Pages

Sunday, June 14, 2009

နို့ခဲ ကြော် (homemade)

အားလုံးမင်္ဂလာရှိသောနံနက်ခင်းဖြစ်ပါစေ။ဒီနေ့တော့စောစောလေးနိုးနေတာနဲ့နံနက်စာစားရင်းစားနေတဲ့နွားနို့ခဲကြော် လေးကိုကြည့်ရင်းရေးအုံးမှလို့စိတ်ကူးရလို့ပါ။ဒီမှာတော့နွားနို့ခဲမရှိဘူ်း။ကိုအန်ဒီရေးထားတဲ့Fetacheesseကလဲဈေးကြီးတာ အရမ်းဘဲ၊ဒါတောင်ဗူးလေးထဲမှာအတုံးသေးသေးလေးနဲ့Oliveoilနဲ့စိမ်ထားတာ။ဆိတ်နို့ခဲဈေးကြီးတာကလဲမပြောနဲ့ဆိတ် သားတောင်မရောင်းတဲ့နိုင်ငံ..ဆိုတော့လဲဆိုးပါ့။နို့ခဲလုပ်ဖို့နွားနို့ဗူးတစ်ဗူးဝယ်လိုက်ပါတယ်။1.2$လောက်ဘဲကျတယ်။အဲ ဒီဗူးထဲကတစ်ဝက်ကိုကြိုလိုက်ပါတယ်။LemonJuiceလဲရှာမရတာနဲ့သံပုရာသီး(၂)လုံးဝယ်လာပါတယ်။အဲဒါကဆင်ဖိုးထက် ချွန်းဖိုးပိုကြီးပါတယ်။သံပုရာသီးကလဲဈေးကြီးပါ့။ကဲ၊ဒါနဲ့ဘဲသံပရာသီး(၂)လုံးညှစ်အရည်ရေးလေးစစ်ထားပြီးတော့ ပွက်ပွက်ဆူပြီးနောကမီးလျှော့လိုက်တဲ့နွားနို့အိုးထဲကိုဆားနဲနဲအချိုကြိုက်ရင်သကြားပါထည့်လို့ရမယ်)ထည့်လိုက်ပီးတော့ တစ်ဖြည်းဖြည်းချင်းမွှေရင်းနဲ့သံပရာရည်လေးတွေလောင်းထည့်လိုက်တော့သူဘာသူအဖတ်လေးတွေခွဲထွက်လာပါတယ်။ နွားနိုးစစ်စစ်သာဝယ်လို့ရရင်အရမ်းကောင်းမှာ၊လောလောဆယ်တော့ရှိတဲ့freshmilkလေးနဲ့ဘဲအဖတ်လေးတွေရလာရင် မီးပိတ်လိုက်ပီးတော့စစ်ဖို့အ၀တ်ကိုအဲဒီအချိန်မှသတိရတာနဲ့အသဲသန်လိုက်ရှာရပါတယ်။မသုံးရသေးတဲ့လက်ကိုင်ပ၀ါအပါး လေးတွေ့တွေ့တာနဲ့ရေဆွတ်ပြီးအောက်ကခွက်ခံပြီးနွားနို့ခဲဖတ်လေးတွေလောင်းချရေစစ်ထားလိုက်ပါတယ်၊ပြီးတော့လိမ် လိုက်ပီဖိပီးထပ်စစ်ပါတယ်။ပီးရင်တော့နဲနဲအအေးခံလိုက်ရင်နွားနို့ခဲလေးရပါပီ။လုပ်ရတဲ့အချိန်သိပ်မကြာပါဘူး။ရေးပြတာ နဲနဲကြာတယ်။စိမ့်စိမ့်လေးနဲ့အရမ်းစားလို့ကောင်းပါတယ်။ကိုယ်လုပ်ထားတဲ့နွားနို့ခဲလေးကိုကြည့်ပီးရန်ကုန်ရွှေဘုံသာလမ်း ထိပ်ကလမ်းဘေးမှာရောင်းတဲ့နွားနို့ခဲတွေနဲ့ခပ်ဆင်ဆင်လို့အမွန်းတင်မိသေးတယ်။ဟင်းချက်စားလဲကောင်းမှာ၊ဒီနေ့တော့ မနေနိုင်တာနဲ့ကြော်စားလိုက်ပါတယ်။ ဒီနေ့နံနံစာမှာတော့ပေါင်မုန့်တစ်လုံး၊ထောပတ်သီးတစ်လုံးနဲ့ဒီနေ့တော့နွားနို့ခဲကြော်လေးပါပါလာပါတယ်။
ဘာဘဲပြောပြောဒိန်ခဲချက်တဲ့အကြောင်းရေးထားတဲ့ကိုအန်ဒီကိုကျေးဇူးတင်မိပါရဲ့၊သူရေးထားတာဖတ်ပီးစားချင်လွန်းလို့ အတင်းကြံဖန်ရင်းနဲ့ဖြစ်သွားလို့။ :)


6 Comments:

မိုးကောင်းသူ said...

ကူးကူးရေ........ဒီနေ့ကျွန်မဲ ချပါတီပို့တင်နေတာ။ ကိုအန်ဒီဆီကနေ မြင်လို့လေ။ ဒိန်ခဲနဲ့တော့ ဟုတ်ဘူး။
ဒိန်ခဲလုပ်နည်းလဲ မှတ်သွားတယ်။ လွယ်တယ်နော်။ လုပ်ဖြစ်ရင် ဖြစ်မဖြစ်ပြန်ပြောမယ်။

လွတ်ငြိမ်းလေပြေ (breeze) said...

နွားနို့ခဲ ကြိုက်တယ်း)

ဆုံနိုင်ခွင့်......နေ့ရက်လေး said...

ကူးကူးရေ
မေလေးကတော့ ကူးကူးလောက် မတော်ဘူးကွ ..နောက်တစ်ခါကူးကူး လုပ်စားရင် မေလေးကို ခေါ်လေ..လာစားမယ်နော်..ခုတော့ သရေသိမ်းကာပြန်ပေပြီကွယ်
ကူးကူးကို ချစ်တဲ့
မေလေး

မိုးစက်အိမ် said...

လာစားသွားတယ်နော် ရှလွတ် ရှလွတ်...:P
ကောင်း မှ ကောင်း

Mae said...

လုပ်တတ်လိုက်တာ၊ မှတ်သွားတယ်

Rita said...

နွားနို့ခဲ ကိုယ်လဲ သိပ်ကြိုက်တာ

Post a Comment

ကူးကူးရေ...

 
Powered by Blogger