Skip to main content

မျောက်ငိုသီး

 
မျောက်ငိုသီး ကိုကြားဖူးပေမယ့် ရန်ကုန်မှာနေတုန်းကမစားဖူးခဲ့ဘူး။  လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အင်ဒို ရောက်တော့ တစ်ခါစားဖူးတယ်၊ဒညင်းသီးနဲ့ခပ်ဆင်ဆင်မို့ ကြိုက်တာအရမ်းဘဲ.. မေးပြီးလိုက်ဝယ်ဖို့ အချိန်မရှိတာရယ်.. ဘာအသီးမှန်းမသိတာရယ်မ၀ယ်ခဲ့ရဘူး။ မနှစ်က တော့ ထိုင်းမှာ ဈေးသွားတော့ အင်ဒိုသူငယ်ချင်း က အဲဒီအသီးကို သူတို့အခေါ် (ပါ့တယ့်) ကို ဈေးက၀ယ်လာပြီး ညီမလေး အိမ်မှာ ကြော်ကျွေးတယ်..
အဲဒီအခါမှ ညီမလေးက မြန်မာပြည်မှာလဲရှိတယ်..မျောက်ငိုသီးလို့ခေါ်တယ် လို့ ပြောပြတယ်။  ပြန်သွားတော့ အဲဒီအသီးလေးတွေသူသယ်လာသေးတယ်။ စင်ကာပူက ထိုင်းတွေ ရောင်းတဲ့ ဈေးမှာလဲ အထုပ်လေးတွေနဲ့ထုပ်ပြီးရောင်းတာတွေ့တယ်.. ၂ ထုပ်လောက်ဆွဲလာခဲ့သေးတယ်။  ဒီနှစ်တော့ သူငယ်ချင်းကို နင်အိမ်ပြန်ရင်ယူလာခဲ့ဆိုပြီးမှာလိုက်တော့သူကပဲတောင်ရှည်အစေ့လေးတွေကို ဖြတ်ဖြတ်ပြီး သယ်လာတယ်..  အမျိုးစုံလုပ်စားတာဘဲ။ ကျွန်မကတော့ စားသုံးသူအဆင့်ပေါ့..
ဒီတစ်ခေါက်တော့ကိုယ်တိုင်လက်ထဲ ရောက်လာတဲ့အသီးကိုကိုယ့်စိတ်ကြိုက်ဘလချောင်ကြော်လေးနဲ့
ပြန်ကြော်စားတာပါ။ 
အစေ့လေးတွေကိုနွှာပြီးရေခဏစိမ်ထားပါတယ်။
ကြက်သွန်ဖြူကို အချောင်းလေးတွေလှီးပီး အရင်ကြော်၊ အစေ့လေးတွေထည့်... ကြက်သွန်ဖြူအနံ့လေးတွေ စိမ့်ဝင်သွားမှ ကြော်ပြီးသားငါးရံ့ခြောက်ကြော်လေးတွေထည့်မွှေလိုက်ရင် ဒညင်းသီးကြော်အနံ့လေးနဲ့ မျောက်ငိုသီးကြော်လေးရပါပြီ။   ဘလချောင်ကြော်နဲ့လဲ ရပါတယ်။  ငါးခြောက်က ဆားပါပြီးသားမို့ ဘာမှထပ်မထည့်တော့ပါဘူး။
ချစ်သူအနားရှိသူများနဲ့.. အနံ့မကြိုက်တဲ့သူတွေအတွက်တော့သိပ်မသင့်တော်ပါဘူး။  ဒညင်းသီးလောက်တော့ အနံ့မပြင်းပေမယ့် သူ့မှာလဲအနံ့လေးတော့ခပ်ရှရှရှိပါတယ်။
 

အခွံနွှာပြီးမျောက်ငိုသီး...
 ဒါကတော့ခေါက်ဆွဲထဲထည့်ပြုပ်စားတာ။
google က website တစ်ခုမှာ ကသည်းလူမျိုးတွေအရမ်းကြိုက်တဲ့ မျောက်ငိုသီးလို့ရေးထားတာတစ်ခါဖတ်ဖူးတယ်။ ဒီလင့် လေးမှာတော့ မျောက်ငိုသီးအကြောင်းအောက်ပါအတိုင်းရေးထားတယ်။  အသီးတွေလဲအတွဲလိုက် ပုံမှာပြထားသေးတယ်။ အားရစရာ။း)


