Skip to main content

Posts

သီးသီးထောင်း Wood Apple Salad

  မန္တလေးသူဖြစ်တဲ့ကျွန်မ အညာအစားစာလေးတွေအရမ်းကိုကြိုက်နှစ်သက်ပါတယ်။အဲဒီထဲမှာ ဘယ်တော့မှမရိုးနိုင်တဲ့သီးသီးလဲပါတယ်။ငယ်ငယ်ကနေခဲ့တဲ့အိမ်ကအမေရိကန်သံရုံးနဲ့နီး တော့ သံရုံးမှာအလုပ်လုပ်နေတဲ့ခင်မင်ရတဲ့ဦးလေးကြီးမျက်နှာနဲ့အများကြီးကကြွေက ျနေတဲ့သီးသီးတွေ ကိုမက်မက်မောမောကောက်ခဲ့ဘူးတယ်။ သီးသီး ထုတိုင်းကစားကြတယ်။မှည့်နေတဲ့အလုံးတွေ ကိုဇွန်းနဲ့ကော်ပီးထညက်ရည်လေးနဲ့စားတယ်။ မွှေးပြီးချိုချည်မြအရသာလေးကိုဘယ်သောအခါ မှမမေ့ခဲ့ဘူး။ ဘယ်ရောက်ရောက်မြန်မာအစားစာမက်တဲ့ကျွန်မအတွက်ဒီမှာရှိတဲ့ဘင်ဂလာဆိုင်တစ်ဆိုင်ကို ရောက်တဲ့အခါမြန်မာနိုင်ငံကငါးဖယ်၊ ကွမ်း၊ ငါးကြင်း၊ ငါးသေးသေး၊ ပုဇွန်သေးသေး၊ ဘလချောင်ကြော်တွေဝယ်လို့ရလို့အရမ်းကိုဝမ်းသာသွားတယ်။ ဒါထက်ပိုပြီး သီးသီး၊ ဂွေးသီး၊လဲ ရာသီအလိုက်ရပါတယ်။သီးသီးကိုအမြဲမရပေမယ့်ဆိုင်ကကောင်မလေးကိုအဲဒီအသီးရောက်လာရင်ဖုန်းလှမ်းခေါ်ပါလို့ ပြောထားတော့အသီးရောက်တိုင်းအမြန်ပြေးဝယ်ရပါတယ်။ သူကတော့သီးသန့်လေးဖယ်ဖယ်ထားပေးတယ်။ ဘယ်သူတွေများဘယ်လောက် ကြိုက်လဲတော့မသိဘူး။ ရောက်တာနဲ့ ပြိုက်ကနဲ့ကုန်သွားတာဘဲ။ မှည့်တဲ့အထိမစောင်းနိုင်လို့အစိမ်းကိုဘဲ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ အနီ၊ ငပိစိမ်းစားလေးနဲ့ထောင်းထာ...

