Pages

Friday, June 12, 2009

အဖြစ်ချင်ဆုံးဆန္ဒ (မြူးစ် Tag)

ကူးကူးသိတတ်ခါစအရွယ်..ခြံထောင့်ကတမာပင်ပေါ်တက်ပီး လှမ်းမြင်နေရတဲ့မူကြိုကျောင်းခန်းလေးကိုငေးပြီး ကိုယ်နဲ့အရွယ်တူတွေလိုအရမ်းကိုတက်ချင်ခဲ့ပါတယ်။ (မူကြိုကျောင်းတွေမှာကျောင်းမစခင်ဆိုရတဲ့ဘုရားစာနဲ့ ထိုင်ကန်တော့ရတဲ့အတွက် ခရစ်ယာန်ဖြစ်တဲ့ကျွန်မ တက်ခွင့်မရခဲ့ပါဘူး။ ဒါနဲ့မွေးစာရင်းကိုတစ်နှစ်တိုး သူငယ်တန်းကိုတန်းပို့လိုက်ပါတော့တယ်။)
၆တန်းအထိအတန်းထဲမှာအမြဲ (၁)ရအောင်ကြိုးစားခဲ့တယ်။ ဘာလို့လဲဆိုတော့ ဗိုလ်ကြီးမမ ဖြစ်ချင်ခဲ့လို့ပါ။ အဲဒီတုန်းက တီဗွီဇတ်လမ်းတွေမှာ စစ်တိုက်တဲ့စစ်သားတွေကိုဆေးကုပေးတဲ့ အဖြူရောင်ဝတ်စုံနဲ့ ဗိုလ်ကြီးမမ အရမ်းဖြစ်ချင်ခဲ့တာပါ။
ရန်ကုန်ရောက်တော့ကျောင်းပြောင်းပြီးနောက်မှာ ဗိုလ်ကြီးမမဆရာဝန်မဖြစ်နိုင်တော့ဘူးလို့ကိုယ့်ကိုယ်ကိုယ် လက်ခံလိုက်ပြီးတော့ ဖြစ်ချင်ခဲ့ပြန်တာကတော့ လေယဉ်မယ်၊ တစ်တောက်တောက်နဲ့ luggage လေးဆွဲလှလှ ပပကြွကြွလေးလမ်းလျှောက်သွားတာတွေလေဆိပ်မှာတွေ့နေရတော့လဲရူးတာမဆန်းဘူး ၊ အဲဒီဆန္ဒလေး ကတော့ပထမဆုံးလေယဉ်စစီးဖူးတဲ့အချိန်မှာ လေထဲပူပေါင်းဖောက်သလိုပျောက်သွားတော့တာဘဲ။ လေယဉ် မယ်တွေအပြင်မှာသာကြည့်ကောင်းတာ၊ လေယဉ်ပေါ်မှာသူတို့လုပ်နေရတာတွေလွယ်သလား.. ဟူးးးးးးးးးး
တက္ကသိုလ်ရောက်ပြန်တော့model အပျော်လုပ်ရင်းနဲ့ဝါသနာကစွဲကပ်လာပြန်ရော၊ ကျောင်းပီးရင်တော့ ငါ model လုပ်မယ်ပေါ့။ အဲဒီတုန်းကတော်တော်လေးလဲအဆင်ပြေနေခဲ့တာ ကျောင်းပီးခါနီးတစ်နှစ်အလို အဆိပ်ြဲပင်းတဲ့အကောင်အကိုက်မခံရခင်ထိပေါ့။ အကောင်ကိုက်ပြီးနောက်မှာ အဖြစ်ချင်ဆုံးဆန္ဒကတော့ model လုပ်ဖို့မပြောနဲ့ လမ်းကောင်းကောင်းပြန်လျှောက်နိုင်ဖို့ ဆိုတဲ့ ဆန္ဒပါ။ နောက်ပိုင်းတော့ သူများလို အကြာကြီး မလျှောက်နိုင်ပေမယ့် လမ်းတော့ပြန်လျှောက်နိုင်ခဲ့ပါတယ်။ ဆန္ဒဆိုတာအားလုံးတော့ဘယ်ပြည့်မလဲလေ။ တစ်ချို့တစ်ဝက်တော့ပေးခဲ့ရတာပေါ့ကျောင်းပြီးကာစ။ရုံးဝတ်စုံသပ်သပ်ရပ်ရပ်လေးဝတ်၊ဖိုင်တွဲလေးကိုင်၊ဘော့စ်
နောက်ကိုတစ်ကောက်ကောက်လိုက်ရတဲ့ Secretary ဖြစ်ချင်တဲ့ဆန္ဒ္ဒ။