မျောက်ငိုသီး နိုင်ငံခြားသို့ တင်ပို့ရောင်းချရန် ဈေးကွက်ဝင်လျက်ရှိ
ကောင်းမြတ်ဖြိုး(ရွှေမြစ်မခ)
by Myit Makha Mediagroup on 3 Feb, 2012

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့ နယ်တွင် စိုက်ပျိုးလျက်ရှိသော မျောက်ထန်းလျက် ခေါ် မျောက်ငိုသီးမှာ
နိုင်ငံခြားပို့ကုန်အဖြစ် ဈေးကွက်ဝင်ကြောင်း ဒေသခံများထံမှသိရသည်။
“ဒီအသီးက တမူးမြို့ မှာဆိုရင် ဖောက်သည်ဈေး တစ်တောင့်ကို တစ်ရာရှိတယ်ဗျ ဒီပြင်ဦးလွင်မှာကတော့ တစ်ပင်လုံးကိုဈေးဖြတ်ပြီး ၀ယ်တာဗျ ၊  တစ်ပင်ကို အနည်းဆုံးလေးသောင်းတော့ရတယ်” ဟု မျောက်ငိုသီးစိုက်ပျိုးသူ ဦးဆော်မာမှ
ပြောသည်။
မျောက်ငိုသီး သီးချိန်မှာ ဆယ်လပိုင်း မှ နှစ်လပိုင်းထိဖြစ်ပြီး  ကလေးမြို့ နှင့် တမူးမြို့  များတွင် သီးချိန်နောက်ကျကြောင်းအပင် စစိုက်ထားလျှင် ၆ နှစ် ၇ နှစ်စောင့်ရပြီး အနည်းဆုံး အနှစ် ၅၀ ခန့် အသီးသီးကြောင်း ဦးဆော်မာထံမှသိရသည်။

Comments

  1. ထိုင်းကလာတဲ့ပုလင်းကိုဘဲ ဒညင်းသီးအဖြစ်အာသာပြေစားနေတာကူးရေ။
    မျောက်ငိုပင်ဆိုရင်တော့သိပြီ။ မြင်ဘူးတယ်။ ပင်စည်ကချောလွန်းလို့ မျောက်တောင်ငိုရတယ်ဆိုတာဘဲ။ ဒါပေမဲ့ဒီအပင်ကတော့ပင်စည်ချောမချောမမြင်ရဘူး..း)
    မြန်မာပြည်မှာတုန်းကတောက်တတ်တယ်ဆိုလို့ မစားရဲခဲ့ဘူး။
    ခုတော့ငတ်တော့စားနေပြီကူးရေ။
    အိုင်အိုရေ

    ReplyDelete
  2. ဟုတ်ပါ့နော်.. ကူးလဲ ဒညင်းသီးအလွမ်းပြေ ကစ်နေတာ..း))
    ဟီးဟီး...
    ပင်စည်ကိုတော့မတွေ့ဖူးသေးဘူး..

    ReplyDelete
  3. ခေါက်ဆွဲထဲရောပြုတ်ထားတာလေးက
    စားချင်စရား)
    တစ်ခါမှမစားဖူးဘူး။ခုတော့စားကြည့်ချင်လာပြီး)

    ခင်မင်လျှက်
    မိစံ

    ReplyDelete
  4. ခြံမှာ မျောက်ငိုသီးပင် စိုက်ခိုင်းမှနဲ့တူတယ်။ တစ်တောင့်တစ်ရာဆိုတော့ မဆိုးဘူးနော်။

    ReplyDelete
  5. ဒီမှာလည်းအင်ဒိုကသူငယ်ချင်းတွေစားလေ့ရှိတယ်။ ဒညင်းသီးနဲ့ တူလို့ 
    စားကြည့်သေးတယ်။ မျောက်ငိုသီးလို့ ခေါ်မှန်းအခုမှသိတယ်။ ကျေးဇူးနော်.