တန်ဒိုရီ ကြက်ကင်

ဒီတစ်ပတ်ရုံးပိတ်ရက်မှာ ကျွန်မနေထိုင်တဲ့မြို့မှာရှိတဲ့မြန်မာမိသားစုလေးတွေစုစည်းပီးကလေးတွေအချင်းချင်း ရင်းနှီးအောင်၊ မြန်မာမိသားစုအဖွဲ့ဝင်တွေအချင်းချင်းပိုမိုသိရှိလာအောင်စုပီးပစ်ကနစ် ထွက်ဖို့ပြင်ဆင်ကြပါတယ်။ အစားသောက်တွေအတွက် ဘာဘီက ျူးအဓိကလုပ်မယ်လို့ တိုင်ပင်ထားတဲ့အတွက်သောကြာနေ့ညနေ ချစ်သူမောင် အလုပ်ပီးတော့ ကြက်သားတွေဝယ်လာပီး ကြက်ကင် လုပ်ဖို့ကြိုတင်နယ်နှပ်ထားပါတယ်။ တန်ဒိုရီကြက်ကင် အစားသောက်ချစ်သူတွေအတွက်  တန်ဒိုရီကြက်ကင်လုပ်နည်းကိုပြန်ပီးဝေမှ ျှပါ့မယ်။  အင်ဒီးယန်းလိုတော့ အမွှေ့နံ့သာတွေမစုံဘူး၊  အနံ့ပေါင်းစုံသွားရင် စားလို့သိပ်မကောင်းဘူး။ မြန်မာ ကြက်ကင်အရသာလေးကို တန်ဒိုရီ စပိုက်စ် လေးနဲနဲသုံးထားတဲ့သဘောပါဘဲ။ ကြက်ပေါင် ၅ ချောင်း - ကင်ပီး ၁ ချောင်းကို (၃)ပိုင်းပိုင်းရင်အပိုင်း ၃၀ ရပါတယ်။ ကြက်ပေါင်ကို အရေခွံဆုတ်၊ အဆီတွေဖယ်ထုတ်ပီးသားကို ခွက်တစ်ခွက်ထဲမှာ... ဒိန်ချဉ် ဆား ဆီ (၂)ဇွန်း တန်ဒိုရီမဆလာမှုန့် နံနံစေ့ အရောင်တင်ငရုတ်မှုန့် (ငရုတ်သီးအစိမ်းကိုထောင်းထည့်ပါတယ်) စပ်တယ် ငရုတ်ကောင်း ကြက်သွန်ဖြူ နဲ့ ဂျင်းထောင်း အားလုံးရောမွှေပီး ကြက်သားနဲ့နှပ်ထားပါတယ်။  ရေခဲသေတ္တာထဲမှာ ငွေရောင...

အေးမြတဲ့ဒေသသစ်ဆီသို့ (၁)

အားလုံးဘဲမင်္ဂလာပါရှင်။ အေးရှားဝန်းကျင်ကနေ ကနေဒါပြောင်းပြီးနောက်ပိုင်းမှာ ဘာမှသိပ်မရေးဖြစ်၊ မချက်ဖြစ်ခဲ့တာအတော်ကြာပါပီ။  အကြောင်းကလဲ နေမြေသစ်မှာအသား ကျအောင်နေနေရတာရယ်။ ကျမ်းမာရေးကလဲ မဖြစ်ဘူးတာ တွေထပ်တိုးပြီး အိပ်ရာထဲနေရတဲ့ အချိန်တွေများလာတာရယ်ကြောင့်ပါ။ အရမ်းအေးတဲ့နိုင်ငံရယ်လို့ လူသိများတဲ့ဒီနေရာမှာ အောက်တိုဘာက နေ မေလ လောက်ထိ အလုပ်နဲ့အိမ် ကလွဲဘယ်မှ သိပ်မသွားဖြစ်ခဲ့ဘူး။ ကျွန်မအတွက်ကတော့ အေးအေးလေးနဲ့ နှင်းတွေကျနေပီဆို အရမ်းကို ခြေယားပြီးအပြင်ထွက်ဆော့ချင်တာပါဘဲ။ချစ်သူမောင်ကတော့မြန်မာနိုင်ငံသားပီသစွာ ပူပူပြင်းပြင်း နေတဝင်းဝင်းနဲ့ယင်ကောင်ခြင်ကောင် ပေါတဲ့ နွေရာသီမှသာအပြင်ထွက်လန်းချင်တဲ့ စိတ်ရှိလေတော့ ကားမမောင်းတဲ့ကျွန်မလဲအိမ်တွင်းပုန်းနေခဲ့ရတယ်။ အော်တာဝါ ကျယ်ဝန်းလွန်းတဲ့ ဒီနိုင်ငံကြီးမှာ ကျမ်းမာရေးနဲ့ ပတ်သတ်တာမှန်သမျှဆေးရုံသွားရပီဆိုကုသစရိတ်က အလကားရပါတယ်။ ဒါကလည်း ကနေဒါနိုင်ငံသားဖြစ်ပီးသူတွေ၊ အမြဲနေထိုင်ခွင့် ကဒ် ကိုင်ဆောင်ထားပြီး ကျမ်းမာရေးစစ်ဆေးခွင့်ကဒ်ကိုင်ဆောင်သူတွေနဲ့ နိုင်ငံရေးခိုလှုံခွင့်လျှောက် ထားဆဲသူတွေသာ ဖြစ်ပါတယ်။  ကျွန်မလေယဉ်ကွင်းရောက်တဲ့အခါ  နိုင်ငံသားစစ်ဆေးရေး ...

