Skip to main content

ခေါင်းတရာသားအိုးကပ်

ငယ်ငယ်ကလေ သင်ပုန်းကြီးဖတ်စာထဲက ဆုံးမစာထဲမှာ နောက်ဖေးဈေးဆိုင်တည်၊ ခေါင်းတရာ သားစားပါဆိုတာမှတ်မိကြလားဟင်။
ကဲခေါင်းတရာသားက ငါးဈေးထဲက ရတာဘဲ။
ကျွန်မတော့ ဈေးရောက်တိုင်းငါးဈေးတန်းကို ဖြတ်လေ့ရှိတယ်၊ အစောကြီးဆိုအနံ့သက်လဲ သိပ် မဆိုးဘူး၊ ငါးတွေပေါင်းစုံတွေ့ရတာ အရောင်မျိုးစုံ၊ ပုံစံမျိုးစုံနဲ့စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီက ငါးတွေက ပင်လယ်ငါးများတော့အရောင်ပိုစုံတယ်၊ ခရမ်း၊အပြာ၊အ၀ါ၊အနီ၊ အဖြူ၊ အစိမ်းနဲ့ နက်ပြာစင်း အကုန်ပါဘဲ။
ငါးလေးတွေကသန့်ပီးဖြောင့်ဖြောင့်လေးတွေမို့စိတ်ဝင်တစားဝယ်လာပါတယ်။  အများကြီးဘဲ...  ကီလိုဝက်မှာ 2$ လောက်ကျ တယ်။အိမ်ရောက်မှ ဗိုက်ဖောက်မလိုဟာကို ဗိုက်ထဲမှာ ဥလေးတွေလားမသိ အဲဒါလေးတွေဘဲရှိတယ်၊ မာမာလေးတွေ၊ ချေးကြောင်းလဲမတွေ့..မထူးတော့တာနဲ့ ရေနဲ့ဘဲစင်အောင်ဆေး ချက်လိုက်ပါ တယ်။ ခေါင်းတရာသားအိုးကပ်ပေါ့..း)

ကြက်သွန်ဖြူ၊ နီ နဲ့ ငရုတ်သီးအနီတောင့်၊ ဂျင်းနဲ့စပါးလင်နဲနဲ ထည့် ညက်အောင်ထောင်း
ဆီချက်သတ်ပီးမွှေးမှ ငါးငံပြာရည်နဲနဲထည့် ၊
ခရမ်းချဉ်သီး မမှည့်တစ်မှည့်ကိုအခွံနွှာ..အစေ့ထုတ်ပီး ပါးပါးလှီးထည့်..
အားလုံးနွမ်းလောက်မှ သန့်စင်ပီးသားငါးလေးတွေထည့်..ဆားထည့်.. အချိုမှုန့်စားရင် အချိုမှုန့် နဲနဲထည့်ပါ.. ငါးလေးတွေကချိုလို့အမှန်တော့မလိုပါဘူး။
အဖုံးအုပ်ရင် နူးပျော့ပီး ငါးအသားလေးတွေပဲ့ကုန်တာမို့ စားတဲ့အချိန်ထိအကောင်လိုက်လေး မြင်ချင်ရင်အဖုံးမအုပ်ပါနဲ့.. (ဟီးး×
ကဲကျက်ပါပီ.. အိုးကပ် ခေါင်းတရာသားဟင်းလေး..
 အရမ်းကိုစားကောင်းပါတယ်၊ ဗူးသီးကာလသားဟင်းလေးနဲ့ဆိုလိုက်မှလိုက်ပါဘဲ။

Comments

  1. ငါးအိုးကပ်လေးစားချင်တယ်

    ပုံ
    လူမမာ(ဓါတ်စာတောင်းခြင်း)

    ReplyDelete
  2. ဟားဟား... ကိုကြီးကျောက် လူမမာ..လူမမာနဲ့တူဘူး...း))

    ReplyDelete
  3. ငါးလေးအိုးကပ် နဲ့ ဗူးသီးကာလသား ဟင်းကတော့ အလိုက်ဖက်ဆုံး စုံတွဲ၊:D

    ReplyDelete
  4. ငါးအိုးကပ်ချက်ဖို့ ငါးသေးလေးတွေက စလုံးမှာ ရှာမှရှားပဲ။ တစ်ခါတစ်လေမှ ရတာ။ ချက်ထားတာပဲ သွားရေကျသွားတယ်နော်။

    ReplyDelete
  5. ကူးရေ...
    ငါးအိုးကပ်လေး အိုးလူးပြီး စားသွားတယ်နော်...(နောက်ကျသွားလို့)..း)

    ReplyDelete
  6. ချဉ်ပေါင်ဟင်းလေးနဲ့ စားချင်တယ် :)

    ReplyDelete
  7. ငါးလေး အိုးကပ်ကတော့ ကြိုက်ပြီးသား..
    ဒီငါးလေးမျိုးတော့ မမြင်ဖူးဘူး.. ဘာငါးလည်း မသိဘူးနော်..

