Pages

Tuesday, September 7, 2010

အသားကင်ဆလပ်ထုပ်

ရန်ကုန်ကမထွက်လာခင်လေးမှာ ကိုးရီးယားဆိုင်တွေစဖွင့်နေပီ၊ ကိုးရီးယားကားတွေကြည့် သူတို့စားသလို လိုက်စား ချင်တဲ့စိတ်ကတားမရ.. အဲတုန်းက ကိုးရီးယားစားသောက် ဆိုင်တွေ ဈေးကကြီးကြီး...
ဦးလေးလူပျိုကြီးကို ခေါ်ပြီး အသားကင်သွားစားကြတယ်..  အရန်ဟင်းတွေကအများကြီး..ကင်မ်ချီရော၊ ဂေါ်ရခါးသီး ပါးပါးလှီးကြော်၊ အရွက်ကြော်..စုံနေတာဘဲ..  အသားကင်ရဲ့အရသာတော့ သိပ်သဘော မကျဘူး။ ပေါ့ရွတ်ရွတ်ဖြစ်နေတယ်လို့ခံစားရတယ်။ ဒီရောက်တော့ ဘယ်ပြောကောင်းမလဲ ကိုးရီးယား ဆိုင် တွေ မှိုလိုပေါက်နေတာ..  သွားစားပြန်လဲကိုယ့်ခံတွင်းတွေ့မဖြစ်ဘူး၊ စားလဲစားချင်တယ်.. အသားကင် တော့မစားဖြစ်ဘူးလေ ဒီမှာကတော့ ၀က်သားကြိုက်တဲ့ သူတွေအတွက် ပိုအဆင်ပြေ တယ်..
အရင်အပတ်တောင်ပေါ်တက်ပီးအမဲသားသွားဝယ်တော့ အဲဒီက အမဲသားရောင်းတဲ့ကောင်လေးက ကျွန်မ၀မ်းကွဲ ညီမလေးရဲ့သားငယ်ငယ်လေးကိုကြည့်ပီး အမဲသားကနုတယ်..နင့်ကလေးလို့ဘဲလို့ ပြော တော့ ညီမက..စိတ်ဆိုးရအခက်..ရီရအခက်.. ကျွန်မကသူတို့စကားနားမလည်ဘူးရယ်.. ညီမက ပြန်ရှင်း ပြမှ သိတာ။  အဲဒီနုတဲ့အသားလေးတွေချည်း အသားကင်လုပ်စားမယ်ဆိုပီးဝယ်လာ တယ်။
အမဲသားနုနုလေးကိုပါးပါးလှီးပြီး ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ဆားနည်းနည်း၊ သံလွင်ဆီ အနည်းငယ်နဲ့ ရော နှပ်ထားလိုက်တယ်..
ညနေစောင်းတော့ သူငယ်ချင်းအမကြီးတစ်ယောက် ရောက်လာတာနဲ့ အတော်ဘဲဆိုပီး သူနဲ့ အတူစားကြတယ်။ တစ်ယောက်တည်းတော့မစားလေနဲ့..အရသာမရှိဘူး။။။း))
ဒယ်အိုးပူပူမှာ နှပ်ထားတဲ့အသွာလွှာလေးတွေ တင်.. ကျက်လေးတဲ့အနေထားရောက်အောင်အထက် အောက်လှန်.. ပြီးတော့မှ ဆလပ်ရွက်ကိုဖြတ်၊ အသားဖတ်လေးတင်၊ မုန်လာဥချဉ်လေးထည့်၊ နို့ခဲ လေး နဲနဲထည့်၊ ပြီးတော့ ငရုတ်သီးဆောစ့်..ကိုထည့် ပြီးတော့ အားလုံးထုပ်ပိုးပီး ပါးစပ်ထဲထည့်လိုက်တာဘဲ။ ကောင်းမှကောင်း..  မယုံရင်လုပ်စားကြည့်နော်. ..  (အမဲသားအစားအခြားအသားလဲရပါတယ်)

မျှစ်နုနု
ဒီတစ်ခါတော့မျှစ်စစ်စစ်ရလာပါတယ်။ မျှစ်တောင်မှ ၀ါးစို့လေးဒီတိုင်းရောင်းတာ.. အခွံနွှာပေးမလားဆိုတော့ မနွှာတတ်ဘူးတဲ့.. အဲတော့ ကျွန်မလွယ်တဲ့အိတ်ကိုချ သူတို့ဆီက ဓားတောင်းပီး ထိုင်ခုတ်တော့တာဘဲ.. 
ဈေးသည်တွေရော..ဈေးဝယ်သူတွေရော မျောက်ပွဲလိုလာဝိုင်းကြည့်ကြတယ်..  အထူးသဖြင့် ကောင်လေး တွေပေါ့.. ဟီးဟီး.. အချို့ အန်ကယ်ကြီးတွေက ဘယ်လိုချက်စားသလဲဆိုတာလာမေးလို့ ကိုယ့် recipe လေးတောင်မျှခဲ့သေးတယ်..း)

11 Comments:

rose of sharon said...