ကလောက် ကလောက်

  ဧရာဝတီတိုင်းက အဖွားနေထိုင်တဲ့ရွာလေး သူမဆုံးခင်ရောက်ခဲ့တုန်းကပေါ့။  ရွာလေးမှာအမှတ်ရစရာတွေ အများကြီးရှိတယ်။ ရွာထိပ်ကချောင်းလေးမှာ ငါးဖမ်း ပုဇွန်ရှာ အန်တီဦးလေးတွေနဲ့လိုက်သွားတိုင်း ကလောကလောက်အကောင်လေးတွေ ချောင်းစပ်မှာခုန်ပေါက်နေတာ လိုက်ဖမ်းခဲ့ဖူးတယ်။ ဒီအကောင်လေးတွေကို ဖမ်းပီး ငါးမျှားဖို့သုံးကြတယ်။ အခြားအရပ်မှာတော့ဘယ်လိုခေါ်လဲမသိဘူး။ နောက်ဆုံးတစ်ခေါက် ရွာသွားလည်တုန်းက ကလောကလောက်အကောင်လေးတွေကို ပုံရော ဗီဒီယိုလေးပါရိုက်လာခဲ့တယ်...  မောင်လေးကတော့ ချောင်းစပ်ရောက်တာနဲ့ ဖိနပ်ချွတ်ပီးချောင်းစပ်မှာ ကလောကလောက်လိုက်ဖမ်းတယ်...  သူတို့က ကုန်းမှာလဲနေသလို နေထဲမှာလဲနေတယ်.. ချောင်းစပ်တစ်လျှောက်လမ်းလျှောက်ရင်းနဲ့ ခေါင်းရွက်ဗျပ်ထိုး ငါးလိုက်ရောင်းနေတဲ့ သူဆီက ငါးပြေမ ငါးမွေထိုး ငါးရံ့လေးတွေပါ ဝယ်လာခဲ့တယ်. အမြင်ပန်းမလှပေမယ့် ငါးရောင်းနေတဲ့ အဒေါ်က မာမီ့အသိမို့  ဓာတ်ခဲလေးတွေနဲ့ အလေးချိန်တာလေးကို စိတ်ဝင်တစ်စားဖြစ်မိခဲ့တယ်။  ကန်ဇွန်း ပန်းဂေါ်ဖီ ပဲပင်ပေါက် နဲ့ ခရမ်းချဉ်သီးတွေကတော့ မြို့ပေါ်ကနေ ကားနဲ့တစ်ဆင့်သယ်ပီးရွာက ဈေးသည်တွေတစ်အိမ်ထွက်တစ်အိမ် ဆင်းလိ...

