Pages

Wednesday, June 3, 2009

ခူလာမူ

ကျွန်မကျောင်းပီးတာနဲ့ဦးလေးတို့မိသားစုနဲ့အကိုဝမ်းကွဲမင်္ဂလာဆောင်သွားဖို့မြစ်ကြီးနား၊၀ိုင်းမော်ဖက်ကိုလိုက်သွားခဲ့တယ်။ သွားရာလမ်းတစ်လျှေက်ပင်ပန်းခဲ့ပေမယ့်ရထားစီးရတာပျော်တဲ့ကျွန်မအတွက်တော့အားလုံးကစိတ်ဝင်စားစရာတွေချည်းပါဘဲ။ အထူးသဖြင့်ဘယ်ဘူတာမှာရပ်ရင်ဘာတွေလာရောင်းမလဲဆိုတာပေါ့။အဲဒီမှာမိုးကောင်းကဟင်းထုပ်ကိုစပြီးစားဖူးခဲ့တာ။အရမ်း
ကြိုက်တယ်။မြစ်ကြီးနားကအပြန်မှာတော့ဦးဦးရဲ့မိန်းမ(အန်တီ)ကကျောက်တိုင်၊တောင်ငူဇာတိဆိုတော့အဲဒီမှာဝင်ပြီးကျောက်
တိုင်မှာသွားလည်ခဲ့သေးတယ်။အရမ်းပျော်ဖို့ကောင်းတယ်။မှတ်မှတ်ရရခူလာမူနဲ့ခွေးအီးပုပ်သီး(နာမည်ကြားလို့လန့်မသွားနဲ့)။ ခွေးအီးပုပ်သီးကနာမည်သာဆိုးတာဒညင်းသီးနုနုလေးတွေကြိုက်တဲ့သူတွေအတွက်တော့ရွှေပါဘဲ။ချုံတွေကြားမှာနွယ်ပင်နဲ့သီး
တာ အသီးပုံကရုပ်ခပ်ဆိုးဆိုးရယ်၊ ငပိရည်နဲ့တို့စားလို့ကတော့ရှယ်ဘဲ။ စားပြီးရင်လျှာတွေမဲနေတတ်တယ်။

ဦးဝိစာရလမ်းနားမှာနေတုန်းကညနေပိုင်းဆိုလမ်းလျှောက်ရင်းလမ်းဘေးတစ်လျှောက်အပင်တန်းတွေပေါ်မှာနွယ်လေးတွေနဲ့ ခွေးအီးပုပ်ရွက်နုညွန့်လေးတွေကိုတို့စရာအဖြစ်လိုက်ခူးခဲ့တာသတိရသေးတယ်။ကျမ်းမာရေးအတွက်စားသင့်တယ်လို့တော့ကြား
ဖူးတယ်။မာမီကခူးတော့မောင်နှမသုံးယောက်လဲလိုက်ခူးကြတာပေါ့။ကျောက်တိုင်ဘက်ကချောင်းမှာလဲရေသွားကူးခဲ့သေးတယ်။

အန်တီ့ညီအမတွေကအိမ်ကြီးတွေနဲ့ခြံကြီးမှာပတ်ပတ်လည်နေကြတော့မိသားစုဆွေမျိုးတွေစုံပျော်ဖို့အရမ်းကောင်းတယ်။ရွှေရင်
အေးလဲလုပ်စားကြသေးတယ်။မုန့်ဖတ်လုပ်တာများကြည့်ရတာလွယ်လိုက်တာ။ကိုယ့်ဘာသာကိုယ်တော့လုပ်တတ်မယ်မထင်။ နောက်တစ်မျိုး၊ခူလာမူ..အဲဒါကတော့ပိန်းရွက်နဲ့လုပ်ထားတာ။ပိန်းရွက်ကိုအခြောက်လှမ်းပြီးတောထဲကသစ်ပင်တစ်မျိုးရဲ့ပြာမှုန့်နဲ့ ရောပြီးဝါးကျည်တောက်ထဲမှာသိပ်ထားရတယ်လို့ပြောပြတယ်။အဲဒီသစ်ပင်ကရှာရတာခက်တယ်အဲဒီသစ်ပင်ရဲ့ပြာနဲ့လုပ်မှခူလာမူ ကအရသာပိုရှိတယ်ဆိုဘဲ။ဘာဘဲဖြစ်ဖြစ်စားဖို့ကတော့ထိပ်ဆုံးကကျွန်မ၊ခူလာမူကပိန်းရွက်ခြောက်လို့လွယ်လွယ်ကူကူဆိုကြပါစို့။ မဲတူးတူးလေးဖြစ်နေတော့ခူလာမူ(ကုလားမ)လို့ခေါ်တယ်။ကရင်လိုပေါ့။ကျွန်မစားဖူးခဲ့တာကတော့ခူလာမူအခြောက်တွေကိုရေနဲ့
စိမ်၊နဲနဲပွလာရင်ငရုတ်သီးစိမ်းနဲ့ထောင်းစားတယ်။ဒီတစ်ခါအန်တီလာလည်တော့မှခူလာမူနဲ့တာလပေါ့ချက်ကြွေးတာ။စားလို့ကောင်း
မှကောင်း၊ထိုင်သောက်တာတစ်အိုးလုံးနီးပါကုန်ခါနီး။ကျွန်မအတွက်လဲခူလာမူတွေယူလာပေးတယ်။ရေနွေးလေးနဲ့စိမ်ပြီးငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနဲ့ထောင်းစားတာဘဲ။တာလပေါ့လဲချက်စားတယ်။အရသာကိုစားဖူးတဲ့သူတွေသိမှာပါနော်။ခူလာမူလုပ်နည်းကတော့
တောင်ငူကသူတွေပိုသိမှာပါ။ကူးကူးကတော့သိသလောက်၊မေးမြန်းရသလောက်လေးကိုဘဲရေးချလိုက်ပါတယ်။ ထောင်းထားတဲ့ခူလာမူနဲ့ချက်ထားတဲ့တာလပေါ့လေးကိုကြည့်သွားကြပါအုံး။

ခူလာမူထောင်း

ခူလာမူ

ခူလာမူတာလပေါ့

7 Comments:

မြူး said...

