာလုပ်စားကြတာများတယ်၊ အုန်းနို့ခေါက်ဆွဲကတော့
တစ်ကူးတစ်ကလုပ်စားတာနဲတယ်။ ဒီမှာရောက်နေတဲ့မြန်မာလူနည်းစုကလဲစိတ်ဝင်
တစားနဲ့သွားစားကြတာပေါ့၊ အုန်းနို့ဟင်းရည်ကအရမ်းကိုကောင်းတယ်ဆိုဘဲ၊ ဒါပေမယ့်
ကြက်ခေါင်း၊ ကြက်လည်ပင်း၊ ကြက်ခြေထောက်တွေနဲ့ဘဲချက်ထားတော့အထူးဆန်း
ဖြစ်ပြီးသွားစားခဲ့တဲ့သူတွေကကျွန်မကိုပြောပြကြတယ်။ ကျွန်မကမသွားဖြစ်ခဲ့ဘူး။ ဘာ
ကြောင့်လဲဆိုတော့အုန်းနို့က သွေးတက်စာမို့၊ အရမ်းကြိုက်တဲ့အစာလဲဖြစ်နေတော့
အနံ့ရရင်မစားရမနေနိုင်၊ စားမိရင်ကိုယ်ဘဲခံရမှာမို့စိတ်ထိန်းထားတာ။ ကျွန်မဆရာက
အရမ်းအစနောက်သန်တယ်။ တစ်ယောက်နဲ့တစ်ယောက် မက်ဆေ့ဂ်ျ ပို့ရင် မင်းကို
မြွေ
လွှတ်ပေးလိုက်တာ.. ဆိုရင် putting snake အဲလိုပြောင်စေပျက်စေသုံးတတ်တယ်။
တစ်ရက် ကိုကြီးကမြန်မအဖွဲ့ကိုသူခရီးမသွားခင်လေးဘုရားလာဆုတောင်းပေးပါခေါ်
တယ်။ ဆရာကသူ့ကိုနောက်ပြီး ဆုတောင်းပေးတာတော့ရပါတယ် but no head, no
legs လို့မက်ဆေ့ပို့လိုက်တော့ကိုကြီးကစိတ်မကောင်းတွေဖြစ်၊ သူ့ကို ခေါင်းမရှိဘူးလို့
ပြောတယ်လို့သူထင်သွားတာ။ အမှန်ကဆရာကသူအုန်းနို့ခေါက်ဆွဲချက်တုန်းက ကြက်
ခေါင်းကြက်ခြေထောက်တွေနဲ့ချက်တာကို၊ ဆုတောင်းပေးလို့ရတယ် အထူးထွေဘာမှ
မချက်နဲ့လို့ဆိုလိုတာ။ တော်တော်ရီရတယ်။ ကိုကြီးတို့များ။
အဲဒါနဲ့ no head no leg ခေါက်ဆွဲစားချင်တာနဲ့တိုင်ပင်ပြီး ညနေပိုင်းလောက်မှဈေးကို
အမြန်ပြေးရတာ၊ ချက်ပြုတ်နည်းစာအုပ်တစ်အုပ်နဲ့။ ကျွန်မအုန်းနို့ခေါက်ဆွဲမစားတာ
(၃) နှစ်လောက်ရှိတော့မယ်။ဈေးရောက်တာနဲ့ ဘာတွေဝယ်လဲဆိုတော့..
ကြက်သွန်နီအလတ် - ၁ ကီလို
အုန်းသီးခြစ်ပီးသား - ၂ လုံး (အုန်းသီးဝယ်တော့တစ်လုံးကအထဲမှာပန်းချီသွေးပါလို့စား
လိုက်ရသေးတယ်။ အရမ်းကြိုက်တာဘဲ)
ပန်းသံပရာ - ၃၀ လုံး (စားပြီးရင်ချဉ်စုတ်နေအောင်ဖျော်သောက်ရအုံးမယ်)
ကြက်သား - ၁.၅ ကီလို
ငံပြာရည် - ၁ ပုလင်း
ခေါက်ဆွဲခြောက်ထုပ်ကြီး - ၂ ထုပ် (ခေါက်ဆွဲကဒီမှာလတ်ဆတ်တဲ့ဟာတွေမရှိဘူး)
ကြက်ဥ နဲ့ ဘဲဥ - ၅ လုံးစီ
နို့စိမ်း - ၂ ဗူး (အုန်းနို့နဲ့ချက်မရလဲ နို့စိမ်းနဲ့ချက်မယ်ဆိုတဲ့အတွေးနဲ့၊ နောက်တော့မှအုန်း
နို့ခေါက်ဆွဲကအုန်းနို့နံ့မရရင် ဘယ်ဖြစ်မလဲနော်၊ မသုံးဖြစ်တော့ဘူး)
ကုလားပဲကလဲကုလားဆိုင်ကလွဲလို့ဘယ်မှာမှမရှိတာမို့၊ ကျော်ကျော် ကိုလှမ်းမေးပြီး သူ့မှာ
တစ်ထုတ်ကျန်သေးတာနဲ့ ပဲကို နူးအောင်ပြုတ်၊ ဘလန်ဒါနဲ့ခြေ (ပဲမှုန့်မရှိတော့လဲကြံဖန်ရ
တာပေါ့)
မုန့်ကြွပ်အတွက်ကတော့ ဘယာကြော်စမ်းကြော်တုန်းကမဖြစ်မြောက်တဲ့အကြော်လေးတွေ
ကိုထုချေထားလိုက်တယ်။ ငရုတ်သီးမှုန့်ကတော့ အိမ်ကပို့ပေးထားတာ။ အုန်းနို့ခေါက်ဆွဲ
ချက်နည်းကိုတော့လူတိုင်းသိလို့အသေးစိတ်မရေးတော့ပါဘူး။ ပထမဆုံးအကြိမ်စမ်းချက်
တာဖြစ်ပေမယ့်အရသာကတော့ဘာနဲ့မှလဲမရအောင်ကောင်းလှပါတယ်။


4 Comments:

khin oo may said...

ကောင်းလွန်းလို့ စိတ်မထိန်းနိုင်ဘဲစားလိုက် ပြီးမှ ဓါတ်ပုံ ရိုက်ဘှို့ သတိရတယ်လိဲု့ နားလည် လိုက်ပါတတယ်။ :P

sin dan lar said...

ဒါကြောင့်လည်း KOM ဆိုပြီး နံမည် ၁ လုံး..အဲ ..၃ လုံးနဲ့
ဟိုးဟိုးကျော်နေတာကိုး

PAUK said...

ကူးကူးရေ...
မမကေအိုအမ်နဲ့ မစန်ဒါလင်းဆီက လုစားလိုက်ပြီ..
ကောင်းမှ ကောင်း

Anonymous said...

Today, I went to the beach front with my children.
I found a sea shell and gave it to my 4 year old daughter and said "You can hear the ocean if you put this to your ear." She put the shell to her ear and screamed.
There was a hermit crab inside and it pinched her ear.
She never wants to go back! LoL I know this is entirely off
topic but I had to tell someone!

Also visit my web page; ranger forum

Post a Comment

ကူးကူးရေ...

 
Powered by Blogger