Pages

Monday, September 13, 2010

ခေါင်းတရာသားအိုးကပ်

ငယ်ငယ်ကလေ သင်ပုန်းကြီးဖတ်စာထဲက ဆုံးမစာထဲမှာ နောက်ဖေးဈေးဆိုင်တည်၊ ခေါင်းတရာ သားစားပါဆိုတာမှတ်မိကြလားဟင်။
ကဲခေါင်းတရာသားက ငါးဈေးထဲက ရတာဘဲ။
ကျွန်မတော့ ဈေးရောက်တိုင်းငါးဈေးတန်းကို ဖြတ်လေ့ရှိတယ်၊ အစောကြီးဆိုအနံ့သက်လဲ သိပ် မဆိုးဘူး၊ ငါးတွေပေါင်းစုံတွေ့ရတာ အရောင်မျိုးစုံ၊ ပုံစံမျိုးစုံနဲ့စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီက ငါးတွေက ပင်လယ်ငါးများတော့အရောင်ပိုစုံတယ်၊ ခရမ်း၊အပြာ၊အ၀ါ၊အနီ၊ အဖြူ၊ အစိမ်းနဲ့ နက်ပြာစင်း အကုန်ပါဘဲ။
ငါးလေးတွေကသန့်ပီးဖြောင့်ဖြောင့်လေးတွေမို့စိတ်ဝင်တစားဝယ်လာပါတယ်။  အများကြီးဘဲ...  ကီလိုဝက်မှာ 2$ လောက်ကျ တယ်။အိမ်ရောက်မှ ဗိုက်ဖောက်မလိုဟာကို ဗိုက်ထဲမှာ ဥလေးတွေလားမသိ အဲဒါလေးတွေဘဲရှိတယ်၊ မာမာလေးတွေ၊ ချေးကြောင်းလဲမတွေ့..မထူးတော့တာနဲ့ ရေနဲ့ဘဲစင်အောင်ဆေး ချက်လိုက်ပါ တယ်။ ခေါင်းတရာသားအိုးကပ်ပေါ့..း)

ကြက်သွန်ဖြူ၊ နီ နဲ့ ငရုတ်သီးအနီတောင့်၊ ဂျင်းနဲ့စပါးလင်နဲနဲ ထည့် ညက်အောင်ထောင်း
ဆီချက်သတ်ပီးမွှေးမှ ငါးငံပြာရည်နဲနဲထည့် ၊
ခရမ်းချဉ်သီး မမှည့်တစ်မှည့်ကိုအခွံနွှာ..အစေ့ထုတ်ပီး ပါးပါးလှီးထည့်..
အားလုံးနွမ်းလောက်မှ သန့်စင်ပီးသားငါးလေးတွေထည့်..ဆားထည့်.. အချိုမှုန့်စားရင် အချိုမှုန့် နဲနဲထည့်ပါ.. ငါးလေးတွေကချိုလို့အမှန်တော့မလိုပါဘူး။
အဖုံးအုပ်ရင် နူးပျော့ပီး ငါးအသားလေးတွေပဲ့ကုန်တာမို့ စားတဲ့အချိန်ထိအကောင်လိုက်လေး မြင်ချင်ရင်အဖုံးမအုပ်ပါနဲ့.. (ဟီးး×
ကဲကျက်ပါပီ.. အိုးကပ် ခေါင်းတရာသားဟင်းလေး..
 အရမ်းကိုစားကောင်းပါတယ်၊ ဗူးသီးကာလသားဟင်းလေးနဲ့ဆိုလိုက်မှလိုက်ပါဘဲ။

15 Comments:

ရွှေရတုမှတ်တမ်း said...

ငါးအိုးကပ်လေးစားချင်တယ်

ပုံ
လူမမာ(ဓါတ်စာတောင်းခြင်း)

စန္ဒကူး said...

ဟားဟား... ကိုကြီးကျောက် လူမမာ..လူမမာနဲ့တူဘူး...း))

Vista said...

စားချင်စရာ

ညယံ said...

