Skip to main content

ဒန့်သလွန်ရွက်မုန့်

ဒီမှာတော့ ဒန့်သလွန်သီးပင်တွေစိုက်ကြတဲ့သူတွေအရမ်းများတယ်။ ဈေးမှာတော့တစ်ခါတစ်လေ တွေ့ရတတ် ပေမယ့် ဈေးနေ့တွေမှသာ ကြိုကြား..ကြိုကြားရောင်းတယ်။  ဒန့်သလွန်ရွက်က ကျမ်းမာရေးအတွက် ဘက်စုံ ကောင်းတော့ တစ်ခုခုချက်တိုင်းဒန့်သလွန်ရွက်လေးနဲနဲ နောက်ဆုံးမှာဖြူးတတ်ကြတယ်။
ကျွန်မဒန့်သလွန်ရွက်စားတာတွေ့တော့သူတို့လန့်သွားတယ်။  ပြုပ်စားတယ်၊ ကြော်စားတယ်။  သူများတွေ တစ် စည်းကို ၃ခါလောက်စားရင် ကျွန်မ ၃ စည်းကို တစ်နပ်တည်းစားတယ်။  အရွက်ဆိုအကုန်ကြိုက်..
ဒီကလူတွေအဲလောက်ကြိုက်ကြတဲ့ ဒီဒန့်သလွန်ရွက်ကို မုန့်လုပ်ပါတယ်..  recipe မရှိပေမယ့် အနည်းဆုံးတော့ စားလို့တော့ရမှာဘဲဆိုပြီး မုန့်ဖုတ်ကြည့်တယ်။  ထုံးစံအတိုင်းစိတ်ဝင်စားရင် စမ်းကြည့်လို့ရပါသည်။
  1. ဒန့်သလွန်ရွက် တစ်စည်း ခြွေပီး   ရေဆေး ရေနွေးလေးနဲ့နည်းနည်းဖျောထားပါ။
  2. ဂျုံ၊ ကြက်ဥ အကာ(၃)လုံး၊ သကြားအနည်းငယ်၊ ထောပတ်တစ်ဇွန်း ရောမွှေပါ။
  3. ရေနွေးဖျောထားတဲ့ဒန့်သလွန်ရွက် အနည်းငယ်ခါးပီး စိမ်းရွှင်ရွှင်အနံ့နဲနဲရှိနေတဲ့အတွက် သစ်တော်သီး တစ်လုံးရဲ့တစ်ဝက်ကို ရောထည့်ပီး ဘလန်ဒါနဲ့ မွေပါ..
 
  1. ဒန့်သလွန်သီးနဲ့ မုန့်သားအကုန်ရောထည့်မွှေပါ..
  2. ပြီးရင်တော့ မီး ၂၂၀ ဒီဂရီနဲ့ မိနစ် ၂၀ ဖုတ်ပါ..
  3. ဒန့်သလွန်ရွက် မုန့်ရပါပြီ။
ကျွန်မဆီမထည့်ဘဲ ထောပတ်အနည်းငယ်သာထည့်လို့ မုန့်သားနဲနဲခြောက်နေပါတယ်။ ဒါပေမယ့်လည်းကျမ်းမာရေးနဲ့ညီညွတ်ပါတယ်။  စိမ့်စိမ့်လေးနဲ့ အရမ်းလဲစားလို့ကောင်းပါတယ်။ မနက်စာအ ဖြစ်စားရင်အတော်ဘဲ၊။ ဘိန်းမုန့်အလွမ်းပြေပေါ့။း))
 ရာသီဥတုကဆောင်းတွင်းဝင်လာပြီ၊ ဒီဇင်ဘာပြန်ဖို့ လက်မှတ်စီစဉ်ရင်းနဲ့အိမ်ပြန်စားဖို့တစ်ပြင်ပြင်ဖြစ်နေ ပြီ။ လက်မှတ်ကလဲခက်ခဲလိုက်တာ၊ ပြန်ချင်တဲ့ရက်ပြန်လို့မရ။  အဝေးက မြန်မာတွေအကုန် ဒီဇင်ဘာများ အိမ်ပြန်နေကြသလားမှတ်ရတယ်။  အသက်ကြီးတဲ့ အဘိုး၊ အန်တီ တွေလဲ ဒီနှစ်ပြန်ရင်မတွေ့ရတော့ဘူး။ လူ့အသက်တာရယ် သစ်ရွက်လေး လိုဘဲ။ တစ်ဖြုတ်ဖြုတ်နဲ့ကြွေနေလိုက်ကြတာ။
အရင်အပတ်က အပြင်ထွက်တော့ ခါတိုင်းဖြတ်နေကြလမ်းက မြက်ရိုင်းပင်အကြီးကြီးတွေ တွေ့တိုင်း ဒီအပင်ကြီးတွေတော်တော့်ကို ရှုပ်တာဘဲ..ခြံထဲမှာ ပန်းပင်လဲမဟုတ်ကိုးလိုးကန့်လန့်နဲ့ တွေးတွေးမိခဲ့တဲ့ မြက်ပင်ရိုင်းကြီးတွေက ဖွေးဖွေးလှုပ်အောင်ပွင့်နေလိုက်တာကြတာ...   တိမ်တွေအလှနဲ့ နင်လားငါလား ယှဉ်နေလိုက်ကြတာ...   ပွင့်ချိန်တန်တော့ သူတို့လဲ လောကကြီးကိုတစ်ထောင့်တစ်နေရာကနေ အလှဆင်ပေးသားဘဲ။

Comments

  1. ချစ်အုန်းဖေSeptember 26, 2010 at 12:04 AM

    အဲဒီမြက်ရိုင်းတွေရောမုန့် လုပ်စားဦးမှာလားဟင်။

    ReplyDelete
  2. Kuu kuu !!
    make snack from grass flowers.

    ReplyDelete
  3. မုန့် လာစားပါတယ်။ ဟုတ်တယ်ညီမရေ ဒီဇင်ဘာမှာ
    လက်မှတ်တော်တော်ကြပ်တယ်။
    အိမ်ပြန် အတွေးလေးနဲ့ ပျော်နေပြီလား။

    ReplyDelete
  4. မြက်ပွင့်ကနေ မုန့်လုပ်တာရှိတယ်... ကောက်လှိုင်းဒီမုန့်  ထင်တယ်.. အပွင့်က ဗေဒါရောင် မြက်တော့ထဲမှာ ပေါက်တယ်.. မြက်ပင်နဲ့ ပဲတူတယ်...

    ဒန့် သလွန်ရွက်ကြော်တော့ကြိုက်တယ်.. ဒန့်သလွန် မုန့်  တော့ မစားဘူးသေးဘူး..

    ReplyDelete
  5. ထူးဆန်းထွေလာ ဒန့်သလွန်မုန့်
    စားချင်စရာလေး
    မြက်ရိုင်းပင်ကြီးက ရှုပ်တယ်ထင်ရပေမဲ့ ခုလိုကျ လှလိုက်တာ
    ဓာတ်ပုံထဲမှာ တိမ်နဲ့ အပြိုင် တကယ်ကိုလှပါတယ်..

    ReplyDelete
  6. ကြုံဖူးပေါင်ဗျာ..ဒန့်ဒလွန်ရွက်မုန့်တဲ့..

    ReplyDelete
  7. အဆန်းလေးဘဲ။ အရွက်ဆို တို့လဲမကြိုက်တာ ရှားတယ်

    ReplyDelete
  8. Thanks for dropping by and I would love to try this recipe.

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါကြောင့် မှိုလေးတွေနဲနဲတက်ေ

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