ပျိုမေတို့အသုံးဝင်စေဖို့

ကျွန်မရှာဖွေတွေ့ရှိထားတဲ့ အသုံးဝင်မယ့်ဆေးနည်းလေးတွေနဲ့အသုံးဆောင်လေးကိုဝေဌချင်လို့ပါ။ အချို့သောမိန်းမပျိုလေးတွေစကပ်အတိုဝတ်ချင်ပေမယ့် ခြေသလုံးသားအရောင်မညီတာတို့.. ခြေထောက်က မွှေးညှင်းပေါက်တွေ ကျယ်နေတာတို့. ဒဏ်ရာဟောင်းလေးတွရှိတာနဲ့ ဒူးခေါင်းမဲနေတာတို့ အရမ်းကိုအဆင်ပြေမယ့် အသုံးဆောင် Sally Hensen airbrush leg ပါ။ မြန်မာမိန်းကလေးတွေအများစုက ထမီရှည်ရှည် စကပ်ရှည်ရှည်လေးတွေ ဝတ်နေကျမို့ (မိန်းကလေးတိုင်မဆိုလိုပါ) ခြေထောက်ကိုတော်ရုံဂရုမစိုက်ခဲ့ကြဘူး။ အခုချိန်မှာ စကပ်တွေ ဘောင်းဘီတိုတွေခေတ်စားလာတာရယ်၊ နိုင်ငံရပ်ခြားမှာ အများနဲ့ လျှော်ညီအောင်ဝတ်ကြ ရတဲ့အခါ.. ဟောင်ကောင်လေဆိပ်မှာ တစ်ခါသာဆုံဖူးခဲ့တဲ့အန်တီတစ်ယောက်က ဟိုမှာ သူလဲမြန်မာဘဲ ဆိုပီး ပြတော့ ကူးက ဘယ်လိုသိတာလဲမေးတော့ သူ့ခြေထောက်ကိုကြည့်ပါလားတဲ့.. စကပ်တိုတို ဝတ်ထားပီး အနာရွတ်အမဲတစ်ချို့နဲ့ အမျိုးသမီးကိုလှမ်းပြတော့ ..အဲဒီအချိန်ကနေစပီး  အဆင်ပြေသုံးနိုင်မယ့်ပစ္စည်းကိုရှာနေခဲ့တာ..  ကူးလဲခြေထောက်မှာမြေပုံလိုအမှတ်လေးရှိတယ်  တော်ရုံဆိုအတိုတွေမဝတ်ဘူး။  အတိုဝတ်ရင် သူများ attention ပိုဖြစ်တာနဲ့ မသိတဲ့သူတွေက tatoo ထင်ပြီးလာလာမေးလို့ ကြာတော့ စ...

ပန်းသီးချဉ် - Crab Apples

ပုဇွန် တန်ပူရာကြော် မန်ကျည်းချဉ်ရေ

ပုဇွန် တန်ပူရာကြော်/အပွကြော် လုပ်စားကြရအောင်။  ကျွန်မတို့မြန်မာအစားစားမှာတော့ ပုဇွန်ခွက်ကြော်ကိုပိုပီး အကျွမ်းဝင်ကြမှာပါ။ ကူးကူး လဲ ကြိုက်တယ်။ ဒါပေမယ့်အရိုးရှင်းဆုံးဝန်ခံရရင်တော့ မလုပ်တတ်ဘူးရယ်။ ကဲ..ညလယ်စာအပျင်းပြေစားဖို့ မူရင်းနည်းကိုအခြေခံပီး ကိုယ့်အကြိုက်အရသာထပ်မံထားတဲ့ ပုဇွန်ကြော် လေးလုပ်နည်းကိုပြောပြပါ့မယ်။ အရင်ဆုံးအချဉ်ရေအတွက်     မန်းကျဉ်းမှည့်     ငရုတ်သီးစိမ်း -၃တောင့်     ကြက်သွန်ဖြူ -၂မွှာ     ကြက်သွန်မိတ် - အပင်တစ်ဝက်     နံနံပင်အနည်းငယ် ငရုတ်သီးစိမ်းကိုပါးပါးလှီး၊ ဆားထည့်ပီးထောင်း၊ ကြက်သွန်ဖြူ၊ လှီးထားတဲ့ကြက်သွန်မိတ်နဲ့ နံနံပင်အနည်း ငယ်ကိုပါ ညက်အောင်ထောင်းပါ။ မန်းကျည်းမှည့်ကိုရေစိမ်ထားပီး.. အချဉ်ရေကိုစစ်... ထောင်းထားတဲ့ အမွှေး၊အစပ်စုံ နဲ့ ရောမွှေ... အပေ့ါငံမြည်းပီးတော့ ကြက်သားမှုန့် သို့ မှိုမှုန့် (ကြိုက်ရင်အချိုမှုန့်)အနည်းငယ်ထည့်ပါ။  ဒါဆိုအချဉ်ရေအဆင်သင့်ဖြစ်ပါပီ။     ပုဇွန်ကိုတော့ရေစင်အောင်ဆေးပြီး ကြောရိုးပေါ်ကအခွံတွေကိုသာခွာပါ..     အလယ်ချေးကြောင်းကိုတော...