ငါးလေးအိုးကပ် နဲ့ ဗူးသီးကာလသား ဟင်းကတော့ အလိုက်ဖက်ဆုံး စုံတွဲ၊:D

T T Sweet said...

ငါးအိုးကပ်ချက်ဖို့ ငါးသေးလေးတွေက စလုံးမှာ ရှာမှရှားပဲ။ တစ်ခါတစ်လေမှ ရတာ။ ချက်ထားတာပဲ သွားရေကျသွားတယ်နော်။

အဖြူရောင်နတ်သမီး said...

ကူးရေ...
ငါးအိုးကပ်လေး အိုးလူးပြီး စားသွားတယ်နော်...(နောက်ကျသွားလို့)..း)

subuueain said...

ချဉ်ပေါင်ဟင်းလေးနဲ့ စားချင်တယ် :)

သိင်္ဂါကျော် said...

ငါးလေး အိုးကပ်ကတော့ ကြိုက်ပြီးသား..
ဒီငါးလေးမျိုးတော့ မမြင်ဖူးဘူး.. ဘာငါးလည်း မသိဘူးနော်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီငါးလေးအိုးကပ်က စားချင်စရာအပြင် ချစ်စရာလေးတော့...

Anonymous said...

တိုက်ဆိုင်တာ.. ဒီနေ့ပဲ ချက်စားမလို့တော့်

အမှောင်ထုထဲက အလင်းစက်များ said...

ဒါ ငသလဲထိုး လို့ ခေါ်မယ်ထင်တယ်နော် ... မြန်မာပြည်မှာ ငါးကလေး အိုးကပ်ဆို ငါးတောင်စင်း၊ ငါးသလဲထိုး၊ ငါးလုံး၊ ငါးဇင်ဇတ်၊ ငါးခုံးမ၊ နောက်ခေါင်းက အစူးတော်တော် စူးတဲ့ ငါး (နာမည်မေ့နေလို့ ) အဲ့ဒါတွေ အများကြီးပဲ ကြိုက်တယ်။

အကြိုက်ဆုံးက ငါးတောင်စင်း အိုးကပ်ပဲ၊ ငါးတောင်စင်း အိုးကပ်လေးမှာ နံနံပင်လေး အုပ်၊ ရှမ်းနံနံလေးပါအုပ်၊ ပူစီနံ လေးလဲ အုပ်၊

ပြီးရင် ရေနွေးကြမ်းပူပူနဲ့  ထမင်းပူပူ နဲ့  ငါးလေးအိုးကပ် နဲ့  ကို လက်နဲ့  စားမယ်။ ခုတော့ အညှော်ခံ သွားပါအိ......

အမှောင်ထုထဲက အလင်းစက်များ said...

ရိုင်းတဲ့ စင်ယော်သီချင်းလေး ပြန်ကြားမိသလို့ ရှိ မှ သတိရတယ်... (((ငါးဇင်ရိုင်း))) ပါ

ချစ်ကြည်အေး said...

တူးတူးလေး မွှေးခြောက်နေအောင် ချက်ရင် ပိုစားကောင်းတယ်နော်...:)စားချင်စရာ :)

Anonymous said...

ဘာငါးလဲမသိဘူးနော်..ဗမာလိုရှိလားမသိဘူး..ဒီမှာ တမျိုးတော့ရတယ်...သိပ်မကောင်းလို့မချက်ဖြစ်ဘူး...ကူးကူးချက်ထားတာစားချင်စရာ

စူးနွယ်လေး

စန္ဒကူး said...

ငါးနီတူလို့ထင်တာဘဲ။ ငါးနီတူခြောက်နဲ့ ရုပ်တူတယ်။း))...
http://1.bp.blogspot.com/_74oDYRAYtjQ/SPsfzZs-CdI/AAAAAAAABYU/-rslCPyVXUo/s1600-h/nganitu.jpg
မှကြည့်ကြည့်နော်။

Post a Comment

ကူးကူးရေ...

 
Powered by Blogger