ကျွန်မဒန့်သလွန်ရွက်စားတာတွေ့တော့သူတို့လန့်သွားတယ်။ ပြုပ်စားတယ်၊ ကြော်စားတယ်။ သူများတွေ တစ် စည်းကို ၃ခါလောက်စားရင် ကျွန်မ ၃ စည်းကို တစ်နပ်တည်းစားတယ်။ အရွက်ဆိုအကုန်ကြိုက်..
ဒီကလူတွေအဲလောက်ကြိုက်ကြတဲ့ ဒီဒန့်သလွန်ရွက်ကို မုန့်လုပ်ပါတယ်.. recipe မရှိပေမယ့် အနည်းဆုံးတော့ စားလို့တော့ရမှာဘဲဆိုပြီး မုန့်ဖုတ်ကြည့်တယ်။ ထုံးစံအတိုင်းစိတ်ဝင်စားရင် စမ်းကြည့်လို့ရပါသည်။
- ဒန့်သလွန်ရွက် တစ်စည်း ခြွေပီး ရေဆေး ရေနွေးလေးနဲ့နည်းနည်းဖျောထားပါ။
- ဂျုံ၊ ကြက်ဥ အကာ(၃)လုံး၊ သကြားအနည်းငယ်၊ ထောပတ်တစ်ဇွန်း ရောမွှေပါ။
- ရေနွေးဖျောထားတဲ့ဒန့်သလွန်ရွက် အနည်းငယ်ခါးပီး စိမ်းရွှင်ရွှင်အနံ့နဲနဲရှိနေတဲ့အတွက် သစ်တော်သီး တစ်လုံးရဲ့တစ်ဝက်ကို ရောထည့်ပီး ဘလန်ဒါနဲ့ မွေပါ..
- ဒန့်သလွန်သီးနဲ့ မုန့်သားအကုန်ရောထည့်မွှေပါ..
- ပြီးရင်တော့ မီး ၂၂၀ ဒီဂရီနဲ့ မိနစ် ၂၀ ဖုတ်ပါ..
- ဒန့်သလွန်ရွက် မုန့်ရပါပြီ။
ရာသီဥတုကဆောင်းတွင်းဝင်လာပြီ၊ ဒီဇင်ဘာပြန်ဖို့ လက်မှတ်စီစဉ်ရင်းနဲ့အိမ်ပြန်စားဖို့တစ်ပြင်ပြင်ဖြစ်နေ ပြီ။ လက်မှတ်ကလဲခက်ခဲလိုက်တာ၊ ပြန်ချင်တဲ့ရက်ပြန်လို့မရ။ အဝေးက မြန်မာတွေအကုန် ဒီဇင်ဘာများ အိမ်ပြန်နေကြသလားမှတ်ရတယ်။ အသက်ကြီးတဲ့ အဘိုး၊ အန်တီ တွေလဲ ဒီနှစ်ပြန်ရင်မတွေ့ရတော့ဘူး။ လူ့အသက်တာရယ် သစ်ရွက်လေး လိုဘဲ။ တစ်ဖြုတ်ဖြုတ်နဲ့ကြွေနေလိုက်ကြတာ။
အရင်အပတ်က အပြင်ထွက်တော့ ခါတိုင်းဖြတ်နေကြလမ်းက မြက်ရိုင်းပင်အကြီးကြီးတွေ တွေ့တိုင်း ဒီအပင်ကြီးတွေတော်တော့်ကို ရှုပ်တာဘဲ..ခြံထဲမှာ ပန်းပင်လဲမဟုတ်ကိုးလိုးကန့်လန့်နဲ့ တွေးတွေးမိခဲ့တဲ့ မြက်ပင်ရိုင်းကြီးတွေက ဖွေးဖွေးလှုပ်အောင်ပွင့်နေလိုက်တာကြတာ... တိမ်တွေအလှနဲ့ နင်လားငါလား ယှဉ်နေလိုက်ကြတာ... ပွင့်ချိန်တန်တော့ သူတို့လဲ လောကကြီးကိုတစ်ထောင့်တစ်နေရာကနေ အလှဆင်ပေးသားဘဲ။
8 Comments:
အဲဒီမြက်ရိုင်းတွေရောမုန့် လုပ်စားဦးမှာလားဟင်။
Kuu kuu !!
make snack from grass flowers.
မုန့် လာစားပါတယ်။ ဟုတ်တယ်ညီမရေ ဒီဇင်ဘာမှာ
လက်မှတ်တော်တော်ကြပ်တယ်။
အိမ်ပြန် အတွေးလေးနဲ့ ပျော်နေပြီလား။
မြက်ပွင့်ကနေ မုန့်လုပ်တာရှိတယ်... ကောက်လှိုင်းဒီမုန့်  ထင်တယ်.. အပွင့်က ဗေဒါရောင် မြက်တော့ထဲမှာ ပေါက်တယ်.. မြက်ပင်နဲ့ ပဲတူတယ်...
ဒန့် သလွန်ရွက်ကြော်တော့ကြိုက်တယ်.. ဒန့်သလွန် မုန့်  တော့ မစားဘူးသေးဘူး..
ထူးဆန်းထွေလာ ဒန့်သလွန်မုန့်
စားချင်စရာလေး
မြက်ရိုင်းပင်ကြီးက ရှုပ်တယ်ထင်ရပေမဲ့ ခုလိုကျ လှလိုက်တာ
ဓာတ်ပုံထဲမှာ တိမ်နဲ့ အပြိုင် တကယ်ကိုလှပါတယ်..
ကြုံဖူးပေါင်ဗျာ..ဒန့်ဒလွန်ရွက်မုန့်တဲ့..
အဆန်းလေးဘဲ။ အရွက်ဆို တို့လဲမကြိုက်တာ ရှားတယ်
Thanks for dropping by and I would love to try this recipe.
Post a Comment
ကူးကူးရေ...