Skip to main content

Passport အသစ်လဲသည်။

ကျွန်မပတ်စပို့က သက်တမ်း (၆)လဘဲကျန်တော့တယ်။ ဒီကြားထဲခရီးသွားလာစရာရှိအခက်ခဲဖြစ်မှာစိုးတာ နဲ့ သက်တမ်းတိုးဖို့သံရုံးကိုရောက်သွားတယ်။  နိုင်ငံရပ်ခြားရောက်ပြီး ၄ နှစ်ကျော်ကာလမှာ သံရုံးရောက် တာ၊ စုစုပေါင်း (၂) ခါဘဲရှိသေးတယ်။  ရောက်ရောက်ခြင်းမှာ အခွန်ကိစ္စနဲ့ ဒီနိုင်ငံရောက်ကြောင်းသွားအသိပေး တာ။ နောက်တစ်ခေါက်တော့ X နဲ့ --/ သွားပီးမဲပေးတာလေ။ နောက်ပိုင်းတစ်နှစ်တစ်ခါအခွန်ဆောင်တိုင်း ရုံးက ကားဆရာကိုလွှတ်ပီးစာရေး၊ ပိုက်ဆံထည့်ပီးသွားဆောင်လိုက်တာဘဲ။  အရင်တစ်ခေါက်သက်တမ်းတိုးတော့ သူငယ်ချင်း KG ရှိတော့အရမ်းကိုအဆင်ပြေတယ်၊ သူဘဲ ဖောင်သွားယူလာပေး၊ ကျွန်မကဖြည့် ဆက်ပီးတော့ သူဘဲ အကုန်လိုက်လုပ်ပေးထားတော့ သွားစရာမလိုဘဲပြီးသွားတယ်။
ဒီတစ်ခေါက်လဲ သက်တမ်းတိုးဖို့ ဖောင်လူလွှတ်ယူခိုင်းတော့ ကိုယ်တိုင်လာခိုင်းတာနဲ့ သံရုံးကိုအရောက် လှမ်း ရပါတယ်။  သံရုံးရှိတဲ့ နေရာ ကျွန်မနေတဲ့နေရာနဲ့ဝေးတာကြောင့် မသွားချင်ဘူး၊ ကားတွေများ လူတွေထူထပ် တဲ့နေရာ ခေါင်းမူးတယ်။၊  မနက် (၆)နာရီထွက် ဟိုကို ၉ နာရီမှရောက်တယ်၊ သံရုံးမဖွင့်သေးတော့ အနားက KFC မှာသွားထိုင်စောင့်နေရတယ်။
သံရုံးရောက်တော့ အားလုံးလူအသစ်တွေ၊ မြန်မာတွေလဲသိပ်မရှိတော့ မတန်းစီရဘူး၊ ဒါပေမယ့် ကြာတယ်။
ရောက်ရောက်ချင်းမှာ အကျိုးကြောင်းရှင်းပြီးတော့ အကိုကြီးတစ်ယောက်က ပတ်စပို့ယူသွားတယ်၊ သက်တမ်းဘဲတိုးမလား၊ အသစ်ထုတ်ပေးမလားသွားမေးမယ်တဲ့။  နောက်တော့ ထွက်လာပီး အသစ်ထုတ်ပေး မယ်လို့ပြောတယ်။  လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့
၁။ နောက်ဆုံးအခွန်ဆောင်ထားတဲ့ဖြတ်ပိုင်း
၂။ သံမှူးဆီခေါင်းစဉ်တပ်ပီးလက်ရေးနဲ့ရေးရတဲ့ နိုင်ငံကူးလက်မှတ်အသစ်ထုတ်ပေးရန်လျှောက်ထားတဲ့စာ
၃။ အလုပ်လုပ်နေတဲ့နေရာ ငွေကြေးဆိုင်ရာဌာနကရာထူးရှိသူတစ်ဦးရဲ့ လစာငွေဖော်ပြချက်နဲ့ လက်မှတ်
၎။ နိုင်ငံကူးလက်မှတ်အသစ်ရပြီးနောက် အဟောင်းကို ဘယ်အချိန်မှာပြန်အပ်ပါမယ်ဆိုတဲ့ကတိလက်မှတ်စာ
၅။ သံရုံးကထုတ်ပေးတဲ့ ဖောင်မှာ အပြည့်အစုံဖြည့်ပြီး (ဥပမာ ယောကျာ်း... မရှိ.. (မရသေးဘူး) အသက်၊ နေရပ်လိပ်စာ၊အလုပ်အကိုင် အကုန် မရှိပါ ၊ မရှိပါ၊ မရှိပါ အကွက်တိုင်းဖြည့်ရပါတယ်)
၆။ သတ်မှတ်ထားတဲ့ အတိုင်းတာနဲ့ နောက်ခံအဖြူ၊ ပတ်စပို့ပုံ က ၈၀%  မျက်ခုံး၊မျက်လုံး...အသားရောင်၊ စသည့်ဓာတ်ပုံရိုက်ဖို့အတွက် သတ်မှတ်ထားတဲ့စည်းကမ်း ၁၆ ချက်နဲ့ညီတဲ့ပုံတစ်ပုံ
၇။ ပတ်စပို့ပုံကို CD နဲ့ပါ တစ်ခါတည်းထည့်ပေးရပါတယ်။
၈။ နောက်ဆုံး (၃) လ လစာဝင်ငွေစာရင်း
ရုံးက လစာငွေကို အတိကျရေးတဲ့အတွက် ဂဏန်းတွေက အတိမဖြစ်နေရင် အခွန်ငွေအတွက် ၁၀ ရာခိုင်နှုန်း တွက်ရတာခက်လို့အတိကျ rounding amount ကိုရေးပေးရပါတယ်။
ပတ်စပို့အသစ်ရဖို့စိတ်လှုပ်ရှားနေတာထက်၊ သွားရတာဝေးတာရော၊ အလုပ်တွေပုံပီး မပြီးနိုင်ဖြစ်နေတာ ရော၊ အရမ်းကို စိတ်သောက ရောက်နေရတာနှစ်ပတ်ပါ။  အခွန်ဆောင်ဖို့လဲ စနစ်သစ်ဆိုတော့ ဘယ် လောက်များဖြစ်မလဲ၊  ဘာဖြစ်မလဲစိုးရိမ်တာလဲပါတယ်။  သံရုံးက ၀န်ထမ်းတွေကတော့ သေချာ ထိုင်ပြီး ရှင်းပြ ပါတယ်။ အဆင်ပြေအောင်လဲ သူတို့ကြိုးစားလုပ်ပေးရှာပါတယ်။  ကျွန်မက တစ်ခါမှ ကိုယ်တိုင် မလုပ် ဖူးတော့ ကြောင်တောင်တောင်နိုင်ပါတယ်၊ မြန်မာလက်ရေးကလဲ ကြောင်ခြစ်ဆိုတော့ ခဏခဏ ပြန်ပြန် ပြင်ရေးနေရတာ စိတ်ရှည်လက်ရှည်နဲ့ ဘယ်လိုရေး၊ ဘယ်လို လုပ်ဆိုပီးအကြံတွေပေးပါတယ်။