    ReplyDelete
  8. ဒီငါးလေးအိုးကပ်က စားချင်စရာအပြင် ချစ်စရာလေးတော့...

    ReplyDelete
  9. တိုက်ဆိုင်တာ.. ဒီနေ့ပဲ ချက်စားမလို့တော့်

    ReplyDelete
  10. ဒါ ငသလဲထိုး လို့ ခေါ်မယ်ထင်တယ်နော် ... မြန်မာပြည်မှာ ငါးကလေး အိုးကပ်ဆို ငါးတောင်စင်း၊ ငါးသလဲထိုး၊ ငါးလုံး၊ ငါးဇင်ဇတ်၊ ငါးခုံးမ၊ နောက်ခေါင်းက အစူးတော်တော် စူးတဲ့ ငါး (နာမည်မေ့နေလို့ ) အဲ့ဒါတွေ အများကြီးပဲ ကြိုက်တယ်။

    အကြိုက်ဆုံးက ငါးတောင်စင်း အိုးကပ်ပဲ၊ ငါးတောင်စင်း အိုးကပ်လေးမှာ နံနံပင်လေး အုပ်၊ ရှမ်းနံနံလေးပါအုပ်၊ ပူစီနံ လေးလဲ အုပ်၊

    ပြီးရင် ရေနွေးကြမ်းပူပူနဲ့  ထမင်းပူပူ နဲ့  ငါးလေးအိုးကပ် နဲ့  ကို လက်နဲ့  စားမယ်။ ခုတော့ အညှော်ခံ သွားပါအိ......

    ReplyDelete
  11. ရိုင်းတဲ့ စင်ယော်သီချင်းလေး ပြန်ကြားမိသလို့ ရှိ မှ သတိရတယ်... (((ငါးဇင်ရိုင်း))) ပါ

    ReplyDelete
  12. တူးတူးလေး မွှေးခြောက်နေအောင် ချက်ရင် ပိုစားကောင်းတယ်နော်...:)စားချင်စရာ :)

    ReplyDelete
  13. ဘာငါးလဲမသိဘူးနော်..ဗမာလိုရှိလားမသိဘူး..ဒီမှာ တမျိုးတော့ရတယ်...သိပ်မကောင်းလို့မချက်ဖြစ်ဘူး...ကူးကူးချက်ထားတာစားချင်စရာ

    စူးနွယ်လေး

    ReplyDelete
  14. ငါးနီတူလို့ထင်တာဘဲ။ ငါးနီတူခြောက်နဲ့ ရုပ်တူတယ်။း))...
    http://1.bp.blogspot.com/_74oDYRAYtjQ/SPsfzZs-CdI/AAAAAAAABYU/-rslCPyVXUo/s1600-h/nganitu.jpg
    မှကြည့်ကြည့်နော်။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

ငွေဆောင် အစားစာများ

ငွေဆောင်မှာတော့ ပထမရက် ဟော်တယ်ကဘဲအဆင်ပြေတာမှာစားတယ်၊ နောက်နေ့မှာတော့ ရွာထဲကိုသွားစားဖြစ်တယ်၊ စားစရာရယ်အထွေထူးမရှိပါဘူး။ မောင်လေးကတော့ ငါးကင်၊ ပုဇွန်ကင်နဲ့အလုပ်ရှုပ်နေတာ။ သူက ဂဏန်းစားချင်တာ အရမ်းဘဲ၊ ပါးပါးက ဗိုက်ပျက်မှာစိုးလို့ မစားခိုင်းဘူး။  ရိုက်ဖြစ်ခဲ့တဲ့အစားသောက်ပုံလေးတွေပါ။ ကျွန်မကတော့ ရောက်တုန်း ကျောက်ပွင့်သုပ်တော့ ထမင်းပွဲတိုင်းမှာစားတယ်။ ကြိုက်မှကြိုက်။   သတ်သတ်လွတ် ဘာဘီကယူးးးးး ငါးကင်  ငါးပုတ်ခြောက် - တစ်ကောင် ၅၀၀၀  ကြက်ဥထမင်းကြော်  ကျောက်ပွင့်သုပ်  ပင်လယ်ငါး ပဲငပိချက်  ငါးနီတူသုပ်  ကျောက်ပုဇွန်..  တစ်ကောင် ၁၀၀၀၀ ငါးခေါင်းချဉ်ရေ   ပင်လယ်ငါးမချက်မှီ  ပင်လယ်ငါးချက်  ငပိရည်တို့စရာ  ခေါင်းရွက်ဗျပ်ထိုးဈေးသည်ထံမှ မချက်ရသေးသောငါးများ ကြက်သားခေါက်ဆွဲကြော် (ရွာတွင်းထမင်းဆိုင်) ထမင်းဆိုင်မှကြောင်ကလေး..  ပါးပါးဦးထုပ်ကျသွားတာကိုသူက အဆင်သင့်ဝင်ထိုင်နေတာ။

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ...