Skip to main content

ကျွန်မနှင့် ဆံပင်ပုံစံများ

အောက်တိုဘာလရောက်ပီဆိုရင်ကျွန်မအသက်တစ်နှစ်ကြီးပြန်ပီ။
ငယ်ငယ်ကလေးဘ၀အကြောင်းတွေအကုန်တစ်ထိုင်တည်းမမှတ်မိပေမယ့် အကြောင်းရာတိုက်ဆိုင်တိုင်း တွေးမိတိုင်းသတိတရ အောက်မေ့ ပြုံးမိပါသေးတယ်။
ကျွန်မမွေးတော့ မာမီက အသက် ၂၀ နှစ်ပဲရှိသေးတယ်။ မမွေးခင်တစ်ပတ်အလိုစနေနေ့မှာစပီး ဗိုက်နာလို့ ဆေးရုံတင်လိုက်ရတာ (မန္တလေးဆေးရုံကြီးမှာပေါ့) နောက်အပတ် စနေနေ့ မှကျွန်မကိုမွေးတယ်။ တစ်ပတ်လုံး ဆေးရုံပေါ်မှာ နာလိုက် အော်လိုက်ဖြစ်နေမယ်ထင်တာပါဘဲလေ..တွေ့မှမတွေ့ရသေးဘဲ..း)
ကျွန်မကိုမွေးတော့ ၉ပေါင်ခွဲ..  ဆံပင်တွေက ကုတ်နားမှာဝဲနေအောင်ရှည်သတဲ့လေ...အဖေ့ဘက်က အဖွားအဲ တုန်းကရှိသေးတယ်..ကျွန်မကိုသူဘဲကြည့်၊ သူဘဲထိန်း၊ အလိုလိုက်လို့ ကျွန်မကဆိုးသတဲ့လေ..
ကျွန်မသိတတ်တဲ့အရွယ်မှာ အဖေ့ဘက်ကအဖိုးအဖွားမရှိတော့ပါဘူး..အသက် (၆၀)၀န်းကျင်မှာ နှစ်ယောက်လုံး သွေးတိုးနဲ့ဆုံးသွားပါတယ် (ပြင်ဦးလွင်မှာပေါ့)။ သူတို့ပေးတဲ့ အမွေ သွေးတိုး ကိုကျွန်မကျေကျေ နပ်နပ်ကြီးလက်ခံခဲ့ရပါတယ်။ အချစ်ဆုံးမြေးဦးပေကိုး...
ကျွန်မသိတတ်တဲ့အရွယ် သူငယ်ချင်းအပေါင်းသင်းမရှိ ကိုဖြိုးဆိုတဲ့ ကောင်လေးတစ်ယောက်သာအဖော် အဖြစ်ရှိနေပီးတော့ အသက် (၄) နှစ်နဲ့ သူငယ်တန်းကို အိမ်ကတန်းပို့လိုက်ပါတယ်။
ဆံပင်တွေထူပီးရှည်လွန်းလို့ ခဏခဏ ညှပ်ရတဲ့ကြား ကျောင်းသွားရင်လဲ မာမီက ဆံပင်ကို လေးချောင်းခွဲ ပီး တင်းနေအောင်ချည်ထားပေးပေမယ့် ကျောင်းကပြန်လာရင်တော့ စုတ်ဖွားနဲ့ ပြန်လာပါတယ်။
ဇီးကွက်လိုပြူးကြောင်ကြောင်နဲ့ ကျောင်းခန်းထဲမှာ ဘယ်သူနဲ့မှစကားမပြောဘဲထိုင်နေတော့ အခြားကလေး တွေလဲ အမြင်ကတ်တော့မပေါ့...ဆံပင်တစ်ယောက်လာဖွ၊ နောက်တစ်ယောက် သရေပင်လာဆွဲချွတ်နဲ့၊ ကျွန်မသူငယ်ချင်းကိုဖြိုးလား... အားကိုးရမလားမှတ်တယ်.. ကျွန်မငိုရင် သူပါလိုက်ထိုင်ငိုနေရော..
(၄) တန်းလောက်တုန်းက ကျွန်မဆံပင် အထူကြီးအရှည်ကြီးပဲ..အဲဒါမှတ်မှတ်ရရ မာမီကတစ်ရက် ညှပ်ဖို့ ဆိုင်ခေါ်သွားတော့ ဆံပင်နောက်မှာထိုင်ခိုင်းတာ.. စက်ဘီးစနင်းမှ ခုန်တက်မယ်ဆိုပီး.. မာမီစက်ဘီး ပေါ်လဲ တက်ရော ကျွန်မ နောက်ကနေ စက်ဘီးကိုတွန်းလွှတ်ပီး အနောက်လှည့်ပြေးတာ..လဲ အရိုက်ခံရတယ်။
ဆံပင်ရှည်တာနှစ်သက်ပေမယ့် ကိုယ့်ဆံပင်ကိုယ်မထိမ်းနိုင်တာတော့အမှန်ဘဲ...
