Skip to main content

အသည်းဝေဒနာရှင်အတွက် အစားသောက်များ

ကျွန်မဌားလာတဲ့စာအုပ်လေးထဲက အစားသောက်ဇယားလေးကို တင်ပေးလိုက်ပါတယ်။ နည်းနည်းတော့ တူတာလေးတွေ ရောထည့်ထားပေးတယ်။ ပထမဆုံးကတော့ ကိုကြီးကျောက် လဲစိတ်ဝင်စားရင် စမ်းကြည့် လို့ ရအောင်ပါ။ ဒီအစားသောက်တွေကတော့ ဆေးနေရာအစားထိုးဖို့မဟုတ်ပါဘူး။ (ပြောသာပြောတာ လင့်ခ် ဖို့သွားကြည့်တော့ သူက ပိုစ့်အသစ်တောင်တက်... အသည်းခွဲဇတ်လမ်းလေးရေး အလွမ်းတွေ ဝေနေ တယ်)

အသည်းရောဂါသည်တွေအ၀ါနဲ့ကင်းလို့မရဘူး၊ ရွှေဖရုံသီး၊ သင်္ဘောသီး အစရှိတဲ့အ၀ါရောင် အသီးတွေ စားပေးရမယ်။
ကင်ဆာရောဂါ ကာကွယ်လိုသူများနဲ့ ဖြစ်နေတဲ့သူများကတော့ ကယ်လိုရီအများကြီးပါတဲ့အစာ၊ ပရိုတင်း အများကြီးပါတဲ့ဟာ နဲ့ အဆီနဲနဲစားသောက်တဲ့အကျင့်ကိုလိုက်ပေးရမှာဖြစ်ပြီးတော့ တတ်နိုင်သလောက် အသီးရွက်နဲ့ အသီးအနှံလတ်လတ်ဆတ်ဆတ်ကိုသာ စားပေးရမှာဖြစ်ပါတယ်တဲ့။ ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားသောက်တွေတတ်နိုင်သလောက် ရှောင်ရပါမယ်။
အသည်းဝါ၊ နဲ့အသည်းရောဂါသည်တွေလဲ သိပ်မကွဲခြားဘဲ ကယ်လိုရီပမာဏများများပါဝင်တဲ့အစာနဲ့ အဆီနဲနဲ အစားသောက်ကို လေ့ကျင့်စားပေးရမှာဖြစ်ပါတယ်။
ကင်ဆာရောဂါကာကွယ်ဖို့အတွက်အဓိက ကတော့ ဗီတာမင် အေ နဲ ဘီ ပါဝင်တဲ့အစာတွေများများစား ပေး ပါ။ အဲဒါတွေကတော့..

Vitamin A မြင့်မားသောပမာဏပါဝင်သည့်အစားအစာများ..
အ၀ါရောင်အသီးအနှံများ ( သရက်သီးမှည့်၊ သင်္ဘောသီးမှည့်)၊ ကြက်ဥအနှစ်၊ အသီးအရွက် ( အစိမ်းရင်ရောင်ရှိသော အရွက်များများနှင့်အသီးရွက်များနှင့် မုန်လာဥနီ၊ ဖရုံသီး အစရှိသည့်အ၀ါရောင် အသီးနှံများ)၊ ငါးကြီးဆီ
Vitamin B
ပေါင်မုန့် (ဂျုံကြမ်း)၊ Cheese ဒိန်ခဲ၊ ပြောင်းဖူး၊ ကြက်ဥ၊ နို့၊ မှို၊ အခွံမာ အစေ့များ (သီဟိုစေ့၊ မြေပဲဆံ၊ ငါးပေါက်သီးဆံ၊ သစ်ကြားသီး၊ ရင်ကွဲစေ့)၊ ထမင်း.. ဆန်လုံးတီး
ဒါကတော့ နေ့စဉ်စားသောက်ရမယ့် အချိန်ဇယားနဲ့အစားစာတွေ (၃)ရက်စာနမူနာပါ။ အမျိုးစားတူတဲ့ အသီးတွေ နဲ့ ဟင်းအမယ်တွေ စိတ်ကူးရှိသလောက်လဲလှယ်ချက်စားလို့ရပါတယ်။


သတိထားရှောင်သင့်သောအရာများ
၁။ အချိုအလွန်ကျွံစားခြင်း
၂။ အဆီများသောအသားနှင့်ကိုယ်တွင်းကလီစာအသားများ
၃။ အသား/ငါးအရေခွံများ
၎။ ခရင်မ်များသော ဒိန်ခဲများ
၅။ ကျွဲနို့၊ နို့ဆီ
၆။ ထောပတ်သီး
၇။ fried chips, French fries နှင့်အခြားဆီများများနှင့်ကြော်ထားသောအစားများ
၈။ အမဲရိုးစွပ်ပြုပ်
၉။ ကော်ဖီ၊ လဖက်ရည်၊ အရက်နှင့်မူးယစ်စေသောအရာများ၊ ဆိုဒါပါဝင်သောအရည်များ နှင့် ကိုလာ
၁၀။ အုန်းနို့ပါဝင်သောအချိုပွဲများ

http://www.usefulusability.com/7-reasons-why-you-can%E2%80%99t-sell-usability/ (photo credited)

Comments

  1. ဟုတ်တယ်နော်..ကူးကူး..
    ကြာရှည်ခံအောင်လုပ်ထားတဲ့ အစားအစာတွေ
    လျှော့စားရမှာ..။
    ခုခေတ်ကြိးမှာ မလွယ်ပါဘူးလေ..။

    ပေါက်

    ReplyDelete
  2. Thank u ကူးကူးရေ...
    ကိုကြီးကျောက်လဲ အစားအသောက် ဂရုပြန်စိုက်နေရတယ်..နဲနဲမှားတာနဲ့ ခြေထောက်တွေ ယောင်လာတာပဲ..
    ခက်တာက ဒီမှာက အသီးအရွက်တွေကလဲ အကုန် frozen လာတာ

    ReplyDelete
  3. ကျေးဇူးအများကြီး တင်ပါတယ် ကူးကူးလေးရေ့ 
    တစ်နေ့ကို အနည်းဆုံး သုံးကြိမ် စားသောက်နေရတာမို့ ဒါလေးတွေ သိထားတော့ ကျန်းမာရေးအတွက် အကျိုးပြုစေတာပေါ့နော်။
    ချစ်တဲ့
    မမလု

    ReplyDelete
  4. အ၀ါရောင်ရှိတဲ့အသီးတွေအကုန်ကြိုက်တယ်
    များများလဲ စားဦးမယ်
    ကျေးဇူးနော်

    ReplyDelete
  5. မျှဝေတာ ကျေးဇူးပါ ကူးရေ..

    ReplyDelete
  6. မြန်မာပြည်ထဲမှာ ဘုတ်ဆုံမလို ရယ်ဒီမိတ်ဟင်းချက်မှုန့်  တွေ ပေါ်လာပီးနောက်ပိုင်း အသည်း ကင်ဆာတွေ များလာ တယ် .... Research လုပ်ကြရင်သိပ်ကောင်း မှာပဲ.. ခုတော့ အသီးများများ စားပြီး နေရမှာပေါ့... (ဘီယာလေးနဲ့  .... အဟိ)

    ဘာပဲဖြစ်ဖြစ် ဗဟုသုတရလို့  ကျေးဇူးတင်ပါတယ် ဗျာ...

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