Skip to main content

ရာဘာကုန်းကမှို (အမှတ်တရ)

ကျောင်းတုန်းကမိန်းကလေးအဆောင်အနောက်ဖက်ဂုန်နီစက်ရုံသွားတဲ့အခြမ်းမှာတောင်ကုန်းကြီးတစ်ခုရှိတယ်။အဲဒီကုန်းကြီးက
ကျောင်းအပိုင်၊ဟင်းသီးဟင်းရွက်တွေအရှေ့တောင်တိုင်းကကရင်မလေးတွေနဲ့ရခိုင်ဖက်ကသူတွေကအဲဒီကုန်မှာသွားပြီးခူးကြ
တယ်။အရင်ကမျောက်တွေလဲရှိတယ်၊တောကြောင်တွေနဲ့တောတရိစ္ဆာန်လေးတွေရှိတယ်။နောက်ပိုင်းမှာတော့ရာဘာplantation projectစတော့ရာဘာကုန်းဖြစ်လာတယ်။ကျောင်းသူကျောင်းသားတွေအကုန်အလုပ်လုပ်ရတယ်။သူ့နေရာနဲ့သူပေါ့၊

တစ်ချို့ကတော့ကျောင်းခန်း၊စတိုးဆိုင်၊ကျောင်းဆေးခန်း၊လယ်ခင်း၊ပန်းခင်း၊ရာဘာကုန်း၊လက်သမားစသည်ဖြင့်ခွဲပြီးလုပ်ကြရ
တယ်။ရာဘာကုန်းမှာလုပ်တဲ့သူအများစုတော့ပင်ပန်းတယ်။ရာဘာစစိုက်ခါစဆိုတော့ကျွမ်းကျင်တဲ့သူတွေဌားပြီးပလတ်စတစ်ကာ
မိုးကာအိမ်အောက်မှာပျိုးပင်လေးတွေကိုစနစ်တကျထားရတယ်။တော်တော်ဂရုစိုက်ရတယ်။ပျိုးပင်ထည့်တဲ့အိတ်လေးတွေကအစ
မြေကြီး၊မြေသြဇာအချိုးညီညီနဲ့ရာဘာပင်ပေါက်လေးတွေကိုဂရုတစိုက်စိုက်ရတယ်။ပြီးမှအကွာအဝေးညီညီအကွက်ချထားတဲ့မြေ
နေရာမှာတစ်ပင်စီစီတန်းစိုက်ရတယ်။ရေအတွက်ကတော့ရေတွင်းတူးရပါတယ်။ရေတွင်းကအနက်ကြီးတူးရတယ်။ကျယ်လဲကျယ်
တယ်။အဲဒီရေတွင်းကြီးမှာလဲဖြစ်ပေါ်လာပုံရာဇ၀င်လေးရှိသေးတယ်။

ကျောင်းမှာregisterစလုပ်တဲ့အချိန်မှာရည်းစားရှိမရှိကိုတစ်ခါတည်းထည့်ပြီးလုပ်ရပါတယ်။ရည်းစားရှိတယ်ဆိုရင်နှစ်ဖက်သော
မိဘတွေရဲ့ထောက်ခံစာကိုပါပူးတွဲပြီးတင်ရတယ်။registerလုပ်တုန်းကတော့ရည်းစားမရှိဘူး၊နောက်ပိုင်းမှာရည်းစားရသွားတယ်
ဆိုပါစို့၊အဲဒီအခါဆောင်မှူးကိုအသိပေးပြီးမိဘတွေဆီကထောက်ခံစာလှမ်းတောင်းရပါတယ်။ကျောင်းတုန်းကချစ်သူရည်းစားအတွဲ
တွေနဲ့ပတ်သတ်ရင်အတော်လေးကိုကျပ်ပါတယ်။စည်းကမ်းချက်တွေလဲများတယ်။ယောက်ျားလေးဆောင်နဲ့မိန်းကလေးဆောင်၊ မိန်းကလေးအဆောင်ကိုဘယ်ယောက်ျားလေးမှဂိတ်ကနေ၀င်ခွင့်မပေးဘူး၊သမီးရည်းစားတွေစကားပြောချင်ရင်အဆောင်မှူးကို
ခွင့်တောင်းပြီးသတ်မှတ်ထားတဲ့ပန်းခြံလိုနေရာလေးမှာခုံလေးတွေစီထားပေးတယ်။အဲဒီနေရာမှာထိုင်ပြီးစကားပြောရပါတယ်။ ဒါကိုစောင့်ကြည့်နေတဲ့တာဝန်ကျကျောင်းဆရာတစ်ယောက်လဲရှိပါသေးတယ်။အခုချိန်ပြန်စဉ်းစားရင်ရီချင်စရာကောင်းပေမယ့်
အဲဒီအချိန်တုန်းကတော့တကယ်ပါဘဲ။ကျောင်းခန်းထဲမှာနေ့ခင်းကြောင်တောင်လူမြင်ကွင်းမှာဖြစ်ပေမယ့်ရည်းစားတွေထိုင်စကား
ပြောတာကိုတွေ့ရင်warningလာပါတယ်။နောက်တစ်ခါထပ်တွေ့ရင်ကျောင်းထုတ်ပါတယ်။အဲဒီတော့ချစ်သူရည်းစားရှိသူတွေဟာ စကားပြောချင်ရင်လမ်းလျှောက်ရင်းပြော၊ကောင်လေးကကောင်မလေးကိုအဆောင်ဂိတ်ထိလိုက်ပို့ခွင့်ရှိပါတယ်။ ချစ်လှပါချည်ရဲ့၊ လွမ်းပါတယ် ဆိုတဲ့ရည်းစားစာတွေကတော့ သူငယ်ချင်းတွေကတဆင့် ပို့ပေးလို့ရတယ်။