(၆) တန်းရောက်တော့ ဆံပင် ကို မာမီ က ဘေးနှစ်ချောင်းကျစ်ပီး အနောက်ကိုဆွဲချည်ထားပေတော့မြန်မာ ကားတွေထဲက ဖက်ဆစ်ဂျပန်ဦးထုပ်ဆောင်းထားတာနဲ့တူလို့ထင်ပါတယ် ကျောင်းသားတွေက ဖက်ဆစ် ဂျပန်မလို့ဝိုင်းအော်ကြတာနဲ့ ရှက်လို့ ငိုပီးအိမ်ပြန်လာတာ၊ မာမီ့ကို နောက်ဆို အဲလို ဆံပင်ပုံမျိုးမလုပ်ပေး နဲ့ ဆိုပီး ဆန္ဒပြတာ.. ညနေထမင်းမစားဘူး။
မာမီကတော့ အငယ်နှစ်ယောက်လဲငယ်သေးတော့ ဂရုမစိုက်အားပေမယ့်ပါးပါးကတော့ ညသန်းခေါင်လဲ လာနိုးပီး ထမင်းအတင်းခွံ့ကျွေးတတ်ပါတယ်။
သမီးဦးဆိုတော့ အိမ်မှာလဲ အငယ်နှစ်ယောက်ရှိတော့ ပါးပါးက ခရီးထွက်တိုင်းခေါ်ခေါ်သွားတော့ ကျွန်မကို ယောက်ျားလေးလိုဘဲအမြဲဝတ်ပေးပါတယ်။ ခရီးသွားတဲ့အချိန်တွေဆို သူဘဲ
အလှပြင်ပေးတယ်၊ မျက်ခုံးတွေဆို အကုန်ရိတ်ပီး ကွမ်းရိုးနဲ့ဆွဲထားပေးလို့ အခုမျက်ခုံးမွှေးနဲနဲရှိသလို၊ သနပ်ခါးလိမ်းပေး၊ ခေါင်းဖီးပေး.. အကုန် အဖေဘဲကျွန်မကိုလုပ်ပေးပါတယ်..
အထက်တန်းလောက်ရောက်တော့ ရောဂါလက္ခဏာတွေပြပြလာတော့ ခေါင်းကအဆိုးဆုံး၊ ကိုက်ပီး နာနေရင် တစ်နေကုန်.. ဒါနဲ့ပဲ ရွှေဘုံသာလမ်း ဦးနှောက်အာရုံကြောဆရာဝန်မနဲ့သွားပြတော့ သွေးကြော တွေဘာဖြစ်တယ်ဆိုလား ဆေးပေးလိုက်ပါတယ်.. ဆံပင်ပါညှပ်ဖို့ ကအဆစ်ပါလာပါတယ်...
ကျောင်းပီးခါနီးအရှည်လေးထားလိုက်ပါသေးတယ်.. မအောင်မြင်ပါဘူး.. ဆေးရုံပေါ်ရောက်တော့ ညှပ်ပစ်ရ တာပါဘဲ..
နောက်ပိုင်းမှာတော့ ကြွက်စုတ်ကေလေးနဲ့ နေရင်း.........ကောက်လိုက်.. ဖြောင့်လိုက်..ဖြစ်နေတဲ့ဆံပင် ကိုစိတ်တိုင်းမကျတာတော့အမှန်ပါ..ဒီတစ်နှစ်အတွင်းမှာ နေဖြစ်တဲ့ဆံပင်ပုံစံလေးတွေပါ.. ဘယ်ဟာနဲ့ လိုက်မလိုက်တော့မသိဘူး... ကျွန်မအကြိုက်ဆုံးဆံပင်ပုံဆံက စပရိန်လို ကောက်ကောက်လေး ကျောလည်လောက်ရှည်တဲ့ပုံဆံမျိုး...
ဒါမှမဟုတ်လဲ ဖြောင့်စင်းနေတဲ့ဆံပင်ကို အမြင့်ကြီးအားလုံးစုပီး ပြောင်နေအောင်ချည်ထားတာမျိုး...
ရုံးသွားတဲ့အချိန်တော့ မျက်လုံးနဲ့မျက်နှာပေါ်ဆံပင်မအုပ်အောင် အနောက်ကိုဆွဲပီး ဆံထိုးနဲ့ထိုးတာတယ်။
စိတ်လိုလက်ရရှိရင် ဆံပင်လေးတွေညကတည်းကခွေထားပီး ပွဲလန်းသဘင်နဲ့ ဘုရားကျောင်းသွားတယ်..
တစ်နေကုန်အပြင်ထွက်ဈေးဝယ်ရမယ်ဆို အဆင်ပြေသလို မရှုပ်အောင်လိမ်ကျစ်ထားလိုက်တာဘဲ..
ခေါင်းနာလို့ဆံပင်အကုန်ချည်နိုင်တဲ့ နေ့တွေဆို မျက်နှာပေါ်မကျအောင်ရှေ့နဲ့ နားတစ်ဝှိက်ဆံပင်တွေ ကို လိမ်ပီးနောက်မှာစုပီးချည်ထားတယ်။။ စိတ်ရူးပေါက်ပီး ဆံပင်ကိုခွေခေါက်အောင်ကောက်လိုက်သေးတယ်..
နောက်ပိုင်းခေါင်းလျှော်ပီးဟိုထည့် ဒီထည့် ဆံပင်သနေရတာစိတ်မရှည်လို့ ပြန်ဖြောင့်လိုက်ပြန်ရော..




ကျွန်မအရင်ကဆံပင်သန်ပေမယ့် ဆံပင်ကို ဂရုစိုက်ဖို့ လိုတယ်လို့ သိလာတဲ့အချိန်မှာ ကျွန်မဆံပင်က weight မရှိတာကြောင့် ပေါ့ပါးပီး ခူယားကောင်အမွှေးလိုဖြစ်နေပါတယ်... ဆံနွယ်လေးတွေသေးတာလဲပါ တယ်။ ကျွန်မသူငယ်ချင်းတွေဆို ဆံပင်တစ်ပင်တစ်ပင် အကြီးကြီးပဲ..သန်တယ်လို့ဘဲပြောရမလားမသိဘူး။ ကျွန်မဆံပင်က ၀ါကြောင်ကြောင်နဲ့ ဖြောင့်စင်းနေပေမယ့် ပေါ့လွန်းတော့ လေနဲနဲတိုက်တာနဲ့ စုတ်ဖွားဖြစ်နေပီ။ ဆီလိမ်းရင်လဲ ကပ်နေပြန်ရော.. ကိုယ်တိုင်က မလုပ်တတ်တာလဲပါတယ်.. အဆင်ကို မပြေပါဘူး...ပုံအမျိုးမျိုးပြောင်းနေတဲ့ဆံပင်ပုံတွေနဲ့ ကျွန်မကိုယ်တိုင်လက်ကလိထားတဲ့ ဆံပင်ပံစုံလေးတွေကိုပါ အပျင်းပြေကြည့်လို့ရ အောင်တင်ထားပါတယ်။

Comments

  1. က ကြီးပုံနဖူးလေး....

    ReplyDelete
  2. ဒုတိယမြောက် အခွေအလိပ်ရယ် တတိယမြောက်အပြောင်လေးရယ် အကြိုက်ဆုံးပဲကွယ်

    ReplyDelete
  3. ဆံထုံးထုံးတာတဲ့ပုံလေးကြိုက်တယ် ဘယ်လိုထုံးလဲ ထုံးတတ်ဘူး ....ထောလည်းအဲလိုပဲ ဆီလိမ်းတော့ကပ်နေရော မလိမ်းတော့ဖွာနေရော ဆံပင်က ကားဂိတ်ရောက်ရင် အိမ်ကဖီးလာသလို အဆင်မပြေတော့ဘူး ပွနေရော ဆံပင်ကိုတော့ မကူးလို မလုပ်တတ်ဘူး အားလုံးရိုးရိုးစုချည်တာတောင် မနဲလုပ်ယူရတယ် (တော်ချက်ကတော့ကမ်းကုန်) အတိုတော့ငယ်ငယ်ကပဲထားတယ် ကြီးတော့အရှည်ပဲထားတယ် ခုဆို အဖျားမှာ ၂ခွမက၃ခွ၎ခွတွေဖြစ်နေလို့စိတ်ညစ်ရတယ် ဆံပင်တွေကလည်းကျွတ်မှကျွတ် :(

    ထောထော

    ReplyDelete
  4. ဒီလောက်လှတဲ့ဆံပင်ပုံစံတွေနော်
    လုပ်တတ်ပါ့ ဆံပင်ဆိုတခါမှ ဂုတ်ရောက်အောင်မတိုဖူးဘူး
    အရှည် ပခုံးကျော်ပဲထားတယ်
    ဒါနဲ့ ကူးကူးစ်ရေ....
    မြစ်ကြီးနားမှာ မြူးသျှရီ
    စက်ချုပ်ဆိုင်ရှိလား သိဖူးတော့
    ဟုတ်မှာပါလေ မြူးတို့ ဆိုင်မဟုတ်ပါဘူး
    မြူးတို့ မြန်မာပြည်က နေထွက်လာတာ
    ၁၁ လပိုင်းဆို ၁၂နှစ်ပြည့်ပါပြီ
    မြူးမသိပါဘူး နောက်ပိုင်းမှ ဖွင့်တာဖြစ်မှာပါ

    ReplyDelete
  5. ကူးကူးက ဆံပင်ကို ပုံစံအမျိုးမျိုးလုပ်တတ်တယ်နော်
    တော်တယ်။တို့ တော့မလုပ်တတ်လို့ ဂုတ်နားထိဘဲ
    ထားရတယ်။အဲဒီလိုညံ့တာ သိလား...

    ReplyDelete
  6. ဘာစတိုင်တွေလည်း တော.သိဘူး ကြည်.သာကြည်.
    သွားတာ ဘာမှသိဘူး ဟီးးးးးးးးးး

    ReplyDelete
  7. ဆံပင်ဒီဇိုင်းလေးတွေက ချစ်စရာလေးတွေကွယ်။

    လုပ်ကြည့်ချင်ပေမယ့် ခေါင်းကိုင်းရင်အိပ်ငိုက်လွန်းတာကြောင့် တော်ရုံမလုပ်ဖြဟ်ဘူး။

    ကူးကူးပြထားတဲ့ ဆံပင်ပုံမျိုးလုပ်ကြည့်မယ်နော်။
    သေချာတာကတော့ ကူးကူးလောက် လှမယ်မထင်ဘူး။

    အားငယ်မိပါရဲ့ 
း)

    ReplyDelete
  8. အကုန်လှတယ်
    ကိုယ်တော့ ဆံပင်မကောင်းဘူး
    ခြောက်တယ် ပါးလဲ ပါးတယ်

    ReplyDelete
  9. ဆံပင်အရှည်မထားနိုင်ဘူးး
    အတိုပဲ ထားဖြစ်တယ်..


    ပေါက်

    ReplyDelete
  10. နောက်ဆုံးပုံကလို ဆံထုံးလေး ဘယ်လိုထုံးလဲ ... ???
    ပြောပါ ပြောပါ..လူကို အူယားအောင်လာကလိတယ်... နဂိုကမှ လက်တည့်စမ်းချင်ရတဲ့ အထဲ... :P

    ReplyDelete
  11. ချစ်အုန်းဖေOctober 5, 2009 at 3:11 PM

    မွှေးနီလို့ ခေါ်ရမယ်။ ဟဲဟဲ။

    ReplyDelete
  12. ကူး ဆ့ပင်သားပြောင်အောင် ဘယ်လို လုပ်ရမလဲ.. မီးချစ် ဆို ခဏခဏ စက်နဲ့  ဖြောင့်လို့ ထင်တယ်.. အရောင် က မထွက်တော့ ဘူး.. အတို ညှပ်ရတော့ မယ်

    ReplyDelete
  13. ကူးကူးနဲ့မမနဲ့ဆံပင်သားချင်းတူတယ်.... ဆံလုံးသေးပြီး ဆံပင်များတယ်... ဝိတ်မရှိတော့ ဘာပုံသွင်းသွင်း ခဏဘဲခံတယ်.... ကောက်လိုက် ဖြောင့်လိုက်နဲ့ စိတ်တိုင်းကျတယ်ကို မရှိဘူး

    ReplyDelete
  14. ကူးရေ နာ့ကတော့ ဆံပင်ကိုစည်းရမှာ ပုံသွင်းရမှာ ပျင်းလို့ အမြဲတမ်း ဖျားလျားချချထားလို့ အိမ်မှာဆို ခဏခဏ အဆဲခံရတယ်။ ဆံထုံးလေးတွေ မိုက်တယ်နော်။ စလုံးရောက်ရင် အဲလိုမျိုးလေးတွေ ထုံးပေးနော်။ ငယ်ငယ်ကတော့ အဒေါ်ငယ်က ဆံပင်ကိုအမျိုးမျိုး စည်းပေးဖူးတယ်။ အခုတော့ ကိုယ်ဘာသာမလုပ်တတ်တော့ ဆံပင်ရှည်ပေမဲ့ ဆံထုံးလေးတောင် မထုံးတတ်ဘူးအေ့

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