Skip to main content

သိရိမင်္ဂလာဈေး -၂

သိရိမင်္ဂလာဈေးအပိုင်း(၂) လာပါပြီ။ ပုံတွေကအများကြီးဘဲ။  ကျွန်မအများဆုံးရိုက်ဖြစ်တာ ဒီမှာ ရှားတဲ့ဟင်းသီးဟင်းရွက်တွေပါ။  ရန်ကုန်ရောက်တော့စားချင်တာတွေလဲအများကြီး၊ ဈေးသွား ရင် အကုန်ကိုဝယ်ချင်တော့တာဘဲ။ နေ့နေ့ညည စားပြီးရင်စားချင်နေတာ ၊ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေတွေ့တော့ပိုဆိုးတာပေါ့။  ကဲပုံလေးတွေကြည့်လိုက်ကြအုံး။
 ပန်းဂေါ်ဖီ၊ တစ်ပွင့် ၅၀၀
ရှားစောင်းချဉ် (သို့) ရှားဇောင်းခါး (တစ်ခါမှမစားဖူးပါ) (thanks to kogyi Kyauk correct spelling)
ကောက်ရိုးမှို
 ဂျင်း
 ခါကြက်ဥ
 မုန်လာထုပ်
 သခွားသီး
 သံပုရာသီး

ပိန်းဥ
 အိုစွန်း
 စမုံစပါး
 ပဲညွန့်
 မှို
 ဂေါ်ဖီထုပ်
 ရွှေဖရုံသီး
 ကျောက်ဖရုံ
 စပါးလင်
 ပျဉ်းတော်သိမ်၊ ရှောက်ရွက်၊ တရုတ်နံနံ၊ ရှမ်းနံနံ၊ ပင်စိမ်း

 ပဲပြား
 ပဲပုဇွန်သီး (သို့) နွေပဲသီး (thanks baby taster)
 ငရုတ်သီး လတ်လတ်ဆတ်ဆတ်
ပဲသီး
 ဘိုစားပဲ
 ကိုက်လံပွင့်
 ဂေါ်ရခါးညွန့်
 ထောပတ်သီး
 ရေကန်ဇွန်း
 ထောပတ်ပဲ
 ခရမ်းချဉ်သီး
 ဇီးဖြူသီး
 မုန်လာဥဖြူ
ဘဲသွေး
 
 ဂျူးမြစ်
ငရုတ်သီးဝယ်ရန်ဈေးဆစ်နေပါသည်။
 ပဲ (အမည်မသိ)
နံနံပင် (လတ်ဆတ်လိုက်တာများ၊ အရမ်းသဘောကျတာဘဲ။ ကျွန်မနေတဲ့နေရာမှာ နံနံပင် အမြီးတောင်ရှာမတွေ့ဘူး။ နံနံပင်နဲ့ အနံ့တူတဲ့အရွက်ရှည်မျောမျောတွေဘဲစားနေရတာ)

 ခရမ်းကြွပ်သီး
 ပဲမြစ်

 ဟင်းခတ်အမွှေးကြိုင်စုံ
ဗူးသီးနုနု
သရက်ကင်း (တစ်လုံး ၅၀)
 မုန်ညှင်းခါးဖူး
မြင်းခွာရွက်
 ဂွေးသီး
အသားတု
 ကုန်ခြောက်
 ငရုတ်သီးမျိုးစုံ








 ညီမလေး၊ မောင်လေးနှင့် မြန်မာစာရိုက်ပေးသောသယ်ရင်းကြီး

Comments

  1. အယ် တပုံကြီး အကုန်ရချင်တယ် :)
    အပေါ်က ပဲ (အမည်မသိ) ပဲပုဇွန်သီး(သို့) နွေပဲသီး
    နောက်တမျိုးက အာကြားနဲ့က ထောပတ်ပဲ ထင်တာပဲ

    ReplyDelete
  2. စုံနေအောင် ရိုက်ခဲ့တာဘဲ။ လေးစားပါတယ်။ အလွမ်းပြေလေးပေါ့။ အောစွန်းကြော်၊ စမုံစပါးနဲ့ ကြက်ဥကြော်၊ ပဲလိပ်ပြာချက်၊ ဇီးဖြူသီးထောင်း စားချင်တယ်။ ပုံတွေ ကြည့်ပြီး စိတ်ကူးထဲမှာ ဟင်းချက်ဖြစ်သွားတယ် :)

    ReplyDelete
  3. ဇောင်းလျားချဉ်မဟုတ်ဘူး..ကူးကူးရဲ့
    တဇောင်းချဉ်သို့မဟုတ်တဇာင်းခါးဖြစ်မယ်..
    ကိုကြီးကျောက်တို့ဖက်မှာ ပေါတယ် စားကောင်းတယ်၊
    US မှာ ပဲမြစ်နဲ့ ဇီးဖြူသီးတော့မရဘူး ကျန်တာတွေအကုန်ရတယ်၊ ဇီးဖြူသီးက ကယ်လီဖိုးနီယားဖက်တော့ရတယ်ပြောတာပဲ..
    ဇီးဖြူသီးမရှိတော့ အကိုကြီးတော့ သံလွင်သီးဆားစိမ်စားနေရတယ်..အရသာတော့ ခပ်ဆင်ဆင်ပဲ