ဒါပေမယ့်လည်း အဲဒါကအပြောလွယ်ပေမယ့်လူတစ်ကာနဲ့ဆက်ဆံရေးမှာ အင်မတန်ခေါင်းစားရပါတယ်။ ရုံးထပ် ခွဲထွက်လိုက်တော့ ကိုယ်ပီးထားတဲ့လိုင်းနဲ့က Business admin နဲ့ secreterial Science ၊ ဆိုတော့ စာရင်းပါ ထပ်လုပ်ခိုင်းပါတယ်။ အဲဒီတော့နှစ်ခုတွဲကိုင်ဗျာများခဲ့တာ နှစ်ပေါင်းမနဲဘူး။
ဒီရုံးချုပ်ကြီးကနေလှမ်းခေါ်တော့ယောင်တောင်တောင်ရောက်လာပီးတစ်နေ့တစ်နေ့ စာရင်းဇယားကြားခေါင်း ရှုပ်နေရပေမယ့်လည်း၊ နေရာတစ်ကာလှည့်လည်သွားနေရလည်း၊ ကိုယ်နဲ့ရွယ်တူအခြားမိန်းကလေးတွေလို ဟေးလားဝါးလားလျှောက်သွားပျော်ချင်မိတဲ့ဆန္ဒ ကလဲရှိနေတတ်သေးတယ်။ မတတ်သာလို့ နားတဲ့အချိန် အိပ်ရာပေါ်လှဲနေရတဲ့အချိန်လေးမှာ အခြားမိန်းကလေးတွေလို တုန်းတိုက်တိုက်၊ကျားကိုက်ကိုက် အကြမ်းခံ သွားချင်ရာသွား၊စားချင်ရာစား၊ နေပူပူမိုးရွာရွာလျှောက်သွားနေနိုင်တဲ့မိန်းကလေးမျိုးလဲဖြစ်ချင်ခဲ့ဖူးပါတယ်။
ကိုယ်အရမ်းချစ်မိခဲ့တဲ့သူတစ်ယောက်ကိုလဲ ကိုယ့်မိသားစု ကလိုလိုလားလား သဘောတူကြည်ဖြူပီး နားလည် ပေးနိုင်တဲ့ ဘ၀မျိုးဖြစ်ချင်တဲ့ဆန္ဒလဲရှိခဲ့ဖူးပါတယ်။
ဂါဝန်အဖြူလေးနဲ့ လူရှေ့ဘုရားရှေ့မှာ တင့်တင့်တယ်တယ်ကိုယ်ချစ်တဲ့သူနဲ့လပ်ထပ်ချင်တဲ့ဆန္ဒလဲရှိခဲ့ဖူးတယ်။ မိသားစုအားလုံးတစ်အိမ်ထဲမှာ အနည်းဆုံးခရစ္စမတ်ရောက်တိုင်းစုံစုံလင်လင်နဲ့ပျော်ပျော်ရွှင်ရွှင်ရှိချင်တဲ့ဆန္ဒ လဲရှိခဲ့ဖူးတယ်။ မွေးနေ့ရောက်တိုင်းကိုယ်ချစ်တဲ့သူတွေအနားမှာမိုးလင်းတာနဲ့ Happy Birthday လို့ပြောတာမျိုး ကိုလဲလိုချင်တဲ့ဆန္ဒရှိခဲ့တယ်။ Valentine Day ရောက်ရင်ချစ်သူလက်ကိုဆွဲပီး ပန်းစည်းလေးကိုင်ပီး ကဗျာဆန် ဆန်လျှောက်သွားချင်တဲ့ဆန္ဒလဲရှိခဲ့ဖူးတယ်။ လောကကြီးမှာဘယ်သူမှကိုယ့်ကိုနားမလည်ချင်နေ၊ ကိုယ့်မိသားစု နဲ့ကိုယ့်ချစ်သူနားလည်ပေးနိုင်ပါစေဆိုတဲ့ဆန္ဒလဲရှိတယ်။
နောက်ဆုံးနောက်ဆုံးမှာတော့ ဆန္ဒ ဆိုတာ reality ဖြစ်ချင်မှလဲဖြစ်နိုင်တော့မှာမို့ ဘာဆန္ဒမှမထားတော့ပါဘူး။ တစ်ရက်ပီးနောက်တစ်ရက်ကိုဘယ်လိုအသက်ဆက်ရှင်ရအုံးမလဲဆိုတာဘဲတွေးတော့တယ်.. ဒါတောင်လက်မ လျှော့သေးဘူး...အဲဒီနောက်တစ်နေ့ဆိုတာလေးကို နာကြင်မှုကင်းပီး စိတ်အေးချမ်းသာစွာတစ်လှမ်းခြင်း ဖြတ်ကျော်ချင်တဲ့ ဆန္ဒလေးကမသိမသာကိန်းအောင်နေလေပါသေးရဲ့။

7 Comments:

PAUK said...

ကူးကူး...
ဆန္ဒတွေပြည့်ပါစေ..

ချစ်အုန်းဖေ said...

Some says glass is half full, and some says glass if half empty. There are better people than you as well as worse people than you. There are people driving Ferrari and some with no legs crawling on the street and begging money. Keep your chin up.

မြူး said...

ကူးကူးရေးးးးးး
ကျေးဇူးနော်သယ်ရင်းလေး
ဆန္ဒတွေပြည့်ဝပါစေရှင်
နေပါအုံးမရျင်းမရှင်းနဲ့
အသဲယားတယ်နော်ကူးကူး
ခြေထောက်ပြလိုက်
မျက်လုံးတဖက်ပြလိုက်နဲလေ

ဆုံနိုင်ခွင့်......နေ့ရက်လေး said...

ကူးကူးရေ
လူတိုင်း လူတိုင်း ဖြတ်သန်းလာတဲ့ ဘဝ တစ်လျှောက်လိုချင်တဲ့ ဆန္ဒ တွေ ကအများသားကွယ်
ကူးကူးလေး အဖြစ်ချင်ဆုံးဆန္ဒ ဟူသမျှ ပြည့်ဝ ပါစေနော်
ကူးကူးကို ချစ်တဲ့
မေလေး

မိုးစက်အိမ် said...

ခုလို ဆန္ဒလေးတွေ ဖတ်ရတော. မကူကူး
ဆန္ဒလေးတွေြ့ည်.၀စေချင်ပါတယ်...ဒါပေမဲ.
လဲ ဖြစ်ချင်.တာထက် တခါလေတော.လဲ ဖြစ်
သင်.တာတွေ ဖြစ်ခဲ.တာတော.ဘယ်တတ်နိုင်မလဲနော်
ရှေ.လျောက်မဲ.လမ်းက ဆန္ဒတွေ ပြာ်.၀ပါစေလို.
ဆုတောင်းလိုက်ပါတယ်ဗျာ...

Sandakuu said...

အားလုံးကျေူးဇူးတင်ပါတယ်..း)

Rita said...

ပြည့်ဝပါစေ

Post a Comment

ကူးကူးရေ...

 
Powered by Blogger