စနေနေ့ညနေပိုင်းမှာcafeteriaကHallကြီးထဲမှာဗီဒီယိုပြပေးပါတယ်။ကားတွေကတော့ပျင်းဖို့အရမ်းကောင်းပါတယ်။ဒါတောင်မှ TVအကြီးကြီးနှစ်လုံးကိုကျောချင်းကပ်ထားပြီးတော့မိန်းကလေးတစ်ခြမ်း၊ယေက်ျားလေးတစ်ခြမ်းကြည့်ရပါတယ်။ဆရာတွေ
အလစ်မှာတစ်ချို့သောအတွဲတွေကမိန်းကလေးဘက်အခြမ်းမှာလာလာခိုးထိုင်တတ်ကြတယ်။ကျောင်းဝင်းကနေကန်တင်းကို
သွားတဲ့လမ်းမရှည်ကြီးမှာရည်းစားတွေဆိုရင်ထီးတစ်ချောင်းတည်းအတူဆောင်းခွင့်မရှိပါဘူး။ဆောင်းမိလို့ကတော့နောက်နေ့ academic deanကခေါ်ပီးအစည်းဝေးခန်းထဲမှာ၂နာရီလောက်lectureအပေးခံရပါတယ်။ Libraryမှာလဲထိုနည်း လည်းကောင်းပါဘဲ။TownDayဆိုတာရှိတယ်၊မိန်းကလေး၊တစ်ပတ်၊ယောက်ျားလေးတစ်ပတ်၊အပြင်ထွက်ခွင့်ရတယ်။အတူသွား ခွင့်မရှိပါဘူး။သတ်မှတ်ထားတဲ့အတွဲတွေစကားပြောခွင့်ရှိတဲ့နေရာမှာပြောနေသည့်တိုင်အောင်ညနေ၆နာရီကျော်နေနဲနဲဝင်တာ
နဲ့ စကားပြောတာရပ်၊ ကိုယ့်အဆောင်ကိုယ်ပြန်ရပါတယ်။

အဲလောက်စည်းကမ်းကျပ်တဲ့အထဲကနေပီးစည်းကမ်းအပြင်နဲနဲကျော်သွားတဲ့အတွဲတွေ၁၂တွဲလောက်မိသွားပါတယ်။ အဲဒီအတွဲတွေအတွက်ဒဏ်ပေးတဲအနေနဲ့ရေတွင်းကြီးကိုတူးခိုင်းပါတယ်။ပေါက်တူး၊ဂေါ်ပြားနဲ့မြေမာမာတောင်ကုန်းပေါ်မှာရေ
တွင်းကြီးကိုတူးရတာမလွယ်လှပါဘူး။ယောက်ျားလေးတွေကတူး၊မိန်းကလေးတွေကမြေသယ်။အဲဒါနဲ့ရာဘာကုန်းကြီးမှာရေတွင်း
အကြီးကြီးတစ်တွင်းဖြစ်ပေါ်လာပါတယ်။ရေကပေ၂၀၀အေက်ထိတူးမှသာထွက်လာတာမို့အတွဲလေးတွေခမျှာ၃ပတ်နီးပါးအပင်
ပန်းခံလိုက်ရပါတယ်။သူတို့ကောင်းမှုကြောင့်ပေါ်လာတဲ့ရေတွင်းထဲကရေတွေကိုရာဘာကုန်းအတွက်သုံးပါတယ်။ ရာဘာကုန်းကရာဘာပင်လေးတွေကြီးလာတဲ့အခါ အောက်ခြေကအပင်ရိုင်းတွေလဲရှင်းကုန်ပါပီ။ရာဘာကုန်းမှာအလုပ်လုပ်တဲ့သူတွေအများဆုံးရတာမှိုပါ။တောင်ပို့မှိုတွေခဏ
ခဏရတယ်။ ကျွန်မသူငယ်ချင်းတစ်ယောက်ရှိတယ်။သူ့နာမည်အိအိလှိုင်၊ကရင်မလေး၊အသားရည်အရမ်းလှပြီးချစ်ဖို့ကောင်းတယ်၊ နောက်တစ်ယောက် က ၀ါးကို့လို့ ရာဘာကုန်းကအလုပ်လုပ်ပြန်လာရင်မှိုလေးတွေ၊သပွတ်အူသီးအနုလေးတွေနဲ့ ကြောင်လျှာသီးလေးတွေယူလာပေးတတ်တယ်။မှိုကိုမီးသွေးနဲ့ဖုတ်စားပါတယ်။တစ်ခါတစ်လေအခြောက်လှမ်းပြီး
ငရုတ်သီးစိမ်းလေးခြမ်းကွဲအောင်ထောင်းပြီးကြော်စားသေးတယ်။ကျွန်မကျောင်းတုန်းကအဖြစ်ပျက်တွေကိုတွေးမိ
တိုင်းချစ်စရာကောင်းတဲ့သူငယ်ချင်းလေးတွေကလွဲလို့ကျန်တာတွေသတိမရတော့ပါဘူး။ပြီးခဲ့တဲ့အပတ်ကညီမ၀မ်း
ကွဲကသူတို့ကျောင်းခြံဝင်းထဲကမှိုတွေနှုတ်လာပေးတော့ကျွန်မအတွေးတွေကလွန်ခဲ့သောကျောင်းတုန်းကရာဘာ
ကုန်းမှိုတွေကိုပြန်သတိရလာတာကြောင့်ဒီစာလေးကိုလေးကိုရေးချင်စိတ်ပေါက်လာ
တာပါ။လူတိုင်းမှာအတိတ်ကအကြောင်းရာလေးတွေမေ့ပျောက်ပျောက်ဖြစ်နေမိသည့်တိုင်အောင်တိုက်ဆိုင်မှုလေး
တွေကြုံလာတိုင်းပြန်အောက်မေ့မိတာသဘာဝမဟုတ်လားနော်။

Comments

  1. မစန္ဒကူးရေ.. ဘယ့်နှယ့် ရည်းစားအတွဲတွေကို ဆရာတွေ လိုက်စောင့်ကြည့်နေတယ် ဆိုတဲ့ feeling ကြီးကတော့ မမိုက်ပါဘူးဗျာ....။ :P
    အဲဒီ မှိုဟင်းတွေ စားချင်တယ်ဗျာ။ အရမ်းကြိုက်တယ်။

    ReplyDelete
  2. ကိုလူထွေးကတော့ စားလို့ရတဲ့မှိုနဲ့ မရတဲ့မှို မခွဲတတ်ဘူး...

    နေညိုရင့်ပြောသလိုပဲ.. ရေစစ်စရီ လုပ်ထားရတယ်ဆိုတော့ မလွတ်လပ်လိုက်တာ...

    ReplyDelete
  3. မီးဖုတ်ထားတဲ့မှိုကို စားချင်လိုက်တာ

    ReplyDelete
  4. ငယ်ငယ်က တောနား၊တောင်နား နေဘူးတော့ အဲလို မှိုတွေ ခဏခဏရတယ်။ မှိုရရင် အရမ်းပျော်တယ်။ နောက်ဟင်းချိုချက်စားတဲ့ ဘဒပ်စာတွေလဲ လိုက်နှုတ်ကြတယ်။ သမီးရီးစားချိန်းတွေ့တာ အစောင့်ဆရာမက စောင့်ကြည့်တယ်ဆိုတော့ ၇ယ်ချင်စရာကြီးတော့။

    ReplyDelete
  5. အဲ့ဒါ ဘယ်ကျောင်းမှာလဲဟင်.. အိမ်က ထောက်ခံစာ မပေးဘူးဆို ဆွေးပြီပေါ့နော်..

    ReplyDelete
  6. နေညိုရင်ရေ.. ဟုတ်ပါ့..အခုပြန်စဉ်းစားရင်ဟာသလိုဘဲ.. တစ်ကယ်လဲရီရတယ် စည်းကမ်းအရမ်းကျပ်ခဲ့တာကိုး...

    မီးမီးချစ်ရေ.. ကူးကူးတက်ခဲ့တဲ့ကျောင်းမှာပေါ့.. အိမ်ကထောက်ခံစာ ထုံးစံအတိုင်း အတုလုပ်ကြသည်ပေါ့..ဟီးဟီး..

    တီတီဆွိရေ..သမီးရည်းစားချိန်းတွေ့တယ်ခေါ်လို့မရဘူး
    သမီးရည်းစားတွေစကားသီးသန့်ပြောခွင့်ပေးတယ်လို့
    ပြောလို့ရတယ်..ဒါတောင်သူတို့ကိုကျေးဇူးတင်ရမလိုဖြစ် နေတာ..ဘ၀က.အဲလို

    Rita ရေ...မီးဖုတ်ထားတဲ့မှိုချိုချိုလေးနဲ့ အရမ်းရသာရှိတာအမှန်ဘဲ....

    ReplyDelete
  7. ကူးကူးရေ
    မှိုဟင်းလာစားတယ်။

    ReplyDelete
  8. ပျဉ်းမနား ရေဆင်းကျောင်းလို့ ထင်တယ်။

    ReplyDelete
  9. ဟုတ်ပါဘူးတောင်ငူရေ..
    ကူးကူးတက်ခဲ့တာ private ကျောင်းတစ်ခုပါ..
    သိကြမယ်မထင်ဘူး.. မြန်မာလိုကောင်းကောင်းမရေးတတ်တာသာကြည့်တော့

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