တစ်ခုဘဲ ခဏခဏ အလုပ်ဖျက်ပြီးသွားနေရတာသာကျွန်မအတွက် သောကပိုနေရတာပါ။
ဒီနေ့တော့ (၅) ကြိမ်မြောက် သွားအပြီးမှာ အားလုံးအစဉ်ပြေသွားတာမို့ လက်ဗွေနှိပ်၊ ဆိုင်းထိုးပီး  ဘဏ်မှာ ပိုက်ဆံသွားသွင်းရပါတယ်။  ဒီနေ့မှမိုးက အငြိုးကြီးနဲ့ရွာတော့ ကျွန်မကြွက်စုတ်ဖြစ်လာခဲ့တယ်။
passport အသစ်က (၃) နှစ်သက်တမ်းပါပါတယ်။ ဘဏ်မှာ အသစ်အတွက် $ 100 သွင်းရတယ်၊ အခွန်ငွေကတော့ ဒီနိုင်ငံရဲ့ငွေကြေးနဲ့ဆောင်ရပါတယ်။
အားလုံးပြီးသွားတော့ Deposit slip လေးပြပီး သံရုံးက ဖြတ်ပိုင်းသတ်သတ်ထပ်ထုတ်ပေးပါတယ်။  စာအုပ် အသစ်လေးရော။ နီနီရဲရဲ အရောင်တောက်တောက်လေးနဲ့  ပိုအဆင့်မြင့်လာတယ်ထင်ရတဲ့ စာအုပ်ကို ခဏခဏ ဖွင့်ကြည့်လို့မ၀တော့ဘူး။  ပင်ပန်းတာတွေတောင် သက်သာသွားသလိုခံစားရတယ်။  ခေါင်းကတော့ ကိုက်တုံးဘဲ။  ပြန်ရောက်တော့ နှုန်းခွေနေပီ။
Good for travel to all countries.. စာမျက်နှာအကြိုက်ဆုံးဘဲ (without visa) လေးပါပါလာရင် ပိုပီးတော့ ကြိုက်ဦးမှာ.. :P....

ပုံတင်ထားတာ.. အထက်မှချစ်သူ့အမိန့်အရ ဖြုတ်လိုက်ရပါကြောင်း... 

Comments

  1. ဟွန်း... ဓာတ်ပုံပါတဲ့စာမျက်နှာကျတော့ မပြဘူး :(

    ReplyDelete
  2. ဖော်ကောင်လုပ်တယ်ဆိုပီ...$%&^&*&^ မှာစိုးလို့ပါနော်။..း))

    ReplyDelete
  3. လှတပတ ကောင်မလေးတစ်ယောက်လို့မြင်ယောင်ကြည့်လိုက်။

    ReplyDelete
  4. ချစ်အုန်းဖေAugust 5, 2010 at 8:40 PM

    ဇီးကွက်လေးတစ်ကောင်မြင်ယောင်လိုက်..

    ReplyDelete
  5. မမကွမ်ပြောသလို လှတပတလေးလို့ မြင်ယောင်မိလိုက်မယ်နော်။
    ပြီးတော့ ကိုချစ်အုန်းဖေပြောသလို ဇီးကွက်လေး တစ်ကောင်ဆိုတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကို မြင်ယောင်လိုက်မယ်နော်။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