စားလို့ကောင်းမဲ့ပုံဘဲနော်... မျှစ်ကအိမ်ရောက်မှ ခုတ်ရင်မရဘူးလား :D

ရွှေရတုမှတ်တမ်း said...

စားတော့စားချင်တယ်..ပုံကြည့်ယုံနဲ့မလုပ်တတ်ဘူး..ကူးကူးရေ့

စန္ဒကူး said...

မျှစ်လား အိမ်မှာခုတ်လို့ရတယ် ဒါပေမယ့် တောင်ပေါ်မှာ အဝေးကြီးသွားဝယ်ရတာလေ..
အဲဒါကြီးအကုန်လုံးပြန်သယ်လာရရင် မလွယ်ဘူး။ အခြားအသီးရွက်တွေလဲပါသေးတယ်လေ..
ပီးတော့ မျှစ်ကအခွံကလေးနေတာ..အထဲက အနုလေးက သိပ်ရှိတာမဟုတ်း)

မစားပါနဲ့ ကိုကြီးကျောက်ရယ်.. အသီးရွက်သာများများ စားပါ..း)

Evy said...

ဆလပ်ရွက်နဲ့အသား စားချင်စရာ။ မျှစ်ကို နာနတ်သီးတွေမှတ်နေတာ :D

ချော(အစိမ်းရောင်လွင်ပြင်) said...

အမဲသားက ပုံထဲမှာ စားချင်စရာလေးရယ်း)
ဒါပေမဲ့ မစားတာ နှစ်ပေါင်းများစွာ ကြာသွားပြီ
ပုံလေးကြည့်ပြီး ပြန်သွားတယ် တာ့တာ

Anonymous said...

မျှစ်စိမ်းဆန်လှော်ဟင်းစားချင်တယ် :)

စူးနွယ်လေး

အမှောင်ထုထဲက အလင်းစက်များ said...

ရှမ်းပြည်မှာ အသားကင်ဖို့  အသားတွေ နှပ်ရင် နှမ်းစေ့ လေးတွေကို နဲနဲထောင်း ပြီးထဲ့တတ်တယ်.. အနံ့  မွှေးတယ်.. မျှစ်ကတော့ မုန်းလောက်အောင်စားဖူးတယ်.. မျှစ်တင်မကဘူး.. မျှစ်ပိုး (မျှစ်ထိပ်ပိုင်းတွင်အရောင်ညှိုးပြီး ၀ါနေပါက မျှစ်ပိုးရှိပါသည်) ဟာ မျှစ်တစ်ခုမှာ မှ တစ်ကောင် ထဲရှိပါတယ်.. စားရတာ အင်မတန် စိမ့်ပါတယ်.. လားဟူ တွေကို မေးကြည့်တော့ နင်တို့  မြန်မာလို ခေါ်ရင် မျှစ်လောက် ပေါ့တဲ့.. စားရမှာ တွန့်  သွားပေမဲ့ စားခဲ့ပါတယ်... နောက် ၀ါးပိုး (မျှစ်ဘ၀က တက်လို့  ၀ါးနုနု တွေ ဖြစ်လာရင် အခါတွေ လားဟူတွေ ၀ါးရုံတွေ ဖက် မျက်စေ့ ကျလာပါပီ) က တွင်းပိုး နဲ့  တူပါတယ်.. ၀ါးလောက်လို့  လဲ ပြောပါတယ်.. ၀ါးဆစ် တစ်ခု အရောင်ဝါနေပီဆိုရင် အဲ့ဒီမှာ ၀ါးလောက်/ ၀ါးပိုးရှိပါတယ်.. ၀ါးဆစ်တစ်ခုမှာ အကောင် အများကြီးရပါတယ်... “ဘာ့ကြောင့်မှန်း မသိ ရေးရင်းရေးရင်း ရေးကောင်းလာလို့  ကော်မန့်ရှည် သွားပါ၏” ခွေးလွတ် ပေးကြပါရန်.....

Gyidaw said...

Hay KUU KUU! Give me a fight.I cook same curry,today.I bought it 1kg 4euro 65.

Anonymous said...

I couldn't refrain from commenting. Very well written!

My website :: Ranger forum

Anonymous said...

When someone writes an post he/she maintains the plan of a user in his/her brain that how a user
can know it. So that's why this piece of writing is great. Thanks!

Also visit my weblog: Ford Ranger forum

Anonymous said...

Hi there would you mind letting me know which hosting company you're using? I've loaded your blog in 3 completely
different web browsers and I must say this blog loads a
lot quicker then most. Can you suggest a good hosting
provider at a reasonable price? Many thanks, I appreciate it!



Have a look at my web page; ford ranger

Post a Comment

ကူးကူးရေ...

 
Powered by Blogger