    ReplyDelete
  6. အဲဒီ အသီး အနံ့မခံနိုင်လို့ စားချင်ပါဖူး အီး ဟီး ဟီး :(

    ReplyDelete
  7. စလုံးက ဟော်ကာစင်တာတွေမှာ စားဖူးတယ်..တညင်းသီးနဲ့  ဆင်တယ်

    ReplyDelete
  8. မျောက်ငိုသီးကြိုက်တယ် မစားရတာ ကြာပေါ့
    ဒီမှာလဲ ၀ယ်မရပါဘူး..

    ReplyDelete
  9. တညင်းသီးလည်းမကြိုက်လို့ အဲကောင်လည်းမစားဖြစ်ဘူး .. တညင်းသိးနဲ့ တော်တော်တူတာတော့သိတယ် စလုံးမှာ ရတယ် အမြဲလိုလိုတွေ့ တယ်ဆိုင်တွေမှာ

    ReplyDelete
  10. ကူးကူး..အဲ့ဒါ စိန်ပန်းပင် နဲ့ စိန်ပန်းသီး မဟုတ်ဘူးလား...ကြည့်ရတာတူနေလို့...

    ReplyDelete
  11. ဟုတ်ဘူးလေ.. စိန်ပန်းသီးက အပြားကြီးတယ်...
    စိန်ပန်းသီးဆိုရင် ၀မ်းသာလိုက်မယ်ဖြစ်ခြင်းနော်..
    မြန်မာပြည်မှာတောင်အလယ်ပိုင်းနဲ့အပေါ်ပိုင်းမှာဘဲရှိတာများတယ်။
    အပင်မတွေ့ဖူးဘူး..အဲဒါအင်တာနက်ထဲက ရှာထားတာ..
    အပြင်မှာမတွေ့ဖူးဘူး။ အသီးဘဲတွေ့ဖူးတယ်

    ReplyDelete
  12. အမြဲလိုလိုတွေ့ဖူးတယ်..။
    စားရကောင်းမှန်း မသိပေါင်..။
    ဟိ


    ပေါက်

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete
  14. မျောက်ငိုသီးအနုဆိုရင် အစေ့ထုတ်စရာမလိုပဲ အသီးရဲ့ အခွံလေးကို အစိမ်းလေးတွေအကုန် ကွာရုံခြစ်ပြီး ပါးပါးလှီး၊ ရေနွေးလေးနဲ့ ဖျောပြီး သုတ်စားရင်လဲအရမ်းစားကောင်းပါတယ်။ အစိမ်းတော့ကုန်ရပါတယ်။ မဟုတ်ရင်ခါးတတ်လို့ ပါ၊ India မှာနေတုန်းက စားဖူးတဲ့ ချင်းလူမျိုးတွေ မဏိပူရကသည်းတွေလုပ်တဲ့နည်းပါ။

    ReplyDelete
  15. ဟုတ်တယ်.. အခွံလေးတွေခြစ်ပီးတော့ ပြုပ်စားတယ်..ကြော်စားတယ်...
    သူငယ်ချင်းအမေက ချင်းတောင်ကဆိုတော့ သူ လုပ်ကျွေးတာစားဖူးတယ်။

    ReplyDelete
  16. မြောက်ငိုပင်က အပင်မချောဘူးရယ် . . အပင်ကြီးရဲ့ အကိုင်းသေးသေး အဖျားတွေမှာပဲ အသီးသီးလို့ မြောက်ခူးဖို့မလွယ်လို့ မြောက်ငိုပင်လို့ခေါ်ကြတယ်ပြောတာပဲ

    ReplyDelete
  17. What's up Dear, are you genuinely visiting this web page on a regular basis, if so then you will definitely obtain fastidious knowledge.

    Also visit my page; ranger forum

    ReplyDelete
  18. each time i used to read smaller articles which also clear their motive, and that is also happening with this piece of writing which
    I am reading at this time.

    my web site; Http://forum.websound.ru/soundabc/index.php?title=Участник:dwaynemad

    ReplyDelete
  19. Hi, Neat post. There's an issue along with your website in internet explorer, might check this? IE nonetheless is the marketplace leader and a huge part of people will leave out your great writing due to this problem.

    Here is my site ranger forum

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