Pages

Friday, November 21, 2008

ချစ်သူရေ

ချစ်သူ...
အချိန်တွေတစ်ဆစ်ဆစ်ပြို..လဲ
မင်းအကြည့် မင်းအပြုံး
ရင်မှာစွဲထင်နေတုန်းမို့
သေချာပါတယ်
အချစ်တွေ အလွမ်းတွေ
တစ်နေရာထဲဦးတည်နေအောင်
ငါ့ချစ်သူသာပြုစားနိုင်တယ်
မင်းနဲ့ဆန့်ကျင်ဘက်ကိုပြေးလေလေ
ပိုပိုနီးလာလေမို့
ယောင်လည်လည်နဲ့
ရပ်နေမိပီ
တစ်ခုတော့သေချာပါတယ်ချစ်သူ
အသက်တစ်ခါရူသွင်းတိုင်း
အချစ်ပိုသာတိုးလာတာမို့
ချစ်သူ.....
ငါလွမ်းတယ်.................

တစ်ကယ်ရပ်နေလား
စိတ်ဘ၀င်မှာအတွေးမှားဝင်
ဘယ်လိုဖြစ်ဖြစ်
ခေါ်ချင်နေတုန်း
မင်းရဲ့အသံ
ကြားယောင်ပြန်မိ......
ပင့်သက်ရှိုက်တိုင်း
မင်းရဲ့အငွေ့သက်
ရင်ကိုခက်စေတယ်
တိုးတိုး ရစ် တဲ့
အချစ် တကယ်တော့
တို့နှစ်ယောက်ကြားက အနှစ်တွေပါ.....
အလွမ်းတွေဝေတိုင်း
ပန်းတွေ နဲ့ နှိုင်းယင်
ပန်းခင်းတစ်ခင်း
ဖြစ်တော့မယ်လေ
ချစ်သူရေ........

1 Comments:

ချစ်သူမောင် said...

တစ်ကယ်ရပ်နေလား
စိတ်ဘ၀င်မှာအတွေးမှားဝင်
ဘယ်လိုဖြစ်ဖြစ်
ခေါ်ချင်နေတုန်း
မင်းရဲ့အသံ
ကြားယောင်ပြန်မိ......
ပင့်သက်ရှိုက်တိုင်း
မင်းရဲ့အငွေ့သက်
ရင်ကိုခက်စေတယ်
တိုးတိုး ရစ် တဲ့
အချစ် တကယ်တော့
တို့နှစ်ယောက်ကြားက အနှစ်တွေပါ.....
အလွမ်းတွေဝေတိုင်း
ပန်းတွေ နဲ့ နှိုင်းယင်
ပန်းခင်းတစ်ခင်း
ဖြစ်တော့မယ်လေ
ချစ်သူရေ........

ကူကူးရေလက်ဆောင် (ခံစားမိလို့ရေးပေးလိုက်တာ)

Post a Comment

ကူးကူးရေ...

 
Powered by Blogger