    ReplyDelete
  4. ဟုတ်ပြင်လိုက်ပါမယ်..နာမည်မေ့နေလို့ ဈေးရောင်းတဲ့သူကိုမေးတာ...
    စားလို့ရလားဟင်လို့မေးတော့ ..မစားနဲ့သေတတ်တယ် ဆိုပီးရွဲ့ပြောတာရယ်.. သူတို့စိတ်ထင် ကြီးကြီးကျယ်ကျယ် မေးတယ်ထင်လားမသိပါဘူး.. နောက်မှ တစ်ကယ်မသိမှန်းသိမှ သေချာရှင်းပြတာ... အဲလို..း)

    ReplyDelete
  5. စာလိုရေးရင်..ရှားစောင်းချဉ် လို့ရေးတယ်..အဟဲ..အကိုကြီးလဲ အသက်ကြီးတော့ ရေးထုံးတွေ မေ့ပြီလေ၊ ပြောတော့ တစောင်းချဉ်လို့ပြောကြတာ

    ReplyDelete
  6. အို..... အစုံပါပဲလား အစ်မကူးကူးရေ... ပုံတွေ အားလုံး ကြည့်သွားပါတယ်။ ခရမ်းကျွတ်သီး ခရမ်းရောင်လေးတွေ လှလိုက်တာ။ ပဲမြစ် ဆိုတာ ဘယ်လို အရသာ ရှိမှန်း မမှတ်မိတော့ဘူး ပာင့်း(

    ReplyDelete
  7. အံမယ်လေး ဒါတွေအားလုံးကို မိုးယံလက်ထဲ အပ်လိုက် ရောသမမွှေဟင်းကို နဲ့ လျှာဂျွမ်းပြန် အရသာနဲ့ ချက်ကျွေးပြမယ်..

    ဟို ပဲ အမည်မသိက ပဲစင်းငုံလေ အနော်တို့ဆီမှာတော့ ပြုတ်စားကြတယ်.. ကျန်တဲ့နေရာတွေ ဘယ်လိုခေါ်လဲမသိ၊
    အဲဒီကောင် ပေါ်ချိန်ဆို အထက်တန်းကျောင်းတုန်းက အဲဒါတွေ ပြုတ်ရောင်းတာကို မုန့်ဈေးတန်းက ၀ယ်စားနေကြ...

    ReplyDelete
  8. အဲလိုဈေး နီးနီးနားနားရှိချင်လိုက်တာ။ ဈေးဝယ်ရတာကိုက ပျော်စရာကြီးနေမှာ။ စားချင်တာတွေ အများကြီးပဲ။

    ReplyDelete
  9. ဘဲသွေးန့န့ပင် ရှောက်သီး.... ပျော်စရာကြီး

    ReplyDelete
  10. ညီမလေး ကူးကူးရေ ...

    အစုံပါပဲလား ။ ဓါတ်ပုံတွေမှ အများကြီး ...
    စားချင်စရာ တွေချည်းပဲ ....
    ဈေးထဲ လူရှုပ်ရှုပ်မှာ ဓါတ်ပုံ ရိုက်ရဲတာ ချီးကျူးတယ်။


    မချို

    ReplyDelete
  11. ဒီလောက်စုံတဲ့ ဈေး ဒီဘလော့ပေါ်မြင်ရတာ ၀မ်းသာစရာ
    တဇောင်းချဉ်က ငပိချက်ချက်စားလည်းကောင်းတယ် နည်းနည်းလေး ခပ်သက်သက် ရှိတယ်.
    ငရုပ်သီးအောက်က ဗိုလ်စားပဲ အဲဒီအောက်က ပဲက ကချင်ပြည်နယ်မှာတော့ ၀က်ခေါက်ပဲလို့ခေါ်ပါတယ်.. ခပ်အိအိနဲ့နေတာမို့ပါ.
    ပုံတွေမြင်ပြီး အတော်ပျော်သွားတယ်.. လွမ်းနေတဲ့ အသီးအနှံတစ်ချို့မြင်လိုက်ရလို့
    ဘေဘီရေ.. နွေပဲသီး ဟင်းချို ချက်စားရင်သိပ်ကောင်းနော်.. ပိန်းဥဖြစ်ဖြစ် အာလူးဖြစ်ဖြစ်နဲ့လေ..
    ကူးကို ကျေးဇူးပါနော် ပုံတွေများကြီးတင်ပေးထားလို့