အဲကူးကူးရေးးးးးး
စားချင်စရာလေးနော်လာကျွေးသိလား
ခူလာမူလို့ ခေါ်လား ဒီမှာလဲရောင်တယ်သိလား
တခါမှမစားဖူးဘူး
ဝယ်ပြီးချက်စားကြည့်မယ်

မိုးကောင်းသူ said...

ကူးကူးရေ...........
ခူလာမူလို့တော့ သိဘူး။ ပိန်းပေါင်းပဲသိတယ်။ ခူလာမူထောင်းကတော့ စားချင်စရာပဲ။

Taungoo said...

တောင်ငူမှာတော့ ခူလာမူဆိုပြီး မကြားဖူးဘူး အမရဲ့။ စားလဲ မစားဖူးဘူး။ ကျွန်တော်အထင်တော့ ကျောက်တိုင်ဖက်မှာ ရှိတာဖြစ်ပါလိမ့်မယ်။ တာလပေါဟင်းကတော့ အရမ်းကြိုက်တယ်။ ဒါပေမယ့် အခုအမတင်ထားတဲ့ ပုံထဲကအတိုင်းဆို အရသာချင်းတောင် မူကွဲမယ်ထင်တယ်။ အိမ်မှာ အမေချက်တာက ဗူးညွန့်၊ ဖရုံညွန့်၊ ပဲတောင့်ရှည်၊ ခရမ်းကသော့သီး၊ မျှစ် စတဲ့ အသီးအရွက်တွေ တော်တော်စုံပါတယ်။ ထည့်ချက်တဲ့ ငပိရည်ကျို ကောင်းလေ ပိုစားကောင်းလေပဲ။ ငရုတ်သီးစိမ်းလေး ထောင်းထည့်ရင် ရှူးရှဲနဲ့ အရမ်း သောက်လို့ကောင်းတယ်။

စန္ဒကူးမေ said...

မြူးရှိတဲ့နိုင်ငံတယ်စုံပါလား..ပြောင်းနေမှထင်တယ်နော်..
အစုံရတယ်...
မိုးကောင်းသူရေ.. ပိန်းပေါင်းဆိုတော့စိတ်တောင်ဝင်စားလာပီ..ပိန်းဆိုတစ်ပင်လုံးကြိုက်တယ်။

တောင်ငူသားရေ... တာလပေါ့ချက်နည်းတွေကနေရာဒေသအလိုက်ကွဲပြားတာတော့အမှန်ဘဲ..
တစ်ချို့က မျှစ်နုလေးတွေပါထည့်သလို၊ ကင်ပွန်းချဉ်နဲ့ချက် တာလဲစားဖူးတယ်။ သီးစုံရွက်ရောပြွန်းချက်တာလဲစားဖူးတယ်။။ ဒီခူလာမူတာလပေါ့ကတော့အရသာတစ်မျိုးလေးဖြစ်နေတာတော့သေချာတယ်။
ခူလာမူကအနံ့လေးတစ်မျိုးကိုး..း) ကြိုက်တဲ့သူအတွက်ငါးပိကမွှေးသလိုပေါ့.. ငါးပိလောက်တော့အနံ့မပြင်းပါဘူး

မေလေး said...

ကူးကူးရေ...
ဂယ်ဂယ်လာစားလို့ရမလားဟင်...ကူးကူးအိမ်မှာလေ...နော်...
ကူးကူးကိုချစ်တဲ့
မေလေး

သံတောင်သူ said...

မစန္ဒကူးရေ
ခူလာမူကိုလွမ်းနေတာနဲ့အတော်ပဲ အရမ်းကြိုက်တယ်
ခူလာမူက သံတောင် ဘက်ကပိုထွက်တယ် နော် အဲ့ဒီမှာနေတဲ့ကရင်လူမျိုးတွေအစားများတယ်
တာလပေါ့လဲကြိုက်မှကြိုက် ကိုတောင်ငူသားပြောတဲ့အသီးအရွက်စုံနဲ့စပ်စပ်လေးစားကြတဲ့ဟင်းကို ဒါဟဲဖိုး လို့ခေါ်ကြတယ် တာလပေါ့ နဲ့ ဒါဟဲဖိုး ကို လူတိုင်းမှာကြသလိုပဲ
မတူဘူးနော်

စန္ဒကူး said...

ဟုတ်တယ် သံတောင်သူရေ... ကူးလဲ အဲဒီဘက်ကရတာလေ..
ကူးကူးဦးလေးက သံတောင်ဖက်က အန်တီနဲ့အိမ်ထောင်ကျတော့ ကူးလဲ အဲလိုအစားတွေစားတတ်သွားတာ်.. တာဟဲဖိုးနဲ့ တာလပေါ့က ကွဲတာပေါ့..း))

Post a Comment

ကူးကူးရေ...

 
Powered by Blogger