    ReplyDelete
  12. ကူးကူးရေ ... ကျေးဇူးပါနော်
    အကုန်လုံးစားချင်စရာတွေ
    အဲလိုဈေးမျိုးမသွားရတာကြာပေါ့။

    ReplyDelete
  13. ရန်ကုန်ကဈေးသည်တွေ သဘောကောင်းကြပါတယ်။ ဓာတ်ပုံရိုက်မယ်လို့ခွင့်တောင်းတော့ ဟင်းသီးဟင်းရွက်တွေကို လှအောင်ပြန်စီပေးလိုက်သေးတယ်။ ငါးတန်းသွားတော့လဲအဲလိုဘဲ..ဒီကိုလဲရိုက်ပါအုံး... ဒီငါးကြီးက အကြီးကြီး.. ရိုက်ပါအုံးနဲ့ လက်ကိုမလည်ဘူး။ ပျော်ဖို့လဲကောင်းတယ်.. သူတို့လဲ ပျော်နေကြတာဘဲ..
    အချို့က အင်္ဂလိပ်လိုတောင် လိုက်ရှင်းပြနေသေးတယ်။ ညီမလေးနဲ့ သယ်ရင်းက တစ်ခွိခွိနဲ့ရီနေတာ.. အနောက်ကနေ.. ဟီးဟီး....

    ReplyDelete
  14. ကောက်ရိုးမှိုတွေ စားချင်လိုက်တာ။ ထောပတ်ပဲလည်း လွမ်းတယ်။ ဘဲသွေးကို အုန်းနို့ခေါက်ဆွဲနဲ့ စားလိုက်ရရင်တော့ - ရှလွတ်။ သွားရည်ကျပြီး ပြန်သွားပြီ မမကူးရေ။

    ReplyDelete
  15. ကူးကူး ရေ
    ရှားစောင်းချဉ် နဲ့ ခါး ကစားလို့သိပ်ကောင်းတာ မညက်တညက်လေးထောင်းပြီးခြောက်ခြောက်လေး ချက်စားအရမ်းကောင်းတယ် စားပြီးလို့ ရေသောက်ရင် ချိုသွားရော
    ဂျူးမြစ်တွေကလည်း လှလိုက်တာ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  16. နံနံပင်က ကိုယ့်ဖာသာကိုယ်စိုက်ကြည့်ပါလား။ အရမ်းလွယ်ပါတယ်။ မြေနေရာမရှိရင်တောင် ဖော့ပုံးလေးထဲ မြေကြီးထည့်ပြီးစိုက်လို့ရတယ်ခင်ဗျ။ အိမ် ၀ရံတာမှာ နောက်ဖေးမှာ လွတ်တဲ့နေရာပေါ့ဗျာ။ အအေးဒဏ်လဲ တော်တော် ခံနိုင်ပါတယ်။ ရေခဲအမှတ်ရောက်ထိ မသေပါဘူး ။ တနှစ်လုံး စိုက်လို့ရတယ်ခင်ဗျ။ နံနံစေ့လဲ ရှာရခက်မယ်မထင်ပါဘူး။ လတ်လတ်ဆတ်ဆတ် နဲ့ အချိန်မရွေး စားလို့ရတာပေါ့ဗျာ။

    ReplyDelete
  17. စိုက်တာတော့ခဏခဏဘဲ.. အိုးထဲထည့်စိုက်တယ်၊ ဖော့အိုးနဲ့စိုက်တယ်.. မြေကြီးပေါ်ချစိုက်တယ်...
    ဘယ်လိုမှမအောင်မြင်ပါဘူး..
    ပေါက်လာတယ်..ဒါပေမယ့် လက်တစ်ဆစ်ထက်ပိုမရှည်လာ ဘူး... ကြိုးစားနေတာ (၅) နှစ်ပြည့်တော့မယ်ခုထိမအောင်မြင်သေးဘူး။
    ဆက်ကြိုးစားလိုက်အုံးမယ်

    ReplyDelete
  18. ဆက်ပြီးကြိုးစားပြီးစိုက်ကြည့်ပါဦး။ ဖော့ပုံးနဲ့စိုက်ရင် ပုံးကိုအောက်က အပေါက်ဖောက်ပေးပါ။ နံနံစေ့ကို ရေ ၂ ညလောက်စိမ်ပြီးမှစိုက်ပါ။ မြေကြီးက မြေဆွေးကပိုကောင်းတယ်။ ၀ယ်လို့ရနိုင်မယ်ထင်ပါတယ်။ ငြုပ်၊ ကြက်ဟင်းခါး။ ချဉ်ပေါင်၊ စပါးလင်၊ အကုန်စိုက်လို့ရပါတယ်။ ကိုယ်စိုက်ထားတာကိုယ်ဆွတ်စားရတာ ပိုပြီးအရသာရှိတယ်လို့ထင်ရပါတယ်။ အောင်မြင်အောင်စိုက်နိုင်ပါစေခင်ဗျာ။